အလုပ်မြန်မြန် လတ်စသတ်ရမယ် ခဏနေ တွေ့ဖို့ချိန်းဆိုထားသည် ကြောင့် မင်းသူရိန် အလုပ်ကို လတ်စသတ်ဖို့ လောနေပြီ ဖြစ်၏ ။
" Edward အခန်းထဲ ခဏလောက် လာခဲ့ပါအုံး "
နာရီကို ကြည့်လိုက်တော့ နေ့လည် ( ၂ ) နာရီဖြစ်ကာ အလျင်လိုနေပြီမို့ ဝင်လာဖို့ ရှိသည့်အချိန်ထပ် စောခေါ်လိုက်တော့သည်။
" ဟုတ်ကဲ့ ကျွန်တော်ရောက်ပါပြီ "
" မနေ့က ပြောတဲ့ လမ်းပန်းကိစ္စကို နယ်ခံတွေ ဆီကရော လမ်းသွားလမ်းလာတစ်ချို့ရဲ့ ထောက်ခံမှုနဲ့ တောင်းဆိုထားသလိုဖြစ်အောင် စီမံပေးလိုက်ပါ ၊ လမ်းကြေး ဂိတ်ကြေးကို သတ်မှတ်ချက် မြို့နယ် မိုင်အလိုက် နှုန်းကိုလဲ ပြုပြင်ဖို့ အကြံပေးစာတွေကို ဖတ်ကြည့်ပြီး ဖြေရှင်းချက် တစ်ချို့ရေးသားထားတာကို သုံးသပ်ပြီး လာမယ့် အပတ်မှာ တင်သွင်းဖို့ ပြင်ထားပေးပါ "
" ဟုတ်ကဲ့ပါ "
" ဪ ဒါနဲ့ ပြောထားတဲ့ ဆေးဖက်ဆိုင်ရာမျှဝေခြင်းကို တက်ရောက်ဖို့ ပြင်ဆင်ပေးပါ "
" အာ့ကိုက "
" သိတယ် တက်ဖို့သီးသန့်ကြီး မဟုတ်ဘူး Reunion လဲရှိတာမို့လို့ "
" ဟုတ် ပြင်ဆင်ထားလိုက်ပါမယ် "
မှာစရာရှိတာမှာလိုက်ပြီးတဲ့နောက် ခုံကနေထကာ လက်ကိုင်အိတ်ထဲလဲ ပစ္စည်းတွေသိမ်းနေပြီး ကိုယ်ပေါ်က အဝတ်အစား ကို လဲဖို့ကြိုးစားနေသူကို မျက်လုံး အစုံက စောင့်ကြည့်နေတာကြောင့် မင်းသူရိန် လည်ကတုံးမှ ကြယ်သီးအားဖြုတ်ရင်းက
" အလုပ်စောစောဆင်းမှာ အပြင်သွားဖို့ရှိလို့လေ "
........
" ဆက်မကြည့်တော့ရင်ကောင်းမယ် အင်္ကျီက ချွတ်တော့မှာမို့ "
" ဟုတ် ဟုတ် တောင်းပန်ပါတယ် "
ကျောလေး ပေးလိုက်ပြီး ဒီနေ့ အစ်ကိုလေးက အပြင်သွားမည် ခဏနေ ခွန်စဝ်ငွေအိမ်ထူး ရောက်မယ်လို့သတင်း ပို့ထားတာလည်း ရှိသည် ကြားကနေ အစ်ကိုလေးကို ပြောပြပြီး ဆွဲထားလိုက်လို့ တစ်ဖက်က Suprise လာလုပ်တာကို ဖျက်လိုက်သလို ဖြစ်အုံးမည် ၊ အစ်ကိုလေး ကို အပြင်လွှတ်လိုက်တာကို သိရင်လဲ ကြားကအဟောက်ခံရအုံးမည်
အာ ... ဘဝ အမှုသည်တွေ ကြားသာနေချင်သည် ဒီလိုဂွစာကြားထဲနေရတာ စိတ်အိုက်ရသည် အလွန်ပင် ဘယ်သွားမလို့လောက်တော့ မေးလို့ရနိုင်လောက်သည်။
" ဟို အစ်ကိုလေး "
" ခုထိ မသွားသေးဘူးလား ဟ "
" ဘယ်ကိုသွားမှာလဲဟင် လိုက်ပို့ဖို့ ပြင်လိုက်ရမလား "
" ကိုယ့်ရဲ့ Personal ထိအသိပေးဖို့လိုတာလား Taxi ခေါ်ထားပြီးသား ပြီးတော့ Mask , Hat အကုန် တပ်သွားမှာမို့ ကားအတန်းလိုက်ကြီးနဲ့ မပို့ရင်ကောင်းမယ် "
" တစ်ယောက်ထဲ လွှတ်လိုက်ဖို့ကြ "
" တစ်ယောက်ထဲ မဟုတ်ပါဘူး မင်းတို့အဝေးကကြည့်ခိုင်းနေတဲ့ တစ်ယောက်ပါမှာပါ မသိဘူးထင်လို့လား သူ့ဆီက သတင်းစောင့်နေလိုက်နော် တစ်ခုခု ဖြစ်တော့ ဝင်ကယ်ဖို့ပါ မှာထားပေး "
