Part 30 ( Uni )

1.7K 67 2
                                    


တစ်ကိုယ်လုံးတစ်နေရာကနေမှ လှုပ်ရှားလို့မရခြင်းက တင်းကြပ်စွာ ဖြစ်နေသည်ကို အစိတ်ပိုင်းတိုင်းက ခံစားနေရသည် ဖြစ်ကာ မျက်လုံးပေါ်က မီးအလင်းက ကြည့်ရ အတော်ကို စနိုးစနောင့်ဖြစ်တာကြောင့် မျက်လုံးများပင် သေချာဖွင့်မကြည့်နိုင်ပေ မျက်ခွံများကိုသာ ပုတ်ခတ်ရင်းက ခေါင်းငုံ့ ဖို့နှင့် လှုပ်လိုက်သည့်အခါမှ နားစည်တွင်းသို့အသံတွေ ဝင်ရောက်လာသည်

" ဆရာဝန် ခေါ် ဆရာဝန် သားထူး သတိရပြီ "

ဆိုသည့် အသံက ကြိမ်နှုန်းထပ်နေသည် ဖြစ်ကာ ခေါင်းများပင် ကိုက်ခဲရ၏ မျက်လုံးများ စူးကျုံ့လိုက်တိုင်း ရင်ဘတ် တစ်နေရာက အောင့်သက်သက် ခံစားချက်ကြောင့် ခေါင်းကို အလုပ်ပေးလိုက်မိသည်။
နာသေးတယ်ဆိုတော့ အစ်ကိုရော .... ။

" သတ္တိသိပ်ရှိသူမို့နေမယ် ခုလို ပြန်နိုးလာတာ ဘုရားရဲ့ စောင့်ရှောက်မှုတို့ပါပဲ "

ဆရာဝန်ကြီးကပါ စမ်းသပ်ရင်း အသံဖျားတို့ တုန်ခါနေသည် ။ နောက်ဆုံးတော့ အသက်ပြန်ရှင်လာပြီ ဖြစ်ကာ ထပ်မံသော ခွဲစိတ်မှုကို ပြုလုပ်နိုင်ပြီ ဖြစ်မည် အမြန်ဆုံး ပြုလုပ်ဖို့ကို သားငယ်ကိုပင် မတိုင်ပင်ပဲ ခေါင်းဆိုင်ကာ တိုင်ပင်နေကြပြီဖြစ်၏ ။

" မောင်လေး နိုးပြီလား "

" အင်း ... အစ်မက ဆံပင်တွေတောင်.. ရှည်လာတာပဲ ... "

" အရူးကောင် နင်လဲနေတာ ဘယ်လောက်ရှိပြီလဲ သိလား "

" အစ်ကိုရော.. "

သတိရထဲက စကားလေးလုံးကွဲတဲ့ထိ ပြောနိုင်ထဲက မေးနေသည်က အာ့ဒါတစ်ခုပဲ ဖြစ်ကာ ခေတ် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး လူရှင်းသည်ဆိုသည့် အနေအထားမှသာ

" ဆရာက ခုထိ အရေးပေါ်ပဲ ဒါမဲ့ နင်ဘာကိုမှ စိတ်လိုက်မာန်ပါ မလုပ်နဲ့ နော် ငြိမ်ငြိမ်နေ မဟုတ်ရင် ပိုဆိုးကုန်လိမ့်မယ် ကြားလား "

ခေါင်းငြိမ့်ရုံသာ သိကြောင်းကို ထုတ်ပြလိုက်ပြီးနောက် အခန်းထဲဝင်လာသည့် အမေဖြစ်သူကို ပြုံးပြလိုက်မိသည်။

" သား နေလို့ကောင်းလား အောင့်နေတာ ကိုက်နေတာ မျိုး ရှိလား "

ခေါင်းခါခြင်းကို သာပြုလိုက်ပြီးနောက် ပြတင်းပေါက် တစ်ဖက်ကို ကြည့်နေလိုက်တော့သည် ။ နိုးလာထဲက မေးနေသည့် မေးခွန်းကို ဘယ်သူဆီကမှ မသိရအောင် ပိတ်ထားသည်က မေးစရာမလို ဟော်နန်းသခင်ခ မဟေသီ ကြောင့်ဆိုတာ အတိုင်းသားသိစွာ ကျွန်တော်လဲ မပြောနိုင်ဟု ပုံနှင့် ပြုမူနေခြင်းဖြစ်သည်။

" သားငယ် အမေ့ကိုကော စကားမပြောတော့ဘူးလား အမေဖြင့် စောင့်နေရတာ ကွယ် "

ဂရုဏာသက်သော အကြည့်များဖြင့် ပြောလာသည့် မိခင်ကို ကြည့်လိုက်ပြီးနောက်

" ကျွန်တော်မှာလည်း သိခွင့်ရှိတယ်လေ "

