" မင်း ကိုယ်မင်း သတ်သေဖို့လုပ်နေတာကိုတားမယ်ထင်လို့လား ဆက်လုပ်ပါ "
" ကိုထိုက်... "
" မခေါ်နဲ့ မင်းခေါ်ဖို့မတန်ဘူး "
" ပိုင်တောင်းပန်ပါတယ် ပိုင်က ခြိမ်းခြောက်ခံရပြီးလုပ်ခဲ့တာပါ ကိုထိုက် ထင်သလို မဟုတ်ပါဘူး "
ဖန်ကွဲစကို ကိုင်ထားသည့် လက်ဖဝါးတစ်ဖက်လုံး သွေးတို့ ချင်းချင်းနီနေကာ သွေးရူးသလို ခုချိန်ထိ မဟုတ်ပါဘူးတွေ ရှင်းပြနေဆဲ ပိုင်စေရာယိမ်းပင်
ကိစ္စတစ်ချို့က ဖြစ်ပျက်ပြီးတဲ့နောက် ကိုသစ်ဆိုသူကတော့ ပွဲချင်းပြီး သေဆုံးသွားသည် ပိုင်စေရာယိမ်းကိုတော့ သူရိန်ပြောသလို ဖမ်းခေါ်လာလိုက်ပြီး ခုချိန်ထိ ဘာလုပ်မယ်ဆိုတာကို မသိသည့်အလျောက် သူရိန်နှင့်တွေ့ရဖို့ကို တနည်းမဟုတ် တနည်းကြိုးစားနေတော့သည်။
" ပိုင်စေရာယိမ်း မင်းတောင်းပန်နေတာတော်တော့ ခုနေမင်းပြောတာတွေကြားရတာ ကျက်သရေတုန်းလွန်းတယ် .. "
" ပိုင်က ကိုထိုက်ကို ချစ်လွန်းလို့ ပိုင်ချင်လွန်းလို့ ဖြစ်ရတာပါ "
" အာ့ပါးစပ်ပေါက်ပိတ်ထားစမ်း မင်း ငါမသိဘူးထင်လို့အခုလို အပိုစကားတွေပြောနေသေးတာလား ဟက် "
" ကိုထိုက် ဘာတွေပြောနေတာလဲ "
" မင်းမလား .. "
အနားထိကို တိုးကပ်သွားလိုက်ပြီး ပိုင်စေရာယိမ်း မျက်ဝန်းတို့ကို တိုးကြည့်လာသည်က လက်ထဲက ဖန်ကွဲစတို့ လွတ်ကျကာ ပိုင်စေရာယိမ်းကို ကြောက်လန့်နေသည်။
" ဘာ..ကို..လဲ "
" မင်းထိုးလိုက်တဲ့ ဓားကသိပ်မနက်ဘူးလို့ ထင်လိုက်တာလား "
စကားလုံးအဆုံး ပိုင်စေရာယိမ်း မျက်ဝန်းတို့ တိုးကျယ်လာကာ ပါးစပ်လေးဟလျက် ထိတ်လန့်နေသည့်ပုံက သနားဖို့တောင် ကောင်းမနေ
" ဘယ်လို.. "
" မင်းကြောင့် မင်းတို့မိသားစု မင်းတို့အဖေကြောင့် ငယ်ထဲက ငါ့ဘဝကြီးကို မင်းတို့ဖျက်ဆီးခဲ့တာ ( ၇ ) နှစ် ငါတို့ခွဲခဲ့ရတာ ( ၇ ) နှစ်ကွ မင်းကြောင့်ပဲ ငါ့ရဲ့ လူငယ်ဘဝကို အသည်းတွေကွဲ ဘဝတွေပျက်နေခဲ့ရတာ မင်းကတော့ အိမ်ထောင်နဲ့သာယာနေတာ ငါတစ်ဖန်ပြန်ထလာတော့ ဒုက္ခပေးတာ မင်းအဖေ အခုလည်းမင်း ဘာကြောင့်လဲ မင်းတို့အကုန်လုံးစာနာစိတ်တွေကို မင်းအမေဗိုက်ထဲကျန်ခဲ့တာလား ဟမ် "
