Part 18 ( Uni )

2.4K 74 1
                                    

ရေကန်ထဲ စိမ်နေပေမယ့် မျက်နှာချင်းဆိုင်ဖြစ်ကာ သက်သောင့်သက်သာ အနေအထား ဒါလည်းကိုယ့်ဘက်ပါ ဒေါက်တာလေးကို ရင်ခွင်ထဲထည့်ထားချင်တာကို ကိုယ့်အတွေးထဲ ကျေနပ်စွာနဲ့ ပြုံးလိုက်မိတော့

"ဘာတွေသဘောကျနေတာလဲ သားထူး "

" ဘာရယ်မဟုတ် စိတ်ကူးကောင်းလေး တစ်ခုရလို့ပါ "

" ဘာစိတ်ကူးလဲ "

" သိချင် ဒီနားလား "

" ဒီမှာ ဇိမ်ကျနေပြီ "

ခေါင်းလေးကိုဘောင်ပေါ်တင်ကာ ပြောနေသူကို သိပ်အသည်းယားနေပြီ ခွန်လေး အရှေ့ကို တိုးကာ
ဒေါက်တာရဲ့ ခါးအောက်ကနေ လက်ကို လျှိုလိုက်ပြီး ဆွဲမကာ မျက်နှာချင်းဆိုင် အနေအထားကို ပုံဖော်ပြီးနောက်

" နမ်းချင်တယ် အစ်ကို့နဖူးလေးတွေကနေ အာ့ဒီမျက်လုံးလေးဆီ ပါးလေး နှစ်ဖက်ဆီရယ် နောက်ပြီး အာ့ဒီ ညိုမှိုင်းနေသလို ရဲနေသလား မကွဲတဲ့ နှုတ်ခမ်းကို နမ်းချင်တယ် "

မျက်နှာ ချင်းဆိုင်ကနေ မျက်လုံးတည့်တည့်ကို ကြည့် ယမကာ မမှီခိုထားပေမယ့် ရီဝေ နေသလို အကြည့် ဩရှရှ အသံလေးကို ငြင်းဖို့ အင်အားရှိမည် ထင်လို့ ပြောလိုက်တာလေ လား

" မနမ်းချင်ဘူး မင်းကို "

" ဟာဗျာ အစ်ကိုကလည်း "

စိတ်ပျက်တဲ့ မျက်နှာလေး လွှဲလိုက်ပြီး နှုတ်ခမ်းလေး ဆူသွားတာကို ကျိန်းသေမြင်လိုက်ရသည်။

ပြွတ်စ်

မင်းသူရိန်မှ နှုတ်ခမ်းလေးကို စတင်ပြီး ဖိကပ် နမ်းလိုက်တာ ဖြစ်သည် ၊ ဆက်လက်ပြီးကတော့

" အစ်ကိုကကွာ "

မင်းသူရိန် ရဲ့ ပါးလေး နှစ်ဖက်ကို သေချာလေး ညှပ်ကိုင်လိုက်ကာ

ပြွတ်စ် .... ပြွတ်စ်

အားပါတရ ကိုနမ်းလာတော့ မင်းသူရိန် အသက်ရှုကြပ်လာကာ ခွာလိုက်တော့ မိမိတို့နှစ်ဦးကြား
ငွေမျှင်တန်းတွေကြား ယစ်မှုးနေသည့် ခွန်လေး မျက်နှာကို ကြည့်ရတာ ရပ်တော့မည် မထင်တာကြောင့်

" အစ်ကို ဘက်က အဆင်သင့်မဖြစ်သေးဘူး သား .... "

ပြွတ်စ်

ပြွတ်စ်

အသက်ရှုကလဲ ကြပ်လာပြီ ခံစားလို့လဲရလာသည့်အလျှောက် နှုတ်ခမ်းကြားထဲကနေ လျှာကို လှမ်းဆွဲစုပ်လိုက်တော့ မင်းသူရိန် အင့် ခနဲ အသံထွက်လာသည် ၊ မရပ်ပါ ခွန်လေး မျက်နှာလေးကို ဆုပ်ကိုင် နမ်းနေရင်းက လက်တွေက ခါးပေါ် ရောက်လာတာ အားမရသလို ဆုပ်နယ် လာတော့သည် ။

ဟင်း .. အင့်

ညည်းသံ သဲ့သဲ့ ကြားတော့မှ မျက်နှာနားကခွာကာ ကျေနပ်နေသည့် မျက်နှာဖြင့် မောဟိုက်နေသည့် မင်းသူရိန် မျက်နှာကို ငေးကြည့်နေသည် ။ ခဏမျှအကြာ မင်းသူရိန် ရင်ဘတ်ပေါ်ကို ကျရောက်လာသည့်
ခွန်လေး ၏ လျှာနွေးနွေးကြောင့် ဘယ်အရာကမှ တားချိန်မရလိုက်ဘဲ

ဟာ့ .. အင့် ... ဟင့်

ကျေနပ်သလို အသံတွေကြားကနေ ငိုရှိုက်သံလိုကြားလိုက်ရတော့ ခွန်လေး ရပ်တန့်လိုက်ပြီး ပြာပြာသလဲ လန့်ဖြန့်စွာနဲ့ မင်းသူရိန်ကို ကြည့်လိုက်တော့ မျက်ရည်များလဲ ကျနေသည်။ ရင်ခွင်ထဲ ထည့်လိုက်ပြီး

" တောင်းပန်ပါတယ် ကျွန်တော် လောသွားတယ် ကျွန်တော် ကျွန်တော် မရည်ရွယ်ပါဘူး မငိုပါနဲ့တော့
ရင်ဘတ်ထဲ ပူလောင်လွန်းလို့ပါ "

ချော့ပြောခါမှ ရင်ဘတ်ကို မျက်နှာအပ်ကာ ရှိုက်ကြီးတငင် ငိုချနေတော့သည် ၊ အားနာစိတ်ကော စိတ်မလုံမလဲ ဖြစ်လာသည့် ခွန်လေး တစ်ယောက် မင်းသူရိန် ၏ ငိုသံ တစ်လျှောက် ရင်သည်လည်းပဲ ပူကာ တစ်ဆို့လာသည် ။

