Part 27

1.7K 60 0
                                    

လမ်းမှာတင် တစ်ခါတည်း ဆန်ပြုတ်ဆေးနဲ့ စားစရာတစ်ချို့ကိုဝယ်လာခဲ့လိုက်ကာ ဒီညတော့ ကောင်းကောင်းလေး ဆက်ဆံပေးထားမှ မနက်စကားပြောဖို့ လမ်းကြောင်းရှာရမည်။

" အစ်ကိုလေး ရောက်ပြီဗျ "

" အင်း အိုက်ထွန်းလဲ နားတော့လေ ပင်ပန်းရောပေါ့ ရုံးဘက်ကလူတွေ ဒီတစ်ဝိုက်ရှိမှာမို့ စိတ်ချလက်ချ နားလိုက် ဆရာတပည့် နှစ်ယောက်လုံး အားမရှိတဲ့ ပုံ "

" ဟုတ်ကဲ့ အစ်ကိုလေး "

ကားပေါ်ဆင်း အထုတ်တွေနှင့် ဝင်လာသည့် မင်းသူရိန်ကြောင့် Mask လဲမပါတော့တာကြောင့် မြင်လိုက်သည့် လူနည်းစုက အရိုအသေ ပေးနေတော့သည်။ အလျှင်အမြန် လမ်းလျှောက်လိုက်ပြီး သားထူး အခန်းရှေ့ရောက်တော့ ခေါ်ကြည့်လိုက်သော်လည်း အကြောင်းမပြန်တာကြောင့် အားနာပေမယ့် အိုက်ထွန်းကို ဖုန်းခေါ်ခါ တံခါးလာဖွင့်ဖို့ လုပ်ရသေးသည်။ ပြောတော့ရတယ်တဲ့ ပြန်ရောက်တော့ အဝတ်အစားတောင်မလဲပဲ ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ခြေနှစ်ချောင်းအပြင်ထွက်နေတာတောင် ရအောင် အိပ်နေသေးသည်။

" သားထူး သားထူး "

ခေါ်ကြည့်သော်လည်းမရလောက်အောင် ကိုယ်ပူရှိန်များနေသည်ဖြစ်တာကြောင့် ဇလုံနှင့် အဝတ်စယူကာ အပေါ်အင်္ကျီကို ချွတ် ရေဘက် ကို တိုက်ပေးနေလိုက်သည်။ ခန္ဓာကိုယ် အနည်းငယ် အပူရှိန်လျော့လာကာမှ အဝတ်အစားလဲပေးတာဖို့ ပြင်ဆင်လိုက်တော့ အင်္ကျီကို ချွတ်ရင်း ခါးစောင် နားက ဇာမဏီ ငှက်ရုပ်လေးဆီ ထိကိုင်လိုက်မိတော့သည် ၊ မင်းသူရိန် အကြိုက်ဆုံး မမြင်ဖူးပဲ နာမည်ကြားရုံ သဘောကျခဲ့သည်မို့ ကျောင်းတုန်းကတောင် Tattoo ထိုးဖို့ လုပ်ခဲ့ဖူးသော်လည်း မအောင်မြင်ခဲ့ပေ ၊ ပျံတော့သဖွယ် ဇာမဏီငှက် အမြှီးဖျားနားကနေ ချုပ်ရိုးလေးကို တော့ သေချာလေး ကြည့်ရင်း မျက်ရည်တို့ ဝေ့ဝဲလာသည် ။

" အမလေး "

ရုတ်တရက် စဉ်းစားနေသည့်အကြောင်းအရာတွေတောင် ဖြတ်ခနဲပျောက်သွားလုမတတ် လက်ကို ဖမ်းဆုပ်ခံလိုက်ရတာကြောင့် လန့်သွားသူအား

" ခါးက ယားတယ်လေ ဗျ "

" ဪ အင်း မရည်ရွယ်ပါဘူး ချွေးထွက်လို့အဝတ်လဲပေးတာ "

