မင်းသူရိန် မနေ့က ရွာဘက် ဆင်းပြီးကျန်းမာရေးစစ်ဆေးဖို့ ကူပြီးတဲ့နောက် အပူရှိန်ကြောင့်ပဲ လား ? ခရီးပန်းသလို ဖြစ်ကာ အဖျားပိုးလေးတော့ ဝင်နေပြီဖြစ်၏ ။
" အာကာ ငါ အိပ်နေမှာမို့ ဖြစ်နိုင်ရင် မဆူနဲ့ အကောင်းဆုံးက မင်းအခန်းပြန်နေပေး "
" အင်း ကောင်းကောင်းနား "
ဒီလိုနဲ့ ဖျားတာ သုံးရက်လောက်ရှိနေပြီ ဖြစ်သည်။ မင်းသူရိန် အမှတ်မမှားရင်လည်း ထိုနေ့ညထဲက သားထူးပြန်မလာတာ တစ်လ နီးပါး ရှိနေပြီ ဖြစ်သည်။ အဖျားလေး သက်သာနေပြီမို့လဲ နဲနဲတော့ ထူထူထောင်ထောင်ရှိနေပါပြီ ခေတ်တို့နဲ့ လုပ်စရာရှိသည်များလည်း ဆင်းကူပေးလိုက်သေးသည် ။
" ဒေါက်တာ "
အိမ်မက်ကြီးလား ? တကယ်လား ? မသိ အိပ်ခါနီးအိပ်ဆေးလေး သောက်ပြီး အိပ်လိုက်တော့
ဝေဝေဝါးဝါး တီးတိုးသံတွေလို့ ခံစားနေမိရာက တစ်ကိုယ်လုံးနွေးထွေး ရင်ငွေ့နွေးနွေးလေးဆီ ရောက်နေသလို ခံစားရသည် ။ ကောင်းလိုက်တဲ့ အိမ်မက်လေး ဖြစ်မည်လို့ထင်ကာ ကျေနပ်နေတာ ပြုံးမျက်နှာတောင် ထင်မြင်မိလိမ့်မည် ။
အင်းးးး ပျင်းကြောလေး ဆန့်ပြီး ထလိုက်ရမှ အိပ်ရာထဲက ထရတာ အရသာရှိသလိုပင်
' ဘုတ် ' ' အ '
အော်သံလေးကြားလိုက်ပြီး မင်းသူရိန် မျက်လုံးအစုံ ချက်ချင်းပွင့်သွားတော့သည် ။
မျက်စိရှေ့မှာ မြင်လိုက်ရတဲ့ သားထူး ကို ကြောင်ပြီး ကြည့်နေမိ ရာက သားထူးက သူ့အင်္ဂါ နားကို ကိုင်ပြီး နာသယောင် ပြုနေသည်ကို သတိကပ်မိတော့
ဘုရားရေ ငါကန်လိုက်မိတာလား ... သေပြီ
" အဆင်ပြေရဲ့လား အစ်ကို ဘာလုပ်ပေးရမလဲ အတော်အောင့်သွားတာလား ကြက်ပူ ထိုးပေးရမလား ဟမ်း လက်ဖယ်အုံးလေ ကြည့်ပေးမယ် "
" အ့ အာ အစ်ကိုကလဲ ဘယ်လိုလုပ် ပြရမလဲ ဘာကို ကြက်ပူ ထိုးအုံးမို့လဲ အ့ နေနေ ရတယ် "
ကုတင်ပေါ် ခြေမကိုင်မိ လက်မကိုင်မိ ထိုင်နေရာက ကြောင်ကြောင်လေး ကြည့်နေသည့် မင်းသူရိန် ကို နှုတ်ခမ်းလေး ကွေးညွတ်ရုံ ပြုံးပြပြီး
" အဆင်ပြေတယ်လို့ ဟာဗျာ မျက်ရည်ဝဲနေတာလား "
" မင်းပြေလား မပြေလား ကြည့်ပေးမလို့လေ မင်းက ခုပြေလား မသိ မပြေလား မသိရတော့ အားနာတယ်လေ "
ငိုသံလေး အဖျားဆွတ်လာပြီး နှာသီးဖျားလေး ရဲလာတော့ အောင့်နေတာတောင် ဘယ်ရောက်မှန်းမသိ
