" အခြေအနေဘယ်လိုရှိလဲ Nicholas "
နားကြပ်လေးဖြင့် စမ်းလိုက် လက်ကောက်ဝတ်ကို သေချာ စမ်းလိုက် လုပ်နေသူ မပြီးသည့်တိုင်အောင် တစ်တွတ်တွတ် မေးနေသူကြောင့် ခေတ်တစ်ယောက်
" ဆရာဝန် စမ်းပါစေအုံး သားထူးရယ် "
အစ်မဖြစ်သူ အပြောကို လက်ခံသလိုခေါင်းညိတ်နေပေမယ့် မျက်ခုံးနှစ်ခုက ထိလုမတတ် တိုးကျုံးထားကာ
" အဆင်ပြေပါတယ် ထိတ်လန့်စရာလေးဖြစ်ထားတော့ ရုတ်တရက် သွေးလန့်တာမျိုးပါ အားဆေးသွင်းပေးထားမှာမို့ သေချာလေးပေးနားလိုက်ပါ "
" အင်း ကျန်တာအကုန်ပြေတယ်မို့လား "
" ပြေပါတယ် ခွန်လေးခင်ဗျ "
ခွန်လေး လှဲနေသည့် အစ်ကို့ လက်လေးအား ဆုပ်ကိုင်ထားလိုက်ပြီး ပါးလေးကို ကပ်လိုက် မျက်နှာလေးကို ကြည့်လိုက်ဖြစ်နေသည်ကို အာကာတို့ နောက်ဘက်ကနေ ကြည့်နေလိုက်ပြီး
" ငါ့ကောင်ကြီးက ကံကောင်းပါတယ် သူ့လောက်ချစ်တတ်တဲ့သူက အချစ်ခံနေရတာပဲ "
" ခေတ်တို့ မောင်လေး ကံကောင်းပါစေ သူ့ဘဝ အချစ်ဦးကို အချစ်ဆုံးကနေ တစ်ဘဝလုံးပိုင်ဆိုင်သွားရစေချင်တယ် "
" ဖြစ်လာမှာပေ့ါခေတ်ရဲ့ "
" တိုးတိုးနေကြလေ အစ်ကို အိပ်နေတယ် "
ဂွက် !
အ !
" စောက်ပိုမပြောနဲ့ ငါတို့ပြောတာ တိုးတိုးလေး "
" ဟယ် ကိုကို "
" ဘာဖြစ်လဲ ခေါက်တော့ "
ရယ်သံ တိုးတိုးလေးတွေ ပြည့်နေပြီး အခန်းတွင်းလေထု ကြီးက ပျော်စရာအတိမဖြစ်သေးရင်တောင် ပျော်နေရပါပြီလေ ။
" ခွန်လေး နဲ့တွေ့ချင်တယ် "
" Edward နေလည်းကောင်းသေးတာမဟုတ်ဘူး နားလိုက်ပါ ပြီးတော့ ခွန်လေးလည်း မနားရသေးဘူး "
" အစ်ကိုထွန်းဖယ်ပါ ကျွန်တော် တွေ့ရမှ ဖြစ်မယ် "
" မဖြစ်ဘူး နားလိုက်ပါ မကြာခင် မင်းကို လာတွေ့မှာပါ "
" အစ်ကိုထွန်းဖယ်နော် "
Edward ကို အမြဲတစေ ဂရုတစိုက်ရှိနေပေးပေမယ့် နေမကောင်းတော့ အနားကိုတောင်ပေါ်မလာချေ ၊ ခုထိလည်း မလာသလို မျက်နှာကိုလည်း မမြင်ရ အသံကိုလည်း မကြားရ ဖြစ်ကာ ထပ်ပြီး စွန့်ပစ်လိုက်သလို ခံစားချက်ကြီးကြောင့် မဖြစ်မနေ တွေ့ဖို့ကို ခွင့်တောင်းနေခြင်းဖြစ်သည် ။
" အစ်ကိုထွန်းကျွန်တော် တွေ့မှာ မရဘူး ဖယ်နော် "
" အိုက်ထွန်း "
ကျောဘက်က အသံလာရာ တစ်ခုမှာ လှုပ်ရှားမှုတွေ ရပ်တန့်သွားရပြီးတဲ့နောက်