မျက်စိမျက်နှာ ပျက်နေသူ၏ လက်အား သားထူး လှမ်းအုပ်လိုက်ကာ

" နှလုံးကွဲသေသွားတာ မြင်ချင်သလား ? "

" သားငယ် "

ဒေါသသံကြောင့် မျက်ဝန်းများပင် ကျယ်လောင်စွာနဲ့ ပြောနေသည့် မိခင်ဖြစ်သူ၏ မျက်ဝန်းတည့်တည့်ကို ပြန်စိုက်ကြည့်နေသူကြောင့်

" အမေရယ် တော်ပါတော့ မောင်လေးကလဲ "

ကြားကနေ ဖြန်ဖြေနေသည့် အစ်မ ဖြစ်သူဆီ ရောက်လာသည့် မောင်၏ အကြည့်ကို နားလည်စွာ ထိုင်နေသည့် ခုံမှာ ပြန်ထိုင်နေလိုက်ပြီး တောင်ကြည့် ဟိုကြည့် သာ လုပ်နေလိုက်သည်။

" အစ်ကို ဘယ်မှာလဲ "

ခပ်တင်းတင်းပင် ဖြစ်နေသည့် မျက်နှာထားက မဖြေဘူးဆိုသည့်ပုံပင်

" ကျွန်တော် အိပ်ရာပေါ်မှာ လဲနေတုန်း အာ့လောက်တောင် ပြောရေးဆိုခွင့်မရှိတော့တာလား "

" ဆေးရုံတစ်ခုမှာ ရှိတယ် "

" ဘယ်ဆေးရုံလဲ ? ကျွန်တော် မေးနေတယ်လေ "

" အာ့ကလေးက အသက်ရှင်ဖို့ မဖြစ်နိုင်တော့ဘူး သားငယ် "

" သူမရှင်ရင် ကျွန်တော်လည်းပဲ လိုက်သေမှာမို့ မေးတာကိုဖြေပေးပါ "

.......................................

" အစ်မ "

" .. "

" ညည်းဖယ်နေ "

ပြောဖို့ ပြင်နေသူကို ဖယ်ထုတ်လိုက်ပြီး ထိုင်ခုံတွင် ထိုင်ကာ သားဖြစ်သူကို သေချာကြည့်ပြီး

" အာ့ကလေးမှာ စက်ကပေးတဲ့ အသက်ပဲ ရှိတော့တယ် အသက်ရှုစက်ပြုတ်တာနဲ့ သေဖို့ အဆင်သင့်ဖြစ်နေတဲ့ သူတစ်ယောက်ကို မင်းထပ်မရူးမိုက်ပါနဲ့‌တော့ မင်းကို လိုနေတဲ့ သူတွေ အများကြီးရှိသေးတယ် "

ဟင်းးးး

ဘာကိုမှထပ်မပြောတော့ပဲ သက်ပျင်းရှည်ကြီး တစ်ခုကိုချကာ ခေါင်းလွှဲကာ မျက်ကွယ်ပြုလိုက်တော့သည် ၊ ဘေးကပြောနေသည့် စကားတစ်ချို့ကိုလဲ မကြားတော့သလို အချိန်တစ်ခုကို သေချာပြန်စဉ်းစားနေသည်။ အစ်ကို့ကို သေချာထွေးပွေ့မထားခဲ့ရင် ခုလို ဖြစ်မှာ မဟုတ်ဘူး ပြန်တွေ့တဲ့ အချိန်မှာသာ အစ်ကို့ကို သူချစ်ခွင့်မပန်ခဲ့ ရင် ... သူတို့သာ ရှေ့မဆက်ခဲ့ရင် ခုလို ဖြစ်လာမှာ မဟုတ်ဘူး ။

" မောင်လေး နေကောင်းအောင်နေ အစ်မ ကိုယ်တိုင် လိုက်ပို့မယ် "

" ခေတ်ထူးမေ "

" သိပ်ပြီး အတ္တမကြီးနဲ့ အမေ ရိုးရိုးလေး စဉ်းစားအမေ့သားကို အမေချစ်သလို ၊ သူလည်းပဲ အစ်ကို့ကို ချစ်တယ် "

" ကျွန်‌တော်သွားတွေ့ပါရစေ "

" အမလေး အမေ့သား "

မဟေသီ ရင်နာရပါသည်။ သွေးအလိမ်းလိမ်းနှင့် ခန္ဓာကိုယ်ကို မြင်လိုက်တုန်းက သွေးပျက်မလိုဖြစ်ခဲ့ရပြီးပြီ အသက်ရှုသံတွေတောင် မမှန်တော့သည့် သူ့သားလေး က ခုတော့ မျက်ရည်တွေနဲ့ပါလား ?