အစ်ကိုလေးက ပြောရဆိုရ သိပ်ကိုလက်ပေါက်ကပ်ပြီး မေးခွန်းဆန်းဆန်းများဖြင့် ကောင်စီ ပွဲတွေဆို တစ်ခါထပ်ပိုပြီး ဘယ်သူကမှ ခွန်းတုန့်ပြန်မလာပေ ၊ သတိကြီးကြီး ထားတတ်ပြီး မျက်စိလဲလျှင်ကာ ဖြတ်ခနဲ မြင်ရရင်တောင် မှတ်မိနေတတ်သည်။ အာ့ဒါ မကောင်းဘူး အချင်းချင်း လက်ပေါက်ကပ်တာတော့ မပြေဘူး မဟုတ်လား ။
" မလုပ်ပါနဲ့ အစ်ကိုလေးရယ် ကျွန်တော်တောင်းပန်ပါတယ် တစ်ခုခု ထိခိုက်မိလို့ နိုင်ငံတော်က ဖမ်းလိုက်တာက ခံသာသေးတယ် အစ်ကို့ရှမ်းသားက အသေသတ်မှာ "
မတတ်နိုင်သည့် အဆုံး နောက်ဆုံးလက်နက်ကို ထုတ်သုံးပြီးပြောရတော့မည်။ လှည့်ကြည့်လိုက်တော့ ပုံသေဆို ဝန်ကြီး ရာထူး ရထဲက လည်ကတုံး ၊ ပုဆိုးတွေ အပြင် Suit သာဝတ်နေသည် အစ်ကိုလေးက အခုလို အပေါ်က လူငယ်ဆန်ဆန် ရင်စေ့ကြယ်သီးနဲ့ T-Shirt လေးကို V-Shape လေးကြောင့် ထင်သာမြင်သာဖြစ်နေပြီး အင်္ကျီစကို အောက်က Style Pant နက်ပြာလေးထဲ ထိုးထည့်ထားတာ လူငယ်လိုလေးလဲ ကြည့်ကောင်းနေပြန်သည်ကို ဖိနပ်ကအစ Sneaker လေး လဲစီးနေပြီ ဖြစ်၏ ။
" မသတ်စေရဘူး သူလာဖို့ သုံးရက်လိုသေးတယ် အာ့မတိုင်ခင် အပြင်ခဏထွက်ရုံလေးကို တာ့တာနော် လိုက်မလာနဲ့ ထပ်မတားနဲ့ "
အနားကို လမ်းလျှောက်လာလိုက်ပြီးနောက် ပခုံးကို ပုတ်ပြီး တာ့တာတောင်လုပ်သွားသေးသည်။ တစ်အောင့်နေရင်တော့ တစ်ဘဝလုံးကို တာ့တာလုပ်ခံရကိန်းကိုတော့ ပြေးမြင်ပြီး တားမရသည့်အဆုံး လွှတ်လိုက်ရပြီ ဖြစ်၏ ။
လက်ကိုင်အိတ်လေးကို လက်ကလွဲနေပြီး ဦးထုပ်ကိုလည်း သေချာဆောင်းသွားပြီးနောက် ပြောသလို Mask တော့တပ်ထားသည်။
" ဟူး မြန်မြန်ထပါတော့ အန်ကယ်ဦးမင်းအောင်ရယ် အန်ကယ့်မြေးထိန်းနေရတာနဲ့ ကျွန်တော် အသက်တိုပါလိမ့်မယ် "
လေပူကို မှုတ်ထုတ်ကာ စကားတစ်ချို့ရေရွတ်လိုက်ပြီး အိတ်ကပ်ထဲက ဖုန်းကို ထုတ်ကာ
နောက်ကနေ မသိမသာ လိုက်ကြည့်နေဖို့နှင့် တစ်ခုခုဆို လုပ်သင့်တာကို ဦးစားပေးလုပ်ထားဖို့ကို မှာကြားပြီးနောက် ရခဲလှတဲ့ လူ့ဘဝလေး တာ့တာ မဖြစ်ရလေအောင် ကိုထွန်းဆီ ဖုန်းဆက်ဖို့ခေါင်းထဲအတွေးစတို့ ဝင်သွားသည်။
ကျောင်းတုန်းက သူငယ်ချင်းတွေ တွေ့ကြမှာမို့ မင်းသူရိန် တစ်ယောက် ကြိုမပြောပဲ လှည့်ပတ်ကာ ထွက်လာခြင်းဖြစ်သည် ။ အကုန်လုံးက ကျောင်းကောင်းကောင်း ရာထူးကြီးကြီး တက်လှမ်းသွားသူများပေမယ့် တစ်ကျောင်းထဲ သူငယ်ချင်းတွေပဲမို့ သုံးနှစ်လောက် တစ်ကြိမ် ပြန်တွေ့ဖို့လုပ်ဖြစ်တိုင်း လူဆုံတက်ဆုံ လာကြသည်မို့ သွားဖြစ်အောင်ကို သွားရမည် ။ လက်ရှိ သူ့အနေအထားကို နားလည်သည်မို့ သူငယ်ချင်းများကလဲ Private room ကို သေချာလေး ငှားထားကြောင်းသိလိုက်ရတာမို့ အားနာတာကြောင့်လဲ လာဖြစ်တာ ဖြစ်၏ ။ ကြိုတင်ငှားထားပြီးသား Taxi ပေါ်တက်လိုက်လာခဲ့ပြီးနောက် တွေ့ဆုံပွဲရှိရာကို ဦးတည်ခဲ့လိုက်ပြီဖြစ်သည် ။
တီ.. တီ.. တီ..