" မငိုပါနဲ့တော့ ဒေါက်တာရယ် ကျွန်တော်မှားတာပါ တောင်းပန်ပါတယ် ဆက်မငိုပါနဲ့တော့ "

ရင်ခွင်ထဲကနေ ထွက်ကာ ခွန်လေးမျက်နှာကို သေချာလေးကိုင်လိုက်ပြီး ပါးလေးကိုတော့ နမ်းလိုက်သေးသည် ။

" မင်းကြောင့် မဟုတ်ဘူး ငါကိုယ်က ငါကိုယ်က မလုံနေတာ "

" ရတယ် ရတယ် မပြောနဲ့ တော်လိုက်ကြတာပေါ့ လာ ကျွန်တော်ချီသွားပေးမယ် "

ခေါင်းခါ ပြနေကာ

" မင်းကိုတော့ ပြောပြချင်တယ် "

" နားထောင်ပေးမှာမို့ ရေထဲကနေအရင်တက်ကြရအောင်ပါ အစ်ကိုရာ "

ပြောလဲ ငိုနေသည့်မျက်နှာနှင့် ပေကပ်နေသည့် မင်းသူရိန်ကို ချီသာမလာခဲ့လိုက်ရသည်။
အရပ်လဲ သိပ်မကွာ Body လဲသိပ်မကွာပေမယ့် ခွန်လေးကတော့ လွယ်လင့်တကူပဲ ချီပိုးလာလိုက်သည် ။ အဝတ်စား များဝတ်ပေးကာ ညစာ ရောက်နှင့်ပြီးသား ထမင်းပေါင်းအား ခွန်လေးက ပြန်နွှေးနေပြီ ။ စားပွဲခုံလေးမှာ ဝင်ထိုင်လိုက်တော့

" ငိုလို့ဝပြီလား "

" အင်း "

" အင့် မျက်နှာကြီးက အစ်မို့ နေရော စားရအောင် ထမင်းပေါင်းကြိုက်တယ်လို့ ကိုအာကာက ပြောတယ် "

မျက်စိရှေ့ရောက်နေတဲ့ ထမင်းပန်းကန်ကို တွေတွေကြီး ကြည့်နေသည့် မင်းသူရိန် ပခုံးလေး အားကိုင်လိုက်ကာဘေးခုံလေးမှာ ဝင်ထိုင်ပြီးနောက်

" ပြောချင်တာကို ပြော နားထောင်ပေးဖို့ အဆင်သင့်ပဲ "

" ပြောမထွက်ဘူးဖြစ်နေတယ် "

" ဒါဆို ပြောစရာမလိုဘူးအစ်ကို စား ပြီးရင် အိပ်ကြမယ် "

ထမင်းစားဖို့ကိုသာ ဦးတည်လိုက်ပြီးနောက် တစ်လုတ် ကနေ နှစ်လုတ် နောက် အင့်ခနဲ ရှိုက်သံလေး ကြားရတော့ ခွန်လေး အတော်ကို စိတ်ထိခိုက်မိ၏

" ကျွန်တော် နမ်းလိုက်မိတာ အစ်ကို အာ့လောက်တောင် ခံစားသွားရတာလား ဗျား ဟမ်.. "

အခုတော့ ငိုတော့မလို ရင်ခေါင်းသံကြီးဖြင့် မျှော်လင့် တကြီး ကြည့်ပြီး‌ မေးလာသူက ခွန်စဝ်ငွေအိမ်ထူး ပင် ။

" အစ်ကို တောင်းပန်ပါတယ် သားထူးရယ် အစ်ကိုက .. "

ငိုနေသူကို ရင်ခွင်ထဲ ထည့်လိုက်ပေမယ့် သူကိုယ်တိုင်လဲ ငိုကြွေးနေသူပင် ။

" အစ်ကိုက ယောကျ်ားတစ်ယောက်ကို ချစ်မြတ်နိုးကြောင်းကို ကောင်းသော အသိပေးခြင်း နဲ့ မဟုတ်ပဲ လစ်ဟ ပြခဲ့မိတယ် ပြီးတော့ အခု သားထူး နဲ့လဲ ဘယ်အခြေအနေထိ သွားကြမလဲ မသိခင်မှာ ဘာကိုမှ ထပ်မဖြစ်ချင်ဘူး လတ်တလော အိမ်တွင်းရေး အရှုပ်တွေကြားထဲ မှာ ငါသိက္ခာတွေက အရေးမပါတော့ရင်တောင် မင်းသိက္ခာတွေတော့ အကောင်းတိုင်းလေး ရှိနေစေချင်တယ် "

" အစ်ကိုက မဟုတ်တာတွေ တွေးပြီးပြောနေတော့တာပဲ "

" ပြီးတော့ မင်းသိမလား မသိပေမယ့် ငါမင်းကို ခုထိ ချစ်သလား မချစ်သလားကို ဝေခွဲမရသေးဘူး
မင်းရဲ့ ကြင်နာမှုတွေကို သဘောကျတယ် ဆိုပေမယ့် ချစ်လားကို မမေးမိသေးဘူး "

" ကျွန်တော်မေးပေးမယ် အစ်ကို ကျွန်တော် ကို ချစ်သလား ဟောဒီက ခွန်စဝ်ငွေအိမ်ထူးကို ချစ်သလား"

" မသိဘူး "

" မသိရင် သိတဲ့ ကျွန်တော်ကပြောပြမယ် ကျွန်တော်ကတော့ အစ်ကို့ကို သိပ်ချစ်တယ် ၊ အစ်ကို ဘာဖြစ်ဖြစ် ချစ်တယ် အစ်ကိုက ဘယ်သူ့ပေါ်ကိုမှ တန်ဖိုးရှိမနေရင်‌တောင် ကျွန်တော့်ရဲ့ အဖိုးဖြတ်မရတဲ့ လူသားပဲ သိပ်ကို လှ သိပ်ကိုမှ ချစ်ဖို့ကောင်းတဲ့ ကျွန်တော့် သက်တံ့ ကျွန်တော် အလင်းတန်းလေး ဗျ သိရဲ့လား အာ့ဒါတွေ အစ်ကို သိရဲ့လား ကျွန်တော်ကို ချစ်ရင် ကျွန်တော်ကိုပဲ ကျိန်းသေ ကြည့်နေရမှာပေါ့ တခြားကို မကြည့်ရဘူးလေ အစ်ကိုရယ် ဖြေပါအုံးကျွန်တော်ကို ချစ်သလား မချစ်ဘူးလား "

