" ခေတ် အမေ့ဆီ ခဏ လာပါအုံးလား "
" ဟုတ်ကဲ့ အမေ "
အမေစောင့်နေတဲ့ ဧည့်ခန်းက ခုံမှာ ဝင်ထိုင်လိုက်ခါ
" အမေပြောလေ "
" သမီး အမေ့မှာ သမီး တစ်ယောက် သား တစ်ယောက်ပဲ ရှိတယ် ဘယ်လိုနည်းနဲ့မှလဲ အဆုံးရှုံးမခံနိုင်တာမို့လို့ ဖြစ်နိုင်ရင် သမီးက အမေ့ကို ကူပေးရမယ် "
" ဘာများဖြစ်လို့လဲ အမေ တစ်ခုခု အဆင်မပြေတာများ ဖြစ်လို့လား "
" အင်း သားထူးက ငယ်သေးတယ် သူ့ရဲ့ ဆုံးဖြတ်နိုင်စွမ်းက ဘယ်လောက်ကောင်းတယ်ပဲ ပြောပြော ဒီနယ်မြေမှာ ဘယ်လိုပဲ အာဏာကောင်းမွန် နေပါစေ ရွေးကောက်ပွဲ ပါဖို့လောက်ထိ အမေ လက်ခံပေးလို့မရဘူး ထပ်ပြီးလဲ သေခါနီး ဆဲဆဲ အဖြစ်မျိုးတွေ မမြင်ချင်ဘူး သမီးကြီး "
" မောင်လေးရဲ့ စိတ်ဆန္ဒကို ကော အမေမေးကြည့်ဖူးလား သူနဲ့ကော စကားပြောကြည့်ပါလား အမေ "
" အမေ စိတ်ညစ်တယ်သမီး အမေ သားကိုတော့ အထိခိုက်မခံနိုင်ဘူး "
ပြောရင်း ငိုချလာတဲ့ အမေ့ကို မြင်ရတာလဲ စိတ်တကယ်မကောင်းတာပင် မောင်လေး၏ ဆန္ဒကိုလဲ နားလည်သည် ။
" အမေ့ သားထူးနဲ့ စကားပြောကြည့်လိုက်ပါမယ် မငိုပါနဲ့တော့ "
" ပြီးတော့ ဆရာဝန်လေးက အခုလက်ရှိ ဝန်ကြီးရဲ့ မြေးဆို အမေကြားတယ် အခုလိုအနီးကပ်ရှိနေတာ ပထမ တစ်ခါလိုများ "
" မဖြစ်ပါဘူး ဆရာက ဝန်ကြီးမြေး ဆိုပေမယ့် လို့ သူ့ဆရာဝန်အလုပ်ကိုပဲ တစ်စိုက်မတ်မတ် လုပ်တဲ့ သူပါ မရိုးမဖြောင့်တာလဲ မရှိသလို ကင်းကင်းကွာကွာ နဲ့ သူ့အလုပ်ကိုသာ အကောင်းမွန်ဆုံး ကြိုးစားတဲ့ သူမျိုးပါ "
" အင်းပါအမေ့သမီးလည်း အန္တာရယ်ကင်းဘေးရှင်းပါစေ "
............................................................................'
ညက သောက်ရအောင်ကနေ သောက်တော့ ခွန်လေး မူးတော့ အစ်ကို ဖြစ်ကာ ခုချိန်ထိကို ထမလာသေးတာပင် မနိုးလို့တော့ မရ မနက်စာတော့ မကျွေးရင် ဗိုက်အောင့်နေလိမ့်မည် ။