" ကျွန်တော် သွားတွေ့ချင်တယ် .. "

တစ်ဖက်ကိုလှည့် ကာ မဟေသီ မျက်ရည်စတို့ကို လက်ခုံဖြင့် ဖယ်ထုတ်လိုက်ပြီး

" နေကောင်းအောင်နေ ဒီထပ် ကျန်းမာအောင်လုပ် အမေတို့ သွားတွေ့ကြမယ် "

သည်လိုနှင့် ခွန်လေး သတိရပြီး နှစ်ပတ် အကြာ ဆေးရုံဝန်းထဲက အဆောင်တစ်ခုကို သွားဖြစ်ခဲ့ကြသည်။

ဘယ်လိုအနေအထားပင် ဖြစ်စေ မြင်ရတွေ့ရမည် ဆိုထဲက ကြည်နူးနေသူပါ စိတ်တို့ကိုလဲ ပြင်ဆင်ထားဖို့ မှာကြားထားသည်မို့ ပြင်ဆင်ထားသင့်သည်ကို နှလုံးသွင်းထားသည် ။

" ခွန်လေး ဒီဘက်ခန်းပါ "

တံခါး လက်ကိုင်တို့အား တင်းကြပ်နေအောင် ဆုပ်ကိုင်ထားကာ ဖွင့်ဝင်လိုက်ချိန်ထိ မျက်လုံးကို အောက်စိုက်ထားဆဲပင် ဖြစ်သည်။
တီ... တီ... တီ... တီ...

ကုတင်ဘေးပတ်လည်က စက်ကိရိယာတွေ ကြားကနေ အစ်ကို့ကိုတောင် ပျောက်လုဆဲဆဲပင် ကုတင်ဘေးတွင် ထိုင်နေသည့် တီလေး မျက်နှာက အရင်လို ရွှင်ပြုံးမနေတာကို ခွန်လေး သိသည် ။ အနားသို့အားတင်းလျှောက်သွားလိုက်ပြီး ပိုက်များကြားက နေ လက်လေးကို ဆုပ်ကိုင်လိုက်ကာ ပါးနားကို တိုးကပ်လိုက်သေးသည်။

' အစ်ကို့လက်လေးတွေက သိပ်ကို နူးညံ့တယ် ' လို့ပြောတိုင်း ကြမ်းပါတယ် ဒါပေမယ့် လက်အိတ်တွေ အဝတ်များလို့ Hand Cream တွေကြောင့်လို့ပြောတတ်သည့်အသံတွေကို ကြားချင်သည်။

" ဘယ်လောက်ထိ ဆိုးလဲတီလေး "

" ..... "

" ကျွန်တော် လည်း ကြုံခဲ့ရတဲ့သူပါ "

" နှလုံးသွေးကြော ကြားက နေ ယှက်ထိတဲ့ နေရာက.. လေဟ ပြီးတော့ နှလုံးကို ထိတယ်လို့ပြောတယ်.. တစ်ပြိုင်ထဲမှာ......... နားထင်နားက အကြောမျှင်တွေကို ကြီးကြီးမားမား ရိုက်ခံထိထားပြီး .....သွေးယိုစိမ့်ပြီး ယောင်နေတယ်တဲ့....... "

အင့် ခနဲ့ ရှိုက်သံကို ကြားလိုက်ရသည် နှင့် တီလေးဆီက ငိုကြွေးခြင်းကို ဆက်ကြားရသည်၊ အစ်ကို့လက်တွေကိုသာ ဆုပ်ကိုင်ထားလိုက်ပြီး မျက်နှာလေးကို ငေးကြည့်ရင်း လွမ်းခြင်းတို့ကို ဖြေဖျောက် ။

" မောင်ရင် ရောက်နေတာပဲ "

ကျောဘက် အသံလာရာက ဦးမင်းအောင် ဆိုသူက လက်ရှိ ရာထူးက အနားယူနေကြောင်းသိထားကာ အရင်ထဲက‌ အေးလူစွာ နေတတ်သူပီပီ မျက်နှာက ကြည်လင်ကာနေလေသည်။
အေးစက်စက်သာ ကြည့်နေသူ က ပြန်နှုတ်မဆက်လာသဖြင့် တီလေးဘေးကို လက်ထဲက ချိုင့်ငယ်တို့အားချကာ ဝင်ထိုင်ခြင်းအမှုကိုပြုနေသူဆီက

" မြေးက မောင်ရင် ကိုအတော်ချစ်ပုံရတယ် ထို့နည်းတူ မောင်ရင်ကလဲ ချစ်ပုံပါပဲ "