" ကိုထိုက်ကို ပိုင်က ချစ်လို့ "
" တော်စမ်းပါ မင်းချစ်တယ်ဆိုတာ ငါ့ကို စိတ်ဒဏ်ရာတွေပေးရုံသက်သက်ပဲ "
" ပိုင် ကိုသစ်နဲ့ ပက်သက်တယ်ဆိုတာကလေ.. "
" ဒီမှာပိုင်စေရာယိမ်း ... "
အနောက်ဘက်က ရောက်လာသည့်အသံကြောင့် သူရိန်ပါ လှည့်ကြည့်လိုက်တော့ တံခါးဘောင်ကိုမှီကာ လက်ကိုပိုက်လျက် ဖြင့် ကြည့်နေသည်မှာ ကြောက်ဖို့ပင်ကောင်းသည်။ ဘေးကနေ ထထွက်ဖို့ပြင်လိုက်သူကြောင့် သူရိန်ရုတ်ချည်းဆိုသလို ဆွဲထိုးလိုက်ပြီး
" မင်းကြောင့် မင်းသေသွားရမှာ .. "
ပစ်ချထားသည့် ဖန်ကွဲစကိုပြန်ကောက်ခါနီး သူရိန် တွန်းလှဲလိုက်တာကြောင့်
" မင်းက ထပ်လုပ်ဖို့ ကြိုးစားနေတာ ဟုတ်လား ဟမ်.. "
လက်တို့ကို ထိုးချပစ်ဖို့ ရွယ်လိုက်ပေမယ့် အထိန်းခံလိုက်ရသည့် လက်က ခွန်လေးဆီမှာဖြစ်ကာ
" လွှတ် ... "
" တော်ပါတော့ "
တက်ခွထားသည့် ကိုယ်လေးကို ခွန်လေးက ဆွဲမလိုက်ပြီး ဘေးနားဆွဲကပ်ပြီး
" တော်ပါတော့လို့ "
အနောက်ဘက်က ဝင်လာသည့် အစောင့်တွေက ရုန်းရင်းဆန်ခတ်ဖြစ်နေသည့် ပိုင်စေရာယိမ်းအား ထိန်းထားလိုက်ပြီး
" မင်းကိုငါသတ်ပစ်မှာ မင်းကြောင့် မဟုတ်ရင် ငါတို့တွေ ပျော်ပျော်ကြီး ချစ်နေရမှာ မင်းကြောင့် .. "
" ဟ ဟ မင်းတို့အဆင့်နဲ့ ငါ့ကို လာခြိမ်းခြောက်နေတာလား ကိုယ့်အနေအထားကိုယ်သိ ခုသေမလား တော်ကြာသေမလား မသိတဲ့ အဆင့်ကများ "
သူရိန် ခွန်လေးကို စောင်းမော့ကြည့်ကာ ကြောင်အနေသည် ၊ ခွန်လေးကို သူသိသည်အချိန်တိုင်း တစ်ခါမှ အာ့လိုကြောက်စရာ စကား ပြောလာခြင်း မကြုံဖူးသည်မို့ ဖြစ်သည်။
" မင်းလို မှူးယစ်ဆေးရောင်းတဲ့ ကောင်ကများ အဆင့်လေး ဘာလေးနဲ့ "
ထပ်မံလို့ ခွန်လေးဆီ မေးခွန်းအပြည့်ဖြင့် အကြည့်တို့ရောက်လာသည်ကို ခွန်လေး စောင်းငဲ့လိုက်ပြီး နှုတ်ခမ်းတစ်ဖက်ကို ပိရိစွာဖြင့် ပြုံးပြသည် ၊။
" အာ့ဒီဘဝကို အားကျလို့ သူတောင်းစား တောင်းလာတောင်းနေတာများ အဖေကော သားကော တစ်ပုံစံထဲ .. "
သူရိန်ခေါင်းထဲ မေးခွန် တွေ ပြည့်နှက်နေပြီဖြစ်ကာ ဘာတွေဖြစ်နေ ပြောနေကြတာလဲ မှုးယစ်ဆေး ခွန်လေးက အာ့ဒါတွေလုပ်တာလား .. ?
