" အကြင်နာ လေး လိုချင်လို့ ပါဒေါက်တာ "
အိမ်ပြောင်းလာတာ မနက်ထဲက တစ်နေကုန် မတွေ့ရဘဲ ညနေကြမှ အခန်းထဲကို လာပြီး မြူနေခြင်းဖြစ်သည်။
" ချာတိတ် က အမေမှားနေပြီ "
" ဒေါက်တာကလဲ ဗျာ ကျွန်တော် ကို အကြင်နာလေးတော့ပေးပါ "
" ဘာလဲ အကြင်နာ အကြင်နာနဲ့ "
" ဒေါက်တာ ကမသိဘူးလား "
ကြောင်အမ်းအမ်းကြည့်နေပုံက တကယ် မသိတာလား ?
" ဒေါက်တာ လာ ကျွန်တော် ပြောပြမယ် "
တကယ်ကို အနား ကပ်လာတာ ဖြစ်တယ် ။ ဒါမျိုးဘယ်ရမလဲ ကပ်လာပြီး နားထောင်နေပါသည် ဆိုတဲ့ သူရဲ့ လက်လေးကို ဆွဲလိုက်ပြီးကို
" ရွတ် "
နှာခေါင်းတစ်ခုလုံး နစ်ဝင်နေအောင် ပါးပြင်ထဲကို နမ်းလိုက်ခြင်းဖြစ်သည်။ ရုတ်တရက်ကြောင့်ကော အနမ်းခံလိုက်ရတော့ မင်းသူရိန် တစ်ယောက် မျက်လုံးလေးပြူးငေးနေပြီး စက္ကန့်မျှ ကြောင်အနေမိတော့သည် ။
" အကြင်နာ ပေးတာ တောင်းမရလို့ "
ပြောပြီး ပြေးထွက်သွားသည့် ခွန်စဝ်ငွေအိမ်ထူးကို ပြေးလိုက်ချင်ပေမယ့် ဒူးများကပင် ယိုင်နဲ့ ချင်သလို ဖြစ်သွားတော့သည် ။ ကုတင်ပေါ် ထိုင်ချလိုက်ပြီး မိမိ ပါးကို မိမိ ဘာသာ ကိုင်ထားလိုက်ပြီး
" ငါက ကလေး လား "
" အေး ဟေ့ ဟိုက ကလေးမို့ ပါးနမ်းတာ မင်းက လူကြီး နှုတ်ခမ်းကို နမ်း ဟုတ်ပြီလား "
" ဟကောင့် အာကာ မင်းဘယ်တုန်းကရောက်နေတာလဲ "
" မင်းဆီ ကအကြင်နာတောင်းထဲကပဲ ဟေ့ "
" အာ့ဒါ စောစော ဝင်လာပါလား "
" ခုမှဝင်တာတောင် အာ့လောက်ရှက်နေတာ အာ့အချိန်ဝင်ရင်များ အမလေး ကိုယ်မတွေးရဲ ပါ လေ ...
ဆိုပါအုံးလား တစ်ခုခု "" ဘာပြောရမှာလဲ ပြင်တော့လေ ခဏနေ အပြင်သွားမယ်ဆို "
" အကြင်နာတွေ တောင် ပေးနေကြတာကို ပြောစရာမရှိတာလား မင်းမပြောရင် ငါအာ့ညီလေးကို သွားမေးမှာ "