ခုလိုကြီး ပြောခံလိုက်ရတာ ငိုနေတဲ့ အရှိန်လဲပျောက် မျက်ရည်စီးကြောင်းကြားကနေ အပြုံးတစ်ခု ထွက်ပေါ်လာကာ

" အင်း မင်းကိုပဲ ကြည့်နေမယ် မင်းမှမင်း ဖြစ်တဲ့ထိ ချစ်မယ် "

ဖြေလာတဲ့ မင်းသူရိန် ဦးခေါင်းလေးကိုမျက်နှာချင်းဆိုင် ထိန်းကိုင်ကာ နှာခေါင်းထိပ်လေးနှစ်ခု ထိလု ကို ပွတ်တိုက်နေရင်းက

" ကျွန်တော် ဒေါက်တာကို ရူးနေအောင်ချစ်တယ် "

" အစ်ကိုလဲမင်းကို ချစ်တယ် "

" ဘာကိုမှ မပူနဲ့နော် တစ်ခုချင်းဆီ ပေးဆပ်ရမဲ့ သူတွေ အစ်ကို့ဆီပြန်ပေးဆပ်လာရလိမ့်မယ် မကြာခင် အစ်ကိုက နောင်တကင်းကင်းနဲ့ ပျော်လာရမှာပါ "

" မညာပါဘူး အခုလဲပျော်တယ် မင်းနဲ့ရှိနေရရင် နောင်တကင်းကင်းရှင်သန်ရတယ်လို့ခံစားရတယ် "

ဟ ဟ ဟ

" ဘဲကြီးက အရမ်းလဲ ခြွေတယ်နော် "

" လှောင်တာလား "

" သဘောကျလို့ပါဗျာ "

စောနက ငိုနေသူတွေ မဟုတ်သလို ရယ်မောနေသည့် ဒေါက်တာရဲ့ ပြုံးရယ်နေသည့် မျက်ှာက တကယ်ကို ရင်အေးစေသည်။

" အိပ်ရအောင် "

" မအိပ်ချင်သေးဘူး တစ်ခွက်လောက်သောက်ရအောင်လား "

" အစ်ကို အတည်ပြောနေတာလား သောက်လို့ဖြစ်လို့လား မနက်ထရမှာနော် "

" ဖြစ်တယ် မူးတတ်တဲ့ထဲ မပါပါဘူးကွ "

" နောက်ရက်မှသောက်ရအောင်ပါ လောဆယ် စားနေတာလေးလတ်စသတ်ပြီး အိပ်ရအောင်ပါ "

" အင်းပါ အင်းပါ "

" ဘာ မင်းတို့ ဒီလောက်တောင် အသုံးမကျဘူးလားဟမ် ဘာလုပ်ဖို့ မင်းတို့ကို လိုနေသေးတယ် သေပလိုက် "

ဘုန်း ..... အ
ရင်ဝ ကိုဆောင့်ကန်ခံလိုက်ရသဖြင့် အနောက်သို့အလဲလဲ အပြိုပြို ဖြစ်နေသည့် ဦးယိမ်းမင်းလူများဖြစ်သည် ။

" ဒီကောင် ကြောင့်နဲ့ ငါ့အစီစဉ်ကို လက်လွှတ်မခံနိုင်ဘူး သွားမယ့်ကိစ္စကရော ဘာတဲ့လဲ "

" အခုက ရှိရင်း အခြေအနေထပ် အရှေ့ကို တွန်းပို့လိုက်သလို ဒီရက်ပိုင်းတွင်း ယာယီ အုပ်ချုပ်မှုတွေကနေတဆင့် ရွေးကောက်ပွဲ ပျက်သည်အထိ ဖြစ်နိုင်ပါတယ် အာ့ဒါကြောင့် တစ်ဖက်ကလဲ ခုထိ ခရီးစဉ်ကို အကြောင်းမပြန်သေးပါဘူး "

" ခွန်စဝ်ငွေအိမ်ထူး ခွန်စဝ်ငွေအိမ်ထူး သက်သက်မဲ့ လူပါးလာဝနေတာ ဒီကောင်ကို အရင်သတ်ရမယ် ဟိုတကောင် ငဖျင်ကော "

" လက်ရှိမှာ သူ့အဖေက ပြန်ထိန်းထားပြီး‌တော့ စော်ဘွားလေးနဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်ထားတယ်လို့ကြားပါတယ် ဝမ်ပုံက ဟိန်းပြည့်မင်းမာန် လက်ချက် က ငဖျင် သေကံ မပါလိုက်ရုံလို့ ကြားပါတယ် "


"တစ်ခါထဲ သေသွားရမှာကွ အာ့တော့ ငါက နေရာရှုံးဘုံပျောက်နေတယ်ပေါ့အာ့ဒါတွေ အကုန် ပိုင်စေရာယိမ်းဆိုတဲ့ အကောင်ရဲ့ ဇာတ်လမ်းကစတာ မင်းသူရိန်ထိုက်အောင် မင်းသူရိန်ထိုက်အောင် အတော်ကို လမ်းပိတ်တဲ့ကောင်းပါလား "

လွန်ခဲ့သော တစ်ပတ်ခန့်က

" ဦးယိမ်းမင်း ထိုင်ပါဦး ကျွန်တော်ဖြင့်မျှော်နေတာ "

" ဝန်ကြီးက ကျွန်တော်ကို မျှော်နေတယ်ဆိုတော့ ကျွန်တော်ကပဲ ဝမ်းမြောက်ရပါတယ် "

" မဟုတ်တာ သားပိုင်တို့ သတင်းကောင်းကြားပါတယ် ဂုဏ်ပြုပါတယ် နော် "

" ရပါတယ် ကျွန်တော်လဲပျော် ကလေးတွေလဲ ပျော်နေရပါတယ် "

" ဒါပေ့ါ "

" ကျွန်တော်နဲ့ တွေ့ဖို့အကြောင်းလေးက "

" မပျော်ရတဲ့ ကျွန်တော့် မြေးအကြောင်းလေး ပြောချင်လို့ပါ "

