Part 16 ( Uni )

2.3K 85 2
                                    

" အစ်ကို ကျွန်တော့်ကို ဘယ်လိုမြင်လဲ "

" ဘာကိုမေးချင်တာလဲ "

" ဘယ်လိုကြောင့် တွဲလဲ သိချင်တာပေါ့ "

" သားထူး နဲ့ အစ်ကိုက တွဲနေတာလား "

မျက်ခုံးလေးပင့်တင့်ပြီး မေးလာတော့

" အစ်ကိုကဘာကိုပြောချင်တာလဲ အစ်ကိုပဲ မနေ့ကပြောတော့ အတူတူ ဖြတ်သန်းချင်တယ်ဆို "

" အင်းလေ အာ့ဒါတွဲတာပဲပေါ့ မဟုတ်ဘူးလား အာ့ဆိုဘာလဲ "

" ကဲ ကဲ တခြားတစ်ခုခု Mode ပြောင်းရအောင်လား "

" မပြောင်းပေးနိုင်ပါဘူးနော် ကျွန်တော်မေးတာဖြေ "

" မေးတာတွေများလို့မမှတ်မိဘူးလို့ ဆိုနေ "

" ကျွန်တော် အစကနေ ပြန်မေးပေးမယ် ကျွန်တော့်ကိုဘယ်လိုမြင်လဲ "

မင်းသူရိန် အခက်အခဲကတော့ စပြီ အာ့ဒီမေးခွန်းကို ဖြေဖို့ အမှန်ကိုအဖြေရှိမနေတာပါ ။
သူဒီကောင်လေးကို တကယ်ကော ချစ်ရဲ့လား လို့ ခုထိ မတွေးမိသေးဘူး ။ အတူတော့ ရှိချင်နေပေမယ့် လည်း ရှေ့ကို ကြိုမတွေးထားနိုင်ဘူး ၊ ကိုယ်ကြောက်တယ် ကိုယ်ချစ်တဲ့ သူတွေကို သေကွဲကော ရှင်ကွဲတွေ နဲ့ နှုတ်ဆက်ခဲ့ရပြီးပြီ ၊ထပ်မံပြီးတော့ ချစ်ပေးဖို့ သူတတ်စွမ်းပါအုံးမလား ။

" အစ်ကို ဖြေလေဗျာ "

" အစ်ကိုပြောမယ် သားထူး သေချာနားထောင် မင်းဘက်က အစ်ကို့ကို ဘယ်လိုမြင်လဲ ဆိုတာ အစ်ကို စိတ်မဝင်စားဘူး သိချင်စိတ်လဲ မဖြစ်မိဘူး ထပ်ပြီးလဲ မမေးပါနဲ့ အခု အတူရှိနေကြတယ် အစ်ကို နဲ့ သားထူး ဒီအချိန် ဒီကာလပေါ်မှာပဲ မူတည်ပြီး ရပ်တည်ရအောင်လား"

မင်းသူရိန် အဖြေကို ကြားလိုက်ရတော့ ခွန်လေး မျက်လုံးအရောင်တွေ လျော့ကျသွားသည်။ မျက်ဆံ တစ်ချို့ လှုပ်ခတ်သွားတာကိုလဲ မြင်လိုက်ရသည်။

" ဟုတ်ပါတယ် အစ်ကိုပြောသလိုပါပဲ "

သူ့အဖြေကို လက်ခံလိုက်တာလား ? သူ့ကိုများ ပစ်ခွာတော့မလို့လား ? မင်းသူရိန် ကိုယ်တိုင်လဲ မဝေခွဲချင်ပါ ။ ဘာဖြစ်ဖြစ် အသက်ရှင်နေသည့်‌ နေ့ရက်တွေမှာ‌တော့
အကောင်းဆုံး နောင်တကင်းစွာနေမည် ၊ ဖက်တွယ်မှုတွေရဲ့ အဝေးမှာပေါ့

တီ .. တီ ... တီ

" ဟယ်လို တီလေး "

" သားငယ်ရယ် ဖုန်းအဆက်အသွယ်လုပ်ရတာ ခက်လိုက်တာ ဒီမှာပြသာနာတက်နေလို့ "

