Part 39 ( Uni )

1.7K 65 1
                                    

" ဒီသံသရာမှာ ပြန်ပေးဆွဲတယ်ဆိုတာ ဘယ်သူဖော်ဆောင်ခဲ့လဲ သိချင်မိတယ် "

ရွတ်နောက်နောက် စကားပြောခဲသည့် Edward ဆီက ကြားရတော့ သားထူး စိတ်ပူနေသည့်ကြားကပင် ရယ်သံတို့ ပြုမိသည် .

" ဟဟ အေးကွာ ဘယ်ဘဝက အကြွေးမို့ အစ်ကိုလည်း ခဏခဏ ခံနေရတာပါလိမ့် "

" စိတ်ကူးယဉ်မဟုတ်ပဲ မင်းသားက အပြင်မှာ တကယ်ကြီးခဏခဏ ကယ်နေတော့ သဘောကျလို့နေမှာဗျ ဟုတ်သလား ဖီ့"

ရှေ့ကစကားတွေကို ရယ်ရင်းအမှုကနေ မမျှော်လင့်ထားသည့် ကိုကြီး ခေါ်သံကြားတော့ သဘောကျ ရယ်နေခြင်း မဟုတ် ပီတိဖြာသော အပြုံးမျိုး ဖြစ်သည်။ ပြတင်းပေါက်ဘက်ကို မျက်နှာလွှဲသွားပြီးတဲ့နောက် ရယ်သံတိတ်ကာကားပေါ်တွင် တိတ်ဆိတ်လို့နေသွားသည်။

" ဖီ့ .. ဟင် "

" ဘာလဲကွ "

" အာ့လောက်ထိသဘောကျတာလား "

တည်ကြည်လွန်းသည့် ကော်ဖီရောင် မျက်လုံးများ ရဲနေပြီး နှာခေါင်းဘေးစိုထိုင်းနေသည်နှင့် ခွန်လေး မျက်ရည်တို့ စီးကျထားသည်ကို သတိထားမိစွာ မေးလိုက်မိသည်။

" အေးပေါ့ကွာ မင်းက အာ့လို ခေါ်တော့ ပျော်တာပေါ့ "

"ကျွန်တော် အမြဲခေါ်မှာ ဖီ့ "

ပြောပြီး ညီအစ်ကိုနှစ်ယောက် ဖက်တွယ်ထားလိုက်သည်၊ မတော်တဆ မှုဖြစ်ပြီးထဲက အခုလို ရယ်မောဖြစ်တာ ညီအစ်ကိုလို ရင်းနှီးမှုက ပထမဆုံး အကြိမ်ဖြစ်လိမ့်မည် ။

" ခွန်လေး နောင်လေး အရှေ့ကွေ့နားလို့ ပြတယ် ဘယ်လိုချဉ်းကပ်ချင်လဲ "

" အရင်လိုပဲ ငဝက်ခေါ်ပါ "

" မဟုတ်တာ "

" ခေါ်ပါစေ ခွန်စဝ်ငွေအိမ်ထူး ညီရဲ့ "

ကားပေါ်တွင် သုံးယောက်ထဲဖြစ်ကာ နွေးထွေးမှုပြည့်နေသလို ခံစားရသည် မကြာခင် အေးစက်တော့မည့် ခံစားချက်များမတိုင်ခင် ပေါ့

" တည့်ပဲသွားလိုက် အိုက်ထွန်းသူခေါ်တာပဲဟာ "

" ဟုတ်ကဲ့ ခွန်လေး "

ကားလေးတစ်စီးဝင်လာသည်ကို မသိနိုင်လောက်သည့်အနေအထာမျိုး ဟုတ်မနေသော်လည်း ဝမ်းပန်းတသာ ထွက်ကြိုနေခြင်းရှိသည်လည်း မဟုတ်ပါ ။

" ခွန်လေး သေနတ်ပါလား "

မျက်လုံးအစုံကို ကြည့်မေးလာသူကြောင့် ပြန်သာကြည့်နေလိုက်ပြီးနောက်ဘာတစ်ခွန်းမျှတော့ ပြန်ပြောသံတို့ပျောက်နေဆဲပင်ဖြစ်ကာ

" ညီလေး Edward "

Edward သည်လည်း နှုတ်ခမ်းပါးလေး အပေါ်တက်ရုံနှင့် ခေါင်းတို့ ညိတ်ပြလိုက်သည်။

ယောကျ်ားသား သုံးယောက်လုံး အနက် နှစ်ယောက်၏ အရပ်ကတော့ မတိန်းမရိမ်းကိုမှ တစ်ယောက်ကတော့ ခေါင်းတစ်လုံးလောက်ကွာသည် ၊ လျှောက်လှမ်းလာသည့် သုံးယောက်လုံးကတော့ အေးဆေးတည်ငြိမ်စွာ ဘယ်အရာကိုမှ ထူးခြားနေသလို အပြုမူမျိုး မဟုတ်နေခြင်းဖြစ်လေ၏။

ကျွီ..