ဖုန်းကြည့်လိုက်တော့ ဆက်နေသူက အာကာ ဖြစ်ကာ
" ဟယ်လို "
" အေး ဘယ်ရောက်ပြီလဲ "
" ရောက်ခါနီးပြီး လမ်းပေါ်မှာ "
" တစ်ယောက်ထဲလား မင်းက ဘာနဲ့လာတာလဲ "
" ငါလား Taxi နဲ့ "
" ဘုရားရေ ဘယ်ရောက်ပြီလဲ ငါစားသောက်ဆိုင်အရှေ့က ဧည့်ဝင်ပေါက်မှာမင်းကို စောင့်နေမယ် "
" အေး ရောက်ခါနီးပါပြီ "
အာကာကတော့ ဖုန်းထဲကပြောရင် ဖုန်းချလိုက်မည်ကို သိလို့နေမည်၊ ရောက်ခါမှ တစ်ယောက်ထဲ လာရလား ဘာမှတ်နေလဲ နှင့်ပွစိပွစိကို ကြားရအုံးမည် ဖြစ်သည်။
" ခွန်လေး "
" အင်း ဘာဖြစ်လို့လဲ "
" ဒီနေ့ပြန်နားလိုက်ပြီး မနက်ဖြန်လောက်မှ အစ်ကိုလေးဆီ သွားလိုက်ပါလား ခွန်လေးကြည့်ရတာ ပင်ပန်းနေသလိုပဲ "
နောက်ခန်းက လူကို လုံးဝမကြည့်ပဲ ကားမောင်းရင်း ပြောနေသည့် အိုက်ထွန်း၏ Driver Seat နားအား ခွန်လေး ခေါင်းလေး တိုးလိုက်ပြီး
" ငါ့တောင်မကြည့်ပဲ ဘာကို ငါကပင်ပန်းနေတယ် လာပြောနေတာလဲ ဘာအကြောင်းရှိလို့လဲ မှန်မှန်ပြောတာကောင်းလိမ့်မယ် နော် "
ခွန်လေးထပ် အသက်ကြီးပြီး စောင့်ရှောက်လာသူတွေ ဖြစ်နေသော်လည်း ခွန်လေးက အမူအယာ စကားများကြားကနေပင် မူပျက်နေသည်ကို သိသည်ထိ အရိပ်ကဲ ကြည့်တတ်သူဖြစ်ကာ ညာဖို့တော့မလွယ်ကူချေ။
" မေးနေတယ်လေ ဘာအကြောင်းရှိလို့လဲ လို့ "
" အစ်ကိုလေးက အရေးကြီးအပြင်သွားစရာရှိတယ်ဆိုပြီး တစ်ယောက်ထဲ အပြင်ထွက်သွားကြောင်း Edward ဆီကဖုန်းဆက်လာလို့ပါ "
"ဘာ တစ်ယောက်ထဲ လွှတ်လိုက်တယ် "
" တားမရသည့်အပြင် အာဏာ နဲ့ဖိပြီးပြောသွားတယ်လို့ပြောပါတယ် Edward ကတော့ နောက်ကနေ မလှမ်းမကမ်းကနေ လိုက်ကြည့်ခိုင်းထားပြီး လမ်းကြောကို ဖြန့်ထားပါတယ်လို့တော့ပြောတယ် "
" ဘယ်သွားတာတဲ့လဲ "
"မသိလိုက်ပါဘူးတဲ့ ခွန်လေး "
" ဟာ "
နောက်ခန်းကို ပစ်မှီထိုင်ချလိုက်ပြီး ဆံပင်များကြား လက်ထိုးထည့်ကာ လေပူသက်ပျင်းကြီးထုတ်ချလိုက်တာကြောင့် အိုက်ထွန်းတစ်ယောက် Steering Wheel ပေါ်ရှိ လက်ထဲတွင် ချွေးများပါထွက်နေပြီ ဖြစ်၏ ။
" ဖုန်းဆက်လည်း ကိုင်မှာ မဟုတ်ဘူး မနေ့ညက သူစဆက်မယ်ဆိုပြီး မှာထားတယ် ဘာလုပ်ရမလဲ "
" ဗျာ ဟို ကျွန်တော်လဲ သေချာမသိပါဘူး ခွန်လေး "
" ဘာကိုမှ မစဉ်းစားတတ်ဘူး "
တွေ့လျှင် အံဩ အောင်လုပ်မည့်သူအား အစ်ကိုလေးကပြန်ပြီး အံဩအောင်လုပ်လိုက်တာဖြစ်ကာ အခုတော့ အနောက်ခန်းထဲမှာ မှုန်ကုတ်နေသည့် မျက်လုံ့းကြီးဖြင့် စုတ်သပ် နေပြီ ။
" အိုက်ထွန်း "
" ဟုတ်ကဲ့ ခွန်လေး "
" ကိုအာကာ ဆီ ဖုန်းခေါ်လိုက် "
ပြောလာသည့်နှင့် တစ်ပြိုင်နက် ကိုအာကာဆိုသူဆီ ဖုန်းခေါ်ပေးလိုက်ကာ ဖုန်းအဝင်သံကို ရင်တဒိန်းဒိန်းဖြင့် စောင့်နေလိုက်သည်၊ ကိုင်ပါ ကိုအာကာရယ်