လှဲနေရာကနေ ထလာပြီး ကြယ်သီးပြုတ်ပြီး ကျွတ်ခါနီးအား ချွတ်လိုက်ပြီး‌ ဘေးနားရောက်နေသည့်အဝတ်အား ယူဝတ်နေသူအား သေချာလေးကြည့်နေလိုက်ပြီး ဝယ်လာလိုက်သည့် မြူစွမ်ပြုတ် တိုက်ပြီး ဆေးလေးတိုက်ဖို့ ဆုံးဖြတ်ချက်ချကာ နေရာကထ ပန်းကန်ထဲသေချာထည့်လိုက်ပြီးနောက် သားထူး ဆီ ပြန်လာလိုက်သည် ။

" အစာနည်းနည်း စားလိုက်နော် ပြီးရင်ဆေးလေးသောက်ပြီး နားလိုက် "

အစားအသောက်ကို မစားဘူး အင်းအဲ ဂလန်ဂဆန် မလုပ်တတ်သူမို့လား နေပဲမကောင်းနေလို့လားမသိ ပေးလိုက်သည့် မြူစွမ်ကိုတော့ သေချာလေး သောက်နေသည်။ အဆင်သင့်ဖြစ်နေဖို့ ဆေးပါဖောက်ပြီး ရေပါ ပြင်နေသည့် မင်းသူရိန်ကြောင့်

" ကျွန်တော်သက်သာတယ် အာ့လောက်ထိ မလုပ်နေနဲ့ ရတယ် "

" ရတယ် ဘာမှ မပင်ပန်းဘူးမို့ အစ်ကို လုပ်ပေးမယ်နော် "

ရန်လည်းမဖြစ်ချင်သလိုနေမကောင်းတာကြောင့် စကားတွေမပြောချင်ပါ မြူစွမ်ကုန်တော့ပန်းကန်ကို သိမ်းတော့လည်းပေးလိုက်သည်။ ဆေးပေးတော့လည်းသောက်လိုက်သည် ။

" မပြန်သေးဘူးလား "

" နေလို့ကောင်းလား "

" ကောင်းပါတယ် အဆင်ပြေတယ် "

" အာ့ဆို စကားခဏပြောကြမလား "

ဒီလိုအချိန် စကားတွေပြောချင်မှာမဟုတ်တာကို သိသော်လည်း မတတ်နိုင် မနက်ထိ မစောင့်ချင် ပြဿာနာဆိုတာ ချက်ချင်းတက် ချက်ချင်းရှင်းကပိုကောင်းသည် မဟုတ်လား

" ပြောစရာရှိရင်ပြောပါ နေလို့မကောင်းတာက မကောင်းတာပဲ ကျန်တာပြေတာမို့ပြောပါ "

ဆိုဖာပေါ် လျော့ရဲရဲ ထိုင်နေရာကနေ မတ်မတ်လေး ပြင်ထိုင်နေသူက ခုလို ချည်အင်္ကျီ နဲ့ ညအိပ်ဘောင်းဘီကြောင့် လူငယ်လေးမှန်းသိသာစွာပင် နေမကောင်းသည့် အရှိန်ကြောင့် ကော အသားဖြူဖြူပေါ်တွင် နှာဖျားလေးနဲ့ နှူတ်ခမ်းလေးက ရဲနေ၏ ။ ချစ်စရာလေး ပါ ။

" အစ်ကို့ကို မကျေနပ်ဘူးဆိုလဲ ပွင့်ပွင့်လင်းလင်းလေး ပြောတာမကောင်းဘူးလား အနည်းဆုံးတော့ တစ်ဖက်က ဖြေရှင်းချက်ကို နားထောင်ပြီးမှ ဘာဆက်လုပ်မလဲ တွေးတော့ နေလို့ပိုကောင်းတာပေါ့ "

" ကျွန်တော်ကို စိတ်ဆိုး စိတ်ကောက်နေတယ် လို့ထင်တာမျိုးလား "

" အသေချာပဲကို "

မျက်နှာထားကို လျော့ချလိုက်ပြီး မတ်နေရာကနေ မှီချလိုက်ပြီး ခြေကိုချိတ်ချလိုက် တော့ နေမကောင်းတာတောင် အတော် စမတ်ကျချင်သည့်လူပင်

