Part 41 ( Uni )

1.8K 58 1
                                    


မျက်စိရှေ့ကနေ တိတ်တိတ်နေဖို့လုပ်ပြနေသည့် လူက စောနကနှင့်မတူ ရုပ်တို့က ခက်ထန်နေပြီးကြောက်ဖို့လည်းကောင်းနေသည် ။

" ဟက် မင်းကတော့ အကောင်းတိုင်းပဲနော် "

" ဘာကိုပြောချင်တာလဲ "

" အင်း နှမြောဖို့ကောင်းတယ် ခွန်လေးလို လူနားမှာ ရှိနေတဲ့ မင်းလို့ငတုံးကြောင့် ငါက ဘေးကနေ ဒေါသထွက်ရတယ် "

" မင်းဘာတွေပြောနေတာလဲ "

" အိုကေ အိုကေ ပြောပြမယ် မသေခင်တစ်ပါတည်း နားထောင်သွား ဒီတစ်ခါတော့ အပြီးတိုင်နှုတ်ဆက်နိုင်ဖို့ကိုယ်တိုင် လာခဲ့ရတာ "

" ....... "

" မင်းကတော့ မသိလောက်ဘူး ငါက သူ့ကို လေးနှစ်သားလောက်ထဲက ကြည့်လာရတာ သူအရွယ်ရောက်လာတဲ့ နေ့ရက်တိုင်းမှာ ငါအမြဲပါတယ် အေး အာ့လိုလူဖြစ်တဲ့ ငါ့ကိုမမြင်ပဲ ခဏလေးတွေ့လိုက်ရတဲ့ မင်းကိုစွဲလမ်းနေခဲ့တာတဲ့လေ မင်းအပြုံးလေးကို ကြိုက်တာတဲ့ ပြုံးကြည့်ပါအုံး "

ရှေ့ကလူ ပြောသမျှကို သူရိန်လုံးဝနားမလည်ပါ ၊ ခေါင်းကိုလည်းတောက်လျှောက် အလုပ်ပေးလို့မရသည်နှင့် ငြိမ်ပြီးသာဆက်နားထောင်နေလိုက်သည်။

" ပထမဆုံးတွေ အတူ ဖြတ်သန်းခဲ့ကြတယ် နေ့ရက်တိုင်းမှာ အတူပြုံးရယ်ခဲ့ကြတယ် အချစ်ကိုလည်း မျှဝေရလိမ့်မယ်ထင်ခဲ့တာ လွဲနေခဲ့တယ် မင်းအကြောင်းကို စုံစမ်းပေးခဲ့တာငါကိုယ်တိုင်ပဲ မင်းက ယောကျ်ားလေးကြိုက်ကြောင်းသိတော့ တက်ကြွနေတဲ့ သူ့ပုံကိုမြင်ရတာ ဘယ်လောက်ကြည့်ရဆိုးလိုက်လဲ ဟင်း .. မင်းကြောင့် သူထိခိုက်ခဲ့တာ မင်းငိုနေတာမြင်လို့ ဖြစ်နေတဲ့‌ စောက်ရူးလိုပုံနဲ့ ကောင်ကို ငါမုန်းတယ် ငါတစ်ယောက်လုံး ငါတစ်ယောက်လုံး ဘေးမှာရှိနေခဲ့တာ မင်းကသူ့ရဲ့ ဘယ်အချိန်တွေမှာများရှိနေခဲ့လို့လဲ ဟမ်
မင်းဘဝကြီး အရက်သမားဖြစ်နေတော့ ကောင်းလှပြီ ထင်တာ ရောက်လာသေးတယ်နော်
ဦးယိမ်းမင်းးးး ဦးယိမ်းမင်း...... ဒီလောက်အကွက်စေ့ကူတာ‌တောင် ငါလိုလူကိုကွက်ကျော်ရိုက်ရဲသေးတာ မင်းကောပဲ ငါဖြည်ပေးခဲ့တဲ့ ဗုံးမျက်နှာတွေမှ မထောက်ပြန်ရောက်လာသေးတယ်နော် ဘာတဲ့ မောင် ဟုတ်လား မင်းတို့ ကြည်နူးနေတာတွေ ငါအကုန်မြင်ခဲ့ကြားခဲ့ရတာကွ သည်းမခံနိုင်လို့ သတ်ဖို့လုပ်တာ အာ့အဘွားကြီးကြောင့်သာ မဟုတ်ရင် မင်းလာအိုက အဘိုးကြီးတွေကြား ပြားဝပ်နေလောက်ပြီး အဟက် စောက်အသက်လေးပဲ ပြင်းသလား စောက်ကြောလည်း တင်းတာ သတ်တိုင်းမသေတော့ အနားကိုခေါ်ထားတာဆိုတော့ သေရဲပြီထင်တယ် ဟင်းး ဟိန်းပြည့်တို့က ဆန္ဒတွေဖြည့်ပေးရတော့မှာပေါ့ .. ဟုတ်တယ်မလား "

ချလောက် !

နားထင်နား ရောက်နေသည့် သေနတ်ပြောင်းအား လှည့်မကြည့်ပဲ ခနဲ့တဲ့တဲ့ အပြုံးတို့အား ဆက်ပြုံးနေပြီး လက်ထဲက သေနတ်ကို အရှေ့တည့်တည့်က မင်းသူရိန်အား ချိန်ထားလိုက်သည် ။

" မင်းပစ်လိုက်ပါ မင်းကိုငါလည်းမပိုင်ရသလို မင်းလည်းသူ့ကို မပိုင်စေရဘူး "

ဒိုင်း!

ဒိုင်း!