" ဘာဖြစ်လို့လဲ တီလေး ဘာပြသာနာ ဖြစ်နေလို့လဲ "

တီလေး ဆီက ပြသာနာ လို့ကြားလိုက်ရပြီဆို အာ့ဒါအတော်ဆိုးဝါးလို့ပင် တော်ရုံဆို သူ့တူ လေးဆီ မပြောတတ်သည့်သူမို့ပေ ။

" သား ဘိုးဘိုး အိပ်ရင်းကနေ ရုတ်တရက် ဦးနှောက်လေပိတ်ပြီး အခုကိုမာဝင်နေတယ် ဟီးးး တီလေးလဲ သားဆီ ဖုန်းမဆက်ချင်ပါဘူး အခုက သားအဘိုး လှဲသွားထဲက အိမ်ကို နေ့တဓူဝ ပြဿနာ လာရှာသူတွေကော ရာထူး ကဆင်းပေးဖို့ကိုလဲ တရားဝင်ကော တရားမဝင်ဆိုလား တီလေးလဲ နားမလည်ဘူး ဟင့် အာ့ဒါ သားငယ်ဆီ ဖုန်းဆက်တာ "

" သားပြန်လာခဲ့မယ် တီလေး ကျန်းမာအောင်နေ ပြီးတော့ ဘယ်သူ့မှ အဝင်မခံနဲ့ အိမ်ထဲ "

ဂွပ်

ခေါင်းထဲ ပူထူသွားသည် အိမ်မှာ အမေ မရှိတော့ထဲက အဘိုးနဲ့မပြေလို့ အဖေက ကိုယ်တွေနဲ့ မနေ အဘိုးဆိုတာကလဲ အတ္တကြီးပြီး လုပ်ချင်တာ လိုချင်တာတွေ တစ်ဇွတ်ထိုး လုပ်နေတဲ့ သူ ကြားထဲက နစ်နာခဲ့ရတာ ပထမတော့အမေ နောက်ပြီး အဖေ ၊ အခု အဘိုးဒီလိုဖြစ်သည်ကို ကြားရတော့လဲ စိတ်မကောင်းပေ မင်းသူရိန် ဒီလို ရပ်တည် အာခံ နိုင်တဲ့ ဒေါက်တိုင် တော့ဖြစ်ပေးခဲ့တာပဲ မဟုတ်ပါရောလား တီလေး တီလေး ဘယ်လောက်တောင်ကြောက်နေလိုက်မလဲ ......

" သားထူး "

" ပြောပါ အစ်ကို ဘာဖြစ်ချင်လဲ "

ဖုန်းစကိုင်ထဲက အနားက ထထွက်သွားပေမယ့် ဖုန်းပြောနေစဉ်တစ်လျှောက်လုံးလှမ်းကြည့်နေတော့ မျက်နှာပျက်နေပြီ ဖြစ်သည်ကို တွေ့ပုံရသည် ။

" ရန်ကုန်ကို အမြန်ပြန်မှ ဖြစ်မယ် အရေးကြီးနေလို့ "

" အင်း ပြန်ကြတာပေါ့ ပြင်လိုက်ပါ ခဏနေ စထွက်မယ် "

စောနထဲက ပြောလိုက်တဲ့ စကားကြောင့် သားထူး ငြိမ်သွားတာတော့ သိသည်၊ သူကEmotional ထိန်းထားနိုင်သူပီပီ ကိုယ့်ကို အေးဆေးလေး ပြန်ပြောလာတော့ ကိုယ်လည်း အလိုက်ထိုက်နေပေးလိုက်သည်။ အခုတော့ အတော်ကြီး အဆင်ပြေနေပုံထောက်သည် ၊ ဒီအချိန်မှ ကိစ္စကလဲပေါ်လာသေးသည် မတတ်နိုင်ပေ ဦးစားပေး အရင်ရောက်အောင်ပြန်မှတော့ ဖြစ်ပေမည် ။

" ဆရာ တက်လို့ရပါပြီ "

" သားထူးကော "

" လာပါလိမ့်မယ် ဆရာ နှုတ်ဆက်နေလို့ နေပါလိမ့်မယ် ပုံသေဆို ခွန်လေးက ရောက်ခဲလို့ပါ"