ချက်ချင်းမျက်နှာ ပျက်ယွင်းသွားသည်ကို မထိန်းနိုင်လောက်အောင် ဖြစ်သွားသည့် ဦးယိမ်းမင်းဆိုသူကိုပဲ ကြည့်ကာ

" မြေးလေးကြောင့် အခုလိုပျော်နေရတယ်ဆိုရင် ပြန်ပေးဆပ်ဖို့လဲ လိုတယ်လေ ဟုတ်တယ်မလား ဦးယိမ်းမင်း ကျေးဇူးဆိုတာ သိတတ်ရတယ်လေ "

" ဘာကိုပြောချင်တာပါလဲ ကျွန်တော်ကို တည့်ပြောနိုင်ပါတယ် "

" ဟုတ်ပြီလေ ဒီလိုဆိုတော့လည်း ကျွန်တော်မြေးရဲ့ အညွှန့်တလူလူ ဘဝ က ယောကျ်ားလေးတစ်ယောက်ကြောင့် ဖြစ်ချင်တိုင်းဖြစ်သွားတာ ကို ဝန်ကြီး တောင် လုပ်နေသူက မသိဘူးလို့ ထင်နေတာလား သိပ်ကို လျော့တွက်မလွန်းဘူးလား ဦးယိမ်းမင်း "

" ဘာဖြစ်ချင်လို့လဲ "

"ယှဉ်ပြိုင်ပြီး တန်းတူ ထားမရတဲ့ အရာဆိုတာ ကိုယ်တိုင်သိရင် နောင်ဆုတ်ရတယ် လက်ရှိ မှူးယစ်မှောင်ခို လူမှောင်ခို လုပ်နေတဲ့ ခင်ဗျားလိုလူက ရွေးကောက်ပွဲ ဝင်လာတာကို လက်ခံပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး "

" ကျွန်တော်ကို ရုံးခေါ် အရှက်ခွဲနေတာလား ဦးမင်းအောင် "

" ထင်ချင်သလို ထင်နိုင်တယ် ခုနေ အာဏာ ဆိုတာ ငါ့လက်ထဲမှာ ငါ့မြေးအပေါ်တောင် အားနာစိတ် မရှိတဲ့ မင်း အခု တိုင်းပြည်က လူငယ်တွေ ကို ရိုက်ချိုးနေတာ ငါက လက်ခံလိမ့်မယ် မင်းထင်နေတာလား ဟမ် "

" ဘာတတ်နိုင်မှာလဲ တံတွေးခွက်ထဲက ဆယ်လို့မရတဲ့ သူကို ဆယ်မရသလို နိမ့်ပါးတဲ့ သူက နိမ့်ပါးရာ နေရာပဲပေါ့ "

" ဒီလောက်တောင်သိတဲ့ မင်းလိုလူ ကဒီနေရာ မင်းနဲ့ မတန်တာ သိရင် တန်းလာမညှိဖို့ ပြောချင်တယ် ကိုယ့်သဘောနဲ့ ကိုယ်နှုတ်ထွက်ပါ ဒါ မင်းမိသားစု အပေါ် ထားရှိတဲ့ ငါ့ရဲ့ နောက်ဆုံးစေတနာပဲ "

" မလုပ်နိုင်ရင်ကော ဘာတတ်နိုင်လဲ "

"ဆယ်မရတဲ့ တံတွေးခွက်ထဲ မင်းဆင်းချင်ရင် စမ်းလိုက်ပါ "

"ဧည့်သည်ပြန်ပို့မယ် "

ရုံးခန်းထိ ခေါ်ပြီးတမင်အရှက်ခွဲတာ ခြိမ်းခြောက်တာ မဟုတ်ရောလား ဘာကြောင့်ငါက နှုတ်ထွက်ရမှာလဲ အာ့ဒါ ငါ့နေရာ ငါရရမဲ့ ရာထူး လုပ်သင့်လို့လုပ်တာ စေတနာတွေ လာပြောနေပုံထောက်ရင် စေတနာဆိုတာ ရောင်ပြန်‌လေးပြမှ နဲ့တူတယ် ။

" ဒီအဘိုးကြီး ငါ့ကိုခေါ်တွေ့ထဲက ကြံထားတာဖြစ်မယ် ဘာတွေဆက်ဖြစ်မှာလဲ "

ဦးယိမ်းမင်း တစ်ယောက် ပြီးခဲ့တဲ့ အချိန်တွေကို စဉ်းစားရင်းခေါင်းခဲနေတာ ဖြစ်သည်။

" သားထူး "

" ဟင် ဟင် ပြောလေ " အိပ်ချင်းမူးတူးနဲ့လူကိုနိူးပြီး ဘာပြောသည်ဟုထင်သလဲ ?

" မနေ့ က စားခဲ့တဲ့ ဆိုက်ကော်လုံး ဆိုတာစားချင်တယ် "

" အစ်ကိုဗျာ ကျွန်တော်ဖြင့်အိပ်တောင်နေပြီကို မနက်ဖြန်ဝယ်ထားလိုက်မယ် ခုတော့အိပ်ရအောင်လေ နော် "

" အင်းပါ အိပ်လို့လဲမရလို့ "

" အိပ်မရဘူးလား ပြောဘယ်လိုလေးသိပ်ပေးရမလဲဆိုတာ "

"ထားပါ အိပ်ပါ့မယ် မနက်ဖြန် ချိန်းထားတာဆိုတော့ "

" ကျွန်တော်ဖက်ထားပေးမှာမို့ကောင်းကောင်းလေး အိပ်နော် ရင်ခွင်ကျယ်ထဲမှာ လွန့်လူးပြီးသာအိပ်ပစ် "

ဘုန်း ဘုန်း

" အစ်ကိုကလည်း အရမ်းမထုပါနဲ့ နှလုံးသားလေးထဲက ဒေါက်တာလေး နာလိမ့်မယ် "

" တော်တော်တက် တော်တော်တက် နေတယ်ဟုတ်လား "

" ချစ်တာကို ဗျ "

ပြွတ်စ်

ခွန်လေးကို မော့နမ်းလိုက်တော့ ခွန်လေးကပြုံးကြည့်ပြီး

ပြွတ်စ်

ဟင့်

" တော်တော့ အိပ်ခါနီးလေးနမ်းတာ ဟိုလို ဟုတ်ဘူး လေ "