" လျှောက်မတွေးနဲ့ သိချင်တာ ပြီးမှမေး "
" ငါ့ကိုလွှတ်.. "
"ဪ ပြောစရာရှိလို့လာတာ မေ့နေတယ် ကိုပိုင်စေရာယိမ်း ညနေခင်ဗျား ဧည့်သည် တစ်ယောက်နဲ့ တွေ့ရမယ်"
သူရိန် ပုခုံးပေါ်လက်တစ်ဖက်တင်ထားပြီး လှည့်ထွက်သွားသူကြောင့် ဒေါသတွေ ငယ်ထိပ်ကိုရောက်နေသာ်လည်း ထိန်းချုပ်ခံထားရသည့်လက်တွေကြားက လွတ်မြောက်ဖို့မဖြစ်နိုင်သည့်အဆုံး အသက်ရှုသံပြင်းပြင်းကြီးများဖြင့် ကျန်ရစ်ခဲ့ရပြီဖြစ်သည်။
" ရှာလိုက်ရတာ ဆရာရယ် ဘယ်ရောက်နေကြတာတုန်း "
အလောတကြီး ဖြစ်နေသည့် Nicholas အမေးတွေကို ပြန်မဖြေနိုင် စောနက ကြားခဲ့ရသည့် စကားတွေကိုသာ တစ်လုံးဆီ ပြန်ကြားယောင်နေခြင်းဖြစ်သည် ။
" ဆရာ ဆရာ.. "
" ဟမ် အင်း Nicholas ပြောလေ . "
" ဆေးသောက်ပြီးပြီလား လို့ နှစ်ယောက်လုံးကိုမေးနေတာ ဆရာပြန်မဖြေလို့ "
" အော် ဟင့်အင်း မသောက်ရသေးဘူး သူ့လဲ တိုက်ဖို့ကျန်သေးတယ် "
" ဆေးသောက်ပြီး ခြံထဲ ဆင်းခဲ့အုံး Edward က အချိုပွဲပြင်ထားတယ် ကောက်ညှင်းနဲ့ အသီးနဲ့တဲ့ အာ့ဒါပြောဖို့ "
" ကျွန်တော်တို့ဆင်းလာခဲ့လိုက်ပါမယ် "
" ဆရာ... "
" အင်း အင်း လာခဲ့မယ်လို့ ... "
Nicholas က မှာစရာရှိတာ မြန်မြန်လေးမှာလိုက်ပြီး Edward ရှိရာ အပြေးလေးသွားပုံပင် အခြေအနေတောင်ရိပ်စားမိပုံမပေါ်တာ အမှန်ပင်
" အစ်ကို ကျွန်တော်က မကောင်းတာမလုပ်ပါဘူး အာ့ဒါတကယ်ပါ "
"...... "
" အာ့ဒီဘိန်းခင်းတွေပိုင်တာက ဘိုးဘွားပိုင်တွေ ကျွန်တော်က စီးပွားရေးကို ဆက်လုပ်ပေးနေရုံပါ "
" ...... "
" အစ်ကို အာ့လိုကြီး တိတ်မနေနဲ့လေ တစ်ခုခုတော့ပြောပါအုံး "
" မင်းက အရမ်းချမ်းသာမှာပဲ အာ့ကြောင့် ခဏခဏ အခုလိုဖြစ်နေတာလား "
အကြောင်းက သူပြန်ပေးဆွဲခံရသည့် က အခင်းတွေ ကြောင့်ဆိုတာ သိပေမယ့် ဘာအခင်းဆိုတာ မမေးမိ ...