" Hello My brother from another mother "
" ကိုအာကာ အစ်ကိုနဲ့ အတူရှိနေတာလား "
" အခုထိတော့ မရှိသေးဘူး ခဏနေတော့ သူရိန်ရောက်မယ်ပြောတယ် "
" တွေ့ဖို့က ကိုအာကာနဲ့ပဲလား "
" ဘယ်ကသာ ကျောင်းတုန်းက လူတွေနဲ့တွေ့ဖို့ လေ မင်းကို မပြောဘူးလား "
ကိုအာကာရဲ့အမေးစကားကို ကိုယ့်ဘာသာ အတွေးတစ်ခုကြီးစိုးလာသည်။ အစ်ကိုက အတူရှိချင်သည် လို့ မပြောသလို သာမာန်ထပ်ပိုသည့် ဆက်ဆံရေးတစ်ခုမှာ သူ့ကို ထားထားသည်။
" ကျွန်တော် က ခု ရုတ်တရက် ရန်ကုန်လာလို့ အာ့ဒါ အစ်ကို့ဆီ ဝင်လည်တာ မရှိဘူးဆိုလို့ ကိုအာကာ နဲ့ ရှိမယ်ထင်လို့ "
"အေး ဟုတ်တယ် ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ ရှေးဟောင်းနှောင်းဖြစ် ဖောင်ဖွဲ့ဖို့ပါ သားထူးက ခုရန်ကုန်ဆို ဝင်ခဲ့လိုက်လေ "
မျက်ခုံးအစုံက ပင့်တက်သွားကာ
" ဖြစ်ပါ့မလား "
" မင်းကိုကြီးအာကာ ပါ လာခဲ့ လိပ်စာက ***** ကိုပဲ Room ** ကလို့ပြောပြီး လိုက်ပို့ခိုင်းလိုက်ကွာ "
" ဟုတ်ကိုအာကာ အာ့ကျမှတွေ့မယ်နော် "
" အိုကေပါဗျာ "
ဖုန်းချလိုက်ပြီးတဲ့နောက် အားမွေးကာ အိုက်ထွန်း
" ကျွန်တော် လိုက်ပို့ရမလား "
ထပ်ပြီး Driver Seat နားကပ်လာကာ လက်က လမ်းမကြီး ဘေးဘက်တစ်နေရာကို ညွှန်းလိုက်ပြီး
" ဟိုးရှေ့နားမှာရပ် မင်းဆင်းနေခဲ့ ငါ့ဘာသာ သွားမယ် "
" ဗျာ ခွန်လေး ကျွန်တော်ကဘယ်လိုပြန်ရမလဲ ခွန်လေးနားရှိနေရမှာကို "
" သိပြီးသားကို အပိုစကားမင်းလာပြောတာလေး မောင်းစရာရှိတာမောင်းပါ့လား ကွ "
ဇာတ်လေးပုပြီး အိုက်ထွန်းငြိမ်လိုက်ကာ ကားကို ပြန်ပြီး အာရုံစိုက်မောင်းနေလိုက်သည်။
" ခွန်လေး အိမ်လေး ခဏဝင်ပြီး အဝတ်စားလဲပါ့လား အခုကသိပ်ပြေမနေဘူး မဟုတ်လား"
အိုက်ထွန်းဆီက စကားကြားတော့ ငုံကြည့်ကာ ကိုယ့်အနံ့ကိုပြန်ရှုကြည့်တော့ အခြေအနေမကောင်းချင် ဖိနပ်တွင်လည်း သွေးစတစ်ချို့ကပေနေသေးသည်။
" အင်း မြန်မြန်လေး သွားပေးနော် "
ပြောတာကို လက်ခံလိုက်လို့ ဂုဏ်ယူနေသလို ဖြစ်နေသည့် အိုက်ထွန်းကားလေးကို အရှိန်တင်လိုက်လေသည်။
" မင်းကိုငါပြောတာကြားလား ပိုင်စေရာယိမ်း "
" ပြောတာကိုကြားတယ် မဖြစ်နိုင်တာလို့ပဲ တွေးနေတာ "
" ငါခိုင်းထားတာကိုသာ မင်းအရံသင့်လိုက်လုပ်ရုံပဲ ကြားလား "
" မလုပ်နိုင်ဘူးအဖေ မဖြစ်နိုင်ဘူး "
" ရတယ်လေ မင်းအမေ နဲ့မတွေ့ချင်တော့ဘူး ထင်တယ် "
" အာ့ဒါ အဖေ့မိန်းမပဲနော် "
" ငါ့ဖို့က မိန်းမပေါတယ် ဘယ်လိုလဲ "
" ကျွန်တော်ကြိုးစားကြည့်ပေးမယ် "
" မရဘူး အခွင့်ရေးက တစ်ခါတစ်လေမှ ရတာမို့လို့ မင်းရအောင်လုပ်ပေးရမယ် မဖြစ်လာရင်ကတော့ မင်းနှုတ်ဆက်ခွင့်တောင် မရလိုက်ဖြစ်သွားမယ် "