" အစ်ကိုရယ် အခုက ဘယ်လိုပြရမလဲ ကျွန်တော် ချွတ်ပြရင် အစ်ကို ကြည့်မှာကျိန်းသေလား ကဲလာ ဒါဆို "
ဘောင်းဘီ ခါးပတ်ခေါင်းကိုဖြုတ် ကြယ်သီး ဖြည်နေတုန်း လက်ကို ထိန်းလိုက်ပြီး နီနီရဲရဲ မျက်နှာကြီး နှင့်
" ရပြီ ရပြီ မင်းသက်သာရင် ရပြီ "
ကုတင်ပေါ်က ဆင်းသွားပြီး ရေချိုးခန်းထဲ တန်းဝင်သွားသည် ကို ကုတင်ပေါ်ကနေ သေချာလေးကြည့်နေလိုက်ပြီး ခဏတော့ ပြန်မှိန်းဖို့ လိုနေပြီ ဖြစ်သည်။ ဖက်သာ ဖက်ထားရတာ ရင်ခွင်ထဲ တစ်စက် မှ အငြိမ်မနေ ဟိုလှည့်လိုက် ဒီလှည့်လိုက် နှင့်ပင် လက်မောင်းကြွက်သားပင် ကြိတ်ခံထားရသလို အောင့်ချင်နေပြီ ဖြစ်သည်။ နောက်ဆို မလွယ်လှဟု တွေးပြီးတော့ မျက်လုံး ခဏ မှိတ် ပြန်မှိန်း နေလိုက်သည် ။
" သားထူး သားထူး "
မခေတ် ၏ နိုးနေသံ ဖြစ်သည်။
" ဟင် ဘာဖြစ်လို့လဲ "
" နင်ကလဲ အိမ်ရောက်လည်းကိုယ့်အခန်းပြန်အိပ်လေ အခုတော့ သူများသား ကုတင်မှာ အိပ်နေလိုက်တာ နေ့မွန်းထိုး နေပြီ ထတော့ ထမင်းစားကြမယ် "
" အစ်ကိုကော "
" အောက်ထပ်မှာ အပြင်သွားဖို့ လုပ်နေပြီ "
စောင်အောက်က ပြေးထွက်သွားတာ ဖမ်းချိန်တောင် မရလိုက်ပါ ။
ဒုန်း ဒုန်း
လှေကား တစ်လျှောက် အလောတကြီး ပြေးထွက်လာပြီး အိပ်ရာထဲမှ ထလာမှန်းသိသာနေသည် ။ မနက်က ဖြုတ်ထားသည် ခါးပတ်တိုင်းပင် ဖြစ်ကာ ကားပေါ်တက်ခါနီး မင်းသူရိန် ဆီ လမ်းလျှောက်လာကာ လက်ထဲက Medical Box ကို ယူကာ
" ဒီနေ့လေး ကျွန်တော် နား နေပါလား "
ဒါလာချွဲနေတာလား ဟေ ရင်ထဲက တဒိတ်ဒိတ်တော့ ခုန်လှိုက်လာနေပြီ ဖြစ်သည် ။ မဖြစ်သေးပါဘူး ။
" ဘာဖြစ်လို့လဲ သားထူးရဲ့ အစ်ကိုက အလုပ်ရှိလို့လေ "
အလုပ်သွားခါနီးအဖေ့ဆီ ချွဲနေသလိုပင် ဘေးကလူတွေတော့ တစ်မျိုးထင်လောက်သည်ထိ
မျှော်လင့်နေသည့် အကြည့်နှင့် ကြည့်နေတော့သည် ။
" ကဲ သူရိန်ရယ် နေခဲ့လိုက်ပါတော့ မဟုတ်ရင် ငါတို့လဲ သွားရမှာ မဟုတ်တော့ "
" ပေး လက်ထဲက ဟာ "
ခေတ်တစ်ယောက် ပြောလဲပြော လက်ထဲကနေလဲ ဆွဲယူလိုက်ပြီး ကားပေါ်တက်လိုက်ပြီးနောက်
" ဆင်းကျန်ခဲ့တော့လေ ဘာလုပ်နေတာလဲ ဆရာက "
"ဪ အင်း "
ကားပေါ်က ဆင်းလိုက်ပြီး သားထူးကို မော့မကြည့်ရဲသေးပေ အိမ်ထဲကိုသာ တန်းတန်းလမ်းလျှောက်မိသည် ။ လက်ဖျား ကနေ လှမ်းဆွဲလိုက်တော့
