ကိုးလခန့်ကြာပြီးနောက်
ရန်ကုန်လေဆိပ်Terminal နားတွင် သူရိန်က အထုတ်များနဲ့ မတ်တပ် ရပ်နေပြီး
လက်ကို အန်တီလေးက ကိုင်ထားပြီး နှုတ်ဆက်စကားတွေ ပြောနေတော့သည် ။
ဘေးကနေတော့ အသက်မပါတဲ့ ခန္ဓာနဲ့ လိုက်လာတဲ့ ဘဘကြီးလဲ ရှိနေသေးသည် ။
" တီလေး ကျွန်တော်သွားမှာ မြန်မာ ပြည်တင်ထဲပါ အချိန်မရွေးလိုက်လာလို့ရတယ် "
" အို ဘယ်လောက် နီးနီး ဝေးဝေး သားငယ်လေး ကို ပြေးမှတွေ့လို့မရနေတာ "
" တီလေး ကျွန်တော် တစ်နှစ်လောက်ပဲ ကြာမှာပါ သင်ထားတဲ့ ပညာတွေကို ကောင်းမွန်စွာနဲ့တော့ မျှဝေရမယ်လေ ဒါမှ တိုင်းပြည်ပေါ် သိတတ်မယ် မဟုတ်လား "
ပြောလဲ ပြော မျက်နှာက ဘဘကြီး ကို မေးငေါ့ ပြောနေမှန်းသိပ်သိသာသည် ။
" မြေးသူရိန် သွားရမဲ့ နယ်မြေအနေအထားက ကောင်းကောင်းလေးလဲ မဟုတ်ဘူး ဆိုတာ သိတယ်မို့လား အေး စကားပြော ဆင်ခြင် အလုပ်ကိုပဲ လုပ် ကျန်တာဝင်မပါနဲ့ တစ်ခုခု ဆို ဘကြီး ဆီ လှမ်းပြော "
" ဆရာဝန် ကိုတော့ မသတ်လောက်ဘူးမို့လား ဒါဆို အထွေထူးလုပ်ပြီး ဆက်မနေတော့ပါဘူး "
" တယ် ဒီကောင် ပြောရခက်လှချည်လား မင်းအကြောင်း မင်းသိ မင်းကြောင့် ဘာတွေ ဆုံးရှုံးထားလဲ ဆိုတာ သဘောပေါက် "
" ကျွန်တော်ကလဲ အဖေ ကော အမေပါ ဆုံးရှုံးထားရတာပါ ဘကြီး သိက္ခာလောက် အသက်တွေက အရေးမပါနေလို့လား "
" ဟျောင့် မင်းစကား "
" တော်ကြပါတော့ တီလေးက ပဲ ကြားကနေ တောင်းပန်ပါတယ် နှစ်ဖက်လုံး တော်ကြပါတော့ ဒီမယ် သားငယ် ဒီတခါတော့ ဘကြီး စကားနားထောင် "