သူရိန် မျက်လုံးပွင့်လာတော့ အရှေ့ကလဲနေသည့် ဟိန်းပြည့်ဘေးမှာ သေနတ်ကို လက်တစ်ဖက်ကကိုင်ထားဆဲဖြင့် ဆက်လက်ရပ်ဖြစ်သူကြောင့် သူရိန် ဒူးတွေတုန်နေသည့်တိုင် မျက်စိရှေ့က ရပ်နေဆဲသူ၏ တုန်ခါနေမှုကိုလည်း ခံစားလို့ရသည်။ သူ့ကို ခုန်ကာ ကယ်ထားသည့် အိုက်ထွန်းပေါ်ကထကာ ခွန်လေး ရင်ခွင်ထဲပြေးဝင်လိုက်ပြီးနောက် ...

" မောင် .. "

ဒုတ်!

သေနတ်တို့လွတ်ချ လိုက်သူမောင့်လက်နှစ်ဖက်လုံး သူရိန်ကျောပေါ်ကိုရောက်လာပြီး တသိမ့်သိမ့်တုန်တက်လာသည့် ကိုယ်လုံးအား ထိန်းမထားနိုင်သည့်အလျောက် သူရိန် ငြိမ်နေလိုက်သည်။

" ကိုဟိန်း.. ကြောင့် .. တောင်းပန်ပါတယ် "

"မလိုပါဘူး ..."

" မောင်က မောင်ကလေ လုပ်ကြံသူနာမည်သိထဲက မဟုတ်လောက်ဘူးထင်ခဲ့တာ ခုလို မျက်စိရှေ့မှာ မြင်ရတော့... "

" ဟင် မောင် သိနေတာလား "

ခေါင်းတို့ကို ငြိမ့်ပြလိုက်ပြီး မျက်နှာကတော့ မျက်ရည်များ နင့်ပင်ဖြစ်ကာ ရဲတွတ်နေတော့သည်။

" တော်ပါတော့ မောင် တော်ပါတော့ "

" မောင့်ကြောင့် နာကျင်စေခဲ့လို့ တောင်းပန်ပါတယ် "

" မောင့်ကြောင့် မဟုတ်ပါဘူး တကယ်ပါ မောင့်ကြောင့် မဟုတ်ဘူး "

သည်လိုနှင့် ရက်သတ္တပတ်အချို့အကြာ ပြည်နယ်တစ်ခုလုံးတွင် သတင်းတစ်ခု နာမည်ကြီးလာသည် ဝမ်ပုံရွာပိုင်၏ လုပ်ကြံသတ်ဖြတ်ခံရ.. စစ်ဆေးမှု တစ်ချို့ပြုလုပ်ပြီးသည့်နောက် ယခင်က ဝန်ကြီးဖြစ်လုနီးပါး ဦးယိမ်းမင်း ၏ သားဖြစ်သူနဲ့ မှုးယစ်အရှုပ်အရှင်းများကြောင့် လူသတ်မှုဖြစ်ကာ လက်ရှိတွင် ထိုသူအား ဟော်နန်း၏ အကူညီဖြင့် ဖမ်းဆီးထိန်းသိမ်းထားလျက် အမှုတို့ ရင်ဆိုင်ခွင့်ပိတ်ပင်ကာ နိုင်ငံတကာ လွှတ်တော်ရှေ့နေ ၏ လျှောက်တင်ချက်အရ တစ်သက်တစ်ကျွန်း ထိန်းသိမ်းခြင်းဖြင့် အမှုတွဲပိတ်လျက် ... ဝမ်ပုံရွာပိုင် ဆွေမျိုးနီးစပ် အားလုံး ပြည်နှင်ဒဏ်ကျခံလိုက်ရသည့် သတင်းအား ပျံ့နှံ့လို့နေလေသည်။

ရာသီတစ်ရာသီ ကူးလို့ သီတင်းကျွတ်ပင်ကျောလွန်ပြီဖြစ်ကာ ဟော်နန်းတွင် မင်္ဂလာယူနေချိန်ဖြစ်သည်။
စိတ်ရောဂါအထူးကုဆရာဝန် ခွန်စဝ်ခေတ်ထူးမေ နှင့် Khant Co,ltd CEO အာကာဟိန်းခန့် တို့၏ မင်္ဂလာပွဲဖြစ်ကာ ပုံသေ စည်ကားနေခြင်းမဟုတ်သည့်တိုင် နွေးထွေးမှုတွေ ခံစားလို့ရနေသည် ။

သတို့သမီးက ရှမ်းရိုးရာ ဝတ်ဆုံလေးဖြင့်ဖြစ်ကာ အာကာကလည်း ထို့နည်းတူ မင်္ဂလာယူနေကြသည် ။ တစ်ဦးနှင့်တစ်ဦးကြင်နာ ခြင်းတွေဖြင့် ရစ်ပတ်ရိုးရာ ထုံးဖွဲ့နည်းများဖြင့် မင်္ဂလာချိန် ဖြတ်သန်းနေကြသည် ။ အာကာဘေးတွင် သတို့သားအရံသဘော မင်းသူရိန် နှင့် Nicholas တို့ဖြစ်ကာ သတို့သမီးအရံနေရာတွင်း ချယ်ရီ နှင့် ရှမ်းမလေး တစ်ယောက်ဖြစ်သည် ၊ ကူစရာရှိတာကူရသလို အရံတွေဆိုသည့်အတိုင်း သတို့သား သတို့သမီး နည်းတူ စုံတွဲယှဉ်တွဲချိန် အရံတို့သည်လည်း ယှဉ်တွဲရပ်လိုက်ထဲက ခွန်လေး၏ မျက်နှာထားအား ခရမ်းချဉ်သီးပုပ် အလား ဖြစ်နေတော့သည် ။