"ဘယ်လိုမဟုတ်တာလဲ " ရွတ်

ပါးထဲကို နစ်နေအောင် နမ်းလိုက်သေးတာ ဖြစ်သည်။

" တော်တော့ အိပ်ချင်ပြီ "

" ဟ ချက်ချင်းကြီးပါလား ဒေါက်တာကို ကတတ်နိုင်တယ်နော် "

စကားပြန်တောင်မကြားရတော့ပဲ အိပ်ချင်ယောင်ဆောင်နေပြီဖြစ်၏ ။

ညကြီး အချိန်မတော် ဖုန်းလာသဖြင့် ကြည့်လိုက်တော့ အမေ့ဆီမှ ဖြစ်ကာ

" ဟယ်လို အမေ "

" သားပိုင် အမေ နေသိပ်မကောင်းလို့ "

" ဘာဖြစ်လို့လဲ အမေ အဖေကရော "

" သားအဖေက ညနေထဲကအရေးကြီးလို့ဆိုပြီးထွက်သွားတယ် ခုထိ ဆက်သွယ်မရလို့ "

" ဟုတ် အမေ ကျွန်တော် ဆရာဝန် နဲ့ ခုလာခဲ့မယ်နော် "

ဂွပ်

ဖုန်းချပြီးနောက် အမြန်လဲဝတ်ကာ ဆရာဝန်ဆီ ဖုန်းခေါ်ပြီးနောက် တန်းထွက်လာလိုက်တော့သည် ။

" အမေ အနားယူဖို့လိုနေတာတဲ့ ဘာတွေအာ့လောက်ပင်ပန်းတာတွေ လုပ်လိုက်လို့တုန်း "

" ဝန်ကြီး ဦးမင်းအောင်နေမကောင်းတော့ တီတို့ဆီ သွားနေလို့ဖြစ်မယ် "

" အမေက ဂရုစိုက်ရမှာပေါ့ သွေးတိုးကလည်းရှိသေး နှလုံးကလဲ မကောင်းဘူးမို့လား "

" အေးပါ သားရယ် ဆရာဝန်ဘာပြောသွားသေးလဲ အမေအိပ်ပျော်သွားလို့ "

" စလိုင်းချိတ်ပေးခဲ့တယ် အမေ ဒီရက်ပိုင်းအအိပ် အစားမမှန်ဘူးလို့ဖြစ်တာတဲ့ "

" အမေ အိပ်ပါတယ် သားရယ် "

" ထပ်ပြီး အဖေ့ကြောင့်ပဲ နေမကောင်းဖြစ်နေတာလား အမေ "

" မဟုတ်ပါဘူး သားရယ် မင်းအဖေက အမေ့ပေါ်ကြင်နာပါတယ် "

" ခုလိုဖြစ်နေတာတောင် ဖုန်းမကိုင်တာက ကြင်နာနေတုန်းတဲ့လား အမေကလေ သိပ်ကို ဖြည့်တွေးလွန်းတယ် "

အမေတို့အိမ်ထောင်‌ရေး မပြေဖြစ်တာတွေ မြင်တိုင်းကိုယ့်အပြစ်မကင်းဘူးလို့ခံစားရသည်၊
ကိုယ်မွေးလာတာ အပြစ်ကြီးတစ်ခုလို မြင်နေသည့် အဖေက အမေ့အပေါ်ကိုပါ မကြင်နာခြင်း ၊ ဖောက်ပြန်ခြင်းများ ဖြစ်ပေါ်လာတော့သည်။ ဘယ်အရှိန်ရဲ့ လောဘ တွေကြောင့် မသိ ငွေနှင့် အာဏာကို ရူးမူးနေခြင်းပင် ။

" အမေကျန်းမာသည်ထိ သားတို့နဲ့လာနေပါလား စိတ်ပြေလက်ပျောက် တစ်ပတ်လောက် ဖြစ်ဖြစ် "

" အမေလာရင် သားတို့ ပိုပင်ပန်းတာပေါ့ သမီးကလဲ ကိုယ်ဝန်ကြီးနဲ့မလား "

" အမေလာတာ ဘယ်လောက်များ အလုပ်ရှုပ်မှာမို့လဲ မနက်ဖြန် သားလာခေါ်လိုက်မယ် အမေပြင်ထားလိုက်နော် အဖေ့ကို သားပြောလိုက်မယ် "

" အေးပါ သားရယ် မင်းအဖေကို မသွားခင်ပြန်လာဖို့တော ပြောပေးပါအုံး "

" ဟုတ် ဟုတ် နားအုံး အမေ "

ပိုင်စေရာ စိတ်ထဲလေးလံနေသလို ခံစားရသည် ဘာကြောင့်မှန်းမသိ ပေမယ့် တစ်ခုခုတော့ ဖြစ်လာမည်လို့ ကျောချမ်းဖွယ်ခံစားမိသည်၊ ညလည်းနက်ပြီမို့ မေ့ဆီမပြန်တော့ပဲ ဒီညတော့ အိမ်မှာပဲအိပ်ဖို့ ဆုံးဖြတ်လိုက်ကာ မရောက်တာ တစ်နှစ်လောက်ကြာပြီလဲ ဖြစ်တဲ့ ကိုယ့်အခန်းလေးဆီ ဦးတည်လိုက်သည်။ မနေတာလဲကြာ ရှင်းလင်းမှုလဲ မပြုကြတော့ ဖုန်နံ့များ လေထုထဲပြည့်နှက်နေ၏ ။ အခန်းလေးကတော့ အရင်တိုင်းပင် ဒီကို သိပ်လဲ မလာဖြစ်သလို ရောက်တိုင်းလဲ ဝင်မကြည့်ခဲ့ပေ မနက်က ကြားလိုက်ရသည့် အကြောင်းကြောင့် တစ်နေ့လုံးလဲ အလုပ်ထပ် သတိရစိတ်တွေ ပိုနေမိတာတော့ သိသည်။