" သားထူးက အပြင်တွေ ဘာတွေ မသွားဘူးလား "

" မသွားတာ များတယ် ဆရာ ခွန်လေးက အရေးကြီးမှသာ .. "

" တက်တော့လေ ဘာတွေစောင့်နေကြတာလဲ "

အနောက်ကနေ ရောက်လာပြီး စကားစ ဖြတ်သွားကာ လေသံမာမာ ကြား အိုက်ထွန်း ခွန့်တုံ့ပင် မပြန်တော့ဘဲ အနားကထွက်သွားချေပြီ ။
စိတ်ထဲကနေ ငါခေါ်ရင် သူလိုက်ပါ့မလား .......

" အစ်ကို " " သားထူး "

" အစ်ကို အရင်ပြောပါ "

" ရပါတယ် သားထူးကပဲ အရင် "

" တစ်ယောက်ထဲ မဖြစ်ရင် လိုက်ခဲ့ရမလား လေးရက် အချိန်ရတယ် ဒီဘက်ကိုလဲ အရေးကြီး ဧည့်သည် လာဖို့ ရှိနေတော့ ရက်ကြာတော့ နေလို့ရမယ် မထင်ဘူး "

" လိုက်ခဲ့ပေး "

ကားမောင်းနေရင်း မင်းသူရိန်ဆီ လှည့်ကြည့်လာသည် ခေါ်လိမ့်မယ် မထင်မိလို့ဖြစ်လိမ့်မည်။

" အင်း အင်း "

ကားကို ပုံမှန်ထပ် အရှိန်တင်ပြီး မောင်းနှင်တာ ကို သတိထားမိသည် ၊သို့သော် ကိုယ်လဲဘာကိုမှ စောဒက တက်မနေတော့ဘဲ ငြိမ်နေမိတော့သည် ၊ စိတ်ချလို့ကော လုံခြုံတယ်လို့လဲ ခံစားရလို့ ပါလိမ့်မည် ။

.............................................

" ငါအောင်မြင်ဖို့ သိပ်မလိုတော့ဘူးကွ "

တစ်ယောက်ထဲ‌ ရေရွတ်နေတာကို ပိုင်စေရာ သေချာကြားလိုက်သည်၊ ဘာတွေ ထပ်ယုတ်မာနေပြန်ပြီလဲ ? မေမေကော နေကောင်းရဲ့လား စိတ်ပူလို့ကော ခရီးသွားဖို့ ရက်ကိစ္စ အသေးစိတ်ပြောဖို့ ရောက်လာခြင်းဖြစ်သည် ၊ ခေါ်နေတာ အသံမကြားလို့ အနီးရောက်မှ အသံကြားလိုက်တော့ ရင်ထဲတော့ စိုးထိတ်မိ၏ ။

" အဖေ "

" အေး သား ထိုင်ကွာ "

ဒီလို ဖော်ဖော်ရွေရွေ နဲ့ ပြောဆိုတာလဲရှားတယ် ဘာတွေများ စိတ်ကျေနပ် နေလဲမသိတော့ပေ ။

" ခရီးသွားဖို့ ကိစ္စလေး လာမေးရင်း အမေ့ဆီဝင်လည်တာ "

" သားအမေ ကြီးမေ တို့ဆီမှာ လူနာ သတင်းသွားမေးတယ် သားမသိသေးဘူး လား အေးလေ ဟုတ်သား သားဘယ်သိအုံးမလဲ "

ဘာအကြောင်းကို ဦးတည်ပြောနေလဲ တကယ်ကို ခန့်မှန်းလို့မရတော့ ခေါင်းပင်ခဲလာသည်။

" ဝန်ကြီးချုပ် ဦးမင်းအောင် ဦးနောက်သွေးကြောပြတ်သလို ဖြစ်လို့ အိပ်ရာထဲ လှဲနေတယ်လေ အာ့ဒါ မင်းအမေက အိမ်နီးချင်းဆိုတော့ သွားကူတဲ့ သဘော ပေါ့ "