" စိတ်မကောင်းဖြစ်တာ အာ့ဒါက ညှိမရဘူး မကောင်းတော့တာက ပြန်ကောင်းအောင်လုပ်လဲ နဂိုလောက်တော့မကောင်းဘူး ပွင့်လင်းစွာတွေပြောလို့ ဝေးသွားတာလဲ မလိုချင်ဘူး အစ်ကိုက ကျွန်တော်ဖို့ဖန်ပုလင်းလေးလိုပဲ တစ်ခါခါ ကွဲကြေနေပြီးသား ဖန်ပုလင်းလေး "

စကားပြော နည်းသည်လို့ တစ်အိမ်လုံးက သတ်မှတ်ထားသည့် ခွန်စဝ်ငွေအိမ်ထူးက သူနှင့်ဆိုရင်က သိပ်စကားပြောကြောင်းပြောရင် ဘယ်သူမှမယုံသလို ဥပမာ တွေ သီတန်းပေးတတ်ကြောင်း ခေတ်ကိုပြောတော့ မဖြစ်နိုင်ကြောင်းပြန်ကြားရတိုင်း ခုလိုပုံအား ရိုက်ပို့ပေးလိုက်ချင်မိသည်။

" ကျွန်တော်က ကြင်ကြင်နာနာ ပြုပြင်ပြီးကျွန်တော့်အချစ်တွေ ထည့်ထားတာ ဒါပေမယ့်ကွဲကြောင်းလိုက်နေတုန်းပဲ ထင်ပါရဲ့ ကျွန်တော့်အချစ်တွေကို လက်မခံနိုင်သေးဘူးထင်ပါရဲ့ ပိုင်ရှင်ဟောင်းကိုပဲ သဘောတွေကျနေသေးတာ ဖိတ်ကျသွားတဲ့ ကျွန်တော် အချစ်တွေကိုတော့ မမြင်ဘူး လေ "

သားထူး အတည်ပေါက်ပြောနေသည်ကို သိသည်၊ သို့သော် မထိန်းနိုင်သည့်အဆုံး ရယ်သံထွက်သွားတာကြောင့် ပြောရင်းထထွက်သွားသူ ကို ကျောဘက်က ပြေးဖက်လိုက်ပြီး

" ဘာဖြစ်ချင်လဲပြောကြည့် လုပ်ပေးနိုင်သလောက်လုပ်ပေးနိုင်တယ် ဖန်ပုလင်းကိုလဲ ပစ်လိုက်တော့ "

ခိ ခနဲ့ ရယ်သံနှင့်ပြောနေသူကို သားထူး ကျောဘက်ကခွာပြီး မျက်မှောင်ကြုတ်ကြည့်ကာ

" လှောင်နေတယ်လေ ကျွန်တော့်အချစ်ကို "

" မဟုတ်ရပါဘူး "

" အစ်ကိုက နိုင်လူ ကြီးပါ အမြဲ "

" ဪ ဟို မင်းသားလား မတူပါဘူး နော် အစ်ကိုက ပိုခန့်နေမလား "

မျက်နှာကို လက်နှစ်ဖက်နဲ့ ကိုင်ပြီး မတူကြောင်းကို အတည်ပြုနေသူကြောင့် သားထူး ခေါင်းပင်ပြန်ကိုက်ချင်လာတော့သည်။

" ကလေးလေးရယ် အစ်ကိုပြောပြတာလေး နားထောင် "

" အစ်ကိုက မင်းကိုအတည်တွဲတယ်မဟုတ်ဘူးဆိုတာက လေ "

ပြောတာတောင် စကားမဆုံးသေး ရှောင်ထွက်နေသူကို ပခုံးကနေ ဆုပ်ကိုင်လိုက်ကာ စကားကိုပြန်ဆက်ဖို့ လုပ်ကာ

