" အစ်ကိုလေး ဆေးရုံက ဖုန်းလာတယ် "
" ဖုန်းလိုင်းလွှဲလိုက် "
" ဟယ်လို ဒေါက်တာ မင်းသူရိန်ထိုက်အောင် ပြောနေပါတယ် "
" ဒေါက်တာ ဆေးရုံမှာ သေနတ် ဒဏ်ရာ နဲ့ အရေးပေါ် လူနာ ရောက်နေပါတယ် အသည်းတည့်တည့်ကိုတစ်ချက်နဲ့ ကျောက်ကပ် ဘက်မှာလဲ ကျည်ဆံ တွေ့ပါတယ် ဒေါက်တာ ဘေးဘက် မဟုတ်ဘဲ...."
" ဆရာ အခု လာခဲ့မှာမို့ လူနာကို ခွဲခန်း သွင်းဖို့ ပြင်ထားလိုက်ပါ "
အိမ်အောက်ကို ခပ်မြန်မြန် ဆင်းလာပြီး မနေ့က ပြန်လာတဲ့ ဝတ်စုံ အတိုင်းပဲ မလဲမပြု ကားပေါ်တက် ချက်ချင်းမောင်းလာလိုက်သည် ။
ဆေးရုံသို့ရောက်သော်
" ဒေါက်တာ လူနာက အသက် ( ၁၈ ) နှစ်ပါ ခုချိန်ထိ သတိမမေ့သေးဘူး တောင့်ခံထားတယ် ဆရာ မေ့ဆေးပေးဖို့ ပြောပေမယ် ထုံဆေးပဲ ပေးပြီး ခွဲပေးဖို့ကို အတင်းတောင်းဆိုနေပါတယ် ဆရာ လူနာဖိုင်ပါ ဆရာ "
" ဖိုင်ကို ဖွင့်ကြည့်လိုက်တော့ ဓာတ်မှန် တိုင်းကတော့ အခြေအနေ ဘယ်လိုမှမကောင်းနိုင် သူပြောတာလဲ မှန်တယ် မေ့ဆေး သာဆို ပြန်ထလာဖို့ မသေချာတာမို့ မျက်စိ မမှိတ်ချင်ဘူး တင်းခံ နေပုံ ပင် ..."
အခန်းတံခါးဖွင့်လိုက်ပြီး အရေးပေါ် လူနာ ကုတင်ပေါ်မှာ ငယ်ငယ်ရွယ်ရွယ် လူငယ်တစ်ယောက်
နာကျင်မှုတွေ ကို ဖော်ပြမနေတဲ့ တည်တည် ငြိမ်ငြိမ် ကိုအံကြိတ် လှဲလျောင်းနေတော့
" ဆရာမ ဆေးထိုးအပ် ပြင်ထားလိုက်ပါ အဝတ်အစားတွေ ညှပ်ထုပ်ပြီး လက်ထောက်တွေကို အသင့်ပြင်ထားဖို့ ပြောလိုက်ပါ "
" လူနာ "
" ကျွန်တော် နာမည် ခွန်စဝ်ငွေအိမ်ထူး ပါ "
" ဟုတ်ကဲ့ ခင်ဗျာ အခု လူနာ အခြေအနေက အသက်ဆုံးရှုံးနိုင်ခြေ ( ၇၀ % ) ဖြစ်နေပါတယ် အကယ်လို့ မေ့ဆေးမပါပဲ ကလီစာ ကို ခွဲရမှာမို့ ထုံဆေးက ရောက်ဖို့ ခဲယဉ်းပါလိမ့်မယ် ၊ သွေးဆုံးရှုံးနိုင်ခြေလဲ များတာကြောင့် ကျွန်တော်တို့ ခွဲစိတ်မှု ကို ပူးပေါင်းပေးဖို့ ပြောချင်ပါတယ် "
" နာမည် ရှိတယ် ... လူ. နာ မဟုတ်ဘူး "
လူကလဲ ဖြူပြာနေကာ အတော်အားယူပြောနေရချိန်မှာတောင် လူနာ မခေါ်ဖို့ပဲ ပြောနေတော့
" လူနာရှင် ရှိလား "
ဘေးနားမှာ ရပ်နေတဲ့ ရှမ်းဘောင်းဘီ နဲ့ လူတွေထဲက တစ်ယောက်က
" ခွန်လေး ကို အုပ်ထိန်းဖို့ အမိန့်အာဏာ မရှိတာကြောင့် ခွန်လေး ဆုံးဖြတ်ချက် ချမှ ရပါလိမ့်မယ်ဆရာ"