ဘာကြောင့် ဒီအချိန် ဒီလိုစကားတွေလာပြောနေရတာလဲ နားမလည်နိုင်စွာပင်

" မြေးကို နောက်အပတ်ဆို နှလုံးနဲ့ ဦးနောက် ခွဲစိတ်ဖို့ London ကိုသွားရမယ် "

" ဒီမှာကရော "

" Nicholas ကိုယ်တိုင်က ရှာပေးတာမို့ စိတ်ချရတဲ့ နေရာကို သွားဖို့လိုတယ် "

" အဆင်ပြေသွားမှာပါ မောင်ရင် သိပ်မပူပါနဲ့ မောင်ရင်တို့ကရော "

" သဘက်ခါ ခွဲစိတ်ပြီးရင် စိတ်တော့ချလို့ရတဲ့ အနေအထားပါ "

ကျွီ..

" ပိုင်စေ သား လာထိုင်ချေ "

လူနာဝတ်ဆုံ နှင့် ခွန်လေးကို ကြောင်ကြည့်နေပြီး နေရာကနေ လုံးဝရွေ့မလာပဲ ခြေဖျား လက်ဖျား တုန်ခါနေသူက ခွန်လေး၏ ကြည့်နေသည့် အကြည့်တွေကို ကြောက်လန့်နေသည်။

" ပိုင်‌စေ သားလာ "

" ဟုတ် ဟုတ်ကဲ့ အန်ကယ် "

" မောင်ရင် လည်း အမြန်ဆုံးပြန်ကောင်းဖို့မျှော်လင့်ပါတယ် "

" ခွင့်ပြုပါအုံး "

...........................................

" နုမ်.... နုမ် ... " ( မောင်လေးရေ မောင်ငယ်လေး )

" အလိုင့်ကျ.... ယူထီနီး အဲ့ ..." ( ဘာတုန်းဗျ... ဒီမှာ ...ရှိပါတယ် )

တစ်ယောက်နှင့် တစ်ယောက်‌အော်ရှာနေရင်းကနေ မောင်လေး အသံပြုရာကို ခေတ်တစ်ယောက် အပြေးအလွှားဖြင့်

" ဘာဖြစ်ဖို့လဲ ရေးကြီးသုတ်ပျာနဲ့ "

" ဒီနေ့ နေ့လည် ( ၃ ) နာရီဆို ဆရာရောက်မှာ အတူသွားကြိုရအောင် "

" ပိုင်စေရာယိမ်းလည်း ပါတယ်မို့လား "

" အင်း ပါမယ်ထင်တယ် ဘာဖြစ်လဲ လိုက်ခဲ့ပါ "

" ...... "

" ဆရာ က မမှတ်မိတဲ့ သူလေ မှတ်မိတဲ့ နင်က ပိုနီးကပ်ဖို့ ကြိုးစားရမှာပေါ့ "

"...... "

" အစ်ကိုက ကျွန်တော့်ကို မချစ်ဘူးထင်ပါရဲ့ မှတ်မိတာတောင် တခြားသူကို ဖြစ်ပီး ကျွန်တော့်ကိုကြ မေ့နေခဲ့တယ်မဟုတ်လား "

" အာ့တော့ကော နင်က လက်လွှတ်လိုက်ဖို့က ကျိန်းသေသွားပြီလား "

" အာ့လိုလဲ မဟုတ်ပါဘူး "

"ပေါ့ပေါ့း ပါးပါး ပဲတွေး လုပ်ချင်တာကို လုပ်ပစ် "

မောင်ဖြစ်သူ လက်မောင်းကို ပုတ်ပြီး ပြောနေသည့် အစ်မကို သေချာလေးကြည့်ကာ နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြနေသည့် ခွန်လေးက ဆရာနာမည်ကြားရရင်ကို ပြုံးရယ်နေသူ ဖြစ်လေသည်။

" Edward လေယာဉ်ချိန်ကလိုသေးတယ်မို့လား လောနေသလိုပဲ "

.

" အစက လေယာဉ်ချိန်ကစောသေးတယ် အခုက လေယာဉ်ချိန် ပြောင်းသွားလို့ အစ်ကိုရေ "

" ဟယ် ငါဖြင့် ပိုင့်ကိုတောင် မပြောရသေးဘူး ဖုန်းဖြစ်ဖြစ် .. "

ဖုန်းထုတ်နေသူ လက်ကို ဆုပ်ကိုင်လိုက်ပြီး

" ကိုပိုင်က အချိန်မကိုက်လို့ ညနေ လေယာဉ်နဲ့ လိုက်လာမှာ အစ်ကိုလေး ကျွန်တော်တို့ပဲ မြန်မြန်လေး သွားကြတာပေါ့ "