" မင်းကဆယ်ကျော်သက် အစ်ကိုက အိမ်ထောင်ပြုဖို့အရွယ် ပြီးတော့ အချစ်ဆိုတာတောင် မယုံကြည်နေတဲ့ အစ်ကို့ကြောင့် မင်းကနာကျင်ခံမှာတဲ့လား မင်းက အစ်ကိုနဲ့ပဲ တွေ့ဖူးသလို တွဲဖူးတာကို အတည်ကြီး ဖြစ်နေတယ်လို့ပြောလာရင် အစ်ကို ဘယ်လိုယုံရမလဲ အစ်ကိုလည်း ချစ်ခဲ့ဖူးလို့ပေါ့ "

" အစ်ကိုက အထင်သေးတာပဲ ကျွန်တော့်ကို အာ့ဒါဆိုလဲ လာပြောမနေနဲ့လေ လွှတ်ထားလိုက်ပေါ့ "

" လွှတ်မထားနိုင်လို့လေ "

" ကျွန်တော်ကို ခေါင်းစားရတာ ကြိုက်တယ်ထင်တယ်နော် ဘာလို့လဲ ကျွန်တော်မို့လား "

" အင်းမင်းမို့ လေ မင်းပြောကြည့် အစ်ကိုဘာလုပ်သင့်လဲ "

" စားပြီ အစ်ကို ကျွန်တော်ကို ကြည့် ကျွန်တော်မေးတာဖြေ "

ခေါင်းညိတ်လိုက်ပြီး သားထူး ပြောသလို ကြည့်နေကာ စကားတို့ကို စောင့်ဆိုင်းတော့

" ကျွန်တော်က ချစ်ပါတယ်ဆိုတာကို ထုတ်ပြောတာထပ်ပိုပြီး အစ်ကို့ကို ပြောပြခဲ့တယ် လုပ်ရက်တွေနဲ့လဲ သက်သေပြခဲ့တယ် ကျွန်တော်ရဲ့ ဆယ်ကျော်သက် အချစ်ကို အစ်ကို မယုံတာ အစ်ကို့ရဲ့ ဆယ်ကျော်သက် အချစ်ကြ ယုံတယ်လား ဖြေလေ "

ချောင်ပိတ်ဖမ်း စကား ၊ အကြပ်ရိုက်အမေး စကားကို သိပ်ကျွမ်းသူ နှစ်ယောက်တွေ့နေပြီ ဖြစ်တော့
မင်းသူရိန် စကားဆက်ပြောဖို့ထပ် သားထူး ရင်ခွင်ထဲဝင်လိုက်ပြီး

" တောင်းဆိုကြည့်လိုက် ငါဒီတစ်ခါ ရအောင်လုပ်ပေးမှာမို့ "

သားထူးတင်းတင်းကြပ်ကြပ်ဖက်တွယ်လိုက်ပြီး

"ကျွန်တော်ကို အတည်ကြံပေးပါ အတူအချိန်အကြာကြီး ရှိချင်တယ် အေးအေးချမ်းချမ်းလေးနဲ့ ပျော်ရမှာ မိုးလင်းလို့ အစ်ကို့ကြောင့် နိုးထလိုက်တိုင်း ပြုံးရယ်ချင်တယ် နေ့တိုင်းကို ချစ်စိတ်တွေ ပြင်းပြင်းပြပြ နဲ့ အသည်းနှလုံး တုန်ခါနေအောင် ချစ်နေကြချင်တယ် ကျွန်တော့ကို ချစ်ကြည့်ပါ ကျွန်တော် အချစ်က အစ်ကို့ကို နောင်တမရစေရပါဘူး "

ကဗျာဆန်ဆန် စကားများလည်းပြောတတ်သလို နိုင်ငံရေးဆန်ဆန် ပြောစကားများလည်းကြားရသည် မင်းသူရိန်ဖို့ ခွန်စဝ်ငွေအိမ်ထူးက ဖွင့်ဖတ်ကြည့်သင့်သည့် ရောင်စုံကဗျာစာအုပ်လေး

" အစ်ကိုတို့ ရှေ့ဆက်လျှောက်ကြည့်ကြတာပေါ့ "

" အင်း ကျွန်တော့် ရဲ့ ဒေါက်တာလေးကို ချစ်တယ် "

" အစ်ကိုကလည်း ကလေးဆိုးလေးကို ချစ်တယ် "