အိုက်ထွန်းက တံခါးကိုဖွင့်လိုက်ပြီးနောက် ခွန်လေးရော Edward လည်း အထဲသို့ဝင်ကာ အဆင်သင့်အနေအထားနဲ့စောင့်နေပြီးသား ခုံတစ်ခုက လူနှစ်ယောက်ဆီ ကိုသာ ဦးတည်ပြီးသွားလိုက်တော့သည် ။

" ဟွင့် ရောက်လာသားပဲ "

" မလာရဲလောက်တဲ့ အနေအထားဖြစ်နေတဲ့ မင်းတို့ဆီ ရောက်လာတယ်ဆိုတာ မရှိပါဘူး "

ပြန်လည်ချေပလိုက်တဲ့ စကားလုံးတွေကြားလိုက်ရချိန်ပြောင်းလဲသွားတဲ့ မျက်နှာတွေကြောင့် Edward တစ်ယောက် မချိပြုံးတို့ပင်ဖြစ်ကာ

" ပြော ဘာလိုချင်ရပြန်တာလဲ ကိုသစ် "

" အလိုက်သိလွန်းတဲ့ အမေးပဲ လိုချင်တာက ရှင်းပါတယ် ဘာလိုချင်လဲသိပြီးသားနေမှာပါ "

ထိုင်ခုံလွတ် တစ်လုံးရှေ့ရောက်လာတာတာနဲ့ ထိုင်လိုက်ပြီးနောက် ဘယ်ခြေတို့ကို ချိတ်တွယ်လိုက်ပြီးနောက်

" ဟ ဟ တောင်းရဲတဲ့ သတ္တိကိုတော့ တကယ်လေးစားတယ် မင်းက ကိုယ့်ကြောင့်နဲ့ ချစ်ရတဲ့ တစ်ဖက်သားကလူတွေကိုဒုက္ခပေးတတ်တာ အလေ့ကျင့်လား "

ခနဲ့သလိုရော ရွဲ့သလိုပါပြောလိုက်တဲ့ ခွန်လေး စကားအဆုံး တစ်လျှောက်လုံးငြိမ်နေသည့် ပိုင်စေရာယိမ်းဆီက အသံတို့ ထွက်ပေါ်လာသည် ။

" ချစ်ရတဲ့ တစ်ဖက်သား ကဘယ်သူလဲ "

" ငယ်လေး.. "

" မင်းကိုလည်လှပြီထင်တာ မင်းက စောက်တုံးပဲ တစ်လျှောက်လုံးမမြင်နိုင်လောက်အောင် ငါတို့ကိုဟိန်းရဲ့ တောက်ပမှုက ထိန်နေလို့လား "

" ကို..ဟိန်း... "

ပိုင်စေရာယိမ်းတို့ မျက်ခုံးတို့တွန့်ချိုးသွားပြီးနောက် ငြိမ်သက်စွာထိုင်နေရင်းကနေ တစ်ဖက်က ကိုသစ်ဆီကိုသာ အမေးကော အကြည့်တို့ရောက်ရှိနေပြီဖြစ်သည် ။

" ကိုဟိန်းဆိုတာ .. ဟို "

" ငယ်လေး ကိုယ်တို့နောက်မှဆက်ပြောရအောင် "

လှောင်ရယ်သံတွေ တစ်ပြိုင်နက်ထွက်ပေါ်လာသော်လည်း လှောင်သံကော ခနဲ့တဲ့တဲ့ အသံကတော့ တစ်ယောက်ထဲဆီကဖြစ်ကာ ခြေကိုချိတ် မိန့်မိန့်ကြီးကြည့်နေသူကြောင့် ဒေါသတို့ အရှိန်ဟုန်မြှင့်လာကာ ပိုင်စေရာယိမ်း တို့ ထိုင်နေရာကထလို့ မေးခွန်းတွေ တစ်သီတန်းကြီးနှင့် ‌မျက်စိရှေ့ ရန်ဖြစ်နေသူ ခြံခုန်နွား တို့အား ကြည့်နေသူတောင် မေ့နေသည့်အလား

တစ်မိနစ် ကနေ

မိနစ်များလာသည်နှင့်...