ဖုန်တွေပြည့်နေတဲ့ အပေါ်ထပ် အဝတ်စကို ဆွဲမလိုက်ပြီး ကုတင်ပေါ်ဝင်ထိုင်လိုက်ရတဲ့ ခံစားချက်က အသက်တွေငယ်သွားသလို ခံစားရသည် ၊ ခေါင်းရင်းဘက် စားပွဲပေါ်က ကိုထိုက်နှင့် ပုံလေးမှာလဲ ဖုန်တွေကြောင့်ပင် မသဲမကွဲ ဖြစ်နေတာကြောင့် ယူလိုက်ကာ ဖုန်တွေကို မှုတ်ထုတ်လိုက်မိတော့ သူ့ကိုကြည့်ကာ ပကာသန မပါပဲ ပြုံးရယ်နေတဲ့ ကိုထိုက်ကို မြင်တွေ့လိုက်ရသည်၊ ထိုမျက်နှာလေးကို ပွတ်သပ်ကာ

" ကျွန်တော် တောင်းပန်ပါတယ် ကိုထိုက်ရယ် ကျွန်တော် အမှားတွေပါ ကျွန်တော့သတ္တိနည်းခဲ့လို့ပါ "

တိတ်တိတ်လေး ရေရွတ်ရင်း မျက်ရည်စတို့ စိုးထင်းလာသည် ၊ အနည်းဆုံးတော့ တောင်းပန်စကားလေးတောင် သေချာ ပြောခွင့်မရခဲ့သည်ကြောင့် အားနာရသည်။ မျက်နှာချင်းဆိုင်လိုက်ရင် အခြေအနေတွေပြောင်းနိုင်သည်ကို သိမြင်ပုံရကာ တစ်ကြိမ်တစ်ခါမှ ထွက်ပေါ်လာတာမျိုး မရှိတော့သည့် ကိုထိုက် နေကောကောင်းရဲ့လား ဆိုတာ သိချင်သည်။ ဓာတ်ပုံဘောင်လေးကို ရင်ခွင်ထဲထည့်ကာ ကုတင်ပေါ်ပစ်လှဲလိုက်သည်။
လွမ်းသည် အချစ်ဦးဆိုတာ မေ့ရခက်သည်မို့လား ကိုယ်တိုင်လဲ ကိုထိုက်ကို မေ့ခဲ့သည့်နေရက်ဆိုတာ မရှိခဲ့ပါ ။

တီ .. တီ .. တီ ..

" ဟယ်လို "

" အေး ဖုန်းခေါ်ထားလို့ ပြော ဘာကိစ္စလဲ "

" အဖေ အမေအိမ်မှာ သွေးတွေတိုးပြီး သားရောက်တော့ အိပ်ရာထဲလဲတောင်နေပြီ ဖုန်းဆက်လို့လဲ မရ ဆက်သွယ်လို့လဲ မရ နဲ့ ဘယ်တွေရောက်နေရပြန်တာလဲ အဖေရယ် "

" အခုရော သက်သာလား "

" ဆရာဝန်က ဆေးချိတ်ထားတော့ မှိန်းနေပြီ မနက်ဖြန် ကစ အမေ့ကို သားအိမ်ခေါ်သွားလိုက်မယ် မေလဲအဖော်ရ အမေလဲ အဖော်ရအောင် "

" ရတယ် လုပ် ဒီရက်ပိုင်း အိမ်ပြန်လာဖို့လဲ စိတ်ကူးမရှိဘူး သေရေးရှင်ရေး လဲ ဖုန်းမဆက်ကြနဲ့ "

" အမေ မနက် မသွားခင် အဖေ ခဏတော့လာခဲ့ပါလား အမေက မေးနေတယ် "

" အာ့လောက်ထိ အချိန်တွေပိုလျှံမနေဘူး အားတဲ့ခါ လာတွေ့မယ်လို့ပြောထားလိုက် အရေးမကြီးရင် ဒါပဲ မအားဘူး "

ပြောကာ ဖုန်းချသွားလေသည်။ ဒီလောက်ဆူညံနေပုံထောက်ရင် မိန်းမငယ်လေးတွေ ဆီရောက်နေလောက်ရောပေါ့ အကြွေးတွေဆပ်ဖို့ကျန်ရင်လည်း ဒီဘဝတင် ကြေချင်သည် ၊ ကိုယ့်ကြောင့် ပျော်ရွှင်မှုမရခဲ့သည့် အမေ့ကို လည်း ခွင့်လွှတ်ဖို့ပင် မပြောရဲတော့ပါ ။
သူ့ကြောင့်သာ မဟုတ်ရင် အမေ ၊ ကိုထိုက် တို့တွေ ပျော်ရွှင်ရလိမ့်မည် လို့တွေးရသည့်
ညတွေက တကယ်ကို ပင်ပန်းရသည်။

အိပ်နေရင်း ဘေးဘက်ကို စမ်းကြည့်လိုက်တော့ ဘာကိုမှမတွေ့လိုက်တော့
ခွန်လေး မျက်လုံးကျယ်သွားကာ အိပ်ရာက ချက်ချင်းထလိုက်ပြီး ဘေးဘီကိုလဲ ကြည့်လိုက်တော့ အစ်ကို့ကို မတွေ့  ရင်တွေထဲ ပူပန်ကာ အခန်းပြင် ထွက်လိုက်တော့
အခန်းရှေ့ ဝရန်တာမှာ ထိုင်နေတာကို တွေ့လိုက်ရမှသာ ရင်အေးရတော့သည်။
အနားသို့ လျှောက်သွားလိုက်တော့ ခွန်လေးကို ကြည့်လိုက်ပြီး ပြုံးရုံမှ ရယ်ပြနေသည့် အစ်ကို့ နားကို ကပ်လိုက်ပြီး

" ဘာတွေ တွေးနေလို့ အိပ်လို့မရတာလဲ "

" မင်းမှ အရက်မတိုက်တာ "

" အစ်ကို မသောက်ရင် တကယ်ကြီး အိပ်မရဘူးလား "

" အင်း ခေါင်းထဲမှာ ပြည့်နှက်နေပြီးတော့ အိပ်လို့မရဘူး "

အနားမှာကပ်ရပ်နေသည့် ခွန်လေးကို မော်ကြည့်ကာ ပြောလာသည်။ မျက်လုံးတွေထဲ တကယ်ကို အတွေးတွေများနေပြီး အိပ်ဖို့ကို ပင်ပန်းကြီးစွာ ကြိုးစားထားပုံရသည်။
လက်ကို ကိုင်လိုက်ပြီး