" ဘာလဲ ဘာလုပ်အုံးမို့လဲ "
" ခဏလေး နေ အပြင်သွားရအောင် နေမကောင်းဘူးဆို စိတ်ပြေလက်ပျောက် ရေသွားဆော့ကြမယ်လေ "
" မသွားချင်ပါဘူး "
" သွားရအောင်ပါ အစ်ကိုနဲ့လဲ စကားအေးဆေးပြောချင်တယ် အနားလဲ ယူချင်လို့ ပင်ပန်းတယ် "
" အာ့ဆိုလဲ ခေတ်တို့ပြန်လာတဲ့ထိ စောင့်ပြီးမှသွားကြတာပေါ့ "
လက်လေးနောက်တစ်ဖက်ကိုပါ ဆွဲယူလိုက်ပြီး မျက်နှာ နား ငုံ့ချခါ မျက်လုံးကို လာကြည့်ခါ
" အစ်ကို နဲ့ နှစ်ယောက်ထဲ ဟန်နီးမွန်းထွက်ချင်တာ "
ဘုန်း
လက်သီလေးက ရင်ဘတ် ကိုပစ်ခွင်းလိုက်ပြီး ခြေလေးဆောင့်ကာ အိမ်ထဲ ဦးတည်သွားလေတော့သည်။
" ခဏလေး နေ သွားမယ်နော် အစ်ကို "
လက်နောက်ပြန် လက်ခလယ် ကထောင်ပြလိုက်သေးသည် ၊ ဒီဆရာဝန် သိပ်ကိုရိုင်းသည် ။
...................................................................
တီ... တီ... တီ
" ဟယ်လို "
" ကိုယ် ဒီည အိမ်ပြန်လာမယ်မို့လား "
" ဪ မေ ပြန်လာခဲ့မယ်လေ "
" မေ ကိုယ့် အကြိုက် ပုဇွန်အုန်းနို့ ချက်ထားမယ် သတင်းကောင်းလဲ ပြောစရာရှိလို့ စောစောပြန်လာခဲ့မယ်မို့လား "
" ဟုတ်ပါပြီ အပင်ပန်း မခံပါနဲ့ ကိုယ်စောစောပြန်လာမှာပေ့ါ "
" ကိုယ် အာ့ဆို မေဖုန်းချပြီနော် "
" ဟုတ်ပြီ မေ ညနေကြတွေ့မယ် "
ဖုန်းချလိုက်ရုံပင် အလုပ်ခုံပေါ်က Telecom ဆီကနေ
" ဆရာ့ အဖေ ဆရာအခန်းဆီ လာနေပါတယ် "
ပြောနေတဲ့ စကားသံ အဆုံးမှာပင် တံခါးပေါက်ကနေ ဝင်လာလိုက်ပြီဖြစ်သည့် ဦးယိမ်းမင်းရဲ့ အလိုမကျတဲ့ မျက်နာကို အတိုင်းသား မြင်နေရသည်။ ခန့်မှန်းစရာ မလို ဒါ တစ်ခုခု ပြသာနာဖြစ်လာလို့ သူ့ဆီရောက်လာခြင်း ဖြစ်နိုင်သည် ။
" အဖေ ထိုင်နှင့်လေ သားခဏနေ အလုပ်ပြီးပြီ "
" မင်းအာ့အလုပ် ခဏထားခဲ့ပါကွာ ငါ့မယ် အရေးကြီး ကိစ္စရှိတယ် "
အတော်ကို အရေးကြီးနေပုံ ထောက်တာနဲ့ လုပ်လက်စလေး ချကာ ထိုင်နေတဲ့ ဦးယိမ်းမင်းဆီ သွားလိုက်သည် ။ အနေအထားက အတော့ကို ပူပန် သောက ရောက်နေပုံပင်
" ဘာဖြစ်လာပြန်လို့လဲ "
" ကိစ္စလေး တစ်ချို့မှာ ပြသာနာတက်နေတယ် အတော်လဲ ကြီးတယ် ခုလောလောဆယ် အသက်အန္တရယ် ပါ ခြိမ်းခြောက်ခံ နေရတယ် "
