အစ်ကိုလည်း အတော်အသင့် အသားကျနေပြီဖြစ်သည့် ဝန်ကြီး ရာထူး နှင့် လည်ပတ်နေတာ ပင် တစ်လနီးပါး ရှိနေပြီ ဖြစ်ကာ ခွန်လေးလည်း ရှမ်းပြည်ကို ခဏပြန် အလုပ်တစ်ချိုု့ကို လတ်စသတ် ဖို့လုပ်ဖြစ်နေလိုက်သည် ။
ဦးယိမ်းမင်းတစ်ယောက် တိုးမပေါက်အောင် သေချာလေး စီစစ်ထားလိုက်ပြီးတဲ့နောက် ဝယ်သူတွေကို ဆပ်ရမည့် အကြွေးတစ်ချို့ကို သားဖြစ်သူ ကူညီယူထားရသည်ဟုလည်းကြားလိုက်ရသည်။အစ်ကိုနှင့် နောက်သုံးလလောက်ဆို ပြန်တွေ့ရမည် ဖြစ်ကာ တွေးရင်းပင် ပြုံးစေမိသည်။ ' One tree of Ten ' အကောင်ထည်ဖော်ဖြစ်တာကို ဝန်ကြီး တစ်ယောက်အနေနဲ့ အုတ်မြစ်ချ လာကူပေးဖို့ ဖြစ်သည်။
" မောင်လေး ခွန်လေး "
" ကျွန်တော်ဒီမှာ အစ်မ "
ခွန်လေး အနီးရှိ ထိုင်စရာတစ်နေရာကို ဝင်ထိုင်လိုက်ကာ
" အစ်မကို တွေ့ချင်တယ်ဆိုလို့လေ ဘာကြောင်းများလဲ "
" သိချင်တာလေးရှိလို့ပါ "
" မေးလေ "
" အစ်ကို့အကြောင်းပါ အစ်ကို က အစ်မနဲ့ စတွေ့ထဲက အရက်သောက်တာလား အမြဲတစေ "
ဒီအကြောင်းကို ကိုအာကာ ဆီလည်းမေးကြည့်သည် အဖြေကား အသည်းကွဲဖူးလို့ကလွဲ ကျန်တာမသိရပေ ၊အသည်းကွဲလို့ တစ်ရက် တစ်ပတ်ကနေ တစ်လ ဆိုလျှင် လုံလောက်ပြီ မဟုတ်ပါလား အခုက စွဲလမ်းနေတာမျိုးပင် မသောက်ရင် လက်တွေတုန် နှုတ်ခမ်းတွေတုန်နှင့် မျက်ရည်တွေဝေ့ဝဲလာတာ ကိုတွေ့လိုက်ရရင် ဘယ်လောက်ပင် မသောက်စေချင် နောက်ဆုံးကိုယ်က တိုက်လိုက်ရတာမျိုးပင် ။
" အစ်မလဲ အကြောင်းစုံတော့မသိဘူး ဆရာ့ကို အစ်မစတွေ့တော့ ခွဲစိတ်သုတေသီ မျှဝေပွဲကနေပေါ့ အာ့တုန်းက အစ်မက ဆရာဝန်ပေါက်စ အရွယ် ဆရာလို့ခေါ်ရလောက်ဖို့ အသက် မကွာပေမယ့် ပညာအတော်ကွာခဲ့တာ ဆရာက ပြည်ပကနေ ဘွဲ့ရလာပြီး ခွဲစိတ်မှုတွေကို အကောင်းဆုံး ပြုလုပ်နိုင်သည်ထိ ဠာနတိုင်းနာမည်ကြီးတယ် လေ "
ခွန်လေး စိတ်ဝင်တစားနားထောင်နေလိုက်သည်။
" နောက်တော့ မမျှော်လင့်ပဲ ဆေးရုံတစ်ခုမှာ ပြန်တွေ့တယ် အာ့အချိန်မှာ ဆရာဝန် အနေနဲ့ မဟုတ်တော့ဘူး လူနာအနေနဲ့ အစ်မလဲ ကြားကြားခြင်း မယုံကြည်နိုင်လို့ လူနာကရုပ်တူနေတယ် အထင်နဲ့ Biography ကိုကြည့်တော့ တစ်ယောက်ထဲ ဖြစ်နေတယ် "