တစ်ကြိမ်တစ်ခါမှ ပြာယာခတ်နေသည့် Edward ကိုမမြင်ဖူးသည်မို့ အခုကတကယ်ကို ထူးဆန်းနေပြီဆိုတာ သိသည် . အိမ်ရှေ့ကို ကားတစ်စီးဝင်လာသည့် အသံကြားသဖြင့်

" ဘယ်သူလာလဲ မသိ "

ဘေးကနေ ထထွက်သွားသည့် Edward ကြောင့်ပင် အလန့်တကြားဖြစ်ကာ လိုက်ကြည့်ဖို့ လုပ်လိုက်တော့မှ အိမ်ရှေ့တွင်ရောက်နေသည့်ကားက Nicholas ကားပင်ဖြစ်ကာ ရန်စကားပြောနေသည့် Edward ကျောပြင်ကိုလည်း မြင်သည်မို့ မျက်ကွယ်ပြုကာ လုပ်စရာကိုဆက်လုပ်နေလိုက်သည်။

တီ.. တီ... တီ...

" ဟယ်လို "

" မြေး အဘိုးပါ ဒီနေ့ခရီးစထွက်မယ်ဆို "

" ဟုတ်ကဲ့ ဒီနေ့ပါ "

" မှာစရာလေးရှိလို့ ကြာမှာက တစ်ပတ်လောက်ပေမယ့် အာကာ့အိမ်က သူတွေက တစ်လလောက် နေမယ်တဲ့ မြေးကိုလည်း စိတ်ပြေလက်ပျောက်ခေါ်ထားချင်တယ်လို့ပြောတယ် "

" တော်ပါပြီ ဟိုတယ်မှာ မထားပဲ အိမ်လာနေပြောတာတောင် အားနာလှပြီကို တစ်လ ကတော့ တော်ပါပြီ ပြီးတော့ သားက လဲ ... "

" အိမ်ရှင်ကလဲ ပြောလို့ အဘိုးက ဖုန်းဆက်တာပေါ့ သားရယ် နေလိုက်ပါ အာ့ဒါအဝတ်စား များများ ထည့်သွားလိုက်ဖို့ အဓိကလှမ်းပြောတာ "

" ........ "

" ဪ မြေး မှာဖို့မေ့နေတာ ခေါ်တာကလေ ပိုင်စေရာယိမ်းတော့ မပါဘူး နော် သူ့ကိုယ်က တစ်ပတ်ပဲ ထားမယ်တဲ့ ကြိုပြောထားတာ "

" ဘယ်လိုကြီးလဲ ခေါ်ချင်းခေါ် နှစ်ယောက်လုံး ခေါ်ရမှာပေါ့ အခုက "

" နောက်တော့ သိလာမှာပေါ့ သားရယ် ကောင်းကောင်းနေ ပျော်ပျော်ကြီး လည်ခဲ့နော် "

တီ..

ပြောချင်တာပြော ဖုန်းကို ချသွားသည် ၊ ဒီမှာတော့ တစ်ပတ်နေ တစ်ယောက်ကိုဘယ်နဲ့ ပြန်လွှတ်ရပါ့မလဲ ကိုယ်သွားချင်လို့သာ လိုက်ပေးတဲ့ သူကို အလုပ်တစ်ဖက်နဲ့ အားနာစရာတွေ အဘိုးတို့က လုပ်လိုက်ပြန်ပြီ ။

သည်လိုနှင့် လေဆိပ်ရောက်‌တော့ ဘယ်လိုဖြစ်လဲ မသိပေမယ့် Nicholas တောင်ပါလာပြီး Edward ကတော့ ပိုင့်ကို တမင်ထားခဲ့တာမှန်း သိသာစွာ လုပ်လိုက်ခြင်းဖြစ်မည်။

" အစ်ကိုလေး လေယာဉ်ပေါ်တက်လို့ရနေပြီ "

အချိန်အားဖြင့် တစ်နာရီ ဝန်းကျင်လောက်တွင် ဟဲဟိုး ၌ တစ်ကြိမ်ဆင်းသက်သွားပြီး သိပ်မကြာလိုက်ပါ တာချီလိတ် လေဆိပ်သို့ရောက်ပြီ ဖြစ်၏ ။
လာကြိုသည့်သူများကို စောင့်ရမည်ထင်ပေမယ့် စောင့်ဖို့ မလိုလိုက်ပါ လေယာဉ်ပေါ်က ဆင်းကွင်းထဲတင် ပြေးဖက်လာသည့် အာကာကြောင့် လန့်တောင်သွားရသည် ။
ကျောဘက်ကိုလဲ ထု တွန်းလိုက်ပြီး

" ကွင်းထဲထိ ဘယ်လိုဝင်လာတာလဲ အဖမ်းတော့ ခံရတော့မှာပဲ "

" ဖမ်းခံစရာလား မင်းကောင်ကြီးရဲ့ ယောက်ဖက ဒီနယ်မှာ အကြီးဆုံးပဲ ဘာမှတ် "

