Part 11 ( Uni )

2.7K 80 0
                                    


" ဒီနေ့ ညပဲ စကားပြောဖို့ စီစဉ်လိုက်ပါ "

" ဟုတ်ကဲ့ ခွန်လေး "

" ဒီနေ့ည ကိစ္စပြတ်ရင် မနက်ဖြန် တစ်ခါထဲ ပြန်မှာမို့ လိုမယ်ထင်တာ ပြင်ဆင်ထားပါ "

" ကျွန်တော်တို့ ကို ဝမ်ပုံ အနီးကို လာခိုင်းထားပါတယ် ခွန်လေး "

" ဝင်လိုက် လိုရမယ်ရ ဆက်သွယ်သင့်တာကို ဆက်သွယ်ထားလိုက်ပါ "

ဝမ်ပုံ ဆိုတာ အေးဆေးပြီး အာခါ လားဟူ ဗမာ ရှမ်း လူမျိုးစု အစုံလင်ရှိတဲ့ ရွာလို့ပြောလို့ရတယ် ။ မြို့ပိုင်က သိပ်ကို သဘောကောင်းပြီး စိတ်လဲဆတ်တတ်တဲ့အပြင် အမြတ်ကြီးတယ်လို့ သတင်းတွေကြောင့် တော်ရုံ ဆို ဝမ်ပုံ ကိုမထိရဲကြတာ လဲ ဖြစ်သည် ။ တော်သေးသည် ကျွန်းပင်တွေ ပြန်လည် စိုက်ပျိုးရေးမှာ တစ်စိတ်တစ်ဒေသ ကပါဝင်ပေးခဲ့ဖူးတာကြောင့်ရော သာယာရေး ဖော်ဆောင်မှုမှာ ကူပေးခဲ့တော့ ခွန်စဝ်ငွေအိမ်ထူး ကိုတော့ အတော်လေး ခင်မင်သည့်ထဲပါသည် ။

" ခွန်လေး ဆက်သွယ်မရ ဖြစ်နေပါတယ် "

"ငပြည့်တို့ဆီ ပါဆက်မရတာလား "

'' ဟုတ်ကဲ့ ခွန်လေး "

" ကမ်းစပ်က သူ့အိမ်ကိုပဲ တန်းသွားလိုက်တာပေါ့ ငါ့လက်စွဲ သားကြီး ပါလား "

" ပါပါတယ် ခွန်လေး လူအင်အား ယှဉ်မရတဲ့ တစ်ဖက်ကြောင့် ခွန်လေး ဝင်မပါလဲ ရပါတယ် "

" မပါပါဘူး အေးဆေး စကားစမြည်ပြောရုံပါပဲ လေ ... "

အာ့လိုပြောနေရင် ကို ကြောက်ဖို့ကောင်းသည်က ခွန်စဝ်ငွေအိမ်ထူးပင်ဖြစ်သည် ။
တစ်ခါက ကားတစ်စီး ဖြတ်လုလို့ ဘယ်လက်လေးက စတီယာရင် ကို ကိုင်တဲ့ လက်လဲ မေးပြီး ပညာပြတတ်သေးတာ လဲ ရှိသေးသည် ။
လေပူ တွေသာ မှုတ်ထုတ်လိုက်ပြီး ဒီညတော့ ညတာရှည်ပြီ ဖြစ်သည်ဆိုတာ အိုက်ထွန်းသိပေသည် ။

" အထဲ ကိုခေါ်လို့ မရပါဘူး ခွန်လေး "

ဝုန်း ...