" အခန်းထဲဝင်ခဲ့ Edward "
ခွန်လေးကတော့ အိမ်နေရင်းနှင့်ဖြစ်ကာ အာခါ ရိုးရာအနားကွပ်ထားသည့်အထည်ကို ဂျိုင်းပေါက်ဟ ပုံစံ အပေါ်ဝတ်ဖြင့်ဖြစ်ကာ အောက်တွင်တော့ ရှမ်းဘောင်းဘီအပွကို ဝတ်ထားသည် ။
" ပြော Edward ဘာလို့တွေ့ချင်ရတာလဲ "
" ကျွန်တော် တာဝန်မကျေပွန်ခဲ့လို့တောင်းပန်ပါတယ် ကျွန်တော်ကို "
" ကျေးဇူးတင်တယ် Edward အကောင်းဆုံးအသက်ပေးပြီးစောင့်ရှောက်ပေးထားပေးလို့ မင်းတစ်ခု သိဖို့ လိုအပ်တာကိုပြောရလိမ့်မယ်ထင်တယ် "
" ....... "
" မင်းကို ငယ်ငယ်က ခေါ်ခဲ့တဲ့အချိန်က ငါမေးခဲ့တာကို သတိရလား "
" တစ်သက်လုံး ငါ့ညီလုပ်မှာလား ကိုလား ခွန်လေး မှတ်မိပါတယ် "
" ငါ့ဘက်က တောင်းပန်ပါတယ် "
ပြောလာပြီး ခွန်လေးက ခေါင်းတို့ကို ရှေ့သို့ချကာ ဦးညွှတ်လိုက်သလို တကယ်ကြီး လုပ်နေသည်မို့ Edward ထူပူသွားပြီး ထိုင်နေရာကနေ ထကာ
" ဟာ ဘာလုပ်တာလဲ ခွန်လေး အာ့လို ဟာ ဘာလုပ်တာလဲ မလုပ်ပါနဲ့ "
" ငါမင်းအပေါ် အစ်ကိုတစ်ယောက် မပီသခဲ့ဘူး မင်းကို ဒဏ်ရာရစေခဲ့တယ် အထီးကျန်စေခဲ့တယ် မင်းအပေါ်မကြင်နာခဲ့မိဘူး မင်းကို တောင်းပန်ခွင့်မရတော့မှာကို ကြောက်နေခဲ့မိတယ် "
ပခုံးတို့လှုပ်ခါနေပြီကို ကြည့်သည်နှင့် Edward မနေနိုင်တော့ပါ ။ ပြေးလာလိုက်ပြီး ဖက်လိုက်ပြီးတဲ့နောက်
" အစ်ကိုကောင်းတစ်ယောက်ဖြစ်ခဲ့တာပါ ကျွန်တော့်အပေါ် အစ်ကိုသိပ်ချစ်ရတဲ့ သူကို ကာကွယ်ပေးခွင့်ရခဲ့လို့ အရမ်းပျော်ခဲ့ရတယ် အစ်ကိုက အားကိုးတကြီးမဟုတ်ရင်တောင် ကျွန်တော်နဲ့ တိုင်ပင် ဆုံးဖြတ်တာတွေ လုပ်တာကိုသဘောကျတယ် ကြင်နာတာတွေ မလုပ်ပြပေမယ့် နှစ်တိုင်းမွေးနေ့ဆို မုန့်ပို့ပေးတတ်လို့ပျော်ခဲ့ရပါတယ် အစ်ကိုက ကျွန်တော်ဖို့ အစ်ကိုတစ်ယောက်ထပ် အများကြီးပိုပါတယ် အာ့လိုကြီး မတွေးပါနဲ့ ကျွန်တော့်ကို အစ်ကိုက မလိုချင်တော့ဘူးလို့ တွေးလိုက်တဲ့အချိန်တွေဆို အမှောင်ထုကြီးထဲ အသက်တွေရှုမရတဲ့ထိ ဖြစ်အောင် ကြောက်နေခဲ့ရတာပါ "
" ငါကဘာလို့ ငါ့ညီကိုပစ်ရမှာလဲ ဘယ်ခေါင်းနဲ့များတွေးရတာလဲ ငါ့ညီရာ မင်းအာ့လိုမဖြစ်ပါနဲ့မင်းကငါ့မိသားစု ငါ့ညီ ငါကာကွယ်ပေးမှာ မင်းထိတယ် ကြားတုန်းက ငါဘယ်လောက်ကြောက်ခဲ့ရလဲ သိလား "
