Part 36( Zawgyi )

743 3 0
                                    

စားပွဲထိပ်က ထိုင်နေသည့်ဆီက‌ အေးစက်သည့် ခံစားချက်ကြောင့် စားပွဲရှည်ထိပ်ဆီကနေ တစ်ဆုံး မည်သည့် အသံမှ ထွက်ပေါ်လာခြင်းမရှိပေ ။ ဘယ်လိုပင် ငယ်ရွယ်သေးသည်ပြောပြော အခုဆို လူလတ်ပိုင်း အသက်အရွယ်မှာ ပြည်မ တစ်ခုလုံးရဲ့ စီးပွားရေးလည်ပတ်မှု ၊ ထိန်းသိမ်းမှုတွေ ပြောင်းလဲ တိုးတက်လာသည်ထိ လုပ်ဆောင်နေနိုင်တဲ့ အပြင် ဩဇာ ညောင်းအမှုက ပြည်ခွဲတွေထိပြန့်တာမို့ မချစ်သော်လည်း အောင့်ခါနမ်းဆိုသလို ကြောက်လို့ရိုသေနေရသည် မဟုတ်ပါလား ။ ခုဆို အရေးကြီးသည် ဆိုသည့်တစ်ချက်နှင့်ရောက်လာသည့် လူကြီးလူကောင်းတွေကို ထိုင်ခိုင်းထားတဲ့ တစ်နာရီ ကြာဆိုသည်က လွန်သည် ။ ဘယ်လိုလူငယ်ခေတ်မှာ လူကြီးဖြစ်ရသလဲ ကိုသာ ဤအခန်းတွင်းရှိ လူတိုင်းခေါင်းမှ တွေးနေမှာအမှန်ပင် ။ " အဟမ်း " ချောင်းဟန့်သလို အသံလာရာ ဝမ်ပုံပိုင် ဆီကို ဆယ်ချီသော မျက်လုံးများ ရောက်လာသည်မို့ " အခုနေ ဝန်ခံလိုက်မယ်ဆို ပိုသက်သာမယ်လို့ ပြောချင်တယ် " ခပ်မာမာ ပြတ်သားသည့် အသံတစ်ခု ထပ်ပေါ်လာသည့် ခွန်လေး ဘက်အား စောနက အကြည့်များ ပြန်လှည့်လာကာ အကုန်လုံး မျက်နှာချင်းဆိုင်ချင်းကြည့်ကာ ဘေးဘီကြည့်ကာ အလုပ်ရှုပ်နေကြပြီဖြစ်သည်။ " နောက်နာရီဝက် ." ခုံပေါ်ကဆင်းကာ ဘေးဘက်ထွက်လာပြီး ဒူးထောက်ချလိုက်သည့် လူလေးယောက်ကြောင့် ခွန်လေး နှုတ်ခမ်း တစ်ဖက် လှုပ်ပြီးတဲ့နောက်" ဒီအချိန်လောက်ဆို မင်းတို့ မိသားစုတွေလည်း မင်းတို့လို ဒူးထောက်နေလောက်ပြီ " " အသက်ကိုတော့ ချမ်းသာပေးပါ ဘာပဲလုပ်ရ လုပ်ရ လုပ်ပါ့မယ် " * ( သံပြိုင် ) " အခုဘယ်မှာလဲ မင်းတို့ကို အချိန် ဘယ်လောက်ပေးရမလဲ " " ..... " "......." "....... " အချင်းချင်း မျက်နှာတွေ ကြည့်နေပြီးတော့ အဖြေစကားမပြန်သေးသည် နှင့် စက္ကန့်မျှအကြာဘုန်း ! အ ! ကန်ချက်ကပြင်းလွန်းပြီး အော်သံနက်နက်ကြီးကြောင့် အခန်းတွင်း လူတစ်ချို့ကပါ ကြောက်လန့်တကြားဖြစ်လာကာ ကန်ကျောက်သံများ ပြည့်နှက်လို့ နေပြီဖြစ်သည်။ ခွန်လေး လက်တစ်ဖက်ကို ထောင်ပြလိုက်သည်နှင့် ရိုက်နှက်သံများ တိတ်သွားပြီးတဲ့နောက် ဒဏ်ရာများကြား နာကျင်မှုနှင့် လူးလိမ့်နေသည့် လူတစ်စု ဆီ လျှောက်လှမ်းလာကာ" မင်းတို့ပဲ အရိုက်ခံလိုက်ရလို့ ပြီးသွားမယ် မထင်နဲ့ မင်းမိန်းမ မင်းကလေး မင်းအိမ် ဆိုတာ မင်းရွာမှာ သူပုန် မကြာခင်ဖြစ်လာစေရမယ် " " ခွန်..... လေး " လှည့်ထွက်ခါနီး ခွန်လေး ခြေချင်းဝတ်အား လှမ်းဆွဲလိုက်သည့် လက်တစ်စုံကို ကြည့်လိုက်ပြီးတဲ့နောက် အခြေအနေတစ်ရပ်သို့ ပြောင်းလာပြီ ဖြစ်သည်။ " Edward .. ဖြေးဖြေး မထနဲ့အုံးလှဲနေလေ " အတင်းထိုးထ လာသူကြောင့် Nicholas ဆန်ပြုတ်ပန်းကန် လက်က ချပြီး ကုတင်နားပြေးကာ ခန္ဓာကိုယ်ကို ကိုင်ထိန်းလိုက်ပြီး " အစ်ကိုလေး.. " ငိုသံစွတ်နေသည်မို့ Nicholas လဲ စိတ်မကောင်းပါ ဆရာ့ကိုလဲ စိတ်ပူတာမှန်ပေမယ့် သူ့မှာလည်း ဓားထိထားတာကို မေ့နေသလိုပင်" မရုန်းနဲ့နော် မင်းကို ကြိုးတုပ်ထားဖို့ မလုပ်ရဲဘူးမထင်နဲ့ မင်းလိုပဲ ငါလဲ စိတ်ပူတာပဲ မင်းကိုမင်းကောတွေးရဲ့လား ဟင် မင်းခါးကိုငါ ၈ ချက်တောင်ချုပ်ထားရတာ မင်းသိလား မင်းကို . .. မင်းကို .. တွေ့တော့ သွေး.. တွေ ကြားထဲ ဖြူရုံလေးဖြစ်နေတာကို ... မင်းမပူပေမယ့် မင်းတစ်ခုခုဖြစ်သွားမှာကို ငါကသေမလောက်ပူရတယ်ဟ မင်းသိရဲ့လား " ပခုံးနှစ်ဘက်ကို ကိုင်လုပ်ပြီး ပြောနေသူတွင်လည်း မျက်ရည်များ စီးကျလာကာ Edward စူးစိုက်ကြည့်နေလိုက်မိပြီး ကိုယ်တိုင်တွင်လည်း အမည်ဖော်မရသည့် ခံစားချက်ကြီးကြောင့် လက်အစုံက မျက်စိရှေ့က လူအား ဆွဲယူလိုက်ပြီး ပခုံးပေါ်မေးတင်ကာ ပေါက်ကွဲငိုကြွေးနေသူကို နောက်ဆုံးတော့ ကျောတို့ကို ချော့မြူလိုက်ရတော့သည် ။ တံခါးလေးသေချာစေ့ခဲ့လိုက်ပြီး " အိပ်ပျော်သွားပြီလား " ခွန်လေး ဖြစ်ကာ လက်ကိုပိုက်ထားပြီး ကျောကိုမှီလျက် စောင့်နေပုံရသည်။ ကိုယ်တိုင်‌တော့ ဘာလို့ဝင်မလာခဲ့တာပါလိမ့် " ဟုတ်ကဲ့ ဆေးအရှိန်နဲ့မို့ အိပ်နေပါပြီ " မေးသည်ကို ဖြေပြီးသည်မို့ လက်ထဲကပန်းကန်ထားဖို့ လှည့်ထွက်လိုက်ဖို့ ပြင်နေသည်ကို " Edward ဆိုတာ ငါ့ညီလေးလိုပဲ Nicholas ငါသိပ်ယုံကြည်ရပြီး အားကိုးရတဲ့သူဖြစ်လာဖို့ သူအများကြီးကြိုးစားပေးသလို ငါ့အတွက် အားအင်တစ်ခုဖြစ်ပေးခဲ့တာ သူကလည်းငါ့ကိုလွယ်လွယ်ထားခဲ့မှာမဟုတ်သလို ငါ့ညီကိုလည်း ငါဘယ်သူ့လက်ထဲမှာမှ စိတ်တို့ချမှာမဟုတ်ဘူး " " ကျွန်တော်ကလည်း အတင်းဘာကိုမှတိုက်တွန်းဖို့ ဆန္ဒမရှိပါဘူး ချစ်ရတဲ့သူဆုံးဖြတ်တာကိုကောင်းသည်ဆိုးသည် လက်ခံပေးသွားမယ့်သူပါ " Nicholas စကားအဆုံးတို့ ခွန်လေး အခန်းရှေ့မှ လှည့်ထွက်သွားပြီဖြစ်ကာ လက်ထဲကပန်းကန်ကိုလည်း ထားဖို့ထွက်လာခဲ့လိုက်သည် ။ " အခြေအနေဘာထူးသေးလဲ Nicholas " " ကိုပိုင်စေရာယိမ်း ကျွန်တော်ဆီကဘာသိရဖို့ မျှော်လင့်နေတာလဲ " " တစ်ခုခုများ " " သိခဲ့လည်း ကျွန်တော်ကပြောမှာ မဟုတ်တာမို့ ဆက်မမေးပါနဲ့ " " မင်းကစိတ်မပူနေပေမယ့်. " " စကားကိုလက်လွှတ်စပယ်မပြောပါနဲ့ ကိုပိုင်စေရာယိမ်း ဆရာ့ကို အားလုံး စိတ်ပူနေကြတာမို့ ငြိမ်နေလိုက်တာပိုကောင်းပါလိမ့်မယ် " " မင်းကများ .. " ............................" ဟဲ့ ဘာဖြစ်ကြတာလဲ ဟယ် ဆရာလွှတ်လိုက်ပါ အုံးဆရာ လူလာခွဲကြပါအုံး " ထမင်းစားခန်းနားတွင်း ရုန်းရင်းဆန်ခတ်ဖြစ်သွားလိုက်တာ နောက်ဆုံးဧည့်ခန်းခုံရှည်ထိပ်တွင် ခေတ်နှင့်အာကာ တစ်ဖက်စီတွင် Nicholas နှင့် ပိုင်စေရာယိမ်းဖြစ်ကာ ခွန်လေးကတော့ လက်ပိုက်ပြီး လမ်းလျှောက်နေသည်ဖြစ်ရာ ခုံမှထထွက်ဖို့ပြင်လိုက်သည့် ပိုင်စေရာယိမ်းကြောင့် အသံတစ်သံထွက်လာသည်။ " ပြန်ထိုင်လိုက်ပါ ကိုပိုင်စေရာယိမ်း ပြီးရင် တစ်ပါတည်း ဆရာ့ကို တောင်းပန်လိုက်ပါ တစ်ဆက်တည်း အိမ်ရှင် ကျွန်တော့်ကို တောင်းပန်ပါ " " အထိုးခံရတာငါပါ တောင်းပန်ခံခြင်းခံ ငါကခံရမှာ "" ပြဿနာကို ခင်ဗျား စတာနော် " " တော်စမ်း Nicholas ဒီမှာငါပြောနေတယ်လေ " Edward နှင့်ပက်သက်တော့မည်ဖြစ်ထဲက ကိုယ့်မှာ ကာကွယ်ပေးဖို့တာဝန်တို့ရှိသည်မဟုတ်ပါလား ။ " ဒီမှာကိုပိုင်စေရာယိမ်း ပြဿနာကို စတာ အာ့ဒီဘက်ကလူဖြစ်ပြီး လက်စရွယ်တာလဲ အာ့ဒီဘက်ကကိုမှ အိမ်အတွင်း