စိတ်ထဲ အပူလုံးဝင်လာသလို ခံစားရသည် ။ အဘိုးက အနားယူခါနီးကျမှ အခုလို ဖြစ်ရတယ်လို့ ပြီးတော့ အဖေက ပြုံးနေသေးသည်။ ဘာလဲ ? ထပ်ပြီးတော့လား ? ဘာတွေကြံစည်နေသေးလဲ ? ကိုထိုက်ရော ဘေးကင်းရဲ့လား သတင်းဖြင့် မကြားတာ သတိမထားမိတာနဲ့ အတော်ကြာနေပြီပဲ ။

" သား ချွေးမလေးမေကော အဆင်ပြေလား "

" မေ ကပြေပါတယ် ၊ ကလေးလဲကျန်းမာပါတယ် "

" အေး ကောင်းတယ် ကလေးက က အိမ်ရဲ့ဆည်းလည်း ပဲမလား "

ဘယ်လိုအဓိပ္ပာယ်နဲ့ပြောလဲ သိသည် ။

" သူ့အဘိုးတွေ ဘယ်တော့လာမယ်ပြောလဲ ? ဘာတွေ ပေးသေးလဲ ? "

" မေ့ဆီက အထွေထူးတော့ မကြားမိပါဘူး မေပြောတာတော့ နောက်လလောက်ဆို လာနေကြမယ်တော့ ကြားတယ် "

" မင်း လဲ အရင်လိုတွေ မလုပ်တော့ဖို့ မျှော်လင့်တယ် "

လက်ခံသလို ' အင်း ' နှင့် ငြင်းပယ်ခြင်း ' ဟင့်အင်း ' တစိုးတစ မှ ထုတ်မပြောခဲ့ပေ။
နောက်ရက်တော့ အဘိုးမင်းအောင်ဆီ သွားလည်ရပေအုံးမည် အင်း ကိုထိုက် ကိုလည်း မြင်တွေ့ချင်သေးသည် ။

" ကျွန်တော်ပြန်တော့မယ် "

" အေး အေး "

ပြန်လာသည့် လမ်းတစ်လျှောက်လုံး ခေါင်းထဲ သင်္ကာမကင်း ဖြစ်နေတာ အမှန်ပင် ၊ သူ့အဖေအပြုအမူက ထူးခြားနေသည်။ တစ်ကြိမ်ထပ်တော့ မလွှတ်မြောက်နိုင် ဘာကြောင့်များ အာ့လောက် ကြိုးစား ပမ်းစား အာဏာကို မက်မောနေသည်ကိုလည်း အစားဝင်တွေးကြည့်ပေးလို့ကို မရပေ ။ ဘာတွေက အာ့လောက်ထိ ဆိုးဝါးစေခဲ့တာလဲ ?

" သားထူးရယ် လိုက်လို့ ဖြစ်ပါ့မလား အမေ့ ရင်တွေပူရတယ် သားရယ်ပြီးတော့ သူက ဝန်ကြီးချုပ်နော် သား အခန့်မသင့်လို့ သားကိုဖမ်းချုပ်ထားတာမျိုး ဖြစ်လာခဲ့ရင် ဟော ဒီအမေရင် တွေ ပူကျစ်သေရလိမ့်မယ် "

" မလိုတာတွေကို တွေးမပူစေချင်ဘူး အမေရယ် ပြီးတော့ အစ်ကိုလဲ ပါနေမှာပဲ ကို "

" သူက အာ့ဒီအိမ်ကနေတောင် အပြင်ထွက်နေနေတာဆို သားထူးရယ် အမေ့ကို ကြည့်ပါအုံး ဟောဒီက လူတွေရဲ့ မျက်နှာကြည့်ပါအုံးကွယ် "