တောက် ! စိတ်မရှည်တော့သလို အကြည့်များနဲ့ သူရိန်တစ်ယောက် မျက်နှာကို လျှော့ အသက်ကို ပြင်းပြင်းရှုပြီး
" ဒီမှာ လူနာ ခွန်စဝ်ငွေအိမ်ထူး ဗျ ဆက်ပြီးခေါင်းမာနေမယ်ဆို ကျည်ဆံ ထိပ်ဖျားက ခဲစ ယမ်းစတွေက ပြန့်ပြီး မကြာခင်မှာ အိမ်ပြန်ရပါလိမ့်မယ် အသက်တော့ပါသွားမှာ မဟုတ်တာကြောင့် ကျွန်တော် ပြောတာကို လက်ခံပေးပြီးတော့ ခွဲစိတ်ဖို့ပူးပေါင်းပေးပါ ။ "
ပြောနေပေမယ့် လေးမိနစ် ငါးမိနစ်ကြာ ကြည့်နေသော်လည်း တုံ့ပြန်မှု ဘာမှ မရသဖြင့် သူရိန် သက်ပြင်းချကာ လှည့်ထွက်ခါနီး လက်ကို လှမ်းဆွဲလိုက်တော့
" ခါးနားမှာ ...ဇာမ..ဏီ .အရုပ်ရှိတယ်.. ခွဲကြောင်း..ကို ..ခပ်စိတ်စိတ်..နဲ့ သေချာလေး... ချုပ်ပေးပါ "
ပြောပြီး လက်လေးလျှောကျ သွားတော့ သူရိန် ချက်ချင်းဆိုသလို
" ဆရာမ "
ဆေးထိုးပြီး အမြန် လက်အိတ်ဝတ် ပြင်ဆင်ကာ ခွဲခန်းဝင် အပေါ်ဝတ် ထပ်ပြီး
" လူနာရဲ့ တောင်းဆို ချက်ကို အထူး ဂရုပြုပါ လူနာ ကိုကယ်တင်ဖို့ စိတ်နှစ်ထားပေးပါ ကဲ စကြတာပေါ့"
ပြောပြီး တော့ ခွဲစိတ်ခန်းသုံး ဓားများ ကိုင်ဆောင်ပြီး စတင်နေပြီ ဖြစ်သည် ။
အချိန်အားဖြင့် ( ၈ ) နာရီ နီးပါးမှာ ကျည်နှစ်တောင့်လုံး ထုတ်ပြီးသည်နှင့် သူရိန်လက်ထောက် Nicolas က
" ဆရာ ကျွန်တော် ပိတ်ပေးလိုက်ပါမယ် ဆရာ နားပါအုံး "
လက်ကာ ပြလိုက်ပြီး
" လူနာရဲ့ တောင်းဆိုမှု ကို အလေးထားရမယ် Nicolas သူဆရာ ကို သေချာလေးတောင်းဆိုထားတယ် "
" ဟုတ်ကဲ့ ဆရာ "
ခွဲစိတ်မှု ပြီးဆုံးသွားခဲ့ ပါပြီ။
" ခွဲစိတ်မှု အောင်မြင်ပါတယ် လူနာက နောက် နာရီပိုင်း အတွင်း သတိပြန်ရပါလိမ့်မယ်
အစာကို မာမာ တွေနဲ့ အထူးသဖြင့် ကောက်ညှင်းခဏရှောင်ပေးပါ ကျောက်ကပ် တစ်ခြမ်းကို အတော်ထိခိုက်ထားတာကြောင့် အထူး ဂရုစိုက်ဖို့ လိုအပ်ပါတယ် ပြန်ဖြစ်လာနိုင်တာမှန်ပေမယ့် အချိန်ကြာတာမျိုး မဖြစ်အောင် တော့ ကိုယ်တိုင်ကရော မိသားစုဝင်တွေကပါ လိုက်နာပေးစေချငပါတယ် ဒါဆို ဆရာ ကို ခွင့်ပြုပါအုံး "
" ဒေါက်တာ "
" ဆရာမ ပြော "
" သေနတ် ဒဏ်ရာမို့ရဲတွေ ကို အကြောင်းကြားပေမယ့် လူနာ နာမည်ကို ကြားပြီး လျှို့ဝှက်ထားပေးဖို့ ကို ပြောလာပါတယ် ပြီးတော့ ဆရာ နဲ့လဲ ခဏ တွေ့ချင်ကြောင်း ကို ပြောခိုင်းလိုက်လို့ "