ခြံတံခါးကို ကားနဲ့ ဝင်တိုက်လိုက်ခြင်းပင် ဖြစ်သည် ။ ချက်ချင်းဆိုသလို ကားပေါ်က ဆင်းသည်နှင့် ဘေးနားတင် လေးယောက်လောက်က ရံနေပြီးသား ဖြစ်တော့သည် ။

" အိုက်ထွန်း ခြံနောက်ဘက်ကို တစ်ချက် ကြည့်ပြီး ကမ်းစပ်က စက်လှေ တစ်ချို့ကို ဖမ်းထား ပြီး ဆီထုတ်လိုက် "

" ခွန်လေး ကျွန်တော် "

" မင်းပဲ သွား ကျန်တဲ့ သူငါစိတ်မချဘူး အချိန်မဆွဲနဲ့ "

အိုက်ထွန်းလဲ ကျော်ခိုင်းခဲ့ပြီးနောက် ခွန်စဝ်ငွေအိမ်ထူး လက်ထဲကို Glock 19 ရောက်လာပြီဖြစ်သည်။ လက်ထဲမှာ အကောင်းမွန်ဆုံး ဝန်ဆောင်မှုပေးတတ်လို့ သားကြီး လို့ပင် ခေါ်တတ်သေးသည်။

" ခွန်လေး အိမ်ထဲမှာ ဓားစာခံ တွေ ရှိပါတယ် "

" အပြင်က လေရှုချင်သေးတယ်ဆို ခွန်စဝ်ငွေအိမ်ထူး အာဏာကို စိန်မခေါ်နဲ့ အိုက်ဖျင် အခုချက်ချင်းတံခါး ကို လာဖွင့်လိုက် "

ဘယ်လိုပင် ဖီဆန်တဲ့ သူပင်ဖြစ်စေကာမူ ရှမ်းအာဏာစက် ရဲ့ အသံကိုတော့ ကြောက်ရသည်။ တံခါးဖွင့်လာပြီး ဟိန်းပြည့် ကိုလဲ ဂုတ်က ဆွဲလာသေးသည် ။ သူလို့ သူပုန် အနေအထားက အကြီးကဲ တစ်ယောက်ကို စော်ကားနေတာ အတင့်တော်တော်ရဲနေသည် ။

" ဒီနေ့က ဘာနေ့ထူးကြီးမို့ သေသူတွေကို မြင်နေရတာလဲ ဟုတ်တယ်မလား ပြည့်ကြီး "

" အာ့ " လွှတ်ချလိုက်ပြီး ရင်ဝကို စောင့်ကန်လိုက်သေးသည် ။

" အိုက်ဖျင် အိုက်ဖျင် မင်းက သိပ်ကို လျှော့တွက်တဲ့ ကောင်ပဲ ငါ့ဆီက ကျွန်းတစ်တန်လောက်လေး ခိုးဖူးပြီး မင်းကိုယ်မင်း ဟုတ်လှပြီ ထင်မှတ်နေတာတော့ မဟုတ်လောက်ပါဘူး ‌နော် ဘာတဲ့ တစ်ခင်း တောင် ယာထိုးသေးတယ်ဆိုပဲ အေးဆေးပေးနေရင် နေလေ ဘာလဲ ခုထိ မနေတတ် မထိုင်တတ်သေးတာပဲလား အဖေတူ သားလေးပဲ "

" ဟျောင့် မင်းငါ့အဖေကို ... "

ဂျောက်

လက်ညှိုး ထိုးမိရုံ ကြိမ်းမိသည်နှင့် Ak 47 တွေ က အိုက်ဖျင်ဆီ ဦးတည်ပြီးသားဖြစ်သည် ။

" အခွင့်ရေးပေးမယ် အာ့နောက်က ရပ်နေတဲ့ ကလေးတွေ ချာတိတ်ရွယ်လေးတွေပါကွာ သေနတ်တောင် နိုင်ရဲ့လား ဟ "

ခနဲ့ ခြင်းပညာ အရာကတော့ ခွန်စဝ်ငွေအိမ်ထူး ဆိုတာနှင့် လိုက်ဖက်ဆုံးအရာပင်ဖြစ်သည်။

" လက်နက်ချ ဒူးထောက်လိုက် နယ်စပ်ဂိတ်က ကလေး တွေရော ၊ မင်းတို့ပါ အသက်ရှင်ရမယ် .."