" ဆရာ ကျွန်မမောင့် ပေါက်ကွဲတော့မယ် ထားခဲ့လိုက်ပါတော့ရှင် "

ပြောလာတော့လည်း အားမနာနိုင်တော့ပါ မောင့်မျက်နှာက အတော်ဆိုးနေတာ အမှန်ပင် ဘေးက သတို့သမီးအရံအား မှာခဲ့ပြီးနောက် ဘေးကထွက်လာလိုက်သည် ကိုတွေ့သည်နှင့် မျက်နှာလွှဲသွားသူကြောင့် မင်းသူရိန် လျှောက်နေရင်းရယ်လိုက်မိသေး၏ ။

" မောင်.. "

" .... "

ခေါင်းလေးဖြင့် မော်တောင်ကြည့်မလာသည့် မောင်ကြောင့် ပိုလို့ပင် စချင်စိတ်တို့ဖြစ်ကာ

" အင်းလေ မောင်က မကြိုဆိုတော့လည်း ဟိုကိုပဲ..... အမလေး.. "

လှမ်းဆွဲလိုက်လို့ အလန့်တကြားဖြင့် ပေါင်ပေါ် ထိုင်လျက် ဖြစ်သွားပြီးတဲ့နောက် မျက်နှာချင်းမြင်လိုက်ရတော့ ကြည့်ပြီးသာ ရယ်နေလိုက်မိသည် ။

" ဘာတွေ သဘောကျနေကြတာလဲ "

အနားသို့ရောက်လာသည့် အိုက်ထွန်း အမေးက ပုံသေဆို အဆူခံရနိုင်ပေမယ့် ခွန်‌လေး စိတ်ကြည်နေသည့်အလျောက် သူတို့လဲ စစ နောက်နောက် ရှိတတ်ကြသည် ၊

" ကြည်နူးနေတာလေ .. "

" ဟ ဟ အစ်ကိုက အာ့လိုလဲ ပြောတတ်သလား "

" မပြောတတ်စရာလား "

အချိန်ဘယ်လောက်ကြာသွားသလဲ မသိ ပေါင်ပေါ်မှာထိုင်လျက် မောင် ခွံကျွေးသမျှ မုန့်တွေကို တစ်ခုပြီး တစ်ခု စားနေရင်း ရယ်လိုက် နှင့် သူရိန် သဘောတကျ ဖြစ်နေသည်ကို မြင်သမျှ လိုက်ပြုံးနေသည့် ခွန်လေး ပုံကြောင့် ပွဲအတွင်း အနေရကျပ်သူမရှိ အကုန်လွတ်လပ် ပေါ့ပါးစွာဖြင့် မနက်ခင်း မင်္ဂလာယူချိန် ကုန်ဆုံးခဲ့လေသည် ။

" မင်းအားမကျဘူးလား "

အင်္ကျီ ၏ ကြယ်သီးတို့ဖြုတ်ရင်း အစမရှိ အဆုံးမရှိမေးလာသူကြောင့် Edward လုပ်နေသည့် အလုပ်ကိုရပ်လျက်

" ခင်ဗျား ကျွန်တော့်ကိုပြောနေတာလား "

Niholas က Edward ခေါင်းပေါ်ကနေ ကျော်ကြည့်သလို ဝေ့ဝဲကြည့်သလို လုပ်ပြလိုက်ပြီးနောက်ဆုံး Edward ကိုကြည့်ကာ

" ဟိုးနားမှာ သရဲ နဲ့ ခုမင်းနဲ့ပဲ ဒီမှာရှိတာ ဘယ်သူ့ပြောရမလဲ ... "

" Nicholas "

" ဟားး ဟားးး စတာပါကွ မင်းပြောတာပေါ့ အားမကျဘူးလားလို့လေ "

မျက်နှာနားကို ပိုလိုတိုးကပ်စွာမေးလာသူကြောင့် Edward ခေါင်းတို့ငုံ့လျှိုးလိုက်တော့ Nicholas ရဲ့ အင်္ကျီ ဟကြားထဲက ရင်ဘတ်ကိုမြင်လိုက်သည်နှင့် ကိုယ်တိုင် မရည်ရွယ်သော်ငြား အကြည့်တို့မခွာနိုင်ပါ ။

" တော်တော့ ကြည့်နေတာ ရှက်လှပြီ .. "

" .... "

ပြောရင်းက အင်္ကျီလေးကို ရင်ဘတ်လေး စေ့သွားသူကြောင့် Edward ကြောင်ကာ

" ဟက် မင်းလိုပြားကပ်ကပ်ကောင်က ရှက်ရသေး ငါလိုလူကိုမင်းများမြင်ရင် မျက်တောင်မခတ်ဘဲ ဖြစ်သွားမလား ဟမ် "

" ဟုတ်လား.... "

ရှက်ရမ်းရမ်းပြီး ပြောနေသူကို စချင်စိတ်တို့ ထိန်းမရသည်နှင့် Nicholas တစ်ယောက်

'' မြင်ဖူးချင်တာ ပြကြည့်ပါလား "

" ရတယ်လေ.... "

ပြောရင်း အပေါ်ကရှမ်းရိုးရာ ကို ချွတ်တော့ဖို့လုပ်နေသူကြောင့် Nicholas ကိုင်လိုက်ပြီး

" နောက်မှ ကြည့်ချင်တာ ဟို... "

" မင်း စောက်နှာဘူးကောင် ... "

အကြည့်လေး တစ်ချို့ကြောင့် ဆဲဆိုပြီး နေရာကနေ ထွက်သွားပြီဖြစ်သူကျောဘက်ကို ကြည့်ကာ စချင်သေးသည်နှင့်

" ညကြလာကြည့်မယ်နော် "

လက်ခလယ်ကို အပေါ်ထောင်ပြရင်း လှစ်ခနဲထွက်သွားသူကြောင့် နောက်ဘက်တွင် တစ်ယောက်ထဲ မတ်တပ်ရပ်လျက် ရယ်နေရင်းသာ ကျန်ခဲ့တော့သည် ၊

တီ.. တီ...တီ

" Hola "

" ....... "

"......... "

"........ "

"......... "

" ကျွန်တော် အခြေအနေကြည့်ပြီး ပြန်လာမှာပါ "

တီ.............................