" ဟုတ်ပါပြီ ဆရာ အခု အခန်းထဲ ရှိမှာမို့ လွှတ်လိုက်ပါ "
" ဟုတ်ကဲ့ "
ခွဲစိတ်ဆောင်ဘေး လူနာ ဆောင်ကနေ ဖြတ်ကျော်လာလိုက်ပြီး အခန်းထဲကနေ စောင့်နေလိုက်တော့တယ် ညောင်းကိုက်နေပေမယ့်လဲ လူနာ ကိစ္စ ဆိုတော့ လဲ
ဒေါက် ... ဒေါက် ... ဒေါက်
" ဝင်ခဲ့ပါ ခင်ဗျာ "
တံခါးလေးဖွင့်ပြီး ဝင်လာတော့ အရာရှိ ဆိုတဲ့ မာန်နဲ့ မော်ကြွားနေတာ အမှန်ပင်
" ဪ ဆရာ့ မြေး ပဲ "
" ထိုင်ပါ ဒေါက်တာ မင်းသူရိန်ထိုက်အောင်ပါ "
" ဒေါက်တာ အခု ကိုင်တွယ်ပေးတဲ့ လူနာက နိုင်ငံ အကြီးအကဲ တစ်ဦး မဟုတ်ပေမယ့် နိုင်ငံ ရဲ့ ထိပ်တန်း ထဲမှာ ပါဝင်တာကြောင့် အခုလို ခွဲစိတ်ရပြီးတော့ အရေးပေါ် အနေအထားနဲ့ ဆိုတာကို မပေါက်ကြားဖို့ မေတ္တာရပ်ခံပါတယ် "
" နားလည်ပါတယ် လမ်းကြုံတုန်းပါ ဘာရယ် မဟုတ် "
" ပြောပါ ဒေါက်တာ "
" အခု လူနာရဲ့ ကျည်က Sniper လက်ချက်ဆိုတာတော့ သိမှာပေါ့ နော် ကျည်တံဆိပ်က ဒေါက်တာ အမှတ်မမှားဘူးဆိုရင် ..."
" ဒေါက်တာ ဘက်က မပေါက်ကြားအောင် ထိန်းသိမ်းပေးရင် ရပါပြီ ကျန်တာကို သက်ဆိုင်ရာ က ဆက်သွားမှာပါ .. "
" သက်ဆိုင်ရာ တွေက မပေါက်ကြားဖို့ ပြောထားတော့ မေးမြန်းတဲ့ အချိန်ကြ မပြောလိုက်ရမှာဆိုးလို့ပါ"
" ခွင့်ပြုပါအုံး ဒေါက်တာ "
အခန်းရှေ့ တံခါးကို လက်ညွှန်ပြလိုက်တော့ ပြန်တော့ ဆိုတဲ့ ပုံစံပြလိုက်တော့ သူရိန်ကို မကောင်းလို့ သည်းခံနေရတဲ့ မျက်နှာ အနေအထား နဲ့ ပဲ ထွက်သွားပြီသေချာတော့ သူရိန် ပါးစပ်ကနေ ရေရွတ်လိုက်သေးသည် ။
" မသေခင်ထဲ က အပုပ်စာတွေစားနေရပြီ "
ပြောရင်း ခေါင်းလေးရမ်းနေလိုက်တော့သည်။ Telecom က ခလုတ်တစ်ခု နှိပ်လိုက်ပြီး
" မင်္ဂလာပါ ဒေါက်တာ "
" လူနာ သတိရတာနဲ့ ပြောပါ ခဏ နားနေမှာမို့ "
" ဟုတ်ကဲ့ "
အာရုံတွေ စူးစိုက်လိုက်ရလို့ နေလိမ့်မယ် ဇက်တွေ က လေးလံ နေသလိုပဲ အံဆွဲလေး ဖွင့်ပြီး ဖိုင်တစ်ချို့ ထုတ်ဖို့လုပ်လိုက်တော့ ထည့်သိမ်းထားတဲ့ ဓာတ်ပုံ ဘောင်လေး တွေ့တာနဲ့
ကောက်တော့ ကြည့်လိုက်သေးသည်။ ပုံလေးက မင်းသူရိန် ဘွဲ့ရတဲ့ နေ့က ပိုင်စေရာယိမ်းက ဒေစီ ပန်းစည်းလေး ပေးနေတာကို အမှတ်တမဲ့ ရိုက်ထားတဲ့ ပုံလေး ဖြစ်သည် ၊ ပေးနေတဲ့ သူကလဲ ပြုံးရယ်နေပြီး ကိုယ်တိုင်ကလဲ ကျေနပ်တဲ့ အပြုံးနဲ့ လက်ကမ်းယူနေတာလေးက အမှတ်တမဲ့ ပေမယ့် သဘောကျလို့ ဘောင်လေးသွင်းပြီးတော့ကို အမြဲတစေ အလုပ်စားပွဲ ပေါ်မှာ တင်ထားခဲ့တာ ပေါ့လေ ။ အတော်ကြာအောင် ကိုင် ထားလိုက်ပြီးတော့ သက်ပြင်းခပ်ရှည်ရှည်လေး ဆွဲချလိုက်ပြီး ဘေးက အမှိုက်ပုံးထဲ ကို ပစ်ချလိုက်တော့လေသည် ။
ခဏတော့ အနားယူ ရမှာမို့ မှေးလိုက်တော့သည် ။ အချိန်က ဘယ်လောက်ကြာမြင့်သွားလဲ သတိမထားမိပေမယ့် နိုးလာတော့ ကြည်ကြည်လင်လင် လေး တော့ ဖြစ်သွားသည် ။
နာရီ ကို ကြည့်မိတော့ အိပ်ပျော်သွားတာ ငါးနာရီ နီးပါးဖြစ်တာကို သိလိုက်ရပြီး ခပ်သွက်သွက် Duty Coat ကို ဝတ်လိုက်ပြီး လူနာဆီ တန်းထလာလိုက်မိသည် ။
လူနာကို ဒီခန်းထဲ က ဒီနေရာ မှာ ကျိန်းသေ ရွေ့လိုက်တာပါ အခုက
" ဪ ဒေါက်တာ လူနာက ဆေးရုံ ဆင်းသွားပြီ "
" ဆရာ ကို ခေါ်ခိုင်းလိုက်သေးရဲ့နဲ့ "
" မဟုတ်ဘူးဆရာ လူနာက သတိရတာနဲ့ လူတွေ အများကြီး ရောက်လာပြီး ဆေးရုံးဆင်းဖို့ လုပ်သွားကြတာ လူနာကတော့ မေးသွားတယ် ဒေါက်တာ နာမည်ကို ကျေးဇူးတင်ကြောင်းပြောပေးဖို့ ကိုလည်း သေချာတော့ မှာသွားတယ် ဆရာ ထူးဆန်းတာရှိသေးတယ် "
မျက်ခုံးလေး ပင့်ပြီး ကပ်ပြောတော့မယ့်ပုံကြောင့် သူရိန်က နားနား ပေးကပ်လိုက်ပြီး
" အုပ်ကြီးက ဆင်းလာပြီး စကားတွေ ပြောပြီး လူနာဖိုင် တွေ အကုန် သိမ်းသွားတာ ဆရာ နယ်နယ် ရရ တော့ မဟုတ်ဘူးထင်ရဲ့ နော် "
" ဟုတ်ပါပြီ ဆရာမ ဒါဆို ကျွန်တော် Duty ထွက်ပြီနော် "
ဆေးရုံ က ဆရာဝန်များ နားနေဆောင်နားက Duty Attendent Sign ထိုးဖို့ သွားလိုက်ပြီး လတ်မှတ်ထိုးဖို့ ပြင်နေတော့
" ဆရာ နှုတ်ဆက်တယ်နော် အခုလို အချိန်အကြာကြီး ဆေးရုံမှာ အကောင်းဆုံးသင်ကြားကုသမှုတွေ လုပ်ပေးခဲ့လို့ "
ဘေးနားကနေ တံခါးဘောင်လေး မှီရင်းပြောလာတဲ့ Nicolas ကို အသိမှတ်ပြုသလို အပြုံးလေးနဲ့ အတူ ရယ်ပြလိုက်ပြီး
" မင်းလဲ ကြိုးစားကွာ လိုတာရှိရင်ပြောပေါ့ "
ထိုစဉ် ဆရာမ လေးငါးယောက်က စုလာပြီး