ဒေါက်တာလေးတဲ့ ဆရာဝန် ဖြစ်တာကို သူသဘောကျသည်နေမှာ အင်းလေ ကိုယ့်ကို ဆရာဝန်ပေါက်စထဲက ကြိုက်တယ်ဆိုတော့ ခုဆရာဝန်မဟုတ်တော့တာကော ကြိုက်ပါအုံးမလား ?
ရင်ခွင်ထဲက ထွက်ပြီး

" ဘာဖြစ်လို့လဲ "

" အခုက ဆရာဝန် မဟုတ်တော့ဘူးလေ "

" ဟ ဟ ကျွန်တော်က ချစ်လို့ခေါ်တာပါ အခုမဟုတ်တောင် ပြုစုပေးနေတာပဲမလား စဝ်ငွေအိမ်ထူး ရဲ့ အပိုင် ဒေါက်တာလေးပေါ့ "

" ဆရာဝန် ပြန်လုပ်လိုက်ရမလား "

" အမလေး ရပါပြီ ကျွန်တော်ကိုပဲ ကုပြီး အလုပ်ပဲလုပ်ပါအုံး ဗျာ "

ဒီလိုနဲ့ တစ်မနက်ကနေ တစ်နေ့လုံးပါ အလုပ်မသွားဖြစ်ပဲ နှစ်ယောက်သား အလုပ်အကြောင်းဆွေးနွေးလိုက် ရင်ငွေ့နွေးနွေးလေး တွေ ကြားထဲ နစ်မြုပ်နေကြသည်။ ကံဇာတာတက်တယ်လို့ပြောလိုရတဲ့ ကာလ မို့နေမည် ချစ်သူလေးလည်းရ အဘိုးသတိပြန်လည်သည် ဟုသည့် သတင်းကြောင့်
မင်းသူရိန် ပိုပျော်ရသည်မဟုတ်ပါလား ၊ အဘိုးမြန်မြန်နေကောင်းရင် သူအလုပ်နားမည် ပြီးနောက် ခေတ်ရဲ့ စိတ်ကူးအလိုကျ နယ်လှည့် ဆေးကု ပေးတာကို ကူရင်းနှင့် အေးအေးချမ်းချမ်းလေး သားထူးနှင့်အတူ နေသွားဖို့ စိတ်ကူးရင်းပြုံးနေမိသည်။

" အစ်ကို ပြုံးနေလို့ပါလား အဘိုးသတိရတာ အာ့လောက်ဝမ်းသာရလား "

" အင်း ဝမ်းသာတာပေါ့ အဘိုးမြန်မြန်နေကောင်းလို့ကော ဒီအလုပ်တွေ ကို မလုပ်ရဘူးဆိုတာက ပိုပျော်ရတယ်လေ "

ဖိုင်တွဲတွေကို ပုတ်ပြောနေသည့် မင်းသူရိန် ၏ လက်လေးအား ဖမ်းကိုင်လိုက်ပြီး

" အခုအလုပ်က အတော်ပင်ပန်းရတာလား "

" အင်း ခွဲကြောင်းစိရတာက လူတွေစုရတာထပ် ပိုလွယ်တယ် မင်းမသိပါဘူး "

" ဟုတ်ပါပြီ မကြာခင် ယာယီ တာဝန်နားရရင် ကျွန်တော်ဇာတိကိုလိုက်ခဲ့နော် ခွဲကြောင်းစိဖို့ မလုပ်ရရင်တောင် ယာစိုက်ခိုင်းပစ်မယ် "

မျက်မှောင်ကိုကြုတ်လိုက်ပြီး သားထူးကို ကြည့်လိုက်ကာ

" တောင်ယာတော့ စိုက်မစားပါရစေနဲ့ ငါအပင်ပန်းမခံနိူင်ဘူးလေ မင်းကလဲ "

" ဒါဆိုလဲ လယ်သူဌေးလုပ်စားဗျာ ဟောဒီက ဧကထောင်ချီသူဌေးကြီးမို့လေ "

" ရှေ့လျှောက်ကကပ်စားရမှာပဲ အလုပ်လေးနားရင် ပြန်လုပ်စရာအလုပ်ထပ်မရခင်ထိတော့ ရည်းစားလေးနား ကပ်စားရမှာပဲ "

" အလကားတော့ဘယ်ရမလဲ "

" အခုတောင်မကျွေးချင်တော့ဘူးလား "

" တစ်နေ့ သုံးနှပ်စာ ဆိုတော့ သုံးကြိမ် ပေါ့ "

ဘုန်း!