စောနက လို အရယ်အပြုံးတွေကြားကနေ မရှိတော့သည့် Nicholas တစ်ယောက် လေပူတွေ မှုတ်ထုတ်လိုက်ပြီး အဝတ်စားလဲဖို့ကို အာရုံစိုက်လိုက်တော့သည် ။

" အစ်ကို.. အစ်ကို .. "

" အင် ဟင်းး "

" ထတော့လေ ခဏနေ ပွဲကစမှာ အစ်ကိုက အိပ်နေတုန်း ရေဘာညာချိုး "

" ဟင်..အင်း "

" ရေမချိုးလို့မရဘူးလေ နံနေမှာပေါ့ "

" အေးတယ် ... "

အိပ်နေရင်းက ခန္ဓကိုယ်လေး ကျုံ့ပြလိုက်သူကြောင့် ခွန်လေး အသည်းယားစွာ သိမ်းကျုံးဖက်လိုက်ကာ မျက်နှာအနံ့လိုက်နမ်းပစ်လိုက်သည် ။

ရွတ်စ်

ရွတ်စ်..

" ဟင့် တော်တော့ လို့ "

" ရေမချိုးနဲ့ မောင်ရေပတ်တိုက်ပေးမယ် ထတော့ ဖျားမယ် "

ခေါင်းလေးငြိမ့်ပြလိုက်ပြီးနောက် မျက်လုံးတွေကပွင့်မလာသေးသည့် အစ်ကိုကြောင့် ခွန်လေးတို့ သဘောတကျ ကြည့်နေရင်း မနေနိုင်စွာ အစ်ကို့ပါးလေးကို ထိန်းကိုင်လိုက်တော့ အစ်ကို မျက်လုံးတွေပွင့်ကျလာကာ အပြုံးလေးတစ်ခုလည်းပါလာတော့သည် ။

" ချစ်တယ် "

ပြောလိုက်တော့ နှုတ်ခမ်းလေးဆူသွားသူကြောင့်

" ဘာဖြစ်လို့လဲ အစ်ကိုရဲ့ "

" ချစ်တယ်တဲ့ ဘယ်သူ့ကိုလဲ "

" ဟော ဒီက ညစ်ပတ်လေးကိုပေါ့ ဘယ်သူရှိမတုန်း "

" မညစ်ပတ်ပါဘူးနော် ခဏနေ ရည်းစားလေးက ရေပတ်တိုက်ပေးမှာတဲ့ "

" ဟုတ်လား.. ရည်းစားလေး ရှိတယ်ပေါ့ ကြေကွဲတာပဲဗျာ "

" ဘာဖြစ်လဲ .. "

" ကျွန်တော်က အစ်ကို့ကိုကြိုက်လို့ "

" ဟင့် ရည်းစားလေးက သတ်လိမ့်မယ်နော် မကြောက်ဘူးလား "

လိုက်စနေသည့် ပေါက်ကရ စကားတွေ ထပ်မပြောနိုင်တော့စွာ ခွီးခနဲ ခွန်လေး ထရယ်တော့သည် ။

" တော်ပါတော့ ရည်းစားလေးတဲ့ ဘာတဲ့ ရည်းစားကြီး လိုချင်သေးတဲ့သဘောလား "

" အင်း အရံပေါ့ "

" သေမယ်နော် နောက်မစနဲ့ "

" အကြီးကိုများ မင်းက "

မင်းသူရိန် လှဲနေရာက ကောက်ထလိုက်ပြီး ရန်ဖြစ်ဖို့ အပြင် ခေါင်းလေးက ဗိုက်နားတိုးဝှေ့လာပြီး

" အစ်ကို့က မောင့်အပိုင်ပဲ မဟုတ်လား "

" အင်း မောင်တော့မပိုင်ဘူး "

" ဟာ့... ဘာလိုကြီးလဲ အစ်ကိုကလည်း "

" မောင်ဆိုတဲ့ အရာကို အစ်ကိုပိုင်တာ မောင်က မှ အစ်ကို့အပိုင် "

သူ့ကို ပိုင်တယ်လို့ပြောတာကို သဘောတကျ နဲ့ရှက်သလိုပြုံးနေသူကြောင့် မင်းသူရိန် ရယ်ချင်လာတော့သည် ။

" မင်းရှက်သွားတာလား "

" မဟုတ်ပါဘူး ... "

" ထ သွားတော့ ရေချိုးကြမယ် "

" ရေချိုးမှာလား "

" အင်း အတူချိုးမယ် .. "

ပြောလိုက်တော့ ပိုရဲလာသည့် နားရွက်လေးကို မင်းသူရိန်ဆွဲလိုက်ပြီး

" လျှောက်မတွေးနဲ့ အလုပ်ပြီးအောင် အတူချိုးမယ်ပြောတာ.. "

" အစ်ကိုကလည်း .. "

ဂုတ်သားလေးပေါ် မေးလေးတင်ကာ လည်ညှပ်ရိုးလေးနားက အသက်ရှုသံကြောင့် မင်းသူရိန် အနေရခက်သွားကာ

" မောင် ညနေ ပွဲရှိသေးတယ်လေ.. ဖယ်တော့ "

" အင်း.. "

ရွေ့မလာသည့် ခေါင်းလေးက လည်ပင်းသားတစ်လျှောက်ပိုလိုတိုးလာသည့် အနမ်းတို့ကြောင့် မင်းသူရိန် ခေါင်းလေးတို့မော့ကာ

ဟာ့!