" ဘာသောက်မလဲ "

" ရီဝေဝေ လေးတစ်ခုခု ဆိုရပြီ "

ခေါင်းလေးညိတ်ပြီး နောက် ခွန်လေး အထဲဘက်ကို ကွေ့ဝင်သွားသည် ။ ဆယ်မိနစ်လောက်ကြာတော့ Old-Fashion Glass လေး နှစ်ခွက်ကိုင်ကာ ပြန်ထွက်လာသည်။

" အကို့ဖို့ Cognac "

လက်ထဲကို ထည့်ပေးလိုက်တော့ မျက်မှောင်ကြုတ်ကြည့်လာသည့် မင်းသူရိန်ကို

" အစ်ကိုကြိုက်တယ်လို့ ကိုအာကာ ပြောပြတယ် on the rock မကြိုက်ဘူးဆိုလို့လေ ရေခဲလေး တစ်တုံးပဲ ထည့်ပေးထားတာပါနော် ပြီးတော့.. "

ဟား ဟား
အစ်ကိုဆီက သဘောကျသလို ရယ်သံတွေကြားတဲ့ထိ ရယ်သည်ဆိုတာ ဒီဟာပထမဆုံးကြားလိုက်ရခြင်းပင် ၊ ခွန်လေး ရယ်နေသည့် အစ်ကို့ဆီ သေချာလေး စိုက်ကြည့်နေသည်။

" ဘာတွေအာ့လောက်ထိ စိုက်ကြည့်နေရတာလဲ အင့် Cheer "

" အင်း Cheer "

" မင်း ခွက်ကို အောက်ချလေ မင်းကငယ်တာကို "

" အစ်ကိုက တော့ လုပ်ပြီ "

စိတ်တိုင်းကျ နောက်တစ်ကြိမ် ခွက်ပြန်တိုက်ပေးရသေးသည်။ ကောင်းကောင်းလေး ဇိမ်ခံသောက်နေသည်ကို ဘေးကနေ တစ်စိမ့်စိမ့်ကြည့်နေသည်ကို

" အာ့လောက်ထိမကြည့်ပါနဲ့ မေးချင်တာရှိရင်မေး "

" မသောက်ပဲ တကယ်မနေနိုင်တာလား "

နှုတ်ခမ်းလေးကို ဘေးကို တွန့်လိုက်ပြီး ခွန်လေး မျက်နှာချင်းဆိုင်လိုက်ပြီး မျက်လုံးတည့်တည့်ကို ကြည့်လိုက်ကာ

" နေနိုင်ချင်တယ်..  နေလို့မရတော့တာ ရီဝေဝေ ဖြစ်လာရင် ညိုမှိုင်းလာတဲ့ အမြင်တွေ ကနေ အတွေးဆိုးဆိုးကြီးတွေ ပျောက်သွားတာကိုသဘောကျတယ် ၊ ခေါင်းထဲမှာ အနက်ရောင် ပြင်ကြီးပဲ မြင်ပြီးတော့ လောကကြီးကနေ အဆက်သွယ်ပြတ်သွားသလို ဖြစ်တာကိုလဲ သဘောကျတယ် ၊ ခဏလောက်လေး မင်းသူရိန်ထိုက်အောင် မဟုတ်တော့သလိုပဲ "

မင်းသူရိန်ကတော့ အတော်ကို အားယူပြောလိုက်ပုံပင် ခွန်လေးကတော့ မျက်ရည်တွေ ရစ်ဝဲလာသည် ။

" မင်းကလည်းကွာ အာ့လောက်ရင်ထဲ ထိသွားတာလား "

ရင်ခွင်ထဲ တိုးဝင်လာသည့် ခွန်လေးရဲ့ ကျောဘက်လေးကို လက်ဖြင့် အသာပွတ်ပေးနေမိသည်။

" ကျွန်တော် အစ်ကို့ကို အသက် ( ၁၄ ) နှစ်လောက်ထဲက ငေးကြည့်လာရတာ သိလား "

မင်းသူရိန် မျက်လုံးပြူးသွားသည့် လူနာအနေနဲ့ တွေ့ခဲ့တာ သူ ( ၁၈ ) နှစ်သာ ရှိသေးသည်။ ဆရာဝန် ချောလေး မြင်တုန်းက ကြိုက်သည်ပြောရင် ယုံလောက်သည် အခုက ( ၁၄ ) နှစ်ထဲကလို့ ပြောလာတော့ တစ်မျိုးပင်

" ဟျောင့် မင်းမူးနေပြီ အစ်ကိုနဲ့ မင်းတွေ့တော့ မင်းအသက် ( ၁၈ ) နှစ်ဖြစ်နေပါပြီ "

ရင်ခွင်ထဲကနေ ဆွဲခွာလိုက်ပြီး မင်းသူရိန် အကြိတ်အနယ် ရှင်းပြနေသည် ။

" မဟုတ်ဘူး အစ်ကို့ကို ကျွန်တော့ အသက် ( ၁၄ ) နှစ်ထဲက ကမြင်ဖူးခဲ့တာ "

ဟင်

" အစက အားကျမိတယ် နောက်တော့ လေးစားမိတယ် ခံစားချက်တွေ‌ပြောင်းလာပြီးနောက် အစ်ကို့ကို ကျွန်တော် ချစ်တယ်ဆို တာသိလာရတာပဲ "

မင်းသူရိန် အမှန်အကန်ကို စဉ်းစားနေတာဖြစ်သည်၊

" မစဉ်းစားတတ်တော့ဘူး ပြောဘယ်လိုမြင်ဖူးတာလဲ "

နောက်ဆုံးတော့ အကြပ်ကိုင်မေးပြီ မင်းသူရိန်တို့ကတော့

" အစ်ကို ကျောင်းတက်နေတုန်း ချင်းမိုင်ဘက်ကို အလည်လာဖူးတယ်မို့လား "

မင်းသူရိန် စဉ်းစားသည် စဉ်းစားသည်

" အင်းလာဖူးတယ်လေ အာ့တုန်းက လေ့လာရေးခရီးထွက်ရင်း Thesis လုပ်ကြတာ မှတ်မိပြီ ဘယ်တုန်းကတွေ့လို့လဲ မတွေ့မိခဲ့ပါဘူး "