" အင်း... ဒါပေမယ့် "
လှည့်ထွက်သွားသည့် အစ်ကို့လက်ကို ဖမ်းဆွဲထားပြီး နောက်
" ကျွန်တော့်ကို ထားခဲ့တော့မှာလား "
" အင်း ... "
" အစ်..ကို "
" ဆေးသောက်ဖို့ ခဏထားခဲ့ရမယ် အောက်ကလူတွေစောင့်နေတော့မှာ "
" ဟင် အစ်ကို ကျွန်တော်ကို .. "
" လျှောက်မတွေးနဲ့ မြန်မြန်အောက်ဆင်းရအောင် မုန့်စားချင်လှပြီ "
အစ်ကိုကအမူမထားသလို ပြောနေသည်ကို အထူးတလည်ဘာကြောင့်လဲ ထပ်မေးမနေတော့ပဲ ခွန်လေး ထိုနေရာကနေ လှစ်ခနဲပြေးထွက်သွားသည် ၊ သူရိန် တစ်ယောက် ခွန်လေး ကျောခြမ်းကို ငေးကြည့်ရင်း
' ဘာအကြောင်းတရားဖြစ်ဖြစ် ဒီတစ်ခါတော့မောင့်ကိုလက်မလွှတ်ဘူး ကျိန်းသေပေါက်ပျော်ရွှင်ရမဲ့အချိန်တွေကိုပဲဖန်တီးတော့မယ်'
စိတ်ထဲ ပြောချင်တာတွေ လွတ်ထုတ်လိုက်ပြီး မျက်နှာထပ် ပြုံးလျက် သူသည်လည်း နောက်ကလိုက်ဖို့ လုပ်လိုက်တော့သည် ။
ခြံထဲတွင်လူစုံနေပြီး ကိုယ်စီကိုယ်စီကပ်နေကြသည် Nicholas ကတော့ Edward မုန့်ထည့်ပေးနေသည်ကို ဘေးက ကူနေသည် မုန့်ထည့်နေသူကတော့ မျက်စောင်းတထိုးထိုး ပင် ဖြစ်စေကာမူ Nicholas ကတော့ ခပ်ပြုံးပြုံးပင်... ။
" ဟော လာပြီ အစ်ကိုလေး .. ဘာစားမလဲ သရက်သီး ဒူးရင်း "
" ရင်းရင်းနှီးနှီးခေါ်လေး မင်းနဲ့အမျိုးတော်ရမှာပဲကို "
ကြားက ခွန်လေး၏ အပြောကား မျက်စိရှေ့ နှစ်ယောက်လုံး မျက်နှာပူရသည် ။
" အစ်ကို့လိုပဲ ခေါ်လည်းရတယ် "
" ခေတ်ကကော ဘယ်လိုခေါ်သင့်လဲ ခဲအိုလား ယောင်းခဲလေး လား "
" အစ်မ. "
" မင်းကလည်းစတာပါကွာ ခေတ်ကို အာ့လို အသံကြီးနဲ့တော့မအော်ပါနဲ့ "
" အချင်းချင်းတွေ ကာနေလိုက်ကြတာ ကျွန်တော့်လည်း အားနာပါအုံးလား "
နောက်ဆုံးပိတ် Nicholas တွင် တဟားဟား ရယ်သံများဖြင့် ခြံဝင်းတစ်ခုလုံးပျော်စရာဖုံးလွှမ်းနေပြီ ဖြစ်၏ ။
Edward ပြင်ပေးသည့် အချိုပွဲက တစ်ပွဲထပ်ပင် ပိုမစားနိုင်အောင်ကို ချိုအီနေပြီဖြစ်သည် ။
ကောက်ညှင်းပေါင်းစေးစေးလေး ဘေးက သရက်သီးချိုချိုလေးကို စိပ်ခွဲထားပြီးအပေါ်ဘက်ကို အုန်းနို့ရည်လေးစမ်းနို့စိမ်းလေး ပေါက်ပေးထားတာ ဖြစ်တာကြောင့် ကောက်ညှင်းနဲ့သရက်သီးစိပ်လေး တစ်လုပ်မှာ ချိုအီစိမ့် စေးစေး အရသာလေးဖြစ်နေပြီး လက်ထဲ အချိုပွဲရောက်ထဲက အသံတွေတိတ်ကာ အကုန်လုံး ဇိမ်ခံစားနေခြင်းဖြစ်သည် ၊ ခွန်လေးကတော့ ဘာကိုမှ မစားပဲ သီးသန့် ပြင်ပေးထားသည့် ဆွမ်းမွှေးကျောက်ကျောလေးကို အုန်းနို့ရည်လေး ဖြင့် စားနေခြင်းဖြစ်သည် ၊
" မင်းဟာ နည်းနည်းကျွေး "
ဇွန်းလေး ဖြင့် ခပ်ဖို့ရွယ်လိုက်တာနဲ့ လက်ထဲ ပန်းကန်လေးကိုလည်း ဆွဲမဖယ်သွားသူကြောင့် နှုတ်ခမ်းဆူနေသည့် သူရိန်အား
" မောင်လို့ခေါ် ခွံကျွေးမယ် "
မခေါ်ဘူး ဟူသည့်ပုံဖြင့် တစ်ဖက်လှည့်ကာ လက်ထဲက မုန့်ကို ဆက်စားနေသူကြောင့်
" မောင့်ကို တော့စားချင်ပြီး မောင့်ကိုကြ ခေါ်ဖို့ကပ်စေးနှဲလိုက်တာ "
" မောင့်ကို မစားချင်ပါဘူး မောင့်လက်ထဲကမုန့်လေးမြည်းကြည့်ချင်တာ အွင့်.. "
ပါးစပ်ထဲသို့ရောက်လာသည့် မုန့်ကြောင့် ပါးစပ်လေး ပိတ်သွားကာ
" ရပြီ "
ဘေးနားတစ်ဝိုက်ကလူတွေ မျက်လုံးက မင်းတို့ လွန်နေပြီဟူသည့် အကြည့်ကို ပုံဖော်ကာ
ဟီး.... !