" မောင်.. "

အ !

တိုးကိုက်လိုက်သည့် နာကျင်မှုလေးကြောင့်အသံလေး ထွက်လာသည့်တိုင် ခွန်လေး လက်တွေက ခါးဆီကိုရောက်လာပြီး ဆုပ်နယ်လိုက်လုပ်နေရင်း

" မောင် တော်တော့ အရာထင်မယ်လို့.. ဟင့်! "

မျက်နှာရှေ့ပြန်ရောက်လာသည့် မောင်ရဲ့ ရီဝေဝေ အကြည့်က ဒီလိုချိန်တိုင်းအရိုင်းဆန်သည် မလွန်ဆန်နိုင်သည့် အသူရာချောက်လိုမျိုး မင်းသူရိန် လည်ချောင်း တစ်လျှောက် ခြောက်ကပ်လာသလို ခံစားရပြီး ကြည့်ရုံသာရပ်နေသူကို စိတ်မရှည်စွာ

ပြွတ်စ်!

ခေါင်းတို့ကို ထိန်းကိုင်လိုက်ပြီး အနမ်းတို့ကို မိမိဘက်ကစတင်လိုက်တော့သည်။ အရှိန်ယူသလို ကုတင်စောင်းပေါ်က ကိုယ်လုံးလေးက အပေါ်သို့ ဘယ်ချိန်ရောက်လိုက်လဲ မသိပေမယ့် အခုတော့ ထိလုဆဲ ဖြစ်လို့နေပြီ

ပြွတ်စ် !

ဟင်း !

နမ်းလိုက်တိုင်း အတင်းမရုန်းမချင်း မရပ်တော့သည့် မောင်ကြောင့် အသက်တို့လဲ လုရှုရစမြဲဖြစ်ကာ မောင်က အနမ်းတို့ကိုရပ်လိုက်ပြီး အမောဖြေနေသူမျက်နှာကိုကြည့်လျက် သူ့အပေါ်ဝတ်အားဆွဲချွတ်လိုက်တော့သည် ။

" မောင် ခ. ဏ "

ပြွတ်စ်!

တိုးလို့လာသည့် ကိုယ်လုံးလေးက မိမိကိုယ်ကိုပါ ဆွဲချလိုက်ပြီး အိပ်ရာနှင့်ကျော ကပ်စေလိုက်ပြီး အပေါ်ကနေ ရောက်လို့နေသူကြောင့် မင်းသူရိန် လည်း ကျောဘက်ခြမ်းတွေဆီ မိမိလက်တို့သိုင်းကာသိမ်းလိုက်တော့သည် ။

" ဟ ! မောင် .. ခ.. ဏ နေ .. ဟင့် ! "

စကားတို့ဆုံးချိန်မရ တတိတိ တိုးကိုက်လာသည့် ရင်ဘတ်ပေါ်က ကိုက်ခဲ နာကျင်မှုတွေ ပွတ်သပ်နေသည့် လက်လေးကြောင့် ရင်ဘတ်တွင်းက လှိုက်တက်လာသည့် ခံစားချက်တို့ကြောင့်

" ရပ်! မောင် အခုရပ်.. "

ရုတ်တရက် သေချာပြောလိုက်တော့ လုပ်ငန်းစဉ်တို့ကို ရပ်ကာ ခွလျက် ကြည့်နေသူကြောင့် စိတ်တို့ကို ပြန်ထိန်းလျက်

" ဖယ်တော့ ခဏနေ ပွဲကကျန်သေးတယ် မဖြစ်ဘူးလေ "

" အဆုံးထိ မလုပ်ဘူး.. "

ပြောပြီး ခေါင်းတို့ပြန်ငုံ့သွားကာ အလုပ်ဆက်ပေးတော့မည့်သူကြောင့် ခေါင်းလေးကို ဆွဲမကာ

" မောင်.. နားထောင် ခဏနေ နွမ်းပြီး မသွားချင်ဘူး ..ဖြစ်လိမ့်မယ် "

ချော့လို့မရရင် ချွဲရသည့် မိမိရဲ့ ရှမ်းသား လေးအကြောင်း နှောကြေ နေသူမို့

" အင်း ထ ရေချိုးလိုက်တော့ "

အပေါ်ကနေ ဖယ်လိုက်ပြီး ချွတ်ပြီးသား အင်္ကျီကို ကောက်ဝတ်လျက် ကုတင်ပေါ်ကထကာ လက်တို့ ကမ်းပေးလာသည်နှင့် ရေချိုးခြင်းအမှုကို ပြုလိုက်ကြသည် ။

" သူရိန် "

ပြင်ဆင်နေရင်း အခန်းထဲဝင်လာသူ သူရိန်ကြောင့် အာကာ က အရင်လို အပြုံးမျိုးဖြင့် အားပါးတရ ကြည့်ပြီး

" ဝင်ခဲ့ပြီနော် "

" လာလေကွာ "

"..... "

ဝင်လာလိုက်ပြီး ကြည့်နေသူကြောင့် အာကာ အနေရခက်စွာ ဝတ်နေရင်းကနေ

" ဘာတုန်းလို့ ဟျောင့် "

" ငါ မင်းကို ကျေးဇူးတင်ချင်လို့ "

" ဟင် ဘာကိုလဲ ကွ ငါဘာမှမလုပ်ထားပါဘူး နော် တစ်နေကုန်ရှုပ်နေတာ အင့် "