သွေးဆိုလို့ တစ်စက်မှမတူ လူမျိုးချင်းခြားနားကြသည် ဆိုအုံးတော့ ထုတ်မပြကြရင်တောင် ဒီညီအစ်ကို တစ်ယောက်ပေါ် တစ်ယောက်ဘယ်လောက် ချစ်လဲ ဆိုတာ ခေတ်သိပါသည် ။ အစ်ကိုက ပြန်လာမလား တစ်ခွန်းက နောက်နေ့ဆိုအိမ်ရောက်လာသူ အစ်ကိုမကြိုက်ဖူးလို့ပြောရင် နောက်မမြင်ရတော့သည့် အပြုမူ တွေထိ ပြင်ပေးခဲ့သည်။ ညီဖို့အရုပ် ညီဖို့မုန့် နှင့် ငါ့ညီဖို့ ငါနဲ့ဆင်တူ ဆိုတာ တွေ အချိန်တိုင်းကြားခဲ့ရပြီးသားမို့ ခေတ် ခုလို ညီအစ်ကို နှစ်ယောက်ကိုကြည့်ပြီး မျက်ရည်ဝဲရသည်။ ရပ်ကြည့်နေသည့် ခေတ်ကို သားထူးမှ လက်ယက်ခေါ်လိုက်တော့ ခေတ်ပါ ပြေးဖက်လိုက်တော့
" မမလေး ခေတ် "
" အစ်မ လို့ခေါ် ငါ့ရဲ့မောင်တွေ ငါ့မိသားစုလေး "
ပြောနေရင်း တိုးဖက်လာသည့် လက်များကတော့ သားထူးပင်ဖြစ်ကာ နွေးထွေးစွာ ဒီညကတော့ ရင်တွင်းအပြုံးတစ်ခုပိုင်ဆိုင်ရပြီဖြစ်၏ ။
" ပိုင်စေရာယိမ်း ကိုဘယ်လိုလုပ်မလဲ ပြန်ပို့ဖို့ လုပ်လိုက်ရမလား "
" အစ်ကိုလုပ်ပါစေ အစ်ကို့ကို ပဲ ဆုံးဖြတ်ခိုင်းလိုက်ပါ "
အကုန်လုံးက တားချင်သော်လည်း သားထူး စကားမို့ တော်ရုံဆို မည်သူကမျှ မဝေဖန်တတ်ကြပါ ။
" ကောင်းပြီလေ သူရိန်ပေါ်မူတည်သွားပြီး ဒီကိစ္စက "
" ဖိအားသွားမပေးပါနဲ့ ကိုအာကာ အစ်ကို့ စိတ်ကြိုက်ဆုံးဖြတ်ပါစေ ကျွန်တော်ဘက်ကအကောင်းဆုံးလက်ခံပေးဖို့ ပြင်ဆင်ထားပါတယ် "
.
" မင်းကိုမရွေးရင်ကော "
" အချစ်ကပိုင်ဆိုင်ဖို့ကြီးပဲ မဟုတ်ပါဘူး ကျွန်တော် စွန့်လွှတ်ပြီးလည်း ချစ်နေနိုင်ပါတယ် "
ခေါင်းဆိုင်နေကြသည့် အနှီကိစ္စ က ကြည့်တော့ ကြီးသယောင်နှင့် ခေါင်းစဉ်ကတော့ ခွန်စဝ်ငွေအိမ်ထူး နှလုံးသားရေးရာ စီစဉ်ခန်း ပေါ့ပင် ။
" ပါးစပ် ဟပေးနော် လျှာပါထုတ်ပေး "
သတိရလာပြီးတဲ့နောက် လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်နေသည်မို့ ဘေးမှာ လက်ပိုက်ကာ အစ်ကို့ကိုသာကြည့်နေလိုက်သည်။
" သူငယ်အိမ် တစ်ချက်စစ်ကြည့်မယ်နော် "
မျက်လုံးတစ်ဝိုက် မီးထိုးကြည့်နေလိုက်ပြီးနောက်
" အသက်ပြင်းပြင်းလေးရှုပေးပါအုံး.. ရှုထုတ် ... ရှုသွင်း "
တစ်ခုပြီး တစ်ခု စိတ်ကြိုက်စစ်ဆေးနေလိုက်ပြီးတဲ့နောက် Nicholas က ခွန်လေးကို ကြည့်ကာ