" နေမကောင်းလို့နော် နှစ်ယောက်သား ဟွန်း "
" ဘာ ဟွန်းလဲ မင်းကများ "
အာကာ ကစကားတစ်ခွန်းပင်ဖြစ်စေကာမူ သူရိန်ကတော့ လက်ရွယ်ထားပြီးသားဖြစ်ကာ ခေတ်ကလည်း လက်လေးကာထားသေးသည့်ပုံကို ဘေးက Nicholas ကကြိတ်ရယ်နေသည် အသံသာထွက်မလာတာ Edward လည်း ကြိတ်ရယ်နေပြီဖြစ်၏ ။
" ခွန်လေး တို့ ဧည့်သည် ရောက်လာပါပြီ "
" အင်းနားဖို့ပြုဖို့ အကုန် ပြင်ဆင်ထားလိုက်ပါ "
" ဟုတ်ကဲ့ "
" မောင် . "
" ဟင် "
" လက်ထဲထည့်ပေးလိုက်လို့ဖြစ်ပါ့မလား "
" အချစ်က သနားနေတာလား "
" အာ့လိုမဟုတ်ပါဘူး ဒါပေမယ့် သေသွားရင် "
" ဒါကို သူပဲ ဆုံးဖြတ်ပါစေ ဘာလုပ်မို့လဲ ခေါ်ထားချင်လို့လား အချစ်က "
" တစ်ခုခု ဖြစ်သွားမလား စိုးရိမ်လို့လေ "
" မစိုးရိမ်နဲ့ မောင်တို့က လူသတ်လည်း အလောင်းဖျောက်ကျွမ်းတယ် "
ဘုန်း ! ဘုန်း !
အ!
" မောင်နာတယ် အချစ်ရေ အ "
တကယ်ကြီး နာသလို စုတ်သပ်သံကြားခါမှ လက်တို့ရပ်တန့်သွားပြီးနောက်
" ဉုံဖွ.. "
" မရဘူးအတော် နာသွားတယ် "
လက်မောင်းနားက ဒဏ်ရာကိုမေ့ပြီး ရိုက်လိုက်မိသည့် မိမိကိုယ်ကို သာရိုက်လိုက်ချင်သည်။
" ပြအုံး အပေါ်က သေချာကပ်ထားတယ် ကွဲတာလောက်တော့မဖြစ်ပါဘူး "
လက်ကို အာရုံစိုက်စွာကြည့်နေသည့် အစ်ကို့ရဲ့ ပါးလေးကို ကြည့်နေရင်းလည်ချောင်းတစ်လျှောက် ပူပြင်းလာသလို ဖြစ်ကာ ဘာကိုမှ သတိထားမမိတော့ကာ
ရွတ်!
ပါးပြင်ထဲ နှာခေါင်းတစ်ခုလုံးနစ်ကျသည်ထိ နမ်းရှုံ့လိုက်ပြီး နောက် အသံတစ်ခု ထွက်ပေါ်လာပြီး
အဟမ်းး !