ပြောနေတုန်းပင် အိုက်ဖျင် ဆီက သေနတ်က ခွန်လေး ဆီ ပစ်လွှတ်လိုက်သည်နှင့်

ဖြွတ်

" လက်ထဲက မင်း -ီး ကိုင်ထားတာ မဟုတ်ဘူးကွ "

" စောက်စကား အေးဆေးပြောမရတဲ့ ခွေးသားပဲ "

ရုန်းရင်းဆန်ခတ် အနေအထား မှာ အသာစီး ရနေတာကတော့ အိုက်ဖျင်ဖြစ်သည် ။ ခွန်လေး နားတွင် လူနှစ်ဆယ် လောက်သာ ရှိသောကြောင့် ဘယ်သူ့ အသက်မှ မဆုံးရှုံးစေလို
ဘေးနားကနေ ပြေးထွက်သွားသည်

" ခွန်... ခွန်လေး "

ကားဘေး နား ကပ်လျှိုနေရာကနေ တံခါးပေါက်နားမှ ဒါန်းရှိရာကိုပြေးထွက်လိုက်ပြီး

ဒိုင်း

ခွန်လေး ၏ Gun သည် အသံတိတ် မတပ်ထားသည်မို့ အသံဖြာထွက်လာသည် ။ ကျိန်းသေသည်က တစ်ချက် တစ်ယောက်ပင်

" ဝင် ကွာ "

လှစ်ခနဲ နံရံ ဆီပြေးကပ်လိုက်ပြီး ပန်းပင်နားကနေ တရစေ ရောက်တပ်ရာရာ ပစ်နေသည့် ကလေး နားနောက်ကနေ ကပ်လိုက်ပြီး ဇာတ်ပိုး ကိုသာ သေနတ် ဒင်နဲ့ ရိုက်လိုက်နောက် ၊
အိုက်ဖျင်ရှေ့တည့်တည့် ကိုပြေးဝင်လိုက်ပြီး လက်ထဲက သေနတ်ကို လှည့်ကန်ထုတ်လိုက်ကာ စတင် ပြီး သေနတ်ဒင်နှင့် မျက်လုံးနီး ကို ထိုးချလိုက်ခါမှ အား ခနဲ အော်သံနဲ့ ရောက်တက်ရာရာ ဖြစ်နေပေ၏။

ဘယ်အချိန်ကပြန်ရောက်လိုက်လဲ မသိသည့် အိုက်ထွန်းကလဲ အိုက်ဖျင်ဘေးက လူ၏ ဘယ်လက်အုံထိပ်ကို ကျည်ဆံပစ်သွင်းလိုက်သည်၊ အခွင့်ရေးကို လက်မလွှတ်ပဲ
လဲကျမလို ယိုင်နဲ့နေသည့် အိုက်ဖျင် ခေါင်းအား မိမိ လက်မောင်းကြားထဲ ဆွဲညှပ်လိုက်ပြီး

" ရယ်ကြည့်ပါအုံးလား အသံလေး ကြားချင်သေးတား "

" မင်း ... အစ် "

လက်မောင်းကို ပိုကြပ်ကြပ်လေးညှပ်လိုက်တော့ အတော်ပင် အသက်ရှုကြပ်သွားပုံရ၏ ။
အိုက်ထွန်းက အပြေးလေး လာပြီး ဒခေါက်ကွေးကို ပစ်ကန်ကာ လက်ပြန် ကြိုးတုပ်လိုက်သည် ။ ခွန်လေးက တော့ ငပြည့်ဆီ သွားကာ ပါးစပ်က အဝတ်စို့ကိုဆွဲထုတ်လိုက်တော့

" ရွာဦးဝင်း ထဲ ရွာဦးဝင်း ထဲကို အာ့ကောင် ဗုံးထောင်ထားတယ် မြန် မြန် မြန်မြန် ဒီည မုန့်ပွဲရှိတာ အကုန် အကုန် အာ့ရောက်နေမှာ ... "

