Part 21 (Uni)

2.3K 83 0
                                    

" သေချာလေး ဂရုစိုက်ခေါ်လာခဲ့နော်"

ခွန်လေး မှာစရာရှိတာ သေချာမှာပြီးတဲ့နောက် ညအိပ်ရာဝင်ဖို့ ပြင်ရတော့မည် မနက်ခင်းအရေးကြီး ကိစ္စရှိသည် မဟုတ်ပါလား ကိုအာကာ တို့ကော အိပ်ပြီလား အတည်ပြုမှ ဖြစ်မယ်ဟု တွေးကာ ခြံဝန်းထဲက သောက်နေသူ နှစ်ယောက်ဆီ ဆင်းလာခဲ့လိုက်တော့သည်။

ခြံဘေးဘက်ခြမ်းဆိုတော့ လှမ်းကြည့်ရုံမမြင်ရတာကြောင့် အနားကိုသာ ခပ်မြန်မြန် လျှောက်လိုက်မိသည်၊

" မေဇင် မေဇင် "

ပခုံးကနေ သေချာလှုပ်နိုးလိုက်ခါမှ အလန့်တကြား နိုးလာကာ

" အခန်းပြန်အိပ်ချေတော့ "

" အစ်ကိုလေး ... "

လက်လေး ညွှန်းပြီးပြောလာတော့

" ပြန်အိပ်လိုက်တော့ သွား "

အမူးလွန်နေမလား မှောက်နေလား လို့ အတွေးတွေများသွားပေမယ့် အနီးတွင် ကိုအာကာ ကိုလည်း မတွေ့ရဘဲ အစ်ကို တစ်ယောက်ထဲ တွေတွေလေး သောက်နေခြင်းဖြစ်သည် မြင်ရတဲ့ မြင်ကွင်းက အထီးကျန်လွန်းပြီး လှလိုက်တာဟု မှတ်ချက်တော့ ပြုမိပြီး တစ်ပါတည်း ဝင်ထိုင်လိုက်သည်။

" အိပ်ရအောင်လား "

" အင်း အိပ်ကြတာပေါ့ "

လက်ကျန်ဖြတ်တစ်ပါတည်း မော့ချလိုက်ပြီး ပြောနေသည့် မင်းသူရိန် ဆီထသွားလိုက်ပြီး လက်ကနေ မလာခဲ့လိုက်တော့သည်။
တရွေ့ရွေ့နဲ့ တွဲခေါ်လာပြီ ကုတင်ပေါ်တင်ပေးခဲ့ကာ ခွန်လေး နေရာသေချာချပေးပြီး မိမိ အခန်းဘက် ပြန်လာ အိပ်မှဖြစ်မည် မနက်ဖြန်ကအရေးကြီးသည့် နေ့တစ်နေ့ ဖြစ်တာကြေင့် မို့ ခုထဲက ဂရုစိုက်ရပေမည်။

တခြားတစ်နေရာတွင်တော့ ဆူညံမှုများ ကြီးစိုးနေပြီး တစ်ချို့တွင်တော့ သွေးထွက်သံယိုတွေ အပြင် အိပ်စက်နေသူတွေလည်း ရှိနေမှာပါ ။

မနက်မထနိုင်မည်ကို စိုးရိမ်တာကြောင့် ကိုယ်တိုင်က စောထပြီး အခန်းကူးပြီး နိုးပေးဖို့ရောက်သွားပေမယ့် အစ်ကိုက ရေချိုးတောင်ပြီးလို့နေသည်ဆိုတော့ ကိုယ်ကသာပြင်ဆင်ဖို့ လိုနေပြီ ကို သတိထားမိပြီး ပြန်ကာပြင်ဆင်မှု ပြုနေတော့သည်။ တစ်အောင့်အကြာ မနက်ခင်း စားပွဲထပ် ရောက်နှင့်နေသူက မလှုပ်မယှက်စောင့်နေလေသည်။ ရှမ်းဆန်နဲ့ ဝက်ဂုတ်ကင်လေး စားချင်သည်လို့ပြောထားတော့ ပြင်ပေးထားပေမယ့် ခွံကျွေးစေချင်သည်လိုမှ မပြောခဲ့တာ ကို ခုတော့ စောင့်နေသည်တဲ့လား ?

Lost & Found (Complete)Donde viven las historias. Descúbrelo ahora