ပြောချင်တာ ပြောပြီး ဖုန်းကို ချသွားသူကြောင့် ခြေမကိုင်မိလက်မကိုင်မိဖြစ်နေပြီဖြစ်သည်။
" မေ မင်းအမေ့ကို သေချာကြည့်ပေးဖို့ မှာထားတယ် မဟုတ်ဘူးလား "
" မေ ဟင်းချက်နေတုန်း အမေက လမ်းလျှောက်ဆိုပြီးထွက်သွားတာကိုယ်ရဲ့ အခုလည်း အဖေ့ဆီပဲမို့လား ကိုယ်က အမေ့ကို အတင်းခေါ်ထားတာကို အမေလည်းအဖေ့ကို သတိရမှာပဲလေ "
မေ့ကိုလဲ ပြောပြလို့မရ သည့်အနေအထား မေပြောသည့် ပုံစံကလဲပုံမှန်မိသားစု အနေအထားမျိုးဖြစ်ကာ ပြန်ရှင်းပြလို့ကမရ နှင့် ထိတ်လန့်စရာကို မေ့ကိုပြောပြလို့လည်း မရ မေက ကိုယ်ဝန်ကြီးနှင့် ဖြစ်သည်။ မရတာတွေများတာကြောင့် ထွက်လာဖို့သာ လုပ်လိုက်တာကပိုကောင်းသည် ။
" မေ ကိုယ်အပြင်သွားလိုက်အုံးမှာမို့ အိမ်မှာ ဂရုတစိုက်နေနော် လိုအပ်ရင် အဖော်ခေါ်ထား နော် ကိုယ်အရေးကြီးတာမို့ အိမ်ပြန်နောက်ကျတာမျိုးဖြစ်နိုင်တယ် သိလား "
" အင်း ကိုယ်ဂရုစိုက်သွားနော် "
လောလောနှင့် ထွက်သွားသည့် ကိုယ့်ကျောပြင်ကို ကြည့်နေလိုက်ပြီး စိတ်ထဲ မအီမသာတော့ ဖြစ်နေမိသည်။
" အစ်ကို ကားခ ပါ ကျေးဇူးနော် "
Taxi ပေါ်ကဆင်းလိုက်ပြီး ဝင်ပေါက်နားမှာရပ်နေသည့် အာကာကို တွေ့လိုက်တော့လည်း သကောင့်သားက သူ့ကို မမှတ်မိပုံပင် အနားကိုသာ တည့်တည့်လျှောက်လာသည့်တိုင် မမှတ်မိသေးပေ
" ဟျောင့် မင်းဖေ ကိုမျှော်နေပြီးလာတာကြမတွေ့ဘူးလား ဟ "
" အ မင်းဘိုးအေ နာသဟာ့ မင်းက ဝတ်နေကြ မဟုတ်တော့ မမှတ်မိတာပါ "
" ဝတ်ပါတယ်ကွာ မင်းတို့ကလဲ ငါလဲလူငယ်ပါပဲ "
" ၂၈ နှစ်က လူငယ်တဲ့လား ကလေးဖေ ဖြစ်သင့်နေတာကိုများ "
" အာ့အသက်ကို ထည့်မပြောနဲ့ "
လက်က ထုံးစံတိုင်း ပုတ်ခတ်ခြင်းက စတင်နေပြီဖြစ်ကာ
" အာ့လက်ကြီး ဖယ်ပါအုံးမင်းကလည် ထုနှက်နေတော့တာပဲအချိန်တိုင်းကို အာ့ဒါကြောင့် မင်း ညီလေး လုပ်တာခံရတာ "
ဖောင်း
ခေါင်းကို နောက်ကနေ ပုတ်ချလိုက်တာ ဖြစ်ပြီး
" နာတယ်ဟ "
" အာ့ထပ်နာသင့်တာ စကားပြောတာရပ် သွားမယ် "
လမ်းတောက်လျှောက် တစ်ယောက်ထဲလာတာဟာ အန္တရာယ်များကြောင်း အရင်လို မဟုတ်ပဲ အရာရာကို ဂရုစိုက်သင့်ကြောင်း ပွစိပွစိ လုပ်လာသည့် အာကာကို ပြန်လည်းပြောဖြစ်မနေတော့ပါ ဖုန်းထဲကနေ နားငြီးမှာထပ်စာရင် အဆင်ပြေပါသည်ဟု တွေးလိုက်ပြီး ခေါ်ရာနောက်ကိုသာ လိုက်လာခဲ့လိုက်သည်။
" အာကာ ငါမေးစရာရှိလို့ "
လမ်းလျှောက်ရင်းကနေ လှည့်ကြည့်လာလိုက်ပြီးနောက် မေးလေ ဟု မေးဆတ်ပြလိုက်သည်။
" မင်းဆီ ချာတိတ်ဖုန်းဆက်သေးလား "
" ဘာလို့လဲ မင်းနဲ့ အဆက်သွယ်မရှိဘူးလား "
" မဟုတ်ဘူး ငါဖုန်းဆက်မယ်ပြောထားတာ အာ့ဒါကို ဖုန်းဆက်တော့ မကိုင်လို့ "
စိတ်တော့ပူတတ်သေးသား ?