" လာရင်းကိစ္စလေးပြန်ဖြတ်ကြမလား မင်းတို့ရန်ဖြစ်တာကြည့်နေဖို့လောက်ထိငါလိုလူမှာ အချိန်ပေါမနေဘူး "

" ရှင်း နင်ခုရှင်း ဘာလုပ်မှာလဲ ဘာကအမှန်လဲ...? "

အင်္ကျီစတို့ကို ဆောင့်ဆွဲကာဖြင့် ငိုသံရော ရင်တွင်းအသံများနှင့် ပိုင်စေရာယိမ်း၏ လက်အစုံကို ဖမ်းကိုင်လိုက်သူဆီက

" မင်းတို့ ငယ်လေး ကိုလာခေါ်သွားစမ်း "
....

" လွှတ် မင်းတို့ငါ့ကိုလွှတ်နော် .... အားးးး... လွှတ်လို့ "

ရုန်းရင်ဆန်ခတ်ကြားက နှုတ်ခမ်းတို့ ညွှတ်နေအောင် အကြည့်များဆီ ကြည့်နေသည့် မျက်လုံးမျကို မမူနိုင် ပိုင်စေရာယိမ်းတို့ ရုန်းကန် လွှတ်ရင်း ပါးစပ်ဖျားက အမေးစကားတို့ စုံနေပြီဖြစ်သည်။

" ဟင့် မနိုင်ဇာတ်ခင်းနေတာ သိပေမယ့် တန်ရာတန်ရာမို့ ထင်တယ်အခုကပိုလိုက်တယ် "

ဆွဲဆုပ်ခံထားရသည့် အင်္ကျီစတို့အား လက်ဖြင့်ခါပြီး ပြန်ထိုင်‌လိုက်သည့် ကိုသစ်‌ဆိုသူက

" တန်ရာ ဆိုလဲ တန်ရာ ပေါ့ ဒါမဲ့ မင်းကိုဟိန်းက ငါ့ကို တန်းတန်းစွဲနေတာတော့ ဘယ်တတ်နိုင်မလဲ သူ့အဖို့ငါလိုလူပဲတန်လို့နေမယ် "

အိုက်ထွန်း၏ ခြေလှမ်းတို့ ထိုးထွက်လာသည်နှင့် ခွန်လေး လက်တို့ကာပြလိုက်ကာ

" ဘယ်မှာလဲ "

" နေအုံးလေ လတ်မှတ်လေးထိုး အေးဆေးပေါ့ "

" အစ်ကိုဘယ်မှာလဲ "

ခေါင်းတို့ကို ခါရမ်းသွားသူကြောင့် ခွန်လေး မျက်ခုံးတို့ တိုးကျုံ့လာသည်မှာ ‌တစ်ဖက်က လက်တို့မြှောက်လိုက်ပြီး ခေါ်လာဖို့အချက်ပြချိန်တွင် တည်ငြိမ်သွားသည်။

ခေါင်းအထပ် ဂုန်နီအိတ်တို့ စွပ်လျက်ဖြင့် ဘေးဘက်ကလူနှစ်ဦးတွဲခေါ်လာသည်နှင့် ခွန်လေးတို့ ချိတ်ထားသည့်ခြေများ ဖြန့်ကာ မတ်တပ်တို့ထ ရပ်လိုက်ပြီး ခြေလှမ်းတို့ပြင်ချိန်

" ဟိုး...ဆရာ .. ရပ်နော် "

မျက်စောင်းတို့ဖြင့် ကြည့်နေသူ၏ မျက်ဝန်းနှင့် မျက်ခုံးကြားက မှဲ့နီလေးကအသားဖြူဖြူပေါ် သွေးစက်လေးအလား

" လုပ်စရာတွေအရင်ဖြတ်တာ ပိုကောင်းမယ် "

ပြန်ထိုင်လိုက်ပြီးနောက် နောက်ဘက်က Edward ဖြစ်သူဆီ အကြည့်တို့ပို့လိုက်သည်နှင့် လှုပ်ရှားလာသူကြောင့်

" စာချုပ်က ငါတို့ပြင်ပြီးသား လတ်မှတ်ထိုးပြီးရင် ပြီးပြီ"

ဘုတ်!