" ဆရာ ဒီနေ့ပြီး နောက်ရက်တွေလဲ လမ်းကြုံ လာတွေ့နော် ၊ ကျွန်မတို့ဆီ ဆရာ လို နောက်တစ်ယောက် ထပ်ရောက်ပါ့မလား တွေးပူနေတာ တော်သေးတယ် ဆရာ Nicolas ကကျန်နေသေးတယ်ဆိုလို့ "
" ဟုတ်ပါပြီ ဗျာ မကြာခင် ပြန်တွေ့ကြမယ်နော် "
နှုတ်ဆက်စကားတွေ ထုံးဖွဲ့နေပြီးတော့ လိုတာလေး သိမ်းဖို့ အခန်းဆီ ပြန်လာလိုက်သည် ။ အခန်းတံခါးလေး ဖွင့်ဝင်လိုက်တော့ အထဲမှာ ထိုင်နေတဲ့ စေရာ ကို တွေ့လိုက်ရသည် ။
သိတဲ့ စိတ်က လက်လွှတ်လိုက်ပေမယ့် မသိစိတ်ရဲ့ နက်ရှိုင်းမှုက လက်တွေပါ တုန်ခါ လာသလို ခံစားလိုက်ရသည် ။
" ကိုထိုက် ..... "
" ပိုင်စေရာ ပြောပါ...ခင်ဗျာ ဘာများဖြစ်လို့လဲ ကျွန်တော်က Duty Out ပြီဗျ "
ပြောကာပြော တံခါးလေး စိပြီး ထိုင်ခုံလေးမှာ ဝင်ထိုင်လိုက်ပြီးနောက် တည်တည်ကြည်ကြည် မျက်နှာ နှင့်ပဲ နှုတ်ဆက်လိုက်တော့ ရုတ်တရက် မမျှော်လင့်ထားတဲ့ ပုံစံကြောင့် ပိုင်စေရာယိမ်း တစ်ယောက် လန့်သွားပုံပင်
" ကျွန်တော့်ကို မမုန်းလိုက်ပါနဲ့ဗျာ "
ထိုင်ခုံ လေးမှာ သူရိန် ဝင်ထိုင်လိုက်ပြီး လက်လေးစုပြီး စားပွဲပေါ်တင်ပြီး
" ပိုင်စေရာ အကိုက မင်းကိုတော့ မလိမ်ချင်ဘူး ဘာကို ဆိုလိုမှန်းသိတယ်မို့လား
သို့ပေမယ့် အကိုက ဘယ်တော့မှ ဒုဿနသော တော့ အဖြစ်မခံ ဘူး အာ့ဒါကြောင့် ကိုယ်ကလဲ .... ဆောရီး အကိုကလဲ မင်းနဲ့ ဝေးနိုင်သမျှ ဝေးအောင်နေမှာမို့ မင်းဘက်ကနေလည်း "
" ပိုင် ပြောချင်တာ က "
" အကို အချိန်မရဘူး ကွာ မင်းပြန်လို့ရပြီ ထင်တယ် "
တောင်ကြား လမ်းတွေကြားထဲ ကား ၉ စီး က ဘယ်ကားကိုများ ကာပြီး မောင်းပေးနေလဲ သတိမထားမိအောင်ကို အလစ်ချောင်းနေသူကို စိတ်အနှောင့်အယှက်ပေးနေတော့ပေသည်။ ကားတစ်စီး အတွင်းကတော့
" ခွန်လေး မနက်လောက်ဆို ဟော်နန်းကို ရောက်လောက်ပါပြီ တစ်ခဏတော့ သည်းခံပေးပါအုံး"
စဝ်မိုင်းမိုးက ကားနောက်ခန်းက ဖြူဖပ်ဖပ် ဖြစ်နေတဲ့ ကိုယ့်ကို ပြောနေတာသိပေမယ့် ပြန်ပြောဖို့ ကို အတန်ကြာ အချိန်ယူလိူက်ပြီး
" နန်း..ကို.. .မ..ပြန်ခင် ...လမ်းမှာ.. ပန်း..ဝယ်..ရမယ်.. "
ဘယ်သူ့ဖို့ဆိုတာ ရည်ညွှန်းပြောနေစရာ မလို သိသည်ဆိုတဲ့ အလျှောက် ခေါင်းပဲ ညိတ်ပြ
လိုက်ပြီး အလျှင်စလို ခရီးဆက်နေကြတော့သည် ။
Oct 19 , 2023