" ဆက်တယ် ခဏနေသူလည်းရောက်လိမ့်မယ် ပြီးတော့ မင်းကို ပြောပါအုံးမယ် "
" ဘာ သူက ဘာကိစ္စ လာမှာတုန်း မင်းခေါ်လိုက်တာမလား မင်းကတော့ပြဿနာပေးပြီ "
လျှောက်နေရင်းကနေ ဓာတ်လှေကားထဲအဝင်
" သူရိန် မင်းက မလွန်ဘူးလားကွာ "
" ငါကဘာလွန်ရမှာလဲ "
ဓာတ်လှေကား တံခါးပိတ်ခါနီး လှမ်းတားသည့် လူရှိတာနဲ့ပဲ မင်းသူရိန် Re-open ကို နှိပ်ပေးလိုက်တော့သည်၊ ဝင်လာသူကတော့ Mask တပ်ထားပြီး ဦးထုပ်ဆောင်းထားလဲ မင်းသူရိန် ကိုသိစွာ နှင့် ခေါင်းလေးညိတ်ကာ နှုတ်ဆက်လေသည်။
" မတွေ့ရတာကြာပြီနော် ကိုထိုက် ပြီးတော့ ကိုအာကာ ရောပဲ "
" မင်းကဘာလာလုပ်တာလဲ "
" Conference လေးတစ်ခုရှိလို့ပါ ကိုထိုက်တို့ကရော "
မေးသူက အာကာပင် ဖြစ်စေကာမူ ပြန်ဖြေလိုက်သည်က မင်းသူရိန်ဆီကိုပင် ဖြစ်ကာ အမေးစကားက ထပ်လာလိုက်သေးသည်။
" ကိစ္စလေးရှိလို့ပါ "
" ကိုထိုက်က အရင်လိုလေး ပြန်ဝတ်လိုက်တော့ငယ်သွားသလိုပဲ ခုတလော လည်ကတုံးတွေနဲ့ တွေ့ပါများလို့ထင်တယ် အခုက ပိုငယ်သွားသလိုပဲ "
"ကျေးဇူးပါ "
ခွန်းတုန့်ပြန်စကားနှင့် မင်းသူရိန် ခပ်တည်တည်သာ နေလိုက်တော့သည်။ စောနက အာကာ စကားများကို ပြန်လည်အစဖော်လိုက်ဖို့သာ အကြောင်းရှာလိုက်ပြီး
" ဘာပြောမလို့လဲ အာကာ ပြောပါအုံး "
အာကာဆီကို အမေးမျက်လုံးတစ်စုံနှင့် ကြားကဝင်နားထောင်သလို မျက်လုံးကြား အာကာ ပထမတော့ မင်းသူရိန်က သားထူးအပေါ် ပိုကြင်နာပြီး သေချာလေး အချိန်ပေးသင့်ကြောင်းနှင့် တစ်ဖက်ကို မချစ်ရင်လည်း ခုလိုမလုပ်သင့်ကြောင်းကို ပြောမလို့ပင် အခုအခြေအနေကတော့ မဟန်တာကြောင့်
" ကလေးလေး ကို ဂရုစိုက်တာ မင်းကပိုနေလို့လေ အရမ်းကြီးကြီးကျယ်ကျယ်တွေ လုပ်ပြလိုက်လို့ ကျေးဇူးမသိတတ်တာ .. မျိုးတွေ ထပ်ကြုံရရင် မကောင်းဘူးမို့လား "
စကားတစ်ချို့ကို ဖိပြောလိုက်ပြီးနောက် အံကြိတ်သလို လေသံနှင့် မင်းသူရိန်ကိုကြည့်ကာ ရယ်သလို ပြောနေလိုက်သူကား မင်းသူရိန် မျက်မှောင်ကြုတ်ကြည့်နေလိုက်တော့သည်။
'တကယ်ကို ဒီကောင်ဘာပြောချင်မှန်းမသိတာပင် '
ဆင်းရမည့်အထပ်ရောက်တော့ မင်းသူရိန်ကခေါင်းတစ်ချက်ညိတ်ပြီး နှုတ်ဆက်အမှုပြုကာ အာကာနှင့် ဓာတ်လှေကားထဲက ဆင်းလာလိုက်သည်။ ဘယ်အထပ်ကိုသွားမှာလဲ မမေးသလို စကားတွေလည်း ကြံဖန်မပြောလိုသည်မို့ မင်းသူရိန် တိတ်ဆိတ်နေခြင်းသာဖြစ်သည်။
ကိုယ့်ကို ပစ်ပစ်ခါခါ ငြင်းဆိုလိုက်ပြီး မိန်းမတောင် ယူသွားသူအား စိတ်နာချင်ပါသည် မုန်းလည်းမုန်းချင်ပါသည် သို့သော် အချစ်ဦးမည်သည် မုန်းဖို့လဲ ခက်သလို မေ့ဖို့လဲ ခက်သည် ။ နာစရာကို တွေးကြည့်ဖို့ တစ်ဖက်သားက သူ့အပေါ် နာစရာများ လုပ်ထားသည်ကို အပြစ်မမြင်နိုင်ခြင်းပင် ဖြစ်သည်။
" ဟျောင့် မင်းကလေ သူ့ကို မြင်ရင်ကို မရတော့တာနော် သားထူးကိုလဲ အားနာပါအုံးကွာ "
" မင်းအာ့ချာတိတ်ဘက်က အရမ်းကာပြောမနေနဲ့ ပြီးတော့ ငါတို့ အတည်တွဲနေတာလဲ မဟုတ်ဘူး .. "
" ဘာလဲကွာ စကားကောင်းပြောပြီဆို မင်းက ... "
အာကာကို ကြည့်လိုက်တော့ လက်ကိုအတင်းပုတ်နေကာ ရပ်နေသဖြင့် အရှေ့ကို ကြည့်လိုက်တော့ တစ်ဖက်က နံရံကို မှီထားသည့် သားထူးကို တွေလိုက်ရသည်။ မျက်နှာလေး ပျက်နေသလို လက်ထဲက အထုပ်လေးတစ်ထုပ်ကိုလဲ ကိုင်ထားသေးသည်။