" အာ့လက်လေးတွေ နာသွားပါမယ် မရိုက်ပါနဲ့ "

" မင်းနာလို့ပါ ငါ့လက်နာလို့မဟုတ်ပါဘူး သုံးကြိမ်ဘာဖြစ်လဲ "

" အကြင်နာလေး ပေးရင်လုံလောက်ပါတယ် ပိုစားချင်ရင်တော့ တစ်မျိုးပေါ့ "

ထိုမနက်မှစသည့် ရယ်မောသံများကြောင့် ခဏတာလာနေသည့် အိမ်ကတောင် နွေးထွေးနေသည်ဆိုတာ အတိုင်းသားခံစားလို့ရနေသည်။

သည်လိုနှင့် Politics Meeting ပိုင်းမို့မဖြစ်မနေ အလုပ်တက်ကြပြီးနောက် နှစ်ယောက်သား အခန်းတစ်ခုထဲမို့လဲ သက်သောင့်သက်သာဖြစ်ကာ အဘိုးသတင်း ကိုရရှိကာ ယာယီပြီးဆုံးကာလအတွက်တစ်ပါတည်း ဆွေးနွေးကြရာ ကျန်းမာရေး အခြေအနေကို ကြားနာမှုပြုမှ အတိအလင်းကြေငြာဖို့ကော လုပ်ဆဲ အလုပ်တစ်ချို့ကို လက်လွှဲဖို့တွေကြောင့် ဆေးကုဖို့ နိုင်ငံပြင်ပ ရောက်နေသည့် အဘိုး ပြန်ရောက်မှသာ အတည်ပြုမည် ဖြစ်သည်မို့ ယာယီကာလ ခြောက်လတော့ ပြည့်တာထပ် ကျော်လွန်ပြီး ထမ်းဆောင်ပေးစေလိုကြောင်း ဆွေးနွေးပေးရင်းကသာ အဆုံးသတ်ခြင်းပင် ။

" ဟား ပင်ပန်းလိုက်တာ "

ပြွတ်စ် !

ဟင့် !

ပြွတ်စ် !

မင်းသူရိန် အတင်းတွန်းလိုက်တော့ အနမ်းခံထားရသည့် နှုတ်ခမ်းရဲရဲတွေဆီ ထပ်ရောက်လာသည့် နှုတ်ခမ်းအား တားဆီးလိုက်ပြီး

" အစ်ကိုကလည်းကွာ "

" ညနေ ပွဲတစ်ခုသွားစရာရှိသေးတယ် မပင်ပန်းချင်ဘူး "

" ညနေ .. "

" အစ်ကို့ရဲ့ ဆေးဖက်ရပ်ဝန်းလူတွေနဲ့တွေ့ဖို့ရှိတယ် "

" ကျွန်တော့်ကိုလည်း မမီကို ဖိတ်ထားတယ် မတက်ဖြစ်လောက်လို့ငြင်းထားတာ အစ်ကိုကသွားမှာလား "

" လာမယ်လို့ပြောပြီး ပြင်ဆင်ဖို့ပါမှာထားတာ "

ခါးလေးကိုသိုင်းဖက်လိုက်တော့ ကလေးလေးလို လုပ်တော့မည့် သူအား

" ခဏပဲ သုံးနာရီလောက်ပဲ ကြာမှာ လိုက်ခဲ့ပါလား တစ်ခါထဲ မိတ်ဆက်ပေးမယ်လေ သူငယ်ချင်းတွေနဲ့ "

" အင်း အခုတော့ ခဏနားမှဖြစ်မယ် မနက်က ပြင်ဆင်ရေးအကြောင်းတရားတွေက နားထဲစွဲနေပြီမို့လို့ "

