Part 1 ( Uni )

9.7K 176 1
                                    
" ဒေါက်..ဒေါက် .. ဒေါက် ...... အစ်ကိုလေး မေဇင်ပါ "

တံခါးခေါက်သံလေးနဲ့ အတူ အသံပါပြုသံလေးကြားလိုက်ရတော့

" ဝင်ခဲ့ မေဇင် "

ကျွီ....

တံခါးလေး ဖွင့်ပြီး အားတုံ့အားနာ မျက်နှာနဲ့ ဝင်လာတဲ့ သူကို သေချာလေး ကြည့်နေလိုက်တော့
ပြောစရာ တစ်ခုတော့ ရှိနေတဲ့ ပုံပေါက်နေတာခံစားမိတော့လဲဘဲ....

" ပြော မေဇင် အစ်ကိုလေး မအားဘူး အပြင်သွားဖို့ ရှိသေးတယ် "

အင်္ကျီ ရွေးရင်း ပြောလိုက်တော့

" အောက်မှာ ဘဘကြီးနဲ့ အန်တီငယ်ရောက်နေတယ် အစ်ကိုလေး ပြီးတော့ လည်း....."

" ဘာဖြစ်လို့လဲ မေဇင် အစ်ကို့ကို ပြော.."

" ခြံထဲမှာ လူတွေ အများကြီးပဲ အစ်ကိုလေး ကို ပြန်များခေါ်သွားဖို့လား မသိဘူး အာ့ဒါ မေဇင် လာပြောတာပါ "

" အောက်ထပ် ကိုဆင်း လုပ်စရာ ရှိတာလုပ် အစ်ကိုလေး ကို ခေါ်ခိုင်းရင် ပြောထားလိုက် နာရီဝက်နေ ဆင်းလာခဲ့မယ် ဆိုတဲ့ အကြောင်း ကို ."

" ဟုတ်ကဲ့ "

အခန်း ဝ လေးကနေ ရပ်ပြောပြီး လှည့်ထွက် ခါနီး

" မေဇင် အစ်ကို့ဖို့ Black Coffee လေး ဖျော်ထားလိုက်ပါ "

" ရှင် "

" လုပ်ထားလိုက်ပါ "

ချပ်...

မေဇင်တစ်ယောက် ခေါင်းနပန်း ကြီးနေပြီ ဖြစ်သည်။ လွန်ခဲ့သော လေးလ ခန့်က စလာတဲ့ ပြသာနာ က အခုဆို ဘဘကြီး ကပါ ရောက်ချလာတော့သည် ။ အစ်ကိုလေးက လည်း Coffee ဖျော်ခိုင်းနေသည်။ အစ်ကိုလေးရဲ့ ပြောင်းလဲ လာတာတွေက အိမ်အတွင်းလေထု ထဲပါ ပြောင်းနေသလိုမို့
မေဇင်တစ်ယောက် အတွေးတွေ ဂယက် ရိုက်ခတ်နေတာ ဖြစ်နေ၏ ။

တီ. တီ .တီ
ဖုန်းခေါ်ဆိုဖို့ လုပ်နေခြင်း ဖြစ်သည် ။

" အာကာ ငါ့အိမ်ကို အခုလာခဲ့ "

ဂွက် ...

အဖြူရောင် အနောက်တိုင်းဝတ်စုံလေးကို ကျကျ နန ဝတ်ဆင်ထားပြီး ကြည်ရှင်းနေအောင် ဆံပင်တွေပါ သိမ်းကာ သပ်တင်ထားသေးသည်။ ခပ်သွယ်သွယ် မျက်နှာက တည်တင်းနေတော့ ကြောက်ဖို့လဲ‌ ကောင်းနေသလို ခံစားစေမိသည် ။
လှေကားထိပ်ကနေ အောက်ဘက်ကို အေးဆေးတည်ငြိမ်စွာနဲ့ပဲ လျှောက်လှမ်းလာနေသူက
မင်းသူရိန်ထိုက်အောင် လို့ နာမည်ကျော်ကြားတဲ့ ခွဲစိတ်ဆရာဝန် ဖြစ်ပေသည် ။

လှေကား မဆုံးခင် လေးငါးထစ် အလိုလောက်ထဲကနေ မနေနိုင်တော့တဲ့ အန်တီကြီးက

" သားငယ် ရယ် မသွားလို့ မရဘူးလား "

လက်လေးကို ကိုင်ပြီး ငိုတော့မလို မျက်နှာနဲ့ ပြောလာတဲ့ အန်တီကြီး လက်လေးကို ပြန်ဆုပ်ကိုင်လိုက်ပြီး