အရှေ့ဘက် ခုံဆီရောက်လာသည့် စာချုပ်ခေါ် ဖိုင်တစ်ချို့အား မျက်လုံးဖြင့် စက္ကန့်မျှကြည့်လိုက်ပြီး မထိသလိုဖြစ်ကာ ဆက်လက်လှုပ်ရှားလာသူ Edward ဆီက

" ကျွန်တော်ပြင်ဆင်လာတဲ့စာချုပ်ကပိုကောင်းနိုင်ပါတယ် တစ်ဖက်ကရှေ့‌ေနရှိမယ်ဆို ခေါ်လိုက်မလား "

အကြပ်ရိုက်သလိုဖြစ်နေသူ‌ကို အကဲခတ်ကာ

" ဒီဘက်ကခွန်စဝ်ငွေအိမ်ထူးက သက်သေသကာရ နဲ့အတူ သေချာတဲ့ လွှဲပြောင်းဖို့ ပြင်ဆင်လာတဲ့စာချုပ်ပါ တစ်ချက်လောက် လေ့လာကြည့်ပြီး ပြန်ပြောပေးနိူင်မလား "

လက်အတွင်းရောက်လာလေသည့် ဖိုင်အိတ်ထပ်ပိုပြီးသားနားသလို စာချုပ်အထပ်လိုက်ဖြင့်ကာ လှန်လောကြည့်နေပေမယ့် အလျင်စလိုဖြစ်ကာ

" ငါ့စာချုပ်မှာပဲ လတ်မှတ်ထိုး "

" ဒီအချိန်မှာ နှစ်ဦးနှစ်ဖက်မနစ်နာအောင်ပြောရရင် ဒီကပုဂ္ဂိုလ်ရဲ့ အခွင့်အာဏာက ဒီစက္ကူခေါ်ရုံစာချုပ်ကို ပယ်ချလို့ရပါတယ် ကျွန်တော့်စာချုပ်ကတော့ နိုင်ငံဆင့် ပြဌာန်း တံဆိပ်တွေ .."

" ငါစာမဖတ်တတ်တာသိတယ်မို့လား မင်း ..ဒါသက်သက် အကျင့်ရုတ်တာ မဟုတ်လား "

ဒုန်း!

နောက်က တွဲမှီထားသည့် ကိုယ်ခန္ဓာ ဆတ်ခနဲ တုန်သွားသည်နှင့် ခွန်စဝ်ငွေအိမ်ထူး မတ်ခနဲဖြစ်ကာ အလိုမကျသည်က အတိုင်းသားဖြင့်

" ငါ့ဘက်ကတော့ အခြေမြစ်မရှိတဲ့ စက္ကူစုတ်ပေါ် လတ်မှတ်မပေးနိူင်ဘူး မင်းဘက်ကပြေတဲ့သူကိုခေါ် ပြီးတော့ အစ်ကို့ကို ငါ့ဆီပေးလို့မရရင် ငါအာ့ဘက်ကိုလာမယ် "

ပြောချင်သည်ကို တစ်ထစ်ချပြောပြီး ခြေလှမ်းကျဲများဖြင့် ထထွက်လာပြီး ထိန်းထားသည့်လူတွေလက်ကြားကနေ အသာယာလွှဲယူလိုက်သည်။
ယိုင်နဲ့စွာ ရင်ခွင်ထဲပြိုလဲလာသူကြောင့် မျက်နှာတို့ထပ် အလိုမကျသည့် ပုံကပေါ်လွင်စွာဖြင့် ခေါင်းထပ်က အိတ်ကို ချွတ်လိုက်ပြီး အကြည့်ချင်းဆုံချိန်မရ နေရာအနှံ့ အကြည့်တို့လွှတ်နေသည့် ခွန်လေး အကြည့်တို့ တောက်လျှောက် တတ်ခေါက်သံများလည်း ပျံ့လွှင့်လာကာ

" မင်းလိုချင်တာရပြီးတာနဲ့ သက်သာမယ်မထင်နဲ့ ငသစ် "

" ဒဏ်ရာတွေက ငါ့လက်ချက်မဟုတ်ဘူးနော် .."

ဂလည်အူကြောင် ရုပ်ဖြင့် လက်တို့မြှောက်ကာ လုပ်နေသူကြောင့် ဒေါသတို့ ထောင်းခနဲဖြစ်ကာ ခါးကြားက သေနတ်ပေါ်လက်တင်လိုက်တာနဲ့ ပတ်ဝန်းကျင် တစ်လျှောက် အယောက်ဆီတိုင်းကနေလည်း လှုပ်ရှားသံပျံ့လို့လာချိန်


ချလောက် !

