Part 26 (Uni )

1.7K 68 2
                                    

မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သားထူး ဆွံအသလို ရပ်တန့်နေမိသည်။ အစ်ကို့ရင်ခွင်ထဲတွင် အစ်ကို အချစ်ရဆုံးအမျိုးသား ပြီးတော့ အစ်ကို့လက်တွေက ဖက်ထားသေးသည် မဟုတ်လား သူ့ကိုတောင်ဖမ်းဆုပ်ထားဖို့ မကြိုးစားခဲ့သည့်လက်တွေ သူ့ကိုတော့ ကြင်နာမှုမပေးတတ်သည့်အေးစက်စက်ရင်ခွင်ပိုင်ရှင်  ဘယ်အရာကိုမဆို တည့်တိုး ရင်ဆိုင်တတ်သူ  ခွန်စဝ်ငွေအိမ်ထူး ကို ခြေလှမ်းတွေ နောက်ဆုတ်လိုက်မယ်လို့ တွေးထင်ပြီး လုပ်လိုက်တာလား ပိုင်စေရာယိမ်းတို့ သားအဖ မကြောက်မရွံကျွန်တော့်ရဲ့ သည်းညှာကိုတော့ ထိတတ်သား ..

ဓာတ်လှေကားတွင်းမှ မင်းသူရိန်လဲ ကြောင်အ သွားပြီးနောက် ကြည့်နေသည့် သားထူး မျက်လုံးတွေမှာတင် စက္ကန့်မျှ ရပ်တန့်နေတုန်း အရှေ့ကလူကလည်း ဓာတ်လှေကားထဲသို့ အေးစက်စက်ရုပ်နဲ့ ဝင်လာပြီဖြစ်သည်။  အခုတော့ သုံးယောက်ထဲဖြစ်ကာ ရင်ခွင်ထဲ ပိုတိုးလာသူကို တွန်းထုတ်ဖို့ သတိကပ်လာသည်နှင့် တွန်းလိုက်ပြန်ခါမှ ခေါင်းမူးနေသလို ပစ်လဲတော့မလို ဖြစ်နေသေးသူကြောင့် မင်းသူရိန် နှစ်ယောက်ကြား ခေါင်းကိုက်ရပြီ မဟုတ်လား ဘယ်လိုတောင် ကံဆိုးသည့်နေ့တစ်နေ့ ဖြစ်ရတာပါလိမ့် ...

ရုတ်တရက်

" ဦးမင်းသူရိန် .. "

ငလူးကျလိုက်တဲ့ သားထူး ခေါ်သံကြောင့် နားထင်မွှေးတောင်ထောင်ချင်သည် ။

" အင်း "

" ခုတလော ပုံစံပြောင်းလာတယ်နော် တစ်ကိုယ်လုံးလဲ လက်ဖက်စိမ်းနံ့တွေရတယ် Shower Gel ပြောင်းသုံးနေတာလား "

ရေချိုးဆပ်ပြာတွေထိ ပြောနေသည့် ခပ်တည်တည်မျက်နှာဖြင့် ထိုလူအား ပိုင်စေရာယိမ်း သေချာ ကြည့်လိုက်မိသည် ၊ သူ့ထပ်လဲ အသက်ငယ်မဲ့ပုံဖြစ်ကာ ကိုထိုက်ကိုလဲ ဦးတပ်ခေါ်တယ် ကျိန်းသေပေါက်ငယ်မှာပါ အနည်းငယ်တောင် လူကြီးပေါ် ရိုသေမှုမရှိလိုက်သည့် အကြည့်ပါလား

" ဟုတ်တယ် မင်းပေးထားတဲ့ဟာ ကုန်သွားလို့ ရှိတာသုံးလိုက်တာ "

" မပြောဘူး တော်သေးတယ် ပါလာတာနဲ့ တစ်ခါထဲညကြ ချိုးလိုက်ပါလား "

Lost & Found (Complete)Wo Geschichten leben. Entdecke jetzt