သားထူးဆီက ညည်းညူသံကြားရတာ ကြားခဲတော့ မင်းသူရိန် ရယ်တောင်ရယ်မိသည် အမြဲတစေ အလုပ်စားပွဲ‌ ခေါင်းနှစ်ထားပြီး ပြင်ဆင်ရေး တိုးတက်ရေး အကြောင်းတွေတက်တိုင်း သူ့ဆီက ဥပဒေ ဆွေးနွေးချက်နဲ့ ထုတ်နှုတ်ချက်တွေ ကြားရတတ်ပြီး အကြံကောင်းအတော်ရသည့် လူပင်ဖြစ်သည်၊ နယ်ပယ် အသီးသီးနဲ့‌ ပြေလည်ပြီး အဆင်ပြေသည့်အလျောက် သူနှင့်အဆင်ပြေရင်ကို ကိစ္စတစ်ဝက်လောက် အေးသလိုပင်

" ကိုယ်နှစ်ရက်လောက် ခရီးသွားစရာရှိတယ် မေ အဆင်ပြေလား "

စောနကတင် စကားပြန်ကြားရပေမယ့် ခုကျ တိတ်နေသည်။

" မေ ရေ မေ ကိုယ်ပြောတာ ခရီးသွားဖို့ရှိတယ်လို့ "

..............

" မေ‌ရေ "

.........

" မေ !!!!! "

လှေကားရင်းနား သွေးအိုင်ထဲ လဲနေသည့် မေကြောင့်မျက်လုံးများပြင် ပြာတက်လာသည်။

" မေ မေ သတိထား အုံးလေ ကိုယ်ရှိတယ်နော် "

" မေ... ကိုယ့်.. ကို .. တော.. "

" မေမပြောနဲ့အုံး မေဘာမှမပြောနဲ့ အားတင်းထား ကိုယ်တို့အခုဆေးရုံးသွားကြမယ် "

ပွေ့ချီကာ ကားနောက်ပေါ်တင် အနီးဆုံးဆေးရုံကိုသာ အပြေးမောင်းလိုက်ပြီး လူနာတင်သည့်ပေါ်က မေခင်ဗျာ ဖြူဖျော့နေတာကို ကြည့်ပြီး ကိုယ်တိုင်ပါ အဆင်မပြေတော့ပေ ။ ခွဲခန်းထဲဝင်သွားတာ နှစ်နာရီကြာသည်ထိ ဘာမှမသိရလေ ခြေတွေလက်တွေအေးလာပြီးနောက် လူတစ်ကိုယ်လုံးတုန်နေပြီဖြစ်သည်။

" မေလူနာရဲ့ လူနာရှင်က "

" ကျွန်တော်ပါ ကျွန်တော် ပိုင်စေရာယိမ်းပါ အခြေအနေ ဘယ်လိုရှိလဲဆရာ "

" မိခင်ကတော့ အဆင်ပြေသွားပါတယ် ကလေးဖို့တော့ စိတ်မကောင်းပါဘူး လူနာရှင်ရဲ့ အမျိုးသား ဆရာဝန်ကြီး ခဏနေ ဆွေးနွေးပါလိမ့်မယ် "

မိုးပြိုသလို ခံစားချက်ကြီး ဆိုတာဒါမျိုးလား ? အဖေတောင် မဖြစ်လိုက်ရဘူး ငါ့ကလေး ဆိုတဲ့ အတွေးနဲ့ ဘယ်နဲ့လုပ်ရပါ့မလဲကွာ ကလေးလိုချင်နေတဲ့‌ မေဆိုဘယ်လိုနေမလဲ ? မဖြစ်သေးဘူး မေ့ရှေ့မှာငိုလို့မဖြစ်ဘူး ။

" လူနာရဲ့ အမျိုးသားထင်ပါတယ် ထိုင်ပါအုံးဗျ "

အိတ်ကပ်ထဲက ဖုန်းကလည်း မြည်နေသည်မှာ တောက်လျှောက်ဖြစ်ကာ ဘယ်သူဆီက ဆက်နေမှန်းလဲသိသည် မကိုင်ဖို့ကိုလဲ ဆုံးဖြတ်ပြီးသား