ခိုက်ရန်ဖြစ်ရင်ကတော့ အိမ်ရှင်ကိုတောင်းပန်ရပါတယ် လူမှုရေးနားလည်အောင်သင်ပေးတဲ့ အဖေ မရှိတော့လို့ အာ့လောက်ရိုင်းလာရတာများလား " " မင်းကပါ ငါ့ကိုများ တောက် ... မင်းတို့တွေ အကုန် ငါ့ကိုခေါ် ကိုထိုက်ကိုခေါ်ပြီး ဒုက္ခတွေ တမင်ပေးတာပဲ မင်းတို့က တော်တော်ကြီးကို ကြောက်ဖို့ကောင်းကြပါလားဟမ် " " အစ်ကို့ကိုခေါ်လိုက်တာပါ ဒီဘက်ကလူကိုတော့မခေါ်ခဲ့ဘူးမလိုက်စေချင်တာကို အတင်းလိုက်လာတာလည်း ဒီဘက်ကလူပါ အာ့နေ့ကသာစကားတွေအာ့လောက်များမနေရင် ခုလိဖြစ်လာမှမဟုတ်တာကို အခုလိုဖြစ်ရတဲ့ ပြဿနာ အစက အာ့ဒီဘက်ကလူကြောင့်ဆိုတာ သိသင့်ပါတယ်နော် " စကားပရိယာယ်လည်းမဟုတ် လိမ်ညာခြင်းလဲမပါ မှန်တာကိုလည်း လက်မခံချင်သော်လည်း ငြိမ်ကျသွားသည့် ပိုင်စေရာယိမ်းဖြစ်သူ ဆီက " တောင်းပန်ပါတယ် Nicholas ... တောင်းပန်ပါတယ် ခွန်ငွေအိမ်ထူး " " ခွန်စဝ်ငွေအိမ်ထူး ပါ " " အေး စဝ်ငွေအိမ်ထူး " " အပြည့်အစုံ ပြန်တောင်းပန်ပါ " ..................."ဟျောင့် တောင်းပန်လိုက်လေ " " တောင်းပန်ပါတယ် ခွန်စဝ်ငွေအိမ်ထူး " ပြောပြီး ဆောင့်အောင့်အောင့်နဲ့ ဝင်သွားပြီဖြစ်သည့်နောက် " အိုက်ထွန်း သေချာစောင့်ကြည့်ထား နောက်တစ်ချိန်ရန်ထပ်မဖြစ်စေနဲ့ " " ဟုတ်ကဲ့ ခွန်လေး ကိုဟိန်းတို့က ဒီညနေ ( ၆ ) နာရီ စမယ်လို့ပြောခိုင်းလိုက်ပါတယ် " ခေါင်းကို ညိတ်ပြလိုက်ပြီး ထွက်သွားဖို့ ပြင်နေသူကို " မောင်လေး " " ဟင် " လှည့်အကြည့်မှာ ရင်ခွင်ထဲရောက်လာသည့် အစ်မဖြစ်သူကြောင့် ရုတ်တရက်လန့်သွားကာ ကိုအာကာကို ကြည့်လိုက်တော့ မျက်လုံးမှိတ် ခေါင်းညိတ်ပြနေကာ " ဒီတစ်ခါတော့ နှစ်ယောက်လုံးကောင်းကောင်းပြန်လာခဲ့ပေးပါ " " ဘယ်သူမှ ဘာမှမဖြစ်တော့ဘူးမို့ အေးအေးဆေးဆေးနားပါ " " ငါ့မောင့်ကို အစ်မ အရမ်းစိတ်ပူနေရမှာ " စကားကိုဖြင့် ပြန်ပြောမနေနဲ့ ခွန်လေးကိုယ်တိုင်လည်း အစ်မဖြစ်သူကို တင်းတင်းကြပ်ကြပ်လေး ပြန်ဖက်ထားလိုက်မိသည်။ " ဒီက ကောင်လေး တစ်ခုခုတော့စားချည် တော်ကြာ ပိုရိုက်နေမှဖြင့်ကွယ် " " ကြီးတော် အခုနေရာကဘယ်နေရာလဲ ဟင် " ဘေးဘီကိုကြည့်လိုက်ပြီး ပြန်ဖြေလိုက်ပြန်တော့လည်းနေရာကို သူမသိပါ ။ " မိုးနဲ - မိုင်းတုံ ထိုင်းနယ်စပ် " ဘာကြောင့် ဘာလို့ သူ့ကို ခုလိုလုပ်ရတာလဲဆိုသည့် မေးခွန်းများပြည့်နေသည့်အလျှောက်ဘာကိုမှလည်း မစားဖြစ်ပါ ခုဆို သုံးရက်လောက်ရှိပြီဖြစ်ကာ ဘယ်ကိုခေါ်သွားသည်မှန်း တကယ်ကို မသိရတာပါ ။ ထမင်းလာကျွေးတတ်သည့် ကြီးမေဆိုသူက ကြင်ကြင်နာနာတော့ဆက်ဆံပေးသည်မို့ တော်သေးသည် ။ " ဟိတ်ကောင်လေး ကောင်လေး .. " " ဟင် ကြီးမေ . " " နောက်တစ်နာရီနေရင် ကားရပ်လိမ့်မယ် အာ့ချိန်ကြရင် ထွက်ပြေးကြမယ် ကြားလား " ............................................................." အစ်ကိုလေး ကို မိုင်းတုံဘက်ကို ခေါ်သွားမယ်လို့သိရပါတယ် ခွန်လေး " " မိုးနဲ ဘက်ကို ငါ့နယ်ထဲ ငါ့လာကစားတာ မမိုက်ရိုင်းလွန်းဘူးလားး " " ပြင်စရာရှိတာပြင်ထား " မျက်မှောင်ကိုကြုတ်ထားလိုက်ပြီး အစီအရီ တွေးနေသည် ခုနေ အစ်ကို အဆင်မှပြေရဲ့လား နေလို့ကောကောင်းရဲ့လား အရမ်းများကြောက်နေမလား " မောင်လေး ထမင်းတော့စားပြီး အိပ်ပါအုံးလား " " အစ်ကိုကော စားရရဲ့လား အိပ်ရရဲ့လား မသေချာတာကို ကျွန်တော် မအိပ်ရက်ဘူး " ဟုတ်တယ် လေ သူ့ကိုဘယ်လောက်တောင် စောင့်နေလိုက်မလဲ မသိသည့် အစ်ကို့ကို ခုဆို သုံးရက်ကြာနေပြီ သတင်းရဖို့ကို ရင်းလိုက်ရသည့် သစ္စာဖောက်တွေမှ မနည်းပေ ၊ အလီလီသော ခေတ်မှာ သစ္စာဖောက်တို့ ပါတတ်သည် ထင်ပါရဲ့လေ ။ " ဘယ်လိုမှ မစားနိုင်ဘူး အစ်မ " ညနေသို့စောင်းပြီဖြစ်ကာ ပြင်ထားသည့် ဆိုင်ကယ် ဆီတိုင်းပေါ် သက်ဆိုင်သူတွေ အစီအရီဖြင့် တက်လိုက်ပြီးနောက် .. " မိုင်းတုံဘက်ကို ရောက်ရင် တောင်စောင်းပေါ်ကနေ ကွေ့စောင့်နေလိုက်မယ် " " .... " " ကျိန်းသေတာ ကားက နယ်စပ်ဘက်ကိုပဲ ဦးတည်မှာ ဖြစ်နိုင်ရင်တော့ ပတ်ပတ်လည်ပတ်မလို့ပဲ တောင်စောင်းပါးတစ်ဖက်က အရမ်းမတ်နေပြီး အန္တရာယ်များတယ် " " .... " " အရှေ့ကော အနောက်ကော ပိတ်ဖို့လုပ်ထားပေမယ့် အရှေ့ဘက်တည့်တည့်ကနေဆို ဝင်တိုက်လိုက်လို့ အကုန်လုံးရဲ့ အသက်အန္တရာယ် စိုးရိမ်ရနိုင်တာမို့လို့ ကာပြီး ရံလိုက်ဖို့ကိုတော့ လုပ်ထားလိုက်တယ် " " .... " " မင်းနည်းနည်းပါးပါးပြောအုံးလေ ကွာ ငါဖြင့် ပြောနေရတာ " " ကျွန်တော်ကြောက်နေတယ် ကိုဟိန်း " ရှင်သန်လာသည့် ခင်မင်လာသည့် ဆယ်စုနှစ် ဒီကလေးကို မြင်ထဲက တစ်ကြိမ်မှ မကြားဖူးသည့် စကား မမြင်ဖူးသည့်မျက်နှာဖြစ်နေကာ ဟိန်းပြည့် စိတ်ထဲမကောင်းတော့ပါ " မင်းလုပ်နိုင်ပါတယ် မင်းပဲလေ " "တစ်ကြိမ် အထိနာပြီးပြီ ကိုဟိန်း ကျွန်တော်ကြောက်တယ် " " ဟျောင့် အသေခံရဲတယ်မလား " " ကျွန်တော် သေရဲတယ် ဒါပေမယ့်..... " အသံတို့တိတ်သွားကာရင်ခေါင်းထဲက အသံနက်ကြီးက အင့်ခနဲ စိုးမိုးနေပြီး သူရိန်သေတာကိုတော့ လက်မခံနိုင်ဘူးဟု နေပါလိမ့်မည် ။ " ငါတို့အကောင်းဆုံးလုပ်ကြမယ် " " အင်း .. " တစ်ကိုယ်လုံးတုန်ယင်သလို ဖြစ်နေသူကြောင့် ဟိန်းပြည့် စိတ်ပူနေသည် ၊ အိုက်ထွန်းနားကပ်ကာ ခွန်လေးကို သေချာကြည့်ထားဖို့ ပထမ တစ်ခေါက်ကလို အဖြစ်မခံဖို့ကို သေချာမှာထားလိုက်မိသည်။ အချိန်အားဖြင့် ၇ နာရီကျော်ကာ ကားတစ်စီးပြီး တစ်စီး လှိမ့်လာပေမယ့် သူတို့မျှော်နေသည့် နံပါတ်မဟုတ်ပါ ။ တစ်တိတိကနေ တစ်ယောက်နှင့်တစ်ယောက်မမြင်ရလောက်တော့သည့် အချိန် အချက်ပေးကိရိယာက ကြားလိုက်ရသည် ။ ဂိတ်ဖြတ်လာပြီတဲ့လေ ။ " အကုန်အသင့်ပြင်ထား " ထိုအသံကြားထဲက ခါးထဲက Glock 19 ကို ပုတ်ကာ တိုးတိုးလေးပြောလိုက်မိသည်။ ' ဒီတစ်ခါတော့ လက်လွှတ်မခံဘူး' ဟုပင် တစ်ဖက် အကွေ့ရောက်ထဲက အချက်ပေးသံများနဲ့ ဝင်စီးနေသည်ကို သိသည် သို့သော် နောက်မှ လိုက်လာဖို့ကော အစီအစဉ် ချပေးထားသည့် Plan B ကြောင့်ရော ခွန်လေး ငြိမ်နေလိုက်သည်။ တိတ်ဆိတ်နေသည်က နှလုံးအစုံက အသံကိုပင် တစ်ချက်ချင်းကြားနေရချိန် နားကြပ်မှတဆင့် " သားထူး " " Copy That " " ဘီဝမ်း National Highway မှာပြေးဆင်းလူဆီ လိုက်ရမယ် လိုက်ရမယ် " နားကြပ်ကနေ အသံတစ်ချို့ကြားလိုက်ရသည်နှင့် ချက်ချင်းထကာ ညဘက်သေချာကြည့်ဖို့မျက်မှန်ကိုတပ်လိုက်ပြီး ဆိုင်ကယ်စက်ကို