" လူကောင်လား အာကာ "

" လူကောင်ကော အာဏာကော ပဲ သူရိန်ရ ဖက်ပါရစေအုံး ငါဖြင့် လွမ်းနေတာ "

" လွမ်းမှာပေါ့ ရှမ်းပြည်ကနေ ငါ့ဆီတောင် မလာနိုင်လောက်အောင် ဖြစ်နေတာကို "

" ကောက်နေတာလား သဲလေးက "

" -ီးကွာ မခေါ်ပါနဲ့ ဟ ဟျောင့် လွှတ် "

ရယ်သံတွေ ပြည့်လျှံနေသည့် မင်းသူရိန် နှင့် အာကာ တို့အား ဘေးကနေ ရပ်ကြည့်နေသည့် Edward ပင် လိုက်ရယ်မိသည်။ အစ်ကိုလေး ရယ်သံ မကြားရတာ ကြာပြီ မဟုတ်ပါလား ။

" မင်္ဂလာပါ ခင်ဗျာ "
" မင်္ဂလာပါ ခင်ဗျာ "

ကျောဘက်ကနေ ပြိုင်တူ အသံကြောင့် မင်းသူရိန် လန့်သွားပြီး အာကာ ကိုကျော်ပြီး ရှေ့ဘက်ကို ကြည့်လိုက်တော့

" မင်္ဂလာပါ "

လက်အုပ်ချီပြီး နှုတ်ဆက်နေတာ ဟိုရက်က လေဆိပ်မှာတွေ့သည့်တစ်ယောက်နှင့်ဆင်တာတော့ မဖြစ်နိုင် တစ်ယောက်ထဲ လိုပင် ..

" မင်္ဂလာပါ "

ကိုယ်လည်းပဲ သူ့လို လက်အုပ်ချီကာ နှုတ်ဆက်ခြင်း အမှုကို ပြုလိုက်သည်ကို ကြည့်နေပြီး
ဘာအကြောင်းမှ ထွေထူးမရှိသည်ကို ပြုံးပြနေတာ အနေတောင်ခက်လာရပြီဖြစ်ကာ

" သားထူး သူရိန်ကို ခေါ်ခဲ့ကွာ "

" နေ.. နေ ရတယ် ဟျောင့် အာကာ "

" ရပါတယ် အစ်ကိုရယ် ပေါ့ပေါ့ပါးပါးနေပါ ကိစ္စကြီးမှမဟုတ်တာ "

မတိုးမကျယ် လေသံက ဩရှရှဖြင့် နားထောင်လို့ကောင်းလိုက်သည့် အသံလေးပင် ဖြူဥဥ အသားအရောင်နှင့် အပ်စပ်နေသည့် ကော်ဖီရောင် ဆံပင် များကလည်း မျက်လုံးထဲမှ မထွက်ပေ သူရိန် တွေးရင်းက စောနက ပြုံးပြရင်းက ထွက်ပေါ်လာသည့် သွားတက်လေးတွေကို မျက်လုံးထဲပြန်မြင်ယောက်လာပြီး သဘောတကျ ပြုံးလိုက်မိသည်ကို

" ဘာတွေ သဘောကျနေတာလဲ အစ်ကို "

ပခုံးအနောက်ကနေ ခေါင်းလေးပြုပြီးမေးလာသည်ကို ရုတ်တရတ် လန့်သွားသည်ထင်သည် အစ်ကိုက တုန်ယင်သွားသည်ပင် ဖြစ်ကာ ကွင်းထဲမှ ဆိုက်ရောက်ဂိတ်ကို ဖြတ်ရင်း ထိုင်စရာခုံတန်းတွေဆီ တွန်းသွားပေးသူကြောင့် မင်းသူရိန်ကတော့ အလိုက်သင့်လိုက်လာလိုက်၏ ။

" သူရိန် ဗိုက်ဆာနေပြီလား "

" နည်းနည်းတော့ ဆာပြီ အချိန်ပြောင်းသွားတော့ ဗိုက်မဖြည့်ခဲ့ရဘူး "

" ဒါဆို အပြန် ရှမ်းခေါက်ဆွဲစားမယ် သားထူး အပြန်ဝင်လို့ရတယ်မို့လား "

ခေါင်းငြိမ့်ခြင်းများနှင့် အတည်ပြုပြီး သကာလ သူရိန်တို့ကားလေး စထွက်လာပြီ ဖြစ်ကာ
သိပ်မကြာခင်မှာပဲ အိမ်ရှေ့တွင် စားပွဲဝိုင်း ( ၆ ) ဝိုင်းစာလောက်နှင့် ရောင်းသူခုံပုံပေါ်တွင်တော့ အရသာဖန်တီးမှုအစုံအလင်ကိုထောင်ထားပြီး မှန်ဘုံးလေးက ကျေးရွာပုံလေးကိုမှ ချစ်ဖို့ကောင်းနေတာ အမှန်ပင် ။