၁ ပေမျှမခြားသော ရင်ခွင်နားကမောင်းတင်သံကြောင့် ခွန်လေးတို့ အကြည့် ရင်ခွင်ဆီကို ရောက်ချိန် ချစ်ရသူ နားထင်အား သေနတ်တို့ဖြင် ချိန်ရွယ်ထားသူ ပိုင်စေရာယိမ်းကြောင့်

" မင်း ကျည်အထွက်က မင်းအသက်အထွက်ပဲ ဟျောင့် "

" ဟက်.. အပြောမကြီးနဲ့ သေနတ်ကိုချ စကားကိုနားထောင် "

အင့်!

နားထင်နားကို သေနတ်ပြောင်းဝ ပိုတိုးလိုက်သည်နှင့် ရင်ခွင်ထဲကလူဆီကအသံတို့ကြောင့် ခါးထဲကသေနတ်ကိုဆွဲယူပြီး မြေပြင်ခေါ်ချလိုက်သည်။

" ဘယ်မလဲ "

ကိုသစ်ဆီက ဖိုင်အထပ်လိုက်လေးအား လှမ်းယူလိုက်ပြီး မြေပြင်ကသေနတ်ကို ကန်ထုတ်ခါ မိမိသေနတ်အား သိမ်းဆည်းပြီးနောက် နဂိုခုံတို့အား ဝင်ထိုင်လိုက်သည်။

" ဟင်းးး မင်းတို့ကအပိုင်ပဲ သေချာလား စာချုပ်ပါအချက်က "

" သေချာတယ် "

ခပ်ပြတ်ပြတ် အေးအေး အသံက ထွက်ပေါ်လာပြီးနောက် တစ်ပြိုင်ထဲ

" လတ်မှတ်ထိုးလိုက် အဆင်ပြေတယ် "

" ငယ်လေး.."

" မယုံရင်ဘာလို့ခေါ်ဖတ်ခိုင်းနေလဲ ယုံတယ်မလား ပြေတယ် အစောကပြင်ထားတဲ့ စာချုပ်ထပ်ကောင်းတယ်"

ကိုသစ်လည်း ပြန်ရောက်လာသည့် စာချုပ်ထဲက လတ်မှတ်ထိုးဖို့နေရာကို လက်ညိုးဖြင့် ထိုးကာ

" အင်း "

စာချုပ်ပေါ် လတ်မှတ်တို့ အဆုံးသတ်သွားသည်နှင့် တစ်ပြိုင်နက်

" ခင်ဗျား ဒါဘာလုပ်တာလဲ ပိုင်စေရာယိမ်း "

" ငါအာ့လောက် မတုံးအ နေဘူး စဝ်ငွေအိမ်ထူး "

" ပစ်လိုက် ဒုတိယအကြိမ်မှာတော့ငါအစ်ကို့ကို အထိခိုက်ခံမှာ မဟုတ်ဘူး "

ရင်ခွင်ထဲ အပြည့်ပွေ့ဖက်ရာကနေ ဆွဲခွာလိုက်ပြီး မျက်လုံးချင်းဆုံအောင်ကြည့်လိုက်ပြီးနောက် နှစ်လိုဖွယ် အပြုံးဖြင့် ပြုံးပြနေသူကို သူရိန်သေချာကြည့်နေမိသည် ။

" မင်းဘာလုပ်တာလဲ ငယ် "

" ခင်ဗျား တိတ်တိတ်နေ မကြာခင် ခင်ဗျားက ပုန်ကန်သူဖြစ်ပြီ ဝင်မပါနဲ့ "

" ငယ်လေး။ဘာပြောတာလဲ ဘာဖြစ်တာလဲ "

" ခင်ဗျားကို တိတ်တိတ်နေလို့ပြောနေတယ်လေ "

သူရိန် ရယ်ပြနေသူ မျက်နှာလေးကို ထိန်းကိုင်လိုက်ကာ ငေးကြည့်ရင်း နားထင်စပ်က နာကျင်မှုကြောင့် ခေါင်းလုံးလေးအား ဘယ်ညာ ယမ်းရင်း ပုခုံးကျယ်ကြီးနောက်က သေနတ်ဖြင့် ချိန်ရွယ်ထားသည့် သေနတ်ဖြင့် ပိုင်စေရာယိမ်း၏ ပုံရိပ် နှင့်အတူ


စူးဝါးသော ခေါင်းများ ထိုးကိုက်လာကာ ဖူးယောင်နေသည့် မျက်နှာဖြင့် ဓားရှည်တစ်ခုကို ကိုင်ကာ အခုလို အနေအထားကနေ ပြေးလာနေသည့် ပိုင်စေရာယိမ်း၏ ပုံရိပ် ....

