" ကိုကိုကြီး အဆင်ပြေရဲ့လား "
မီးလေးက အအေးခွက်လေးနဲ့ ရောက်လာတိုင်းအမောပြေရသည်၊ အိမ်က မိန်းမကတော့ ဘာများဖြစ်လို့လဲ ဟုသည့် မေးခွန်းများနှင့်ပင် တစ်ခုခုဆို ငိုယိုဖို့သာ တတ်ကျွမ်းတာကို မြင်ရခံစားရတာ စိတ်ကုန်ခြင်း၏ အစ ပင်ဖြစ်ခဲ့ရာ
" မီးလေး ကအကောင်းဆုံး ကိုကိုကြီးက မှေးခနဲ့ အိပ်ပျော်သွားတာ "
' မှေးခနဲက ညနေစောင်းတော့မယ် တစ်ခုခု သွားစားကြမယ်လေ မီးလေးက ကိုကိုကြီး နိုးအလာကိုမစောင့်နိုင်တော့လို့ "
နှုတ်ခမ်းလေး ဆူပြီး ပြောတတ်လိုက်ပုံတွေကြောင့် ဒီကလေးမ နှင့် အတူရှိတာ နှစ်လနီးပါးရှိကာ တွဲသွားတွဲလာ လုပ်သမျှထဲအကြာဆုံးပင်
" တစ်ခုခုပဲမှာလိုက်နော် ခဏနေ ကိုကိုကြီးက ပြန်ရမှာ "
" မီးလေးကို ပစ်ပြီး မိန်းမဆီ ပြန်တော့မယ်ပေါ့ "
" Resort တစ်ခုဆီသွားစရာရှိလို့ပါ "
" မီးလေးလဲ လိုက်ချင်တယ် " ပြောလဲပြော ရင်ခွင်လေးထဲ မှီတွယ်တတ်တာ ဒီကလေးမကို ချစ်ရသည့် အချက်ပင်ဖြစ်စေကာမူ အခုတော့ ခေါ်သွားလို့မရပေ ၊ ဒီညနေ Resort တစ်ခုလုံးကို Reserved လုပ်သူက ခွန်စဝ်ငွေအိမ်ထူး၏ အယုံကြည်ရဆုံးတပည့်ဆိုတာ သိလိုက်ထဲက ဒီနေ့ အိမ်တော်ကို မပြန်ဘဲ သွားမည်ဆိုတာကို သိသည်။
ပင်လယ်ကမ်းခြေတွေ ကြိုက်တတ်သည့် အစ်ကိုနှင့် မြေတွေလိုက်ဝယ်မိတာ မမှားကြောင်းကို ကျေနပ်နေမိသည်။ ပထမ ကမ်းခြေမဟုတ်သည့် မြစ်လေးမှာတောင် ကြည်လင်ပြုံးပြနေသည့် မျက်နှာလေးကို မမေ့နိုင်ပါ ၊ သုံးရက်လုံး ရန်ဖြစ်လိုက် ချော့လိုက်ကြားက ဒီနေ့ အဆင်ပြေသွားသည်မို့ ဒီအပြုံးတွေပြန်စိုပြေလာဖို့ကို ဖော်ဆောင်ရတော့သည်။
" ခွန်လေးတို့ရောက်ပါပြီ "
" အိုက်ထွန်း စီစဉ်ခိုင်းထားတာရော "
" အခန်းထဲအဆင်သင့်ပြင်ပေးထားပါတယ် ခွန်လေး "
အိပ်နေသူကို ပွေ့ချီလိုက်ဖို့ ရွယ်နေတုန်း နိုးလာသူကြောင့် အားနာသွားရသည်။
" နိုးသွားတာလား အိပ်နေလို့ မနိုးချင်တာကို "
" အာ့ဒါနဲ့ပဲ ချီဖို့လာလုပ်နေတာတဲ့လား ဘယ်နေရာကြီးလဲ အို ... "
ပြောနေရင်းကနေ ဝေ့ဝဲကြည့်လိုက်တော့မှ ပတ်ဝန်းကျင်ကို သတိထားမိကာ ကားပေါ်ကဆင်းလိုက်ပြီးနောက် ငေးကြည့်နေလိုက်မိသည် မျက်စိရှေ့တွင်ရှိနေသည်က ကျယ်ပြောနေသည့်ပင်လယ်ကြီး မဟုတ်ပါရောလား ?