ထို့နောက် ပါးလေးက ခွာသွားလိုက်သည်နှင့် အစ်ကိုကော သူပါ တစ်ယောက်နဲ့ တစ်ယောက်ကြည့်ရင်း ဘေးက လူတွေ အသံနဲ့အတူ ပြုံးနေလိုက်မိသည် ။
" ကိုဟိန်း .. "
" ခွန်လေး "
ခွန်လေးက အလိုက်သင့်လက်တို့ ကားခါ ကိုဟိန်းကို အသံပြုလိုက်စဉ် ငိုသံသဲ့သဲ့ဖြင့် ပုခုံးထပ်ပေါ် ကျရောက်လာသည့် မျက်ရည်စအပြည့်ဖြင့် လှုပ်ခတ်နေသည့် ပုခုံးအား ခွန်လေးက ထိန်းကိုင်ထားလိုက်တော့သည် ။
" ကျွန်တော်လည်း မတတ်သာလို့ပါ "
" မင်းအမှားမပါပါဘူး ငါနားလည်တယ် အခုငါတွေ့ချင်တယ် သူ့ကိုတွေ့ချင်တယ် "
" မဖြစ်နိုင်လောက်ဘူး အတော်အခြေအနေဆိုးတာမို့လို့ ပေးတွေ့ဖို့တော့ ထပ်မပြောပါနဲ့ "
ခေါင်းကို ပြန်မတ်တင်လိုက်ပြီး ငုံ့ထားတဲ့ ခေါင်းကို မော့ကာ ယခင် ဖြူဖတ်နေတာက အခုတော့ မျက်နှာတပြင် ရဲတွတ်နေသည် ။
" ငါ့လက်ထဲ ထည့်မယ့် ပစ္စည်းကော "
" အခု အရင်ဆုံးနားရအောင်လား "
နောက်ဘက်က ရပ်နေသည့် သူရိန်ကို တွေ့လိုက်သည်နှင့် စောနက ရဲတွတ်နေသည့် မျက်နှာတင်းတင်းလေးက ချက်ချင်းအောက်တို့ကို ငုံလျှိုသွားကာ
" အစ်ကိုဒီလာ "
ခွန်လေးက လှမ်းခေါ်လိုက်တော့ သူရိန်လည်း လှမ်းသွားလိုက်တော့လည်း ခေါင်းတို့ကို ငုံ့ထားဆဲဖြစ်ကာ
" အာ့လိုမနေပါနဲ့ ဟိန်းပြည့် မင်းကငါ့ကျေးဇူးရှင်ပါ "
ဟင် !
ဆတ်ခနဲမော့လာသည့် လှုပ်ရှားမှုနှင့်အတူ မျက်လုံးတို့က ခွန်လေးဆီကို ဖြစ်ကာ အသက်ဘယ်လောက်ငယ်ငယ် အမြဲတစေ အေးဆေး တည်ငြိမ်သူပီပီ ခေါင်းတို့ကို ငြိမ့်ပြလိုက်တော့ ဟိန်းပြည့် သူရိန်ကို ကြည့်ကာ
" ကျွန်တော်တောင်းပန် .. "
လက်တို့ကို ဖမ်းကိုင်လိုက်ပြီးနောက်
" မင်းတောင်းပန်ဖို့မလိုပါဘူး မင်းအမှားမှ မဟုတ်တာ မင်းလဲ နစ်နာတဲ့သူလို့သိရတယ် စိတ်လျော့လိုက်ပါနော် အချိန်ကကုစားသွားမှာပါ "
" ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့ အုပ်ထိန်းမှုအောက်ကလူကြောင့်မို့ တောင်းပန်တာလက်ခံပေးပါ "
ခွန်လေးက ခေါင်းလေး ဆတ်ပြနေသည်မို့
" ကျွန်တော်လက်ခံပါတယ် အခုတော့နားလိုက်အုံးနော် "
" ခွန်လေး ငါအာ့လူနဲ့တွေ့ချင်တယ် "
" မကြာခင် တွေ့ရမယ် အခုတော့ နားဖို့ပဲ ပြောချင်တယ် "
နောက်ဆုံး နှုတ်ဆက်စကားတို့ပြောပြီး သက်ဆိုင်ရာနားနေခန်းဆီသူရိန်ကိုယ်တိုင်လိုက်ပို့ကာ သူရိန်လည်းကိုယ့်အခန်းကိုပြန်လာလိုက်တော့သည် ။
" မင်းငါ့အခန်းထဲ ဘာလုပ်နေတာလဲ "
ရှူးးးးးးး
If You like this story please vote & comment for me .
Jan.6.2024