" အမေ့ စိတ်အေးအေးထား မဟေသီ တစ်ယောက်က အာ့လိုဖြစ်နေလို့ရမလား သားပြောပြတာ သေချာနားထောင် နော် ၊ အခုလက်ရှိ ဝန်ကြီးက ကျန်းမာရေးကြောင့်ဆိုတာထပ် လုပ်ကြံခံရသလို ဖြစ်တာ အကယ်လို့ ရာထူး နှုတ်မထွက်ခင် ဒီလို ဖြစ်ခဲ့ရင် လက်ရှိ ကျန်ရှိတဲ့ မျိုးဆက်က တာဝန်ယူရမှာ လက်ရှိမှာ ဒီတာဝန်ကို ထမ်းဖို့က အစ်ကိုပဲ ရှိတော့တာ ပြီးတော့ အစ်ကိုက ဒီနယ်ပယ် က မဟုတ်ဘူး ဘာကိုမှမသိဘူး ခြောက်ချ ခံရနိုင်တယ် အကယ်လို့ အစ်ကို သာအာ့နေရာ ရောက်ရင် သားကို ဖမ်းချုပ်ထားဖို့ဆိုတာကလဲ မဖြစ်နိုင်ဘူး သားအာဏာ နဲ့ အစ်ကို အာဏာ နဲ့သာဆို ဘယ်သူမှ ဘာမှမလုပ်ရဲဘူး "

သားငယ် က သိပ်တော်တာ ကို လက်မခံချင်ပေမယ့် အသက် ၁၄ လောက်ထဲက ရောင်းဝယ်ဖောက်ကားရေး တစ်ချို့ကို အကြံတွေစပေးထဲက လက်ခံခဲ့ရသည် ၊ အဖေ့သွေး ကတော့ အဟုတ် အလုပ်ဖြစ်နေသလို အကွက်တော့ စေ့၏ သို့ပေမယ့် အချိန်မတန်ခင် နှုတ်ဆက်သွားမှာကိုလဲ ပူရသည်၊ ချော့ပြော ရမလား ခြောက်ပြောရမလား ကို ကောင်းကောင်းကိုင်တွယ်တတ်သူ ပီပီ ခုလဲ အမေကို ချော့ပြောနေပြီမဟုတ်လား ။

" တစ်ခုပဲ တောင်းဆိုမယ် သား "

ခုနေ ဘာမဆို လုပ်ပေးမှာ ကျိန်းသေးသည့် ခွန်စဝ်ငွေအိမ်ထူး ပင်.

" အမေ ဒေါက်တာ နဲ့ စကားပြောချင်တယ် "

မမျှော်လင့်ထားတာ အမှန်ပဲမို့ အနည်းငယ်တော့ ထိတ်လန့်မိပြီး မိနစ်အနည်းငယ်မျှ စဉ်းစားနေသည် ။

" အမေက နှစ်ယောက်ထဲပဲ ပြောချင်တာ "

" ဒါတော့ နည်းနည်း.... "

" မဖြစ်နိုင်ဘူးလား "

" အာ့လိုတော့လဲ မဟုတ်ပါဘူး အစ်ကိုက အခြေအနေမကောင်းဘူး ဒဏ်ရာတွေ များနေတယ် အမေ ထပ်ပြီးများ "

" မင်းကိုယ့်ကိုကိုယ် ယုံကြည်ချက်မရှိဘူးလား အမေနဲ့ ဒေါက်တာ စကားပြောမှာကို "

" ကျွန်တော်ပြောလိုက်ပါမယ် သွားဖို့လဲ ပြင်လိုက်ပါတော့မယ် "

စကားပဲ ပြောရမယ် ရှိသေးသည် ။ သွားဖို့တောင် ပြင်တော့မည်တဲ့ အာ့ဒါ သူ့သားပင်

....................................................................

" ဆရာ "

ထိုင်ခုံတွင် မျက်နှာထားတည်တည် ဇိမ်ကျကျဖြင့် ဆေးတံဖွာနေသည့် ဦးယိမ်းမင်း ဆိုသူဆီ တပည့်တစ်ယောက်ပြေးဝင်လာခြင်းပင်

" မင်းပြောစရာမလိုဘူး ငါကြားပြီးပြီး အာ့ဒီအကြောင်းတရားတွေ ရှိတာ ငါဘာလို့မသိရတာလဲ "

" ကျွန်တော်လဲ သေချာ မသိလိုက်မိလို့ပါ "

" ဟိုစောက်ခြောက်ဘယ်မှာတဲ့လဲ "