" ဘယ်ခေါ်လာတာလဲလို့ "
" မရောက်သေးဘူး ဟိုဘက်က ကုန်းလေးပေါ်ကို ဆက်သွားရအုံးမှာပင်ပန်းရင် ဒီဘက်မှာနားပြီး မနက်မှ သွားမလား ညလဲအတော်မိုးချုပ်နေပြီ "
" တစ်ခါထဲပဲ သွားရအောင်ပါ "
လက်ကို ကိုင်လိုက်ပြီး ပြောနေသည့် အစ်ကိုကြောင့်
" အိုက်ထွန်း ပြင်ခိုင်းထားတားရော "
" အဆင်သင့်ပါပဲ ခွန်လေး "
" လာ "
ခွန်လေး ဆွဲရာနောက်ကို လိုက်လာလိုက်ပြီး ကမ်းစပ်နားလေးက Speed Board ပေါ်ရောက်ခဲ့ရပြီဖြစ်ကာ မင်းသူရိန် ကြောင်သွားသည် ၊၊ နှစ်ယောက်ထဲ ဘယ်လိုသွားမလဲ တွေးနေတုန်း မောင်းဖို့ပြင်နေပြီ ဖြစ်သည့် ခွန်လေးကို ငေးကြည့်နေလိုက်သည်။
သူမသိတာတွေ ဒီကလေးမှာ အများကြီး ရှိနေသေးတာပါလား လို့တွေးနေလိုက်၏ ။
" အစ်ကို သေချာကိုင်ထားနော် မိနစ် ( ၂၀ ) လောက်ပဲ ကြာမှာ "
ခေါင်းလေးညိတ်ပြီးတော့ သာ လက်ခံကြောင်းတုံ့ပြန်လိုက်ပြီးနောက် ဖြတ်တိုက်လာသည့် ပင်လယ်နံ့လေးကိုပြည့်ပြည့်ဝဝ ရှုရှိုက်နေရတာ အိပ်ချင်စိတ်တွေတောင် ပြေပျောက်ရသည်။
" မင်းေ-ာက်ဖြစ်မရှိတဲ့ကောင် "
ဆောင့်ကန်လိုက်ပြီး ဦးယိမ်းမင်း တပည့်ဖြစ်သူကို မျက်ထောင့်နီများဖြင့်ကြည့်ကာ
" ဒီေ-ာက်လုပ်တောင် မလုပ်နိုင်သေပလိုက် သေပလိုက် "
ဆက်တိုက်ဆောင့်ကန်နေလိုက်ပြီး ဒေါသတွေ ပုံချနေသည်၊ ဒီနေ့အပြီးသတ်ဖို့တွေးထားသည်ကို တစ်ဖက်က သတိထားမိပုံပင်
" ခွေးသားက လည်လွန်းရင် ချီးနင်တယ်ဆိုတာ မကြုံဖူးသေးလို့ပါ မကြာတော့ဘူး မင်းတို့သေအောင်လုပ်ပြမယ် "
ဦးယိမ်းမင်း မျက်နှာတစ်ခုလုံးဒေါသအရှိန်နှင့်နီမြန်းနေကာ တတ် ခေါက်သံများလည်း ပြည့်နှက်နေပြီဖြစ်သည်။ သေချာလေး စီစဉ်ထားကာမှ Resort ကိုအယောင်ပြ Booking တင်ပြီး လှိမ့်ထွက်သွားသည်တဲ့လား ? ခုမှ သိလို့ဘယ်အမြီးပြေးဆွဲရမလဲ မသိ ဘယ်လောက်လုံခြုံတဲ့နေရာကို ရောက်နေပါစေ ငါကတော့ လိုက်ရှာပြီးကို ဒုက္ခပေးဖြစ်ဖို့ အဆင်သင့်ပဲ ။
Walkie- Talkie ကနေ အသံတွေ ထွက်နေတာကို ကြားပေမယ့် ဘာစကားတွေမှန်းမသိပါ ၊ ခွန်လေးကတော့ ပြန်ပြောနေပြီး ပြန်ပြောလိုက်သည်တွေကလည်း ဘာတွေမှန်းမသိပါ ။