" သူရိန် သွားမှ ဖြစ်မယ် တီလေး ဒါကို ရင်ဆိုင်ဖို့ ကြောက်နေလိုက်ရင် သူရိန် ရှေ့ဆက်ဘယ်လိုလျှောက်လှမ်းမလဲ ဟင် မဟုတ်ဘူးလား .. "

ချော့ပြောနေသလား ချွဲသံလေးလား မခွဲတတ်အောင် အသံ အေးအေးကြည်ကြည်လေးနဲ့ ပြန်ပြောလိုက်တော့

" သားငယ် ရယ် အခုက အရှက် "

ပြောတော့မဲ့ ပါးစပ်လေးကို လက်ညှိးလေးနဲ့ ပိတ်လိုက်ပြီး

" တီလေး သူရိန်ကို ယုံကြည်သင့်တယ် "

ထိုစဉ် ဘဘကြီးက
" မြေးသွားမယ်ဆို ဘဘကြီး မတားလိုဘူး တစ်ယောက်ထဲတော့ မဖြစ်ဘူး ပြောနေကြတဲ့ သူတွေ
ဘယ်လိုလူကို ထိပါးမိနေလဲ သတိပေးသလို ဖြစ်အောင်တော့ ပြပေးရမယ် "

လှေကား နားကနေ ထိုင်နေတဲ့ ဘဘကြီးဆီ လျှောက်သွားလိုက်ပြီးတော့

" အာကာ ပါပါတယ် ဘဘရယ် ပြီးတော့ ဒါ မင်္ဂလာဆောင်လေးပါပဲ သူရိန်က လဲ နေတတ်ပါတယ် အရမ်းကြီး ဝင်ရောက် မစွပ်ဖက် လို့ရနိုင်မလား "

အပြေးလေး ဝင်လာတဲ့ ဝတ်ဆုံနက်တွေထဲက တစ်ယောက်က

" အစ်ကိုလေး သူငယ်ချင်း အာကာ က ခြံထဲပေးမဝင်ရင် ဝင်တိုက်မယ် လုပ်နေတယ် ဘဘ ဘယ်လိုလုပ်လိုက်ရမလဲ ဗျ "

အမောတကော ပြေးဝင်ပြီး ပြောနေတာ ရပ်နေတဲ့ မင်းသူရိန်ထိုက်အောင် ကိုတော့ သတိထားမိပုံ မရလိုက်ပေ။

" ဒီအိမ်က သူရိန် အိမ် ဘယ်သူက အမိန့်တွေပေးနေသေးတာလဲ အခုချက်ချင်းတံခါးဖွင့်ပေးလိုက် "

ကြောင်ကြောင် အအနဲ့ ရပ်နေပြီး ဘဘ ကို ကြည့်လိုက် အစ်ကိုလေး ကို ကြည့်လိုက်နဲ့

" မင်းက ငါ့အိမ်ဝန်းမှာ ငါ့ကို အာခံ ချင်နေတာလား "

ဒေါသမီး တောက်လောင် သလို အသံ ဟိန်းကြီးကြောင့် ကြားက အန်တီလေးက ပါ အလန့်တကြားနဲ့ အံ့ဩ မိပြီး အလျှင်အမြန် ခြေလှမ်းနေတဲ့ သူရိန် ရှေ့က ဝင်ပြီး

" သွား အခုဖွင့်ပေးလိုက် "

" သားငယ် တီလေးရဲ့ ကလေးလေးက သိပ်ကို ဆိုးသွမ်းနေပြီ "

" ကျွန်တော် သွားမှာ မင်္ဂလာဆောင် ကို မဖြစ်ဖြစ်အောင်သွားမှာ ပြီးတော့ တစ်ခါထဲ ပြောထားတာ ကျွန်တော့်ရဲ့ အိမ်မှာ ဘယ်သူမှ အာဏာ မရှိဘူး ။ မင်းသူရိန်မှာလဲ အဖေ့သွေးပါတယ်ဆိုတာ မမေ့လိုက်ပါနဲ့ "

ဘဘက ရုတ်ချည်း ထရပ်လိုက်ပြီး

" မင်းဘာစကားပြောတယ် ပြန်ပြောလိုက်စမ်း "

"မင်းသူရိန် ရဲ့ အိမ်မှာ မင်းသူရိန် အမိန့်ပဲ အသက်ရှိတယ် "