" ဒီည ရှမ်းစော်ဘွား ခွန်စဝ်ငွေအိမ်ထူး နဲ့ အတူ ရန်ကုန်ရောက်ပါမယ် ခန့်မှန်းချေ ည ၁၁ ဝန်းကျင်ပါ "

" ဆိုက်ရောက်က ရော "

" နေရာ မသိနိုင်ဘူး ဆရာ ဘယ်လိုမှလဲ ထွက်မလာဘူး "

တောက်

ဝရုန်း ( စားပွဲပေါ် ရှိရှိသမျှကို တွန်းချလိုက်ခြင်းဖြစ်သည်)

" ငစေ ငစေ မွေးထဲက စောက်ကျိုးမပေးဘူး နောက် အပတ်ခရီးစဉ်ကရော "

" မသေချာဖို့တော့ များတယ် ဆရာ အကယ်လို့ လက်ရှိ ဝန်ကြီးနေရာမှာ အပြောင်း .."

ဘုန်း ...

" ဟာကွာ ငါ့လမ်းတစ်လျှောက် ဘာတွေ အာ့လောက် လာပိတ်နေရတာလဲ "

" ထွက်သွား မင်းသွားတော့ "

ဦးယိမ်းမင်း တစ်ယောက် အတော်ပင် ဒေါသငယ်ထိပ်ရောက်နေပြီ ဖြစ်သည် ။ အာ့ကလေးလိုကောင်က လွန်ခဲ့တဲ့ တစ်နှစ်က တစ်ကြိမ် အခုတစ်ကြိမ် နှောင့်ယှက်တာတွေ များနေပြီ ၊ အတော်လဲ လည်တဲ့ကောင် အသက်ငယ်လို့ ဇာတာ ကျန်သည်နေမှာ ။

" အစ်ကို ဖြစ်ပါ့မလား "

ခေတ်က သားထူး လိုက်မည်လို့ကြားထဲက မျက်နှာမကောင်းတာကို သိသည်။ အခုလဲအမေ နဲ့ စကားပြောမည် ဆိုထဲက စိုးရိမ်ပူပန်နေတာကို အတိုင်းသားမြင်နေရသည် ။ ပြန်ရောက်ထဲက သားထူးကိုတော့ မတွေ့ရတော့ ချေ ။ ည ၁၀ နာရီ ပြန်မယ်က လွဲ ကျန်တာ မသိရတော့ ပေ။

" ပြေမှာပါ ခေတ်ရဲ့ အန်တီက သဘောကောင်းပါတယ် "

" အရမ်းမကောင်းဘူး အစ်ကိုရဲ့ သူ့သားနဲ့ ပက်သက်ရင် "

ခေတ်က မျက်စောင်းလေးနဲ့ ပြောလာတော့ မင်းသူရိန် ရယ်ပြလိုက်ပြီး လက်လေးကို ကိုင်ကာ

" အဆင်ပြေမှာပါ ခေတ်ရဲ့ အစ်ကိုထပ် ခေတ်ကတောင် ပိုပူနေသလိုပဲ "

" ခေတ်ပြောမယ် "

ကျွီ ..

" သား ဝင်လာခဲ့ လာ "

ခေတ်စကားတွေ ဆုံးခန်းမတိုင်လိုက်ပါ ၊ အစ်ကိုကတော့ အမေ့အခန်းထဲရောက်သွားချေပြီ။

" ထိုင်ကွယ် သား "

" အန်တီကတော့ လိုရင်းကိုပဲပြောတာပေါ့ သားဘက်က သေချာလေး နားထောင်ပေးပါ "

" သားငယ်က သားတို့လောက် မကြီးကျယ်နေရင်တောင် ဒီအရပ်ဒေသ မှာ သူမရှိလို့မဖြစ်နိုင်ဘူး လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကလို လှုပ်ရှားမှုတွေ သေချာလုပ်ဆောင်ချိန်မှ လုပ်ကြံခံခဲ့ရတယ် ဒေါက်တာ သိပြီးသားဖြစ်မှာပါ "

" ကျွန်တော်သိပါတယ် တစ်ချိန်က လူနာ အနေနဲ့ တွေ့ဖူးလို့ပါ "