နိုးလိုက်သူကြောင့် တားဖို့ကို မတွေး ကိုယ်တိုင်လိုက်ခဲ့ဖို့ကိုသာ တွေးလိုက်ပြီး အိုက်ထွန်းပါ ဆိုင်ကယ်တစ်စီးပေါ်တက်ခွလိုက်သည်။ " ဘီဝမ်း National Highway " " ဘီဝမ်း National Highway " " ဘီဝမ်း National Highway " အချက်ပေးနားကြပ်ကနေ ခွန်လေး အသံကို ဆက်တိုက်ကြားနေရသည်။ ခွန်လေး စိတ်လှုပ်ရှားနေသည် ။ " Copy That " အရှိန်နှုန်းမြင့်တက်လာပြီး မောင်းနေသူကို ပုံမှန်သာဆို စိတ်ပူနိုင်ပေမယ့် အိုက်ထွန်း စိတ်ချပါသည် ၊ ခွန်လေး ပင်မဟုတ်ပါလား ။ " ၁၀ ပေ အကွာမှာ ကျွန်တော်ရှိနေပါမယ် ခွန်လေး " " ဘီဝမ်း National Highway " အတော်လေး စိတ်လှုပ်ရှားနေပြီဖြစ်သည်၊ နီးကပ်လာသည့် မိုင်တိုင်တိုင်းတွင်း နားကြပ်မှ ခွန်လေး အသံပိုတင်းလာသည်။ " ရပ် " ဆိုင်ကယ်ကို ထိုးရပ်လိုက်ကာ ဒေါက်ပင်မထောက်တော့ပဲ ပစ်ချခဲ့ပြီး နောက်လှည့်ပြေးသွားသည့် ခွန်လေးအလားတူ နောက်ကပြေးလိုက်မိသည် ။ ပေ ( ၈၀ ) အကွာဝေး ချောက်စွန်းလေးတွင် ရပ်တန့်သွားပြီ သေချာမြင်လိုက်သည် ၊ ခွန်လေး ရင်ခွင်ထဲမှ အစ်ကိုလေး အား ... " ရှာတွေ့ပါပြီ ရှာတွေ့ပါပြီ ဘီဝမ်း National Highway ကို အမြန်ဆုံးလာပါ အမြန်ဆုံးလာပါ " " Copy That " ရင်ခွင်ထဲရောက်တော့ စက္ကန့်များလန့်နေပြီး ဆက်တိုက်ငိုနေသူ ကျောဘက်အား ဆက်တိုက်ပွတ်တိုက်နေလိုက်ပြီး ဆံပင်တွေကြားထဲ‌ မေးလေး ထိုးထည့်ကာ " ဘာမှမဖြစ်ဘူး ဘာမှမဖြစ်ဘူး မောင်ရှိတယ် မောင်ဒီမှာရှိတယ် မောင်က အခုရှိနေပြီမို့မငိုနဲ့တော့ ဘာမှမဖြစ်ဘူး မောင်တို့ အိမ်ပြန်ကြမယ် " တစ်ကိုယ်လုံး တဆက်ဆက် တုန်ယင်နေပြီးနောက် ရှိုက်ငိုနေသည့် ကိုယ်လုံးလေးကို သိမ်းကျုံးထိန်းထားပြီး နှစ်သိမ့်နေပေမယ့် ကိုယ်တိုင်လည်း နှာဖျားတွေရဲတွတ်နေကာ မျက်ရည်စတို့ ကျဆင်းနေပြီး နှလုံးခုန်သံတို့ ထိန်းမရအောင် ဖြစ်နေတာဖြစ်သည် ။ " မောင်.. အိမ်ပြန်ချင်ပြီ " If you like this story please vote & comment for me . Dec . 20 , 2023

Lost & Found (Complete)Donde viven las historias. Descúbrelo ahora