" ကျွန်တော်က Chaing Mai မှာအထက်တန်းပြီးတော့ Chaing Mai University ရဲ့ Social Science တက်ဖို့ ကျောင်းကိုလေ့လာရေးလာတုန်း အစ်ကို့ကိုမြင်ဖူးခဲ့တာ အာ့ချိန်တုန်းက အစ်ကိုက ကျန်းမာရေးစစ်ဆေးဖို့ ဆိုပြီး လုပ်နေတဲ့ လူအုပ်ကြီးရှေ့မှာ ရှိတဲ့ ဆရာဝန်ကြီး ဘေးမှာ လိုက်မှတ်နေတာကို တွေ့ခဲ့ရတာ အစ်ကိုက Pant အညိုရောင် ကိုအပေါ်က အဝါကျင့်ကျင့် Shirt လေးဝတ်လာပြီး Vest ကို Choco ရောင်လေး ဝတ်ထားတာ အာ့တုန်းက မျက်မှန်နဲ့နော် အခုကရော ဘာလို့မတက်တော့တာလဲ အာ့တုန်းကတွေ့တော့ အားလုံးထဲ ထင်ပေါ်နေလို့ အားကျခဲ့တာ "

မင်းသူရိန် မှတ်မိပေမယ့် အတွင်းကျကျ မမှတ်မိတာကြောင့် မျက်စိကလည်နဲ့သာနားထောင်နေသည်။

" မကြာလိုက်ဘူး ခရိုင်မှာ Hotel တစ်ခုဖွင့်ဖို့ ဖြစ်လာတော့ အဖေက အစ်ကိုအဖေ့ နဲ့ ဆက်ပြီး လုပ်ဖြစ်တယ် အာ့ဒီကနေ အစ်ကို့ နာမည် နဲ့ တစ်ချို့အကြောင်းအရာတွေ သိခဲ့ရတာ ကျွန်တော်က အာ့ထဲက ငေးမော သဘောကျခဲ့ရတာပါနော် သိရဲ့လား "

" မသိဘူး အစ်ကို့ကို အာ့လိုသဘောကျနှစ်သက်ပေးမဲ့လူ ရှိနေတယ်ဆိုတာ လုံးဝမသိခဲ့ဘူး ဘာကြောင့် အစ်ကို့ဆီမလာခဲ့တာလဲ ? "

ခွန်လေး တိတ်ဆိတ်သွားကာ

" အင်အား မရှိဘူး အစ်ကို့ဆီလာဖို့ အင်အားမရှိဘူးဆိုတာ သိနေလို့ "

" လိုအပ်လို့လား "

" အစ်ကိုက ကျွန်တော်ငေးကြည့်နေခဲ့ရတဲ့အချိန်တွေတိုင်း ဟိုးအမြင့်တစ်နေရာ မှာ အောင်မြင်မှုတွေ ပြည့်စုံမှုတွေအပြင် အကုန်ပြည့်စုံနေခဲ့တယ် ကျွန်တော် တိုးစရာ နေရာမရှိဘူးဆိုတာ သိလို့ပေါ့ "

" ဒါဆို အခုကရော "

" အစ်ကို့ ကို ထောက်ပံ့ပေးဖို့ အင်အား ကျွန်တော်မှာရှိလာပြီ အစ်ကိုကို နောင်တစ်ကြိမ် ပြန်ပြီး ထူထောင်လာတာကို မြင်ချင်တယ် ကျွန်တော်ချစ်တဲ့ သူကို ပျော်ရွှင်စေချင်တယ် "

" ငါအခု မပျော်ရွှင်ရဘူးလို့ မင်းထင်နေတာလား "

" မြင်နေရတာလေ "

" ကျွန်တော်လေးစားအားကျ ခဲ့ရတဲ့ သူမပျော်တာကို ထင်နေတာမဟုတ်ဘူး မြင်နေရတာ "

" ငါပျော်ပါတယ် "

" ကျိန်းသေရဲ့လား အစ်ကို "

" အင်း ပျော်ပါတယ် "

" မညာပါနဲ့ အစ်ကိုက ကျွန်တော်နား ရှိနေပေမယ့် စိတ်နှလုံးသားတော့ရှိမနေဘူးလေ အမှန်တရားက ခါးတယ်ဆိုတာ လက်ခံမိတာ ဒါပထမဆုံးပဲ "

Cognac ကို မြှောက်သောက်လိုက်ပြီး ရယ်လိုက်သေးသည် ။

" ဘာဖြစ်ဖြစ်ပါ ကျေနပ်ပါတယ် ကျွန်တော် တတ်နိုင်သမျှ အစ်ကို့ဘေးမှာရှိနေမှာမို့ အစ်ကိုကတော့ ပျော်ရာတွေကိုသာလုပ်ပါ ထွေးပွေ့ချင်တာကိုသာ ထွေးပွေ့ပြီး အရင်လိုပြန်ဖြစ်အောင် နေပေးရင် ရပါပြီ "

သားထူးရဲ့ စကားတွေကို ခွန်းတုန့်ပြန်ဖို့ အဖြေစကားမရှိတာ အမှန်ပင် ၊ အခုနေ အရင်လိုပြန်ဖြစ်လာနိုင်အုံးမလား အကြိမ်ကြိမ်စိတ်ကူးယဉ်မိနေဆဲပဲ ..
မဖြစ်နိုင်တဲ့ အလိမ်အညာတွေ ပြောပြီး ကတိတွေလဲ မထားလိုတာကြောင့်
တိတ်ဆိတ်စွာနဲ့သာ နေလိုက်တော့သည်။


ထိုညခင်းဟာ ပျော်ရွှင်ရသည်၊ ကြည်နူးရသည်၊ ဖော်ပြမရတဲ့ လစ်ဟမှုတွေကြားကနေ အဆုံးသတ်က တိတ်ဆိတ်သွားခြင်းဖြစ်သည် ။

မေးခွန်းများစွာရဲ့ ချောင်ပိတ်မှုတွေကြားထဲ မင်းသူရိန် ရောက်နေခဲ့ပြီ ။


If you like this story please vote & comment for me .

Nov 26. 2023 

Lost & Found (Complete)Where stories live. Discover now