" ထင်တာထပ်ကို နေပိုကောင်းတာမို့ စိတ်မပူပါနဲ့ အများကြီး ပိုတောင်ကောင်းနေလို့ အံဩမိတယ် "
လူနာကို စမ်းသပ်လိုက်ရတာ ကျေနပ်နေသလို ပြုံးဝေ နေသည့်အပြင်ကို ကြားရသည့် ဘေးနာက ခွန်လေးပင် သွားတက်ကြီး လေဟပ်တော့မတတ်ပြုံးနေတာဖြစ်သည် ၊ ဝမ်းသာစကားတွေကြားက ခုချိန်ထိရုပ်တည်လေးဖြစ်နေသူက မင်းသူရိန်ပင်ဖြစ်ကာသတိထားမိသည့် ခွန်လေး အနားသို့ကပ်ကာ ထိုင်ချလိုက်ပြီးနောက်
" အစ်ကို ဘာဖြစ်လို့လဲ အဆင်မပြေဘူးလား တစ်နေရာရာက နာနေလို့လား "
ရီဝေ တွေလေးနေသည့် အကြည့်များဖြင့် ကြည့်နေပြန်သည့် အစ်ကို့ပါးလေးတွေကို ကိုင်လိုက်ပြီး
" ဟင် ဖြေအုံးလေ "
ပါးလေးကိုဖိကိုင်လိုက်လို့ ပြုတ်ကျခါနီး မျက်ဝန်းမှ မျက်ရည်စတို့တိုးကျလာတော့သလို ငိုနေသူကြောင့်
" ဘာဖြစ်တာလဲ အစ်ကို ဘာဖြစ်လို့လဲ ဘာလို့ငိုရတာလဲ ဆရာ..တစ်နေရာရာက ... "
ပြောလို့ပင်မဆုံးလိုက်ပါ သူရိန်ရင်ခွင်ထဲကို ဆွဲထည့်လိုက်ပြီး ငိုရှိုက်သံကြီးတစ်ခု ကြီးစိုးလာတော့သည်။ ဘာလို့မှန်းမသိကြောင်အစွာ ဖြင့်သာလက်ခံနေလိုက်ပြီး တစ်ခုခုပြောလာဖို့ကို စောင့်နေလိုက်သည်။
" အစ်ကိုတောင်းပန်ပါတယ် သားထူးရယ် အစ်ကို့အမှားကြောင့် ပါ အစ်ကို့အမှားမကင်းပါဘူး "
" .... "
" အစ်ကိုသာ မလိုက်သွားရင် ... မလိုက်သွားခဲ့ရင် ဒီလိုတွေ ဖြစ်လာမှာမဟုတ်ဘူး "
" .... "
ဘေးပတ်ဝန်းကျင်က ကြည့်နေသည့် တစ်ယောက်ချင်းဆီတွေ အချင်းချင်းကို မျက်နှာမူပြီး အကြည့်ဆုံနေခိုက် ဗိုက်ဘက်ကို မျက်နှာမူ ငိုနေသူကြောင့် သားထူးကတော့ ကျောက်ရုပ်ပမာ ထိတ်လန့်နေပြီး Nicholas ကတော့ မျက်စိ မျက်ဆံပြူးကာ လှုပ်ရှားလာရပြီးနောက်
" ဆရာ .. ဆရာ ဒီကိုကြည့်ပါအုံး ဆရာ "
ခန္ဓာကိုယ်လေးကိုပုတ်ပြီးနောက် ဆွဲခေါ်ကာ မျက်လုံးများကို စမ်းသပ်ကြည့်ဖို့ပေမယ့် မျက်လုံးတစ်ဝိုက်မျက်ရည်တို့ပြည့်နှက်နေသူကြောင့် ကမန်းကတမ်း သားထူးတစ်ယောက်
သူ့အင်္ကျီစကို ထုတ်ခါ မျက်လုံးတစ်ဝိုက် ဖိပွတ်ပေးနေသည်မို့ ရယ်ရခက် ငိုရခက်နှင့်ပင်
" ဆရာ လက်ကို လိုက်ကြည့်ပေးမယ်နော် "
" ...... "