လေအေးအေးလေးတွေကြားထဲ အေးစိမ့်စိမ့်ဖြစ်လာသည် မောင်းနေသူကတော့ အပေါ်ထပ်လဲ မပါပဲ ဝတ်လာသည့် T-Shirt လက်ရှည်ကိုပင် ခေါက်တင်ထားလိုက်သေးသည်။ ကိုယ်တောင် အေးတာဟုသည့်အတွေးနှင့် အနားကို ကပ်လိုက်ပြီး နောက်ကနေ သိုင်းဖက်ထားလိုက်သည်။
" ဘာလိုချင်လို့လဲ အစ်ကို ရှေ့ဆိုရောက်ပါပြီ "
" မင်းအေးနေမှာဆိုးလို့ "
" ဟ ဟ ဟ ရှမ်းသားလေးကို လှောင်နေတာလား အစ်ကိုဖြင့် နှာသီးလေးတောင် ရဲနေရော ကို "
နှာဖျားလေးကို လက်ခုံလေးနဲ့ ထိပြီး ပြောလာတော့ တင်းနေအောင်ထပ်ဖက်လိုက်ထားသည်။
" အစ်ကို ကျွန်တော့်ကို ချစ်လား "
" ထင်တာပဲ "
" ချစ်တယ်လို့ထင်တာလား မချစ်ဘူးထင်တာလား "
ပုံသေဆို စိတ်ဆိုးသည့်ရည်းစား သာကြုံဖူးမယ် ကပ်သပ်ပြီး ပြန်မေးတတ်သည်တော့ ကြုံဖူးမည် မထင်ပါ ခွန်လေးကတော့ ပြန်မေးသည် သူလိုချင်သည့် အဖြေမရမချင်းကို မေးတတ်တာ ဖြစ်သည်။
" ဘာကြားချင်တာလဲ မင်းက "
" ကျိန်းသေပေါက် ချစ်ပါတယ်ပေါ့ "
" အေးလေ ထင်တာပဲလို့ "
" ထင်တာ မလိုချင်ပါဘူးမရေရာ တာကြီးကို "
" မင်းကတော့ လူလည်ပဲ "
" အစ်ကိုနော် ကျွန်တော်လို ရှမ်းသား လေးကို မူတာ အစ်ကိုပဲ ရှိတာ လိုချင်သူတွေ ပုံလို့ "
" ပုံနေတဲ့ အပုံရဲ့ ဘေးခြမ်းမှာလေ ငါကမလိုချင်လွန်းလို့ အမလေး "
ဖက်ထားတာလေး လွှတ်လိုက်ပြီး ရန်ထောင်နေသည်ကို ခွန်လေး သဘောတကျ ရယ်သံအကျယ်ကြီး ဖြင့်
" လှောင်တာလား "
" မလှောင်ရဲပါဘူး ဗျာ ချစ်တာ ချစ်တာ ပြန်ဖက်ထား အရမ်းအေးလို့ "
အပိုတွေလုပ်ပြနေသည့် ခွန်လေးကို လက်သီးတစ်ချက် ကျွေးလိုက်ပြီး ပြန်ဖက်ထားလိုက်သည်။
' အစ်ကိုက တကယ် လူကြီးဆိုးလေးပင် '
ရောက်ရမဲ့နေရာရောက်တော့ တောင်ကုန်းလို နေရာလေးပေါ် အိမ်ဝန်းလေးတစ်ခု ဖြစ်ပြီး ပင်လယ်ကြီးနဲ့ အလိုက် အဖြူရောင်တိုက်လေးဖြစ်ကာ ပင်လယ်ကြီးကို မျက်နှာမူထား သည်ကို တကယ်သဘောတကျ ဖြစ်နေသူ အစ်ကို့ကို အိမ်ထဲဆွဲခေါ်လိုက်တော့သည်။