" အစ်ကို ဒီက အမဲလုံးရှမ်းခေါက်ဆွဲ ကောင်းတယ် ဘာလေးစားကြည့်ချင်လဲ "

" ကောင်းတာလေးပဲ မှာလိုက်ကြမယ်လေ "

ကြားကနေ ဖြတ်ပြောလာသည့် အာကာ အပြောကိုသာ အကုန်ထောက်ခံလိုက်ကြပြီး ငါးယောက်သား ခေါက်ဆွဲအလာ စောင့်နေရင်း သားထူးဆိုသူက အနားက ထထွက်သွားပြီး မကြာလိုက် အအေးထုပ်လေးနှင့် ပြန်ရောက်လာသည်။

" အစ်ကို ကြိုက်လောက်တဲ့ ဒီက နာမည်ကြီး သောက်စရာ ချိုင်ရင်း ( Cha Thai ) အစ်ကို "

အားနာစရာလို့ တွေးပြီး တွန့်နေသည့် သူရိန်ကို

" ဟုတ်တယ် မင်းကြိုက်တယ် အရင်ထဲက ပြန်သောက်ကြည့် "

" ငါကသောက်ဖူးတယ် ကြိုက်မှာ ဟုတ်လား "

လုပ်ဖူးသည့် အကြောင်းအရာတွေ လို့ သိလိုက်ရပြီး မလုပ်ခဲ့သလို ဖြစ်နေပြီဆို မင်းသူရိန် က ချက်ချင်း ရှာဖျေချင်စိတ်ဖြင့် လက်ထဲကနေ ယူကာ သောက်လိုက်တော့သည်။

" ကြိုက်လား အစ်ကို "

" အင်း ချိုချို ခါးခါးလေး ကြိုက်တယ် "

ဘေးက Edward တို့ဆီ သောက်ဖို့ ကမ်းပေးတော့ လက်ကာ ပြီးငြင်းနေသည်အပြင့် အာကာ က သူပဲ သောက်ပါစေလို့ပြောနေကြသည်ကို ဝင်မရယ်နိုင် အအေးကို သဘောတကျ သောက်နေခြင်းပင် ။

" ခေါက်ဆွဲရပါပြီ "

မျက်စိရှေ့ရောက်လာသည့် ခေါက်ဆွဲ ပန်းကန်ထဲကို အရသာတို့ အလျှင်မြန်စပ်ဟက် နေရင်းက ရုတ်တရက် လက်များရပ်တန့်သွားပြီး မျက်လုံးများ ပုတ်ခတ်စွာဖြင့် ဖြစ်သွားသည့် မင်းသူရိန် ရုတ်တရက်‌ ခေါင်းတို့ကို ဖိကာ

အ!

" ဘာဖြစ်လို့လဲ ဆရာ ကိုက်လို့လား ကျဉ်တက်လာတာလား ဘာကိုတွေးလိုက်လို့လဲ ဆရာ "

Nicholas တစ်ယောက် သေချာလေးမေးနေပြီး

" စိတ်ကိုလျော့ စိတ်ကိုလျော့ တင်းမထားနဲ့ လွှတ်ချလိုက် လျွတ်ချလိုက် "

တစ်လုံးချင်းဆီ ဖြေးညှင်းစွာဖြင့် ပြောနေသည့် Nicholas ကြောင့် မိနစ်အနည်းငယ်နေတော့ ကျဉ်တက်လာသည့် ခေါင်းခွံက သက်သာသွားပြီဖြစ်ကာ အာကာကတော့ မျက်ရည်များဝဲကာ သူ့ကိုကြည့်နေသည်ကိုပြုံးပြလိုက်ပြီး

"ပြုံးနိုင်သေးတယ်လား ငါဖြင့် စိတ်ပူလို့သေတော့မယ် "

ဘေးကနေ ပခုံးကို ထပ်သိုင်းဖက်ကာ မထွက်သည့်မျက်ရည်က ညစ်ယူနေသည့် အာကာ လက်မောင်းသို့

ဖတ်!