" အိုက်ထွန်း "

" ဟုတ်ကဲ့ ခွန်လေး "

" မင်းတို့ အာ့ကောင်ဆီက အဝေးထိန်းခလုတ် ရှာစမ်းအခု "

" ဆရာ မတွေ့ဘူး ဒီကောင်ကို ငထွန်းက မေ့လောက်အောင် ကန်ခဲ့တယ် "

" ငပြည့် လာ "

ဆွဲထူလိုက်ပြီး ကားပေါ်တင်လိုက်ကာ ကားမောင်းသူနေရာကို ဝင်ထိုက်လိုက်ပြီး
မောင်းထွက်လိုက်သည် ။ ဟုတ်သည် ရွာဦးဝင်း ကို ဖြစ်သည် ။

" ငါအချိန်မှီ မောင်းပေးမှာမို့ မင်းက ဝင်းထဲက လူအကုန် အပြင်ရောက်ဖို့ တာဝန်ယူပြီး ထုတ်ပေး "

" အေး "

" ငါစိတ်မကောင်းပါဘူး မင်းရွာ ဘာမှ မဖြစ်စေရဘူး အာမခံတယ် "

" အေး ပါ မင်းရှိနေတာပဲ ဟာ "

ရွာဉီးဝင်းထိပ်ကိုရောက်သည်နှင့်

" ကားမရပ်နဲ့ ဟွန်းဆွဲပြီး ဒဲ့ကိုသာမောင်း "

" ဟေ "

" လုပ် မင်းပဲ မဖြစ်စေရဘူးဆို "

" အေးအေး "

တီ ... တီ .... တီ.... တီ .....တီ
ဟွန်းသံတွေ ဆူညံစွာနဲ့ ကားတစ်စီးက အရှိန်နဲ့ ပြေးဝင်လာတော့ ပျော်ရွှင်နေတဲ့ သူတွေလဲ အလန့်တကြားဖြစ်ကာ ရှောင်ရင်း ထိမိခိုက်မိတွေတောင် ဖြစ်နေတော့သည် ။

ကားထိုးရပ်လိုက်ပြီး ပျော်ပွဲ စဉ်ရှိတာ စတိတ်ပေါ် ကိုပြေးတက်သွားပြီး

" ဟော အစ်ကိုလေး ပြည့် က ဘယ်လိုလုပ် "

စကားပင် မဆုံးလိုက်ပါ ၊ မိုက်တည့်တည့်ကို ဝင်ရပ်လိုက်ပြီး

" သီချင်းသံ အကုန်ပိတ် ... "

ကျွီ ခနဲ နေအောင် ဟိန်းထွက်နေသည့်အသံကြောင့် ဝင်းထဲက လူတိုင်း နီးပါး မိမိ နားနှစ်ဖက်ကို ဖုံးအုပ်လိုက်မိ ။

" ၅ မိနစ် အချိန်ရမယ် မိမိ အိမ်ကို အမြန်ပြန်မယ် အသက်ထပ် အရေးကြီးတာ ရှိတယ်ထင်ရင် ဆက်နေ ကြ "

ဟိန်းပြည့် အသံဆုံးသွားတာနဲ့ တစ်ယောက် ကျောကို တစ်ယောက် ကိုင်လိုက်ပြီး ရှေ့ရောက်နေတဲ့ သူကလဲ မဆိုင်းမတွ ခြေလှမ်းသွက်သွက်တွေ စတင်လိုက်ပြီး ထွက်ခွာ ကြပြီဖြစ်သည် ။

" အိုက်ထွန်း ရှာတွေ့လား "

" ဟိုးထောင့်က ဂိမ်းခုံထဲမှာ ခွန်‌လေး အချိန်က ၁၀ မိနစ်ပဲ ကျန်တယ် မီးပန်းဖောက်ချိန်ကွက်တိလုပ်ထားတာ "