ရုတ်တရက် သူရိန်က ပုခုံးစွန်းလေး ဝင်လာပြီး တိုက်ကာ

" ငယ်တုန်းထဲက ကျောင်းမှာ အဖော်လုပ်ပေးခဲ့လို့အရွယ်ရောက်တော့ ငါ့သဘာဝကို နားလည်ပေးလို့ အခုလို ယောကျ်ားကောင်းကြီး ဖြစ်ရပ်တည်လာတာကို လာဂုဏ်ပြုတာ "

ပြောပြီး မျက်နှာလွှဲနေသူကြောင့် အာကာ မျက်ရည်များဝဲနေသည်ကို သတိထားမိမည်မထင်

" နောက်တစ်ခုကျန်သေးတယ် ကျေးဇူးတင် "

" ........ "

" အမြဲရိုက်တာ ခံပေးခဲ့လို့ ဆိုပြီး "

ပြောလိုက်တော့ သူငယ်ချင်း နှစ်ယောက် ရယ်မောနေကြပေမယ့် မျက်ဝန်းထဲက အရည်ကြည့်တို့ပြည့်နက်နေကာ တစ်ယောက်နဲ့ တစ်ယောက် မိနစ်ပိုင်းမျှ စိုက်ကြည့်လျက် သိုင်းဖက်လိုက်ကာ

" သာယာတဲ့ အိမ်ထောင်ရေးဖြစ်လာမှာငါသိတယ် အာကာ "

" မင်းလဲ ရှေ့လျှောက်သာယာတော့မှာ ငါသိတယ် သူရိန် "

ဆက်ပြီး ဘာကိုမှ မပြောတော့သလို ငြိမ်နေကြပြီး တစ်ဦးနဲ့တစ်ဦး လွတ်လိုက်ပြီးနောက် ကြည့်နေလိုက်ကြသူကြား

" ပြီးကြပြီလား "

ခေတ်အသံကြားတော့ အခန်းဝရှေ့ ကို ပြိုင်တူကြည့်လိုက်ကြပြီးရယ်နေလိုက်ကြ ပုံများ အခန်းတွင်း လေထုကတောင် ရယ်သံကြောင့် အရောင်ပြောင်းလုနီးပါးပင်ဖြစ်တော့သည် ။

" အကုန်လုံးပျော်ကြပါစေ "

ခွက်ကို ကိုင်မြှောက်လျက် သတို့သားဆီက အပြီး ပြိုင်တူ ခွက်များ မြောက်တက်လာပြီးနောက်

" အစ်ကိုသူရိန် "

" ဟင် Edward ဘာဖြစ်လို့လဲ "

ဘေးဘီကိုကြည့်လိုက်တော့ ခွဲမရသည့် နဂါးနစ်ကောင်လား အတူရှိသည့် Nicholas ကိုမမြင်သည်နှင့် ပိုလို့ပင် စိုးရိမ်သလို မျက်နှာမျိုးဖြစ်နေနိုင်သည် ။

" တိုင်ပင်ချင်တာလေး ရှိလို့ "

" အင်း မောင့်ကို.. "

" အစ်ကိုသူရိန်နဲ့ပဲ ... "

တစ်ကြိမ်တစ်ခါမှ မပြောလာသည့် စကားမျိုးဖြစ်သည်မို့ သူရိန် အံ့ဩ မိတာအမှန်ပင် ... နေရာလေးကနေ ထကာ မောင့်ကို ခဏလို့ပြောခဲ့လိုက်ပြီး Edward နှင့် ဒေါင့်စွန်းခုံလေးနားကို လိုက်သွားလိုက်သည် ။

" ကျွန်တော် သေချာသိချင်လို့ အစ်ကိုသူရိန် "

" ဘာကိုလဲ မေးလေ ပြော အစ်ကို သိသလောက် ပြန်ပြောပြမယ် "

" ကျွန်တော် Nicholas ကို ကြိုက်တာလား ဘယ်လိုခံစားချက်ကြီးလဲ ဆိုတာ သေချာသိချင်တယ် "

မင်းသူရိန် နှုတ်ခမ်းပါးတို့ ပြုံးလို့နေပြီး Edward ကိုကြည့်ကာ လက်လေးကိုလည်း ကိုင်လိုက်သည်.

" အခု Nicholas ပြန်မယ်ဆိုတော့ Edward မလွှတ်ချင်ဘူးမို့လား "

" အင်း.. "

" ဆွဲထားပစ်လိုက်ပေါ့ ဘာကိုတွေးပူနေတာလဲ "

" ကျွန်တော်တို့က "

" ဘာသာခြား လူမျိုးခြား ယောကျ်ားချင်းမို့ အနေအထားတွေ မတူလို့ဆိုတာတွေကြောင့်လား Edward "

ခေါင်းလေး ငုံ့သွားပုံထောက်ရင် ဝန်ခံသည့်ပုံ မင်းသူရိန် သေချာလေး အရှေ့တည့်တည့်ကို ထိုင်လိုက်ကာ Edward အား