" တော်ကြပါတော့ သားငယ် အစ်ကိုကြီးလဲတော်တော့ သွားမယ်ဆိုလဲ မြန်မြန်သွား မြန်မြန်ပြန်လာခဲ့လိုက် "

" ညနေ Wedding Party ထိ ရှိမှာမို့ ညနေမှ ပြန်လာမယ် တီလေး အိမ်ကို ပြန်နှင့်လိုက်ကြပါ "

ပြောပြီး အိမ်ရှေ့ သို့ ဦးတည်ထွက်သွားတော့သည် ။

" သွေးက သွေးပဲ ရွှေပုံပေါ်ထားလဲ ကျီးကန်ရောင်က တောက်ပြောင်မလာဘူး "

" သားငယ် ကို အာ့လိုမပြောပါနဲ့ အစ်ကိုကြီး တို့ရဲ့ အတ္တတွေ မာန တွေကြောင့် ကလေးမှာစိတ်ဒဏ်ရာတွေ ရခဲ့ရတာ အခုလဲ ဘာထူးလဲ အစ်ကိုကြီးရဲ့ သူငယ်ချင်းကြောင့်ပဲ ထပ်ပြီး ကလေးမှာ စိတ်ခံစားချက်ထပ်ရရတာ အစ်ကိုကြီးကြောင့်သာ မဟုတ်ရင် ကလေးက မိစုံဖစုံနဲ့ ပျော်ရွှင်နေရမှာ....."

ပြောလဲပြီးငိုနေတဲ့ ညီမ ဖြစ်သူ ကိုကြည့်ပြီး

" မွေးဖွားထဲက သူ့ကံကြမ္မာပဲ ထူးကဲပြီး မှတ်ချက်ပေးဖို့ မရှိဘူး ပြန်ကြမယ် နှာခေါင်းပေါက်လောက် အိမ်မှာများ အမိန့်တွေ အာဏာတွေနဲ့ မင်းမုဏ်းသား လို့ မပြောရဘူး သွေးနားထင်ရောက်နေတဲ့ မြေး ငါ့သမီးမျက်နှာကြောင့်သာမဟုတ်ရင် အသတ်တောင် ရှုခဲ့ရမှာ မဟုတ်ဘူး "

.........................................................................................

လွန်ခဲ့သော လေးလ ခန့်က ကမ်းခြေ မှာ နေဝင်ချိန်ကို ကမ်းစပ်ကနေ ငေးမော ရင်း နဲ့ ချစ်သူလို့ မည်တွင်လို့ရတဲ့ နှစ်ယောက် ထိုင်နေကြ၏ ။
ထိုသူတွေထဲက တစ်ယောက်က နာမည်ကျော် ခွဲစိတ်ဆရာဝန် မင်းသူရိန်ထိုက်အောင်
နောက်တစ်ယောက်ကတော့ နာမည်ကြီး ယိမ်းCompany ရဲ့ အမွေခံ ပိုင်စေရာယိမ်း တို့
နှစ်ဦး ငယ်စဉ်ထဲက အိမ်နှစ်အိမ် စီးပွားရေး ကြားက နေ ခင်မင်ရင်းနှီးခဲ့တာ
အသက်အရွယ် တစ်ခုရောက်တော့လဲ ခံစားချက်တစ်ချို့ကို အချစ်လို့ အမည်တပ်ခဲ့ကြတယ် ။

" ကိုထိုက် ...."

" အင်း စေရာ ပြောလေ ကိုယ် နားထောင်နေတယ် "

ခဏမျှ လေထု တွေ တိတ်ဆိတ်သွားပြီး ဘာသံမှ မကြားရတော့ ဘီယာ ဗူးလေး ကောက်မော့ပြီး ဆက်ငေးလိုက်နေတော့လဲ

" ကိုထိုက် "

" စေရာ ကိုယ့်ဆီက ဘာလိုချင်တာလဲ ပြောလေ ကိုယ့်ကို ဘာများပြောချင်နေတာလဲ "

" ဒီည စေရာ တို့ အတူ ဖြတ်သန်း ရအောင် စေရာ ပြောတာ ကြားရဲ့ လား "

လရောင်လေးပဲ ကျန်နေတဲ့ အချိန်မှာတောင် စေရာရဲ့ မျက်နှာလေး ရဲနေတာကို သူရိန်သေချာပေါက်မြင်ရသည် ။ ကိုယ်ကလဲ ကြောင်ပြီး ခပ်ကြာကြာ ကြည့်သလို ဖြစ်သွားတော့