" ဘာတွေ လုပ်လာပြန်ပြီလဲ ဘာတွေ ပြသာနာတက်နေတာလဲ နားရှင်းအောင်ပြော "
" လွန်ခဲ့ တဲ့ တစ်နှစ်က အဖေ သိမ်းထားတဲ့ ရှမ်း ပြည် အရှေ့ပိုင်းက အခင်းက ပိုင်ရှင် ပြန်ပေါ်လာတယ် ၊ အာ့အခင်းက ထွက်ကုန် ကို မရလို့ အဖေ တစ်ဖက်က Lina တို့ဆီကခြိမ်းခြောက်တာ ခံနေရတယ် "
" အဖေပြောတဲ့ ဟို စော်ဘွားလေး ဆိုတာလား သူက သေပြီဆို အဖေပြောတော့ သိမ်းထားတယ်ဆို ပြန်ပေါ်လာလည်း အဖေ့ အပိုင်ပဲ မဟုတ်ဘူးလား ပြန်ယူလို့ရလို့လား "
" ငါတို့လူမျိူးထဲမှာ သိပ်စည်းကမ်းကြီးတဲ့ ရှမ်းတွေကွ အာ့ကလေး ပြန်ပေါ်လာပြီး အများကြီးကာကွယ်ပေးနေတော့ အာ့ယာက လူတွေကော အာ့တဝိုက်မှာ ဘာကိုမှ လှုပ်ရှားလို့မရဘူး အရေးထဲ သေပြီ ထင်ရာကနေ ပြန်ပေါ်လာတာ မထူးဆန်းလွန်းဘူးလား ခုထိ လူတောင် မမြင်ရသေးဘူး နာမည်နဲ့တင် ငါ့မှာ လုပ်ငန်းတွေ အတော် ထိခိုက်နေပြီ "
" အာ့တော့ ကျွန်တော် ဘာလုပ်ပေးရမလဲ "
" ပိုက်ဆံ "
" မဖြစ်နိုင်ဘူး ထင်တယ် ကျွန်တော် ဟိုတလောက မှ City Project ငွေလိုက်ထားတာ မဖြစ်နိုင်ဘူး "
" မင်း အမေ အသတ်ခံရတာ မြင်ချင်လို့လား "
" အမေ့ကို ဘာလုပ်ပြန်ပြီလဲ "
" အာ့ဒီ အသုံးမကျတဲ့ မင်းအမေ သေတာ မမြင်ချင်ရင် နောက်နှစ်ရက် အတွင်း ငါ့ကို ၁ မီလီယမ် ပေးဖို့ ပြင်ထား ငါအရေးကြီးနေတယ် မင်းကို ထပ်မပြောချင်ဘူး စောက်သုံးမကျတဲ့ မင်း မွေးလာပြီး ငါ့ကို အာ့လောက်တော့ လုပ်ပေးနိုင်ရမှာပေါ့ "
" ၁ မီလီယမ် များလွန်းတယ် ကျွန်တော့်မှာလဲ မရှိဘူးလေ "
" မင်းမှာ မရှိရင် မင်းမိန်းမ ဆီက တောင်းချေ မင်းမှာ ရွှေတွင်းပိုင်တဲ့ မိန်းမ ရှိနေတာပဲ "
" အဖေ အာ့လို မလုပ်ပါနဲ့ မေတို့ဆီက တစ်ချို့ အကြွေးတွေတောင် ခုထိ မပေးရသေးဘူးအခုလို ဆက်လုပ်နေလို့ ကျွန်တော့ အိမ်ထောင်ရေးပြိုကွဲရလိမ့်မယ် "
" မင်းက ပြိုကွဲချင်နေတာမလား ဟေ့ကောင် စောက်ခြောက် ဟမ် မွေးရကျိုး မနပ်တဲ့ သား
ဘာမှ ဆက်မကြားချင်ဘူး ငါလိုချင်တာ ရအောင်ရှာပေး မင်းအမေကို သနားရင် မြန်မြန်လုပ်ပေး "
ပြောပြီး ထထွက်သွားတော့သည် ။
ငါမွေးလာတာက ဘယ်သူ့အပေါ်မှာများ အကြွေးတွေ များနေခဲ့လို့ပါလိမ့် ?