" အစ်ကိုတို့ နဲ့နှိုင်းပြောဖို့ ခက်တယ်ဆိုပေမယ့် Edward ရော Nicholas ရောမှာ ဘာသာရေး အပေါ် လူမှုရေးပေါ် ရွေးချယ်မှုတွေ လုပ်ခဲ့တာမှ မဟုတ်ပဲ ဖြစ်သင့်လို့ဖြစ်လာတာကို အချစ်ဆိုတာလည်း ချစ်သင့်လို့ ချစ်တာပဲပေါ့ အစ်ကို့တို့ဆို တံတား တစ်လမ်း သံ တစ်လမ်း နီးစပ်ဖို့ဆိုတာ အဝေးကြီး တွေ့ကြုံချစ်ကြိုက်လာသေးတာပဲ အသက်အရွယ်ဆို ( ၇ ) နှစ်တောင်ကွာတယ် ဒါပေမယ့် အာ့ဒါတွေက ဘာမို့လို့ ချစ်နေတာကို ဖုံးထားရမှာလဲ ဟုတ်တယ်မလား Edward က သိပ်ကိုတော်တဲ့ သူတစ်ယောက်ပါ အာ့လိုပဲ အောင်မြင်တဲ့ သူတစ်ယောက် မလိုက်ဖက်ဘူးလို့ထင်တာလား ယောကျ်ားချင်း ဖြစ်တော့ရော ဘာဖြစ်လဲ မင်းက သူ့ရဲ့ ဖြစ်တည်မှုကို ချစ်တာလား သူဆိုတာကို ချစ်တာလား အာ့နေရာမှာ မိန်းကလေး ဖြစ်နေလည်း ချစ်မိနိုင်သလို ကွာခြား တဲ့ အနေအထား ဖြစ်နေလည်း အချစ်က ချစ်မိနိုင်တာပဲ ဘာလို့များ အာ့လို မဖြစ်နိုင်ဘူး တွေးနေရတာလဲ အမှုတောင် နိုင်ရာကနေ ရှုံးနိုင်သလို ရှုံးနေသူက နိုင်ကောင်း နိုင်တတ်သေးတာပဲ မဖြစ်နိုင်ဘူးဆို သေချာလို့လားတွေးကြည့်ပါ အကုန်လုံးထပ် အရေးကြီးတာ .. တကယ်ကြီး အနားမှာမရှိပဲ ဝေးကွာနေပြီးတော့ နေနိုင်မှာတဲ့လား ဟင် .. "

" ကျွန်တော် သံယောဇဉ်တွယ်နေပြီထင်တယ်နော် "

" ချစ်နေတာကို မသိသေးတာလား "

" ကျွန်တော် မချစ်ပါဘူး "

" အနားမှာ မရှိရင် လိုက်ရှာနေတတ်တာ အချိုမုန့်ကြိုက်တတ်လို့ ကိုယ်တိုင်လုပ်ပေးတာ ရေအေး မချိုးတတ်လို့ ရေနွေးအမြဲတည်ပေးထားတာတွေ လက်ဖျားလေးတွေ အေးတတ်လို့ လက်အိတ်တွေ ဆောင်ထားပေးတာက သံယောဇဉ်ရှိလို့ပဲလား အစ်ကို့ဖို့ကော မောင့်ဖို့ကော အာ့လိုလုပ်သေးလား "

" အာ့ဒါက.. ဧည့်သည်ကို "

" ချစ်နေတာလေ သိသာနေတာကို မငြင်းချင်ပါနဲ့ "

" ..... "

" Nicholas မရှိပဲ တစ်ရက်လောက်နေကြည့်ပါလား မနက်ခင်းတဂျီဂျီကနေ ဘယ်လောက်ထိ လစ်ဟာသွားမလဲ သေချာ‌လေး သိသွားအောင်လို့လေ "

" ..... "

" နေကြည့်မလား တစ်ရက်လောက် နောက်အပတ်ပြန်မှာဆိုတော့ .. မနက်ဖြန်ဖြစ်ဖြစ် အပြင်. "

" ကျွန်တော်သွားတော့မယ် အစ်ကိုသူရိန် "

" သေချာ‌လေး စဉ်းစားပြီး ပြန်ပြောနော် အစ်ကိုကူပေးမယ် "

ထွက်သွားသူကို နောက်ကနေ ကြားရုံလေးအသံမြှင့်ပြီးပြောလိုက်တော့

" ဟုတ်ကဲ့ "

" ဘာတွေ အာ့လောက် သဘောတကျ ဖြစ်နေရတာလဲ ပြောပါအုံး "

" ဪ နောက်မှပေါ့ ခုတော့ ပင်ပန်းနေပြီ နားကြမလား "

" နားတော့မို့လား မောင်က ခုမှ စသောက်နေတုန်းကို "

" မောင်သောက်တာ များနေပြီ နားတွေဆို နီပြီး ပါးမို့တွေရဲလို့ "

" ဟ မောင်မမူးပါဘူး "

" အင်း မူးနေပြီပဲ အိုက်ထွန်း.... "

အရှေ့က ရီဝေဝေ ဖြစ်နေသူကြောင့် အနေအထားကို ရိပ်မိစွာ အိုက်ထွန်းကို ခေါ်ထားလိုက်တော့သည် ။

" ဗျာ အစ်ကိုလေး.. ဟော. ခွန်လေးက "

" မြန်မြန်လေး အခန်းပို့ပေးလိုက်နော် "

" ဟုတ်ကဲ့ ခွန်လေး ကျွန်တော့ဆီ .. "

" မောင့်ကို မချစ်ဘူးမို့လား "

ငိုတော့မလို အသံလေးဖြင့်ပြောနေသူကြောင့် သူရိန် မရယ်ပဲ တကယ်မနေနိုင်တော့ပါ

" ခွန်လေး ဘာသောက်လိုက်လို့ မူးနေရတာလဲ "

" အာကာ လှော်လိုက်တာနေမှာ ပို့ပေးလိုက်ပါအုံးနော် "

" မောင်.. ပြောနေတယ်လေ.. မောင့်ကို မချစ်ဘူး မို့လား ... "

ရုတ်တရက်ကြီး တော်ရုံ အသံမျိုးမဟုတ် ပိုတိုးလာသည့် ငိုသံကြီးကြားက ထွက်ပေါ်လာသည်မို့ သူရိန် စိုးရိမ်သွားသည် ။

" မောင် ဘာဖြစ်နေတာလဲ "

" မောင့်ကိုဖြေ မောင့်ကိုဖြေ "

