" သားထူး "
" ပြောပါ မေမေ "
" ဖုန်းလာထားတယ် ပြန်ဆက်ပေးပါတဲ့ ဘယ်သူဘယ်ဝါဆိုတာ ပြောမသွားဘူး "
" ဟုတ်ကဲ့ပါ သားဆက်လိုက်ပါမယ် "
" ဖီ့ ကျွန်တော်နဲ့ စကားခဏ ပြောဖို့ ဒီနေ့ အချိန်ပေးပါ "
" ညစာ စားပြီး အစ်မ အားတယ် "
" အိုကေ "
စကားပြောဖို့ ချိန်းဆိုပြီးနောက် လှေကား တစ်လျှောက်အပေါ်တက်လာလိုက်ပြီး မိမိ အခန်းကို ရောက်ဖို့တော့ ရိုးရှေ့ကနေ ဖြတ်လျှောက်ရင်းကနေ စိတ်ထဲ လွမ်းသလို ရှိတာကြောင့်ကော ၊ မျက်နှာလေး မြင်ချင်တာကြောင့် ပါ
ဒေါက် ဒေါက်
" ဘယ်သူလဲ "
" ကျွန်တော် ခွန်စဝ်ငွေအိမ်ထူး ပါ "
ဘေးဘက်က ဖြတ်သွားတဲ့ အိမ်ကူညီမလေးတွေကတော့ အိမ်ဦးရှင်က ဒီလို မိတ်ဆက်လိုက်တော့ အလန့်တကြား မျက်နှာများနဲ့ ကြည့်ပြီး လန့်သလို ပြုံးသလိုနဲ့သာ ကျော်ဖြတ်သွားပြီဖြစ်သည် ။
ကျွီ .... တံခါးလေး ဖွင့်လိုက်တာနဲ့ မြင်လိုက်ရတာက တည်ကြည် အေးချမ်းတဲ့ မျက်နှာလေး ဟုတ်တယ်
သူ့ချစ်သူ ဖြစ်ကို ဖြစ်ရမယ့် ဒေါက်တာလေးလို့ ကို တွေးပြီး ပြုံးလိုက်မိတော့သည် ။
ပြုံးရင်းက နေ ဘာမှမပြောပဲ ကြည့်နေတော့ မျက်လုံးချင်းမဆိုင်ရဲလို့ ကြည့်နေရင်းက သတိထားလိုက်မိတာ
' ဒီချာတိတ်က သွားတက်လေး နဲ့ပါလား ကြည့်ကောင်းသား ' လို့ သတိတရ ထပ်ပြီး မှတ်ချက်ပေးထားလိုက်သည်။
" ပြောလေ အစ်ကို သိပ်မအားဘူး အထုတ်သိမ်းပြီးတော့ ခဏနေ ဆေးစာရင်း လုပ်ဖို့ ရှိတယ် "
" ကျွန်တော် ဆေးတောင်းချင်လို့ "
" ဘာဖြစ်လို့လဲ အအေးပတ်တာလား ကြည့်ရတာ အကောင်းပါ "
" ခန္ဓာကိုယ် တစ်ခြမ်းက နေလို့မကောင်းတာ ဒေါက်တာ "
" မှန်းစမ်း ဘယ်ဘက်လဲ ကိုက်တာ ခဲတာ ရှိတာ လာအထဲဝင်ပြီး ခဏလှဲလိုက် စမ်းကြည့်ရအောင်လို့ "