ဖုန်းလေးကို ထုတ်ပြီး အမေ့ဆီ ဖုန်းလေးခေါ်လိုက်တော့ ကြည်လင်နေသည့် အမေ့သံလေးက ထွက်ပေါ်လာသည် ။
" ဟယ်လို သား "
" အမေ့ "
" အေး သား ပြောလေ အမေ နားထောင်နေတယ် "
" နေကောင်းရဲ့လား နေ့လည်စာ စားပြီးရဲ့လား "
" နေကောင်းပါတယ်သားရဲ့ မင်းအဖေက နေလည်ပြန်လာ စားမယ်ဆိုလို့ စောင့်နေတာ သားရဲ့ အမေ့သားလေးကော စားပြီးပြီမို့လား "
" စားပြီးပြီ အမေ့ဆီ သတိရလို့ "
" အမလေးကြီးကောင်ကြီးမား နဲ့ လာချွဲနေတယ် အမေ့ကိုလဲ မြေးလေး မြန်မြန် မွေးပေးပါအေ မြေးချီချင်လှပြီ "
" အမေကလဲဗျာ ဖုန်းဆက်တိုင်းဒါကြီးပဲ "
" ဒါပဲ အမေ့ ဘဝမှာလိုအပ်တော့လို့ပေါ့သားရယ် "
" အမေအချိန်ရရင် အိမ်လာနေပါလား သားကားလွှတ်လိုက်မယ်လေ "
ဖုန်းချလိုက်ပြီးနောက် အမေ့သံလေး တစ်ချို့နားထဲ ကြားနေရသည်။
" သားအဖေက အမေ မရှိလို့ မဖြစ်ဘူးတဲ့လေ "
ညနေ ရောက်နေပြီ ခြေထောက်တွေလဲ လေးလံနေပြီး တော့ မေ့ ဆီကနေတော့ ပြောကြည့်ရမည် ။ ရမှ ဖြစ်မယ် အားနာရပါတယ် ။ ကားကို သေချာ ဂရုစိုက်မောင်းကာ အိမ်သို့ပြန်လာလိုက်သည် ။
မေက သိပ်အလိုက်သိသည် ။ အိမ်ရှေ့ကနေ ကို စောင့်နေသည် ။ သူ့ကို သိပ်ချစ်နေပေးတတ်သည့် မေ့ကိုလဲ အားနာမိတာ အမှန်ပင်
" ကိုယ် အိတ်ပေး "
" မေ က ဒီနေ့ ဘာများပျော်စရာရှိလို့ တုန်း တက်ကြွနေပါရောလား "
" ကိုယ်ရေချိုး ပြီးရင် ဆင်းလာခဲ့ ထမင်းစားဖို့ ပြင်ထားနှင့်မယ် "
" မေ့ အပြောတိုင်းပါပဲ ခဏစောင့်ပါဗျ "