" ဘာအဆင်မပြေတာ ခံစားရလဲ အန်ချင်တာ မူးတာ ဗိုက်အင့်သလိုဖြစ်တာမျိုး ပြီးတော့ "
" ဟင့်အင်း မရှိဘူး . "
" ကျွန်တော် မေးလို့.. "
" လောလောဆယ်တော့ ပြောဖို့က .. "
" ဪ.. အ ဟုတ်ပြီ ကျွန်တော်ဖြစ်လား "
သူ့ကိုယ်သူ လက်ညှိုးလေး ထိုးကာဖြင့် Nicholas အခန်းရှင်းတော့မည်ကို သိသည်နှင့် အခန်းတွင်းက အာကာ နဲ့ အိုက်ထွန်းတို့ အခန်းပြင်ဖက်ကို ထွက်သွားပေးလိုက်ပြီး တဲ့နောက် ကျန်ခဲ့သူတွေက ပိုလို့ပင် စူးစမ်းလာရသည်။
" အဆင်ပြေရဲ့လား "
" ငါနဲ့အတူ ခုန်ချလာတဲ့ ကြီးမေက တောင်ဘေးချောသွားတယ် အာ့ဒါ ဘယ်လိုလုပ်လိုက်လဲ"
" အနီးတစ်ဝိုက်ကိုတော့ကယ်ဆယ်ရေးလွှတ်ခိုင်းလိုက်မယ်ချက်ချင်း "
" ငါအဆင်သင့်ဖြစ်ပြီ ငါအခုလုပ်ချင်တယ် "
တစ်ယောက်ချင်းဆီ မျက်နှာတွေကို အပြန်အလှန်ကြည့်ရင်း ကြောင်အနေပြီးနောက် အဖြေရသလို ဖြစ်သွားသည့် သားထူးက
" ဖြစ်ပါ့မလား အခုက နေလည်းမကောင်းဘူးပြီးတော့ အားကုန်မှာ "
" ဘာတွေပြောနေပြီး ဘာတွေဖြစ်နေတာတုန်း .. "
ခေတ် က ပုခုံးကိုပုတ်ပြီးမေးနေတော့
" ဆရာ သတိရလို့ အခုလိုလူရှင်းခိုင်းလိုက်တာ မဟုတ်ဘူးလား "
" အေးလေ မဟုတ်ဘူးလား "
" သတိရခါနီးလေးကို အလင်းတစ်ခုက စူးခနဲဝင်လာတာ အာ့ဒါက ဟိုး.. ခေါင်းအနောက်ထဲထိ ထိုးဝင်သွားသလိုဖြစ်ပြီး နေလို့မကောင်းဘူး ခံစားရတယ် "
အမူအယာတွေနဲ့ ပြောနေတဲ့ မင်းသူရိန်ကို အယောက်ဆီတိုင်းက ကြည့်နေလိုက်ပြီး မေးခွန်းများပြည့်နှက်နေတာ အမှန်ပင် .
" အလင်း ဟုတ်လား "
" အင်း ကားမီးအလင်းကိုတွေ့တော့ ဖြူပြာတက်လာပြီးနောက် ခေါင်းအနောက်ဘက်ခြမ်းက စူးကျဉ်လာတာ "
" Nicholas ဖယ် လက်ထဲကဟာ ပေးခဲ့ "
ထိုင်နေသူအားအတင်းဖယ်ခိုင်းလိုက်ပြီး စောနက စမ်းသပ်နေသည့် မျက်လုံးကိုမီးထိုးလို့ရသည့် ဟာလေးယူလိုက်ပြီး
" မီးကို ကြည့်ပြီး ၅ စက္ကန့် ငြိမ်ပေးပါ "
If you like this story please vote & comment for me .
Dec. 21,2023
Note/- ဒီအပိုင်းက စာအရမ်းတိုသလိုခံစားရလို့တစ်ခါထဲတောင်းပန်လိုက်ပါတယ်နော်။ ဆက်ရေးပေးဖို့ကိုလတ်တလော အခြေအနေတစ်ချို့ရှိနေတာမို့ Updateနောက်မကျအောင်တင်နှင့်လိုက်မိတာမို့ ခြည်ကတောင်းပန်လိုက်ပါတယ် နော်