" နာတယ်လို့ "

" လွှတ်စားမယ် ဗိုက်ဆာလို့ပါ ဆို "

" မစားချင်မစားနဲ့လေ ခေါင်းထပ်ကိုက်နေမယ် "

" မစားချင်တာ မဟုတ်ပါဘူး စားဖူးသလိုခံစားရတာကို တွေးလိုက်မိလို့ပါ "

" မတွေးနဲ့ "

" အေးဆို "

အာကာ တစ်ယောက်ပြင် စောနက သွက်လက်နေသည့် ဘေးက သားထူး တစ်ယောက် ငြိမ်ကျသွားပြီး တစ်ဝိုင်းထဲထိုင်နေတာတောင် မေ့ပျောက်လုနီးပါးဖြစ်သည်ထိ တိတ်ဆိတ်နေတာကို သတိထားမိသည် ၏
' လန့်သွားတယ် ထင်ပါရဲ့ '

ခေါက်ဆွဲ ပန်းကန်ကို ငုတ်စားရင်းက လဲ စိတ်တို့ကို ထိန်းထားပြီးနောက် တစ်စစ တွေးကြည့်နေသေးသည်။ အခုလို ခေါက်ဆွဲ နှင့် အအေးကို အတော်လေးရင်းနှီးနေသည်မို့ ပိုတွေးရခက်သည် ဒီကို သူရောက်တာ ပထမဆုံးဖြစ်တာမို့ မဖြစ်နိုင်လိုက်တာလို့ တွေးရင်း အရသာရှိတဲ့ ခေါက်ဆွဲကို ကုန်သည်အထိ စားလိုက်ပြီးနောက် အအေးကိုလဲ သောက်နေလိုက်တော့သည်။

' ဘာကိုမှ မတွေး စားနေတာပဲ ကောင်းတယ် '

" ဆရာ မတွေ့တာကြာပြီနော် နေကောင်းတယ်မို့လား "

" မြင်တဲ့တိုင်းပါပဲ ခေတ်ရေ မတွေ့တာတော့ တကယ်ကြာပြီနော် တပည့်တွေက ယူကုန်ကြပြီ "

ပြောရင်း ဘေးက Nicholas ကိုကြည့်လိုက်‌တော့

" ကျွန်တော်ယူဖြစ်ရင် လည်းဆရာလာရမယ်နော် "

" ရည်းစားတောင် မပြနိုင်ဘဲ Nicholas ကအပြောကြီးလိုက်တာ "

ခေတ်နှင့်လည်း ရင်းနှီးသူမို့ စနောက်နေတော့သည် ၊ ကြားကနေ Edward တစ်ယောက်ရဲ့ နားရွက်ဖျားနီနီတို့ကို မင်းသူရိန် သေချာမြင်လိုက်ရပါသည်။

လေဆိပ်မှာ ဒေါသတွေ တပုန်တပင်နှင့် ဖြစ်ကာ ရစ်နေသည့် သူတွေကြောင့် လေယာဉ်ချိန်မမှီလိုက်ရလို့ စိတ်မကြည်သည်က တစ်ကြောင်း ပိုဆိုးသည်က အမြဲဆိုသလို စီးမည့်သူ ရှားတတ် သည့် ရန်ကုန် - ဟဲဟိုး - တာချီလိတ် ခရီးစဉ်အားလုံး ရဲ့ တစ်ပတ်တာ လတ်မှတ်ကအကုန် ရောင်းထွက်သွားသည်ဆိုတာပင် ဖြစ်ကာ

ဒါဟာ ဘယ်သူ့လက်ချက်လဲ မေးစရာမလိုအောင်ကိုပင် သိနှင့်ပြီးဖြစ်သည်။

' ခွန်စဝ်ငွေအိမ်ထူး နောက်တစ်ကြိမ် ထပ်ထိပါးလာပါလား '


မနက်ခင်း အစ်မဆီက သတင်းကြားပြီးထဲက Edward ဆီဖုန်းဆက်ကာ လေယာဉ်ချိန်းပေးလိုက်ပြီးနောက် ဆက်သွယ်ထားသည့် လုံခြုံရေးတွေဆီ ပုံနှင့်ပို့ကာ အချိန်ဆွဲထားဖို့ ပြောထားလိုက်ပြီး မင်္ဂလာပွဲ မတိုင်ခင် တစ်ပတ် တာ ရှိ လတ်မှတ်တွေ အကုန် ဝယ်ပစ်လိုက်သည်။

' ဒီတစ်ပတ်အတွင်း အစ်ကို့ကို ကျွန်တော်ပိုင်တာမို့ လက်လွှတ်မပေးဘူး '

သူငယ်ချင်းဖြစ်သူ ကြိုဖို့ တကြွကြွဖြစ်နေသည့် ယောက်ဖဖြစ်သူ ကိုအာကာ အား အပြန်ကျ ဝင်စားဖို့ပါ တစ်ပါတည်း ညှိလာလိုက်ပြီး နောက်တစ်ခု အကူညီတောင်းထားသေးသည်။

ဤသည်က ဂျာကင်လေး ထားခဲ့ဖို့ပင်ဖြစ်သည် ။



If you like this story please vote & comment for me .


Dec.10,2023

Lost & Found (Complete)Where stories live. Discover now