" လူနာရှင်နဲ့က ကောင်းမွန်တဲ့ အိမ်ထောင်ရေးအခြေနေရှိပါသလား .. ဆိုလိုတာက လက်ရှိပေါင်းသင်းနေဆဲလား ဆိုတာပါ "

" ကျွန်တော်တို့ အိမ်ထောင်ရေးပြေပါတယ် ၊ အတူနေနေတာပါပဲ "

" လူနာရှင်ရဲ့ ဆေးမှတ်တမ်းအရ စိတ်ရောဂါရှိတာမျိုးလည်း မတွေ့ရပါဘူး ပုံမှန် မဟုတ်တာတွေ ကြုံရတာ‌ရောရှိလား "

" မရှိပါဘူး ခင်ဗျ ဆရာ ပြောချင်တာကိုပွင့်ပွင့်လင်းလင်းပြောပါ မေက ခုဘယ်လိုမျိုးဖြစ်နေလို့ပါလဲ စိုးရိမ်ရတာလား "

" အင်း လူနာက ခုလက်ရှိ ကိုယ်ဝန်ကိုရည်ရွယ်ချက်ရှိစွာဖျက်ချခဲ့တယ်လို့ယူဆပါတယ် ပြင်းထန်တဲ့ သားဥ ကြွေဆေးကို သောက်ထားတဲ့ လက္ခဏာတွေ တွေ့ရပြီး ကလေးက ကျန်းမာစွာနဲ့ ပျက်ကျတယ်ထပ် မွေးထုတ်လိုက်သလို Dead Body ပဲ ရလိုက်တယ် ဖြစ်တာမျိုးပေါ့ ပုံမှန်ဆို ရာသီ မမှန်တဲ့ မိန်းကလေးငယ်တွေက ရက်မှန်ဖို့ သောက်သုံးရတယ့် ဆေးကို ကိုယ်ဝန်ဆောင် အမျိုးသမီးက သောက်သုံးခွင့်မရှိပါဘူး ဒါကို အမျိုးသားဖြစ်သူက သတိမထားမိတာလား ဖျက်ချဖို့များ တိုက်တွန်းခဲ့သေးလား "

ရည်ရွယ်ချက် ရှိရှိ ၊ ရည်ရွယ်ချက် ရှိရှိ မေက ဘာကို ရည်ရွယ်ပြီး ခုလို လုပ်ရတာလဲ မေသိပ်လိုချင်တဲ့ ကလေး ပဲ မဟုတ်လား ဘာလို့ ဘာလို့ အခုလို လုပ်ရတာလဲ ဘာကြောင့်လဲ

" လူနာရှင် ကြားလား မသိဘူး ခင်ဗျ "

" ဟုတ်ကဲ့ ကြားပါတယ် လက်ရှိ လူနာအခြေအနေကရော "

" လူနာအခြေအနေကကောင်းပါတယ် အမြစ်တွယ်ပြီးသား သားဥ ကိုခြွေချလိုက်သလိုဖြစ်တာကြောင့် ခြစ်ထုတ်ထားတဲ့ သားအိမ်မှာတော့ လတ်တလော ကလေးထပ်မယူသေးဘဲ အားရှိဖို့ သားအိမ်နံရံတွေထူထဲ လာဖို့ကို ဂရုစိုက်သင့်ပါတယ် အမျိုးသားကော အမျိုးသမီးကပါ ကလေးထပ်ယူဖို့ ဆန္ဒရှိတယ်ဆို ဆေးစစ်ပြီး တော့ ရက်ကာလ တွက်ပြီး နေထိုင်တာက အမျိုးသမီး ဖို့ ပိုပြေနိုင်ပါတယ် "

" ဟုတ်ကဲ့ ကျွန်တော်တို့ ဆေးစစ်လိုက်ပါမယ် လူနာကို တွေ့လို့ရပြီလား ဗျာ ပြီးတော့ လူနာမိဘတွေကိုတော့ အခြေအနေကို ဖုံးထားပေးလို့ရနိုင်မလား ဆရာ "

" အသက်အန္တရာယ်ရှိတဲ့