' ပြောတာ ကြားသွားတာလား '
ဘေးက အာကာ လှစ်ခနဲ သားထူး ရှိရာဆီပြေးဖက်လိုက်ပြီး
" My Brother from another mother ရောက်တာကြာနေပြီလား "
မတွေ့တာ တစ်လကျော် နှစ်လနီးပါးရှိပြီဖြစ်သည့် ဒီကလေးက ဆံပင်များပင် အနည်းငယ်ရှည်ချင်နေကာ လူငယ်မကျ လူကြီးမဆန်လွန်းသည့် ပုံစံလေးကို အသွင်ဆောင်ထားသည် အမြဲတစေ ပြုံးနေတတ်သူ ဖြစ်ပြီး သွားတက်လေးတွေ ပေါ်နေတာ အမြဲပင်ဖြစ်သူက အခု မျက်နှာမကောင်းခြင်းကို သေချာပေါက် မင်းသူရိန် သိသည်။
" မကြာသေးဘူး ခုလေးတင်မှ အခန်းထဲကြည့်တော့မရောက်သေးတာနဲ့ တစ်ယောက်မှလဲ မသိတာနဲ့ ဒီကလာစောင့်နေလိုက်တာ ကိုအာကာ နေကောင်းလား "
အာကာ ပြောရင်း လမ်းလျှောက်ရာကို ဆွဲသွားလိုက်ပြီး သားထူးနှင့် စကားပွဲကျသွားတော့ပြီဖြစ်သည်။ နောက်ကနေသာ လိုက်လာလိုက်ပြီး ညပြန်ခါမှသာ စကားပြောတော့မယ်လို့တွေးလိုက်တော့သည် ။ အခန်းထဲရောက်တော့ သူငယ်ချင်း တစ်ချို့ကကျန်နေသေးကာ နေရာတွင်သာ ဝင်ထိုင်လိုက်တော့သည် အာကာတစ်ယောက်က အစောကထိ အတူထိုင်နေသေးပေမယ့် ခဏပင် သူငယ်ချင်း တစ်ယောက်ပြီး တစ်ယောက်နား ထသွားပြီးတော့ကို စကားလိုက်ပြောနေတော့သည်။ အနားတွင် သားထူး နှင့် သူသာရှိပြီး ခုချိန်ထိစကားမပြောဖြစ်သေးတာနဲ့ ကိုယ်ကပဲ ပြောသင့်တာပါလေ ။
" ဖုန်းက .. "
စောနက လက်ထဲသယ်လာသည့် အထုပ်လေးကို မင်းသူရိန်လက်ထဲထိုးပေးလာသည် ။
" ဘာလေးလဲ "
" အစ်ကိုဖို့ လက်ဆောင် ရင်ထိုးလေးပါ "
" အင်း ကျေးဇူး ဖုန်းဆက်တာ ဆက်မရလို့ ဘာများဖြစ်နေလဲ.. "
" အိုက်ထွန်းဆီကျန်ခဲ့တာ "
မင်းသူရိန်စကားကို အဆုံးထိပေးမပြောတော့သလို ဖြတ်ပြောလာလေသည်။ ထိုစဉ်ကျောင်းနေသူငယ်ချင်း တစ်ယောက်က မင်းသူရိန်အား လာနှုတ်ဆက်သည်နှင့် ဒီဘက်ကို အာရုံစိုက်ကာ ပြောနေလိုက်တော့သည်။
" ဒီက ကိုခွန်စဝ်ငွေအိမ်ထူး လား မသိဘူး "
" ဟုတ်ပါတယ် ခင်ဗျ ဒီက "
ကောင်မလေး တစ်ယောက်ဖြစ်ပြီး အသိထဲကလဲ မဟုတ် လာနှုတ်ဆက်တာကြောင့် သားထူး မေးလာတော့
" တို့က မင်းရဲ့ စာတမ်းတစ်ချို့ဖတ်ဖူးရင်းက တွေ့ချင်နေခဲ့တာ ရုပ်ကိုသေချာမမြင်ဖူးပေမယ့် ဟိုးတလောကမှ သတင်းစာတွေထဲကနေ မြင်ဖူးလိုက်တာ "
" ဪ ဟုတ် တွေ့ရတာ ဝမ်းသာပါတယ်နော် "
" ဒီကပိုဝမ်းသာတာပါ တို့က မျှော်တမ်း စာအုပ်တိုက်မှာ အယ်ဒီတာလုပ်နေသူပါ ထိုင်လိုက်မယ်နော် "
" မျှော်တမ်း ဟုတ် ကျွန်တော်သိပါတယ် တစ်ခါက မွေးရပ်လွမ်းခြင်းစာအုပ်ဖို့ စာတမ်းအမှတ်တရ ရေးပို့ဖူးတာပဲ မှတ်မိပါတယ် "
" စာအရေးသားကောင်းတော့ပထမက စာရေးသူလို့တောင် ထင်ခဲ့တာ နောက်တော့ ဘယ်ဟုတ်မလဲ မေတ္တာစာရေးပေး ရုံပဲလို့သိလိုက်ရတော့ စာရေးမလားလို့ လိုက်စုံစမ်းသေးတာ ရှမ်းစော်ဘွားမှန်း သိခါမှ ပဲ "
ဆိုလိုရင်းကို သဘောပေါက်စွာရယ်မောရင်းနှင့်ပဲ စာကြောင်းပေကြောင်း စာဖွဲ့ရင်း လုပ်ဖြစ်သည့်အကြောင်းများကနေ သစ်တော ထိန်းသိမ်းခြင်းဆီသို့ရောက်ကာ သစ်ပင်စိုက်ပျိုးရေးဆီ ပြောနေမိကြသည်မှာ နာရီဝက်လောက်ပင် ရှိနေတော့သည်။ ရုတ်တရက် ကိုအာကာ ရောက်လာပြီး
" မီကို တို့က မောင်ချောလေးဆို အလွတ်မပေးတာနဲ့တူပါတယ် "
" ဟဲ့ ပေါက်ကရမပြောနဲ့ ငါက အလုပ်အကြောင်းပြောနေတာကို များ "