" ကိုထိုက် စေရာ အခန်းပြန်တော့မယ် "

လက်ကို လှမ်းဆွဲပြီး မတ်တပ်ရပ်လျက် နောက် တစ်ခါထဲ ကျောဘက်ကို ထွေးပွေ့ကာ ရင်ခွင်ထဲ ဆွဲသွင်းလိုက်တော့၏

" ကိုယ် စေရာ ကို ချစ်တယ် ၊ ပိုင်ဆိုင်လို စိတ်လဲ ရှိတယ် အခုတော့ မဟုတ်သေးဘူး လေ ကိုယ်ကော စေရာ ကပါ အိမ်ကို ဆန့်ကျင်လို့ မရတဲ့ သူတွေ ရပ်တည်နိုင်ဖို့ ကြိုးစားပြီးတာနဲ့ စေရာ ကို ကိုယ်က တရားဝင် လက်ထပ် ယူချင်တယ် "

" ကိုထိုက် က စေရာ ကိုမပိုင်ဆိုင်ချင်ဘူး မို့လား ? "

" စေရာ ရယ် ကိုယ့်က ယောကျ်ားတစ်ယောက် မင်းလဲပဲ ယောကျ်ား လိုအင်ဆန္ဒဆိုတာ ချစ်တဲ့သူအပေါ်မရှိပဲ နေလိမ့်မလား ကွာ ရှိတာပေါ့ ကိုယ်ပြောတာ အချိန်မတန်သေးလို့ပါ "

" စေရာ ကိုလွှတ်ပါ အေးနေပြီမို့ အခန်းထဲ ပြန်ချင်နေပြီ "

လွှတ်ပေးလိုက်ပြီးနောက် လှည့်တောင်မကြည့်တော့ပဲ အခန်းရှိရာ ဆီ တန်းလျှောက်သွားတဲ့ စေရာ ကို ငေးကြည့်ရင်း သူရိန်တစ်ယောက် သဲသောင်ကြားက ဘီယာဗူးလေးကို ကောက်ဆွဲပြီး တစ်ကျိုက်တည်းမော့သောက်လိုက်တော့တယ် ။

ညလဲ နက်နေပြီ ကောက်ပြီး အခန်းထဲ ဝင်သွားတဲ့စေရာ က အလိုက်တော့သိသည်။တံခါးလေးကိုတော့ ဟထားပေးလိုက်သည် ။ De-Lux Suite Room မို့ တစ်ယောက်တစ်ခန်းယူထားပေမယ့် စေရာဆီ သွားချင်တာကြောင့် ဧည့်သည်ခန်းကို ကျော်လွန်ပြီး အခန်းရှေ့ တစ်ခုမှ ရပ်လိုက်ပြီးနောက် တံခါးခေါက်ကြည့်မိသည် ။

" ကိုယ်ပါ ဝင်ခဲ့လို့ ရမလား "

" အင်း ဝင်ခဲ့လေ "

တံခါးလေးဖွင့်ဝင်သွားလိုက်တော့ စေရာမျက်နှာလေး ညှိုးပြီး ပြတင်းပေါက်နား လေးမှာ ထိုင်နေတာ မြင်တော့ စိတ်မကောင်းဖြစ်မိသလို ငါများမှားသွားလား အတွေးတွေနဲ့ စေရာဆီ လျှောက်သွားလိုက်တော့သည် ။

" စေရာ ကိုယ့်ကို ကြည့်ပါအုံး "

မေးဖျားလေးကနေ ဆွဲယူလိုက်တော့လဲ ငြင်းတာမျိုးမရှိ နှုတ်ခမ်း လေးကို လက်လေးနဲ့ ပွတ်သပ်မိပြီး

" ငိုနေတာလားကွာ စေရာ "

ရုတ်တရက် မျက်နှာ ရှေ့ကို တိုးဝင်လာပြီး သူရိန် နှုတ်ခမ်းဖျားကို ယစ်မှုးစရာ အနမ်းလေးပေးလိုက်တော့ သည် ။ ရုတ်တရက် ဖြစ်သွားပေမယ့်လဲ ချစ်ရသူရဲ့ နှုတ်ခမ်းဖျားလေးကို သူရိန်လဲ မလွှတ်ချင်တော့ပါ ..........

Oct 17,2023 " ဒေါက်..ဒေါက် .. ဒေါက် ...... အစ်ကိုလေး မေဇင်ပါ "

Oct 17,2023

Lost & Found (Complete)Où les histoires vivent. Découvrez maintenant