" ငပြည့် ကိုသစ် ရော "

" ငါ့ကို ပစ္စည်းပေး ကိုသစ် အကြောင်း နောက်မှ ပြောတာပေါ့ "

ငပြည့် ဂိမ်းခုံထဲထိ ဝင်ကာ Score တွက်သည့် စက်ဘေးက ဗုံးကို စိတ်ရှည်လက်ရှည် ကြိုးဖြုတ်ဖို့ကို စီစစ်နေပြီဖြစ်သည် ။

" အချိန်ကပ်နေပြီ ငပြည့် လာ ဒီမှာ လူမရှိတော့ဘူး ပေါက်လဲရတယ်လေ "

" မဖြစ်ဘူး ငါရအောင်ဖြုတ်မှရမယ် "

ဖလောက် ' တီ ............. ဂျပ် '

" ရသွားပြီ "

" သားထူး ပြန်ရအောင် ငါစာရင်းရှင်းစရာရှိတယ် "

ဒီလို အငွေ့အသက်မျိုး ဟိန်းပြည့်ဆီက မရတာ ကြာပြီ၊ ဒေါသထွက်နေတာ ဖြစ်သည်။
အိမ်ရှေ့ကို ကားရပ်လိုက်တာနဲ့ စောနက လို ပြာနေတာလဲ မဟုတ် ၊ ကြောက်နေသည်လည်း မဟုတ် အေးဆေးလေးပင် ကားပေါ်ကဆင်းသွားတာ ဖြစ်သည် ။

" စောက်သုံးမကျတဲ့ ကောင်တွေ "

အဝင်ဝ မှာ ခါးလေးကိုင်းပြီး အရိုသေ ပေးနေတဲ့ သူတွေ ကို လက်သီးနဲ့ ထိုးပြီး ပြောဆိုနေခြင်းဖြစ်သည်။ ခွန်လေး ဘာမှပြောမနေတော့ပါ နောက်ကနေသာ အိမ်ထဲ လိုက်ဝင်လိုက်ပြီး ကျွန်းဆက်တီ ရှေ့မှာ ကြိုးတုပ်ထားပြီး ခေါက်လဲနေသည့် အိုက်ဖျင် ရှေ့ကို တည့်တည့်ဝင်ထိုင်လိုက်ပြီး

" ငါပါ ဝင်လို့ရလား "

" သိပ်ရတာပေါ့ ကွ လာ "

" ရေပက်လိုက် အခုပဲ "

ဗြန်း ....

ဝူး ဝဲ နဲ့ နိုးလာတဲ့ ပုခုံးပေါ်ကို ခြေထောက် နဲ့ ကန်လိုက်ပြီး

" နေလို့ကောင်းသွားပြီလား ကဲ ငါနဲ့ စတာပေါ့ "

ဖြောင်း .... ခေါင်းတစ်ခုလုံးလည်ထွက်လောက်အောင် ပါးရိုက်လိုက်ခြင်းဖြစ်သည် ။

" နေလို့ကောင်းလား မထိုးတော့ဘူးနော် ဖွ သွားထွက်လာရင် ဆွဲနှုတ်လို့မရမှာ ကြောက်တယ် "

အာ့လို ရက်စက် တက်တာ ဟိန်းပြည့်မင်းမာန် ဆိုသူ ဝမ်ပုံ ရွာပိုင် ဖြစ်သည်။ အမြဲတစေ ရှမ်းဘောင်းဘီ ဝတ်တတ်ပြီး အလောင်းစား ကို အရူးမှုးလုပ်တတ်ပေမယ့်လို့ ကြောက်ဖို့ကောင်းလို့ ဘယ်သူမှ မစရဲသည့် လူတစ်ဦး ဖြစ်သည် ။