ပုံရိပ် နှစ်ခု ထပ်ကာ နားနှစ်ဖက်ဆီ လက်ဝါးဖြင့် ပိတ်ပြီး

" အင်း... ဟင့်အင်းး ကျစ်... အ "

" အစ်ကို ဘာဖြစ်တာလဲ ခေါင်းကိုက်တာလား မစဉ်းစားနဲ့ ဘာကိုမှမတွေးနဲ့ လွှတ်ချလိုက် "

" အင်းးး အာ့... ဟင့် .. ဟီးး "

နာကျင်နေသည့်ကြားက ငိုသံတို့ပါ ရောယှက်လာပြီး တုန်ယင်လာသူကြောင့် ဘာကိုမှ မမူ နိုင်

ဒိုင်း!

အ!

ခွပ်!

" မောင် လက်က သွေးတွေ "

" ရတယ် မောင်ဘာမှ မဖြစ်ဘူး "

" အား ငါ့ကိုလွှတ် ..."

ဒိုင်း!

ဖောက်!

ခွပ်!

ဒုန်း!


ရုန်းရင်ဆန်ခတိ ဖြစ်နေသည့်နောက်ကျောခြမ်းက အခြေအနေတို့အား လှည့်မကြည့်နိုင် ရင်ခွင်ထဲက လူ၏ဒူး နားက လက်ထိုးပြီး ဆွဲပွေ့လိုက်ပြီး မတ်တပ်ရပ်လိုက်ချိန် လက်ကြောင့် မျက်မှောင်ကျုတ်လိုက်သည့် မျက်နှာကြောင့်

" ကိုယ့်ကိုအောက်ချပေး အတူသွားမယ် "

" ရ..တယ် "

" အခု‌‌ "

အောက်ရောက်သည်နှင့် ဘေးဘီကအခြေအနေကိုကြည့်ကာ ရုတ်ချည်း အစ်ကို့လုပ်ရပ် ကြောင့် ခွန်လေးကြောင်အသွားသည်။ မရပ်တန့်သွားသည်ကြောင့် ပိုပြီးလန့်ကာ

" အစ်ကို ဘာလို့လဲ အစ်ကို တော်တော့ "

" မင်းကြောင့် ... မင်း.. ဟ.. မင်းကြောင့် "

.......

" လွှတ် ငါ့ကိုလွှတ် ငါ့လက်နဲ့အာ့ကောင်ကို သတ်ပစ်ရမှကျေနပ်မှာ လွှတ်..."

" အစ်ကို ဘာဖြစ်တာလဲ ဒေါသကိုထိန်း အစ်ကို "

" လွှတ် မင်း.. ငါ့ကို လွှတ် .. မင်းမို့လို့ ငါ့အပေါ်လုပ်ရက်တာ မင်း .. ပိုင်စေရာယိမ်း..."

ခါးကနေ သိုင်းထိန်းထားသည်မို့ ငြိမ်ကျသွားသည်ထိ ဒေါသကြီးမျက်နှာဖြင့် ပိုင်စေရာယိမ်းတို့ကိုကြည့်နေသေးသူကြောင့်

" စိတ်လျော့ စိတ်ကိုလျော့ ငြိမ်ငြိမ်ထား ဘာဖြစ်တာလဲ "

" ကိုထိုက်..က "

" ဟာ .. မင်း .. "

အင့်!

လျော့တိလျော့ရဲ ထိန်းထားသည့် ကြားက ပြေးထွက်ပြီး ကန်လိုက်သည့် ထိချက်က တစ်ဖက်က ခေါင်းပင်လည်ထွက်ခါ ..

" တော်လိုက်ပါတော့..အစ်ကို ..ကျွန်တော် အား"

ဒီတစ်ခါတော့ အားကိုသုံးမရသည်မို့ အနုနည်းသုံးလိုက်တော့မှ

" အာ့ကောင်ကိုဖမ်းလာခဲ့ လောလောဆယ် အိမ်အရင်ပြန်မယ် "

ခွန်လေးကို မသိသူသာဆို ဖြစ်လာတဲ့ ကာလတစ်လျှောက်သူကကြီးကယ်တင်လာရသလို လေသံနှင့်ဖြစ်ကာ လက်ကဆွဲခေါ်သည့်နောက်ပါသွားသည့် ခွန်လေးကတော့ စိတ်ကျေနပ်မှု အပြည့်ဖြင့် ဖြစ်ကာ

..