" အခု သား အဘိုးသတင်းကြားရတာ စိတ်မကောင်းပါဘူး သားငယ် လိုက်ပို့လို့ မမျှော်လင့်တဲ့ ပြသာနာ ထပ်ပြီးများ ဖြစ်လာခဲ့ရင် လက်ရှိ ဒေါက်တာ အခြေအနေက "

" ကျွန်တော် ကယ်ပေးနိုင်မှာ မဟုတ်ပါဘူး ကျိန်းသေပါတယ် ဒါကတော့ အန္တာရယ်ကင်းဖို့ကိုလဲ အာမမခံ နိုင်တဲ့ အနေအထားပါ ဒါပေမယ့် ကျွန်တော် ပြောနိုင်တ တစ်ခုက ခွန်စဝ်ငွေအိမ်ထူး ကိုတော့ ယုံကြည်သင့်တယ်မို့လား သူက ကြိုတွေးဆ တတ်တဲ့ သူတစ်ယောက်ပဲလေ အနည်းဆုံးတော့ အခုနေမမျှော်လင့်ထားတာတွေ ကြုံတွေ့ ခဲ့ရင်တောင် ကျွန်တော် အနေနဲ့ နောင်တ ရစရာ မရှိပေမယ့် ကျွန်တော် နား မှာမရှိလိုက်ရတဲ့ ခွန်စဝ်ငွေအိမ်ထူး အနေနဲ့ နောင်တ ရနေမယ် ထင်တယ် အာ့လို နောင်တတွေ တစ်ပွေ့တစ်ပိုက်ရှင်သန် နေရမယ်ဆို မြင်ရတွေ့ရလက်ခံဖို့ အဆင်ပြေနိုင်လား "

သားငယ် ရဲ့ အကြိုက်ကိုတော့ မလေးစားပဲ တော့မနေသင့် ညဏ်ထက်တဲ့ ကလေးဖြစ်လိမ့်မည်လို့ တွေ့ထဲက တွေးထားပေမယ့် စိတ်ကင်ဆာ ဝင်အောင်ပါ ပြောတတ်သေးသည်။

"သားဘက်ကနေ လဲ အစွမ်းကုန် ကာကွယ်ပေးနိုင်မလား သားတို့ ရဲ့ အချစ်ရေးကို အန်တီ ဘာမှမပြောလိုဘူး မျိုးဆက်ဘာညာလဲ အန်တီ အယူမသီးပေမယ့်လို့ သားလေး ကိုတော့ အသက်ရှည်ရှည်နေစေ့ ချင်တယ် အန်တီတောင်းဆိုတာ ဖြစ်နိုင်ပါသလား "

" မဖြစ်နိုင်ဘူး အန်တီ ကျွန်တော် မဖြစ်နိုင်တာကို ကတိပေးတတ်တဲ့ သူမျိုး ဟုတ်မနေလို့ လိမ်ညာပြီးလဲ ကတိပေးမသွားချင်ပါဘူး သေချာတာကတော့ ကျွန်တော် အာမမခံနိုင်လို့ပါ"

" အန်တီ နားလည်ပါပြီ သားတို့ သွားဖို့ ပြင်ကြတော့ အချိန်မလင့်ခင် "

" သွားဖို့က "

" အတူသွားကြပါ အတူပြန်လာခဲ့ "

ခေါင်းလေးညိတ်ပြီး မင်းသူရိန် လှည့်ထွက်ခဲ့သည် ။ စိတ်ထဲတော့ နည်းနည်းစားနေပြီ အာမမခံပါဘူး ဆို ဘာလို့ထည့်လိုက်သေးတာတုန်း လိုက်မမှီတော့ဘူး ။

" အစ်ကိုပြေလား "

" ပြေပါတယ် ခေတ်ရဲ့ ဘာတွေပြောနေကြသေးလဲ "

" သမီးခေတ် သားတို့ သွားဖို့ ပြင်နေတယ်မို့လား သမီး မနှောင့်ယှက်နဲ့ "

" ဟုတ်ကဲ့ "


If you like this story please vote & comment for me .


Nov 23.2023 

Lost & Found (Complete)Where stories live. Discover now