" မင်း အဖေဖို့တော့ စိတ်မကောင်းဘူး မကြာခင် နှစ် ၂၀ လောက် ထွေးပွေ့လာတဲ့ သားကနေ သမီးတစ်ယောက် ရတော့မှာဆိုတော့ "

မေးဖျားလေးကနေ ကိုင်ကာ ပြောနေခြင်းဖြစ်သည် ။

" မျက်နှာလေး လှသလောက်ကွာ ဆိုးတတ်တာ ဘာလဲ မင်းအမေ ရုပ်နဲ့ မင်းအဖေ စရိုက်လား "

အွန်း ...ဟွန်း

" ကလေးလေးက သိပ်စကားပြောချင်နေပြီ အဝတ်စလေး ထုတ်ပေးလိုက်ရမလား ဒီက "

ဆံပင်စကို ဆွဲလှန်လိုက်ပြီးပါးစပ်က အဝတ်စကို ဖယ်လိုက်တာနဲ့

" ခင်ဗျားကို ကျွန်တော် အဖေက အလွတ်ပေးမယ် မထင်လိုက်နဲ့ "

" စကားပြောနည်း သင်ပေးမယ့် ခုချိန် မကြာခင် ကျွန်တော် အဖေက ဒီကို ဒူးထောက်ရောက်လာမှာမို့ ညှာတာပေးဖို့ ပြင်ပြောလိုက် အိုက်ဖျင် ခွန်စဝ်ငွေအိမ်ထူး ကို မထီတာတဲ့လား ဟ မင်း မျိုးဆက် ဘယ်နှစ်ဆက် ပြတ်ချင်လဲ တစ်ခါမှ ဒီမြေ မနင်းဖူး သူဖြစ်ချင်လား "

ခွန်လေး ပြောလာတဲ့ စကားကို မျက်လုံးလှန်ကြည့်နေတဲ့ အိုက်ဖျင်ဆီကို ရောက်လာတဲ့
ဟိန်းပြည့် ရဲ့ လက်ဝါးက

ဖြောင်း

" စောက်ချိုးတွေ ပြင်ထား "

ဖြောင်း

" စောက်ပြောလေးလဲ ကျင့်ထား မှန်းစမ်း မင်းဗိုက်သားလေး ကြည့်ချင်လို့ လှန်ပြီနော် "

ဓားမြှောင် တစ်ခုကို လက်ထဲ လှည့်ကစားနေပြီး ဓားထိပ်လေးနဲ့ အင်္ကျီလေးကို လှန်တင်လိုက်ပြီး

" ဒီနားလေးက လွတ်နေတယ် နော် ဘာပုံကြိုက်လဲ ဒီက ပုံဆွဲ သိပ်တော်တာ "

အာ့ ပြောရင်းက ဓားထိပ်လေး နစ်ဝင်ရုံ ဖိချလိုက်တော့

" သည်းခံလေ စောနက မင်းပြောတော့ ဓားဖျားက သွေးလေးက အရသာရှိတာ‌ဆို မှန်းစမ်း မြည်းကြည့်ရအောင်လား "

ရွှက်

" အာ့ တော်ပါတော့ "

" မင်းပါးစပ်ပေါက် ပိတ်ထားလိုက် ခွေးသား ကများ တောင်းဆိုခွင့်ဘယ်ကရဖူးနေတာလဲ ဟမ် "

" ကဲ ငါပြောတာကို သေချာ နားထောင်ဖို့ မျှော်လင့်တယ် "

မထီသလို လုပ်နေသေးတော့ နားရွက်ကနေ ဆွဲမလိုက်ပြီး နားနားကို ကပ်ကာ ဟိန်းပြည့်မှ

" သေချာ နားထောင် ခဏနေ နားလဲ ရှိချင်မှ ရှိတော့မှာမလား "