" ဘာအလုပ်ရှိမှာတုန်း နင်နဲ့ နိုင်ငံရေးနဲ့က"
" မဟုတ်ဘူး ကိုအာကာ ကျွန်တော်တို့ စာတမ်းအကြောင်းပြောဖြစ်တာပါ တစ်မျိုးမထင်ပါနဲ့ "
" ငါကမထင်ပါဘူး မင်းဘေးမှာတော့ ခရမ်းချဉ်သီး ပုပ်နေပြီ "
ဘေးကိုလှည့်ကြည့်လိုက်တော့ မျက်နှာတစ်ခုလုံး မှုန်ကုတ်နေသူကို တွေ့လိုက်ရတော့ စိတ်ကောက်နေသည်ကို သိလိုက်သည် ။ စိတ်ထဲတွင်တော့ ချော့ဖို့လဲ လိုမည်မထင်ပါ။
ဤသည်နှင့် ထိုတွေ့ဆုံပွဲတွင် မင်းသူရိန်အား ဂုဏ်ပြုစကားများ ပြောသည်ထပ်ပိုပြီး
သားထူး နှင့်အလုပ်ကိစ္စ ဆွေးနွေးသူ ကတစ်မျိုး တစ်ချို့က လက်တွဲချင်တဲ့ Project အကြောင်းလာပြောလိုက် သူက ရှမ်းပြည်အလည်ခေါ်လိုက်နှင့် အခုက တွေ့ဆုံပွဲလား သူ့မိတ်ဆက်ပွဲလားပင် မသေချာတော့ပါ ။ အာကာ တစ်ယောက်ကတော့ သူ့ညီလေးဆိုပြီး ဂုဏ်ယူခြင်းများစွာဖြင့် ကြွားခန်းဖွင့်နေသေးသည် စိတ်အိုက်လာတာက တစ်ကြောင်း သန့်စင်ခန်းသွားဖို့ ထထွက်ခဲ့လိုက်တော့သည်။
Private ခန်းတွေနှင့် စားသောက်ဆိုင်မို့ အပြင်ဘက်တွင် ဝန်ဆောင်မှုပေးနေသည့် သူများကိုသာတွေ့ရသည်။ သန့်စင်ခန်းဆိုတာထပ် Smoking Area ကို မင်းသူရိန် ရှာနေတာဖြစ်သည်။ စိတ်ရှုပ်သလို ဖြစ်တာကြောင့် ဆေးလိပ်သောက်ဖို့ကိုသာ တွေးမိတာကြောင့် ဖြစ်သည် ။
" ဟိတ် ညီလေး Smoking Area က ဘယ်နားမှာလဲ "
" အစ်ကို ဒီနားတစ်ဝိုက်တော့ မရှိဘူး E-Cigratte ဆို ဒီမှာသောက်လဲ ရတယ် ရိုးရိုးဆို Rooftop မှာပဲသောက်လို့ရမယ် အစ်ကို မဟုတ်လဲ Ground မှာရပါတယ် "
မင်းသူရိန် Rooftop ကိုသာ ရွေးလိုက်ပြီး ဓာတ်လှေကားစောင့်နေလိုက်သည်။ အပေါ်ရောက်တော့ View ကောင်းကောင်းလေးမို့ ဆေးလိပ်ပင်သောက်စရာမလို အတော်စိတ်ကျေနပ်လိုက်ရသည်။ အိတ်ကပ်ထဲက Vibrate သံကြောင့် ဖုန်းကို ထုတ်ကြည့်လိုက်တော့ အာကာ ဆက်နေခြင်းဖြစ်ကာ
" အေးပြော "
" အစ်ကို ဘယ်ရောက်သွားတာလဲ "
အာကာဖုန်းပေမယ့် သားထူးအသံကြားလိုက်ရကာ ထွက်လာတော့ ခဏပဲဆိုပြီး မပြောမိတာကြောင့် ဖုန်းဆက်ပြီးမေးနေခြင်းဖြစ်သည်။
" Rooftop မှာဆေးလိပ်လာသောက်တာ ပြန်တော့မို့လားခုဆင်းလာခဲ့မှာမို့ စောင့်နေလိုက်လေ "
" ဟုတ် အပြန်ကားမပါဘူးမို့လားကျွန်တော် နဲ့ တစ်ခါထဲပြန်လိုက်ခဲ့လိုက်လေ "
" အင်း "
ဆေးလိပ်တောင် သေချာမသောက်လိုက်ရပါ အနည်းဆုံးတော့ လေသန့်သန့်ကြီးတစ်ဝရှုလိုက်ပြီးတဲ့နောက် ပြန်ဆင်းလာလိုက်သည်။ ပွဲက ၁၄ လွှာမှာလုပ်တာဖြစ်ပြီး အထပ် ၂၀ လောက်က ပြန်ဆင်းလာကာ တံခါးပွင့်သွားတော့ ရောက်ပြီ အထင်နှင့် ဆင်းမည်လုပ်တော့ ပိုင်စေရာယိမ်း ဝင်လာသည်ကို တွေ့လိုက်ပြီးနောက် Floor No ကြည့်လိုက်တော့ သွားမည့်အထပ်အား မရောက်သေးတာကြောင့် အတူတူ ဓာတ်လှေကားတစ်ခုထဲ ဒီနေ့ဖို့ ဒုတိယ အကြိမ်ထပ်စီးရခြင်းဖြစ်သည်။
" ကိုထိုက် ကျွန်တော်ခေါင်းအရမ်းမူးနေလို့ မှီလို့ရလား "
တစ်ခါထဲ မှီချလာသူကြောင့် မင်းသူရိန် တွန်းဖယ်လိုက်ဖို့ပင် အချိန်မရခင် ရင်ခွင်ထဲ ဝင်လာသူနှင့် လက်ကလဲ တွန်းထုတ်ဖို့ရွယ်နေရင်းက သွားနေသည့် အလွှာကိုရောက်ကာ တံခါးရှေ့မှာ သားထူးကို တွေ့လိုက်သည်..........
If you like this story please vote & comment for me .
Dec.4,2023