" ကိုယ်ပဲ တွဲသွားလိုက်မယ်နော် "

" မောင်မေးတာဖြေ "

" မောင်လာ အရင်ပြန်ပြီးမှ ပြောတာပေါ့နော် "

" မောင့်အမှားတွေပါ မောင်ကြောင့် ခုထိ နာကျင်နေရတုန်းလား မောင့်ကို သူ့လောက်မချစ်ဘူးမို့လား "

ဆွဲလို့လဲ မရ ပြုလို့လဲ မရ နေရာမှာ ထိုင်ချလိုက်ပြီး ပြောနေသူ ခြေထောက်လေးနား သူရိန်ထိုင်ချလိုက်ပြီး

" မောင့်ကို ချစ်ဆုံးပါ "

" သူ့ကိုပိုချစ်ပါတယ် "

တစ်ခါတစ်လေ ကလေးလေးကို ရစ်တတ်သည့် မောင့်ကိုလည်း အမြဲအချစ်ပိုရပါသည် ။

" မောင့်ကိုချစ်လို့ အမြဲအလိုလိုက်တာလေ မောင်မသိဘူးလား "

" မောင့်ကို ဘယ်မှာအလိုလိုက်လို့လဲ ခုဆို ဆိုင်ကယ်လဲ မဝယ်ရဘူး မစီးရဘူး ရေလဲ မကူးရဘူး တောလဲ မဝင်ရဘူးလေ စားချင်တာလည်း မစားရဘူး "

ဆိုင်ကယ်မဝယ်စေချင်တာ တကယ်ကိုများနေကြောင်း မစီးစေချင်ကတော့ တစ်ခုခုမှ တစ်ခုခု ဖြစ်မသွားစေချင်လို့ဆိုကြောင်းရော နှလုံးက နှစ်ယောက်လုံးခွဲစိတ်ထားလို့ အမောအပန်း ကိစ္စရှောင်သင့်လို့ ရေမကူးခိုင်းမိတာ တောထဲ တစ်ခါဝင် တစ်ခါ ဒဏ်ရာသယ်လာသူကြောင့် ရင်မောရလို့ ပိတ်ပင်မိတာလေးကို .. ပြောတုန်းကလက်ခံနေပြီး မူးလာတော့

" မောင်က မကျေနပ်လို့လား "

" မကျေနပ်တာ မဟုတ်ဘူးလေ အာ့လောက်လိုက်လျောတာတောင် မောင့်ကျ ပြန်မလိုက်လျောဘူး အာ့ဒါမချစ်လို့မဟုတ်လား "

" မောင်ဘာလိုချင်လို့လဲ ဆိုင်ကယ်လား ရေကူးချင်တာလား Camp လား "

" အချစ်ကိုလိုချင်တာ အချစ်ကို စားချင်တယ်.. လို့ "

အဆုံးသတ်နားလေးကို အသံဖိပြောနေသူကြောင့် မင်းသူရိန် ဘေးဘက်ကိုကြည့်လိုက်တော့ အကုန်လုံးက ဝိုင်းကြည့်နေသဖြင့် ရှက်လိုက်လေခြင်း.. ။

" မောင်ထထ ပြန်မယ် "

" မောင် စားချင်တာကျွေးမှာလား လို့ . "

ခက်ပြီ။ စိတ်ညစ်ရပါသည် ရှိသမျှလူအကုန်ကလည်း ကြည့်နေသေးသည် မျက်နှာကြောမသေသည့် သူငယ်ချင်းကလဲ ကြိတ်ရီနေသေးသည်။

" မောင့်ကို အချိန်တိုင်းငြင်းနေတာ ဘာလို့လဲ သူ့လောက်မချစ်လို့မလား ဒါမှမဟုတ် မောင့်ကို စားချင်တာလား.. "

" ..... "

ဖြေစရာတကယ်ပျောက်နေသည့် သူရိန် နား အာကာ ရောက်လာပြီး

" ဒီလိုသာဆို စောစောစီးစီး တိုက်ပါတယ်ကွာ မင်းကလေးက ဝိုင်ပဲ‌ သောက်တာတဲ့လေ "

" ခွေးကောင် .. မင်း.. "

ပြေးရိုက်လိုက်ဖို့ အရှိန်ယူစဉ်

" ပူလိုက်တာ မောင်ပူလို့ ရေတိုက်ပါအုံး "

ဘေးက အိုက်ထွန်းလည်း ပြာပြာသလဲ ဖြစ်ကာ ရေကိုလိုက်ရှာနေတော့သည်။ ဖြစ်နေသည်ကို‌ သေချာရိပ်စားမိသည့်အလျောက် အာကာ့ ဘက်ကိုလှည့်ကာ

" အာကာ "

" သူ့ဆန္ဒ ငါကအလိုလိုက်ရုံပဲ မင်းကလည်း ဘယ်လောက်ကြာအောင် အငတ်ထားလဲမှမသိတာ "

" မင်း .. "

ဟင်း!!

ဒေါသထွက်သလို ပူပြင်းလာသလို ဖြစ်နေသည့် မောင့်ပုံကို ကြည့်ပြီး အာကာ့ကို ဆက်ရန်မတွေ့နိုင်

" အိုက်ထွန်း အခန်းပြန်ပို့မှရမယ် "


If you like this story please vote & comment for me .

Jan.6,2023


Note /- နောက် တစ်ပိုင်း နှစ်ပိုင်းလောက်ဆို ဇာတ်သိမ်းပါတော့မယ်နော် ၊ လိုက်ဖတ်ပေးကြတဲ့တစ်ဦးတစ်ယောက်ဆီတိုင်းကို လေးစားချစ်ခင်လျက်ပါ။

Lost & Found (Complete)Where stories live. Discover now