ဒေါက် ဒေါက် ဒေါက်

" ကိုဟိန်း..ဖုန်းလာတယ် "

အခန်းဝရန်တာကနေ မဲခေါင်မြစ်ကို ကြည့်ရင်းက လှည့်လာလိုက်ပြီး

" ခွန်လေး ဆီကလား "

" ဟုတ်ပါတယ် .. "

လက်တို့ကို ကမ်းလင့်လိုက်ပြီး ဖုန်းရှိရာဆီသွားကာ နားဖျားကို ကပ်လိုက်သည်.

" အင်း ခွန်လေး "

" ကျွန်တော် ကားလွှတ်လိုက်တယ်အချိန်မဆွဲဘဲ တန်းလိုက်လာပေးပါ "

တီ.

ဖုန်းကျသွားသည်နှင့် လက်ထဲက ဖုန်းကိုချကာ ကိုဟိန်း တစ်ယောက် ငိုင်ကျန်နေဆဲပင် ....

" သားထူး ရော.. "

" အပြင်မှာပါ အစ်ကိုလေး ဝရန်တာဘက်မှာ .. "

ဝန်ထမ်းကောင်မလေး လက်ညှိုးညွှန်ပြရာ ဘက်ကို စကားတို့ဆုံးသည့် တိုင် နားထောင်မနေတော့ပဲ မေးနေရာကနေ ထွက်လာလိုက်သည် ။

" သားထူး .. ဟာ . မင်းဘာလုပ်နေတာလဲ ... "

လက်ထဲက ဆေးလိပ်စကို ဆွဲယူလိုက်ပြီး ထက်ပိုင်းချိုး လွှင့်ပြစ်လိုက်သူကြောင့် သားထူး သဘောတကျ ပြုံးနေသည်ကို

" သူများကို ဒေါသထွက်အောင်လုပ်ပြီး မင်းကဝမ်းသာနေတာလား "

ဖက်!

" အ့ အစ်ကို ကလည်း နာတယ်လေ "

" ဆေးလိပ်သောက်မရဘူးလို့ ဘယ်နှစ်ခါပြောရမလဲ အနာမြန်မြန်ကျက်ဖို့လိုတယ်လို့ပြောတယ်လေ စကားကျနားထောင်လို့လား ခုမှနာသလေး ဘာလေးနဲ့"

အစ်ကို့ ကို ခါးနားလေးကနေ ဆွဲကာ ကျောဘက်လေးကို ရင်ခွင်ထဲထည့်လိုက်ပြီး နောက်ကျောဘက်ကနေ အစ်ကို့ရဲ့ ဆံပင်တွေကြား နှုတ်ခမ်းအစုံ ဖြင့်နမ်းရှိုက်လိုက်မိစဉ်

" ဘာလုပ်နေတာလဲ အောက်ဘက်မှာ လူတွေမရှက်ဘူးလား "

" ကျွန်တော် မပြောရင် ဘယ်သူကမှ မော့မကြည့်ပါဘူး ငြိမ်ငြိမ်လေးနေ မောင်အလွမ်းဖြေနေတာမို့လို့... "

နောက်ဘက်က မှီတွယ်ထားသူကြောင့် သူရိန်လည်း ငြိမ်သက်စွာဖြင့် မျက်စိတစ်ဆုံးက တောင်တန်းတွေနဲ့ တိမ်စိုင်ကြားက နေရောင်လေး ဖြာကျလာပုံကို ငေးကြည့်နေလိုက်၏ ။

" အစ်ကို "

" အင်း ... "

" ဘာမှမမေးတော့ဘူးလား "

အရှေ့ဘက်ကနေ လှည့်လာလိုက်ကာ ခွန်လေးရင်ဘတ် အား မျက်နှာမူရင်းခွန်လေးကို မော့ကြည့် ပြီး စက္ကန့်မျှအကြာ လက်အစုံက ပါးပြင်နှစ်ဖက် ကနေ ဆွဲယူကာ နှုတ်ခမ်းအစုံပေါ်ရောက်လာသည့် နွေးအိစက်နေသည့် နှုတ်ခမ်းသားလေး စရောက်လာသူက အစ်ကိုပင်ဖြစ်စေကာမူ ခရီးလမ်းဖောက်နေသူက ခွန်လေး ဖြစ်ကာ

ဟင်းးး !