အဝတ်စားလဲ ရေချိုးခြင်းထပ် အိပ်မယ်လို့ ဦးတည်နေသူအား ရေမချိုးရင် အတူလိုက်ချိုးမည်ဟုသည့် အသံကြောင့် မင်းသူရိန် တစ်ယောက် ညကြီး အချိန်မတော် ရေချိုးနေရပြီ ဖြစ်သည် ။ ပွစိပွစိနှင့် ရေချိုးပြီး ချည်ဘောင်းဘီ ညအိပ်ဝတ်လေး လဲလာသူကို ကုတင်ပေါ်ကနေ တစ်ကိုယ်လုံးပေါ် ခါးနားတွင်သာ သဘက်ပတ်ထားသည့် သကောင့်သားက လာကြည့်နေသေးသည်။ ခဏနေတော့ ခွန်လေးလဲပဲ ရေဝင်ချိုးတော့သည် မချိုးခင်က မှာခဲ့သေးသည်။
" ညစာလေးတော့ စားပြီးမှ သောက်ဖို့နှင့် အတူသောက်မှာမို့ အရင် မအိပ်နှင့်ဖို့ပင် "
ကုတင်လေးပေါ်ထိုင်လိုက်ပြီး ကုတင်ဘေး ဝရန်တာကနေမြင်ရသည့် ပင်လယ်ကြီးဆိုသည်ထပ် အဝေးနားက အချက်ပြမီးများနှင့် လှိုင်းပုတ်သံတွေသာ ကြားနေရတာကို မင်းသူရိန် သဘောတကျကို ဖြစ်နေသည်၊ စားပွဲပေါ်က ပြင်ဆင်ထားသည့် ညစာကို စားပြီးနောက် ခုံပေါ်က ဝိုင်ပုလင်းလေးကို သေချာကြည့်လိုက်တော့ ရိုချင်စရာမကောင်းသည့် ဝိုင်ဖြူပင် မင်းသူရိန် နှာမှုတ်လိုက်ပြီးနောက်
"ဒီလိုညဆို ဝိုင်နီလေး မဟုတ်လဲ ဝီစကီလောက် ပြင်သင့်တယ် မဟုတ်လား "
ဂျလောက် ရေချိုးခန်းမှ ခွန်လေး ထွက်လာပြီဖြစ်သည်။
ဘာလား ဒါကြွားတာလား ဆွဲဆောင်နေတာလား စောနကလို သဘက်ကိုပတ်ထားပြီး ရေစိုခေါင်းကို လက်တစ်ဖက်က သုတ်နေသည် ၊ တစ်ကိုယ်လုံးတွင် သဘက်တစ်ထည် နှင့် မသိရင် မင်္ဂလာ လာဦးနေသလိုပင် မင်းသူရိန် မျက်နှာလွှဲလိုက်ပြီး ဝိုင်ဖွင့်ဖို့ကို လုပ်လိုက်သည်။
" အစ်ကို ဝိုင်ဖွင့်တတ်လို့လား ခဏလေးစောင့်လေ အတူသောက်ပါမယ်ဆိုနေ "
ပြန်မပြောနိုင်ပေ မင်းသူရိန် ဝိုင်ပုလင်းကို ချလိုက်ပြီး စောင့်နေခြင်းအမှုပြုနေလိုက်သည်။
တစ်အောင့်နေတော့ သူ့လို ချည်သားညအိပ်ဝမ်းဆက် လေးဖြင့် ဂုတ်ပေါ် သဘက်တင်ထားပြီး သေချာလေး ဂရုတစိုက် ဝိုင်ပုလင်းမှ အပိတ်ကို ဆွဲထုတ်ပြီး Ice Busket ထဲ ပြန်ထည့်ထားကာ
" ထည့်လေ မင်းကလဲ အေးနေပါပြီ "
" ဒါကျွန်တော်ဖို့ အစ်ကို့ဖို့က သက်သက်ရှိတယ် "
" ဒီပုလင်းပဲတွေ့တာပါ "
" အောင်ပွဲခံအနေနဲ့ သောက်တာမို့ ကြိုက်တာတွေသောက်ဖို့ အစ်ကို့ဖို့ Cognac ကောင်းကောင်းလေးပြင်ထားပါတယ် ခုံပေါ်တင်မထားတာနေမယ် "
အနားက ထထွက်သွားပြီး မိနစ်ပိုင်းအကြာ ဖန်ခွက်လေး နဲ့ Courvoisier XO Royal Cognac ပုလင်းကိုင်လာတာနဲ့တင် မျက်လုံးလေး လတ်သွားသည်ကို တွေ့လိုက်ရတော့ပြီ