" နောင် တစ်ချိန် ခွန်စဝ်ငွေအိမ်ထူးကို မထိတထိ လာမလုပ်နဲ့ မင်းခုနေ နာကျင်ရတဲ့ ခံစားချက်ကို နာနာကျင်ကျင် နဲ့ ဆက်ပြီး မခံစားရဖူးလို့ အာမမခံဘူး မင်းတစ်ယောက်ထဲ မဟုတ်တာသေချာတယ် ပြီးတော့ ကျွန်းခိုးတာ မင်းဆိုင်တဲ့ ပွဲစားလွဲနေသေးတယ် နည်းနည်းကြိုးစား ငါ့ အခင်း က မင်းအလောင်းတွေလဲ လာကောက် မဟုတ်ရင် မြေဩဇာ ဖြစ်တော့မှာ "

" ငပြည့် ငါပြန်တော့မယ် "

" ငါလိုက်ပို့မယ် လာ အီရစ် သူ့ကို အောက်ခန်းထဲ ပို့ထားလိုက် "

" အရမ်းကြီး လက်လွန်အောင်လဲ လုပ်မနေပါနဲ့ ပျက်စီးမှုတွေ အဖို့ ငါလွတ်ပေးလိုက်မှာမို့ စိတ်ချပါ သိချင်တာ ဘယ်လိုဖြစ်ပြီး ကြားကပါလာရတာလဲ "

" ညနေက လောင်းကစားဝိုင်းက စတာ ငါ့ဝိုင်းမှာ လောင်းပွဲ ထပ်ပြီးတော့ မင်းနာမည်ပါလာရာကနေ စတာပဲ ပုံမှန်ဆို လူအင်အား များပေမယ့် ခုက ရွာပွဲ ရှိလို့ ပြန်ကြတဲ့ သူတွေကောနဲ့ လက်လွတ်စပယ် ဖြစ်တာပဲ ပြီးတော့ ကိုသစ် ကြောင့်ရောပဲ "

" ကိုသစ် ကဘယ်မှာလဲ "

" သူတို့ဆီမှာလို့ ကြားတယ် ဆေးမရတဲ့ သူနားကခွာပြီးရတဲ့ သူဆီ သွားနေတယ်ထင်ပါတယ် "

" နှမြောဖို့ ကောင်းတဲ့ လူတော် ကို "

" မင်းငါ့ကို လာကူပေးတာကျေးဇူးပဲ "

" လာကူပေးကြီး မဟုတ်ဘူးငါ့အကြောင်းကလဲပါနေတာကို "

" မကြာခင် မင်းဆီ ကိုသစ် ရောက်လာလိမ့်မယ် ငါ့ဆီကို လွှဲပေးလိုက်ပါ "

" စိတ်ချပါ အာ့ဒါတော့ "

" ဒါနဲ့ ဘယ်တော့ ရိုးရာ လုပ်မှာလဲ သိချင်ပြီ "

" မကြာခင် ရွေးကောက်ပွဲ နဲ့ ညှိပြီး ပေါ့ "

" ပိုပြီး သတိထားရမဲ့ ကာလ ပဲ ပြီးတော့ ကျွန်းသစ် စိုက်ပျိုးရေး ကို စိတ်ချထား ငါရှိတယ် ယာခင်းတော့ ငါ မကူနိုင်ဘူးကွာ "

" လက်အရမ်းမလွန်စေနဲ့နော် အထဲက တစ်ယောက်ကို "

" စိတ်ချပါ နောက်နေ့က စလို့တော့ အပိုးကျိုးနေလိမ့်မယ် "

" ပြန်အပ်မှာလား "

" ဟင့်အင်း ခေါ်ထားဖို့ များတယ် သူက ငါ့ဆီ လာတာပဲ ကောင်းကောင်းကြီး နှိပ်စက်ပြီးမှ ကောင်းကောင်းလေး နဲ့ ပြန်လဲ ရမယ်လေ "

" ဟုတ်ပြီ "

Nov 16. 2023 

Lost & Found (Complete)Donde viven las historias. Descúbrelo ahora