" ဘယ်တော့ အနာကျက်မလဲဟင် မရတော့ဘူး "

ပါးပေါ်က လက်အစုံက ခေါင်းတစ်ခုလုံးလှုပ်ခါပေးလိုက်ပြီး

" ဆေးလိပ်မသောက်နဲ့လို့ပြောတယ်လေ တစ်လလောက်ပါပဲ .. "

" တစ်လအတွင်းလေ... "

" မမေးနဲ့ မဖြေချင်ဘူး "

နားရွက်ဖျားတွေ ရဲတွတ်သွားသည့် အစ်ကို့က တစ်ဖက်ကို လှည့်သွားသည်နှင့် ခွန်လေး လက်အစုံက ခါးလေးကို တွယ်ဖက်လိုက်ပြီး ကျောဘက် ကနေ လည်ပင်းနားလေးတိုးကာ တတီးတီး တိုးနမ်းလိုက်တော့

" တော်တော့လို့ အေးတယ် အထဲပြန်ဝင်ချင်ပြီ "

" ညနေလောက်ကျ ကိုဟိန်းတို့လာလိမ့်မယ် အစ်ကို အဆင်ပြေလား "

" မပြေစရာမရှိပါဘူး မင်းကောင်းတယ်ထင်တာ လုပ်.. "

တစ်ယောက်နဲ့တစ်ယောက် အမှီပြုပြီးကြည်နူးမှုတွေပြည့်နှက်နေသည် ၊ ပြန်ရောက်ထဲက ခွန်လေး လက်မောင်းက ရှပ်ထိရုံပေမယ့် ယမ်းစတို့ကို ကိုယ်တိုင်သေချာရှင်းပေးပြီး ချုပ်ပေးနေသည်ကို Nicholas က လွန်ခဲ့သည် ( ၇ ) နှစ်ကျော်က ကူပေးနေခဲ့ရသည့်အတိုင်း သူရိန်ပုံက တစ်ချိန်ကနာမည်ကြီးခွဲစိတ်ဆရာဝန် ဟန်တွေအပြည့်ပင် ၊ ဆီးစပ်နား မရောက်ရုံနားက ဓားဖြင့်ရှပ်ထိသည်တွေအထိ သူရိန် ကိုယ်တိုင် ကုသပေးထားလိုက်သည်ကို မြင်ကြသည်နှင့် သူရိန် သတိရနေပြီဖြစ်ကာ အခြေအနေက အရင်လို မဟုတ်သည်ကို ရိပ်မိကြသည် ၊ ဝမ်းသာ ရုပ်နှင့် ဘေးကနေ ဆရာ ဆရာ ဖြစ်နေသည့် Nicholas သည်ပင် မျက်ရည်များ ထိုညခင်းတစ်ခုလုံးဝေ့လည်နေခဲ့သည် ။ ခါးစပ်နားက ဒဏ်ရာ အမြန်ကျက်ဖို့ သူရိန်တစ်ယောက်ခွန်လေးကို အနီးကပ်ပြောထားသည် အကြောင်းကား တစ်လလောက် လိင်ကိစ္စရှောင်ရန်ဖြစ်သည်။


" အစ်ကိုလေး... အစ်ကိုလေး... "

အမောတကော ပြေးလာသည့် အိမ်ကကောင်မလေးကြောင့် အသံလာရာ အနောက်ဘက်ဆီသို့ နှစ်ယောက်လုံးလှည့်ကြည့်လိုက်စဉ် ကောင်မလေးက ခွန်လေးကိုတွေ့သည်နှင့် ခေါင်းတို့ကို ငုံ့ချလိုက်သည်

" ဘာဖြစ်လို့လဲ "

" ဟို .. အခန်းထဲက အစ်ကိုလေးက ဖန်ခွက်ကို ခွဲလိုက်ပြီး ခြိမ်းခြောက်နေလို့ "

" ဒီ . ခွေး.. "

လှစ်ခနဲနေအောင် ထွက်သွားသူကြောင့် ကျန်နေခဲ့သည့် ခွန်လေး လည်းနောက်ကလိုက်ဖို့ ပြင်လိုက်ရတော့ပြီ ... ။

If you like this story please vote & comment for me.

Jan .4, 2023


- အချိန်အကြာကြီး စောင့်ဖတ်ပေးနေလို့ အားလည်းနာသလို ကျေးဇူးလည်းတင်ပါတယ်။ 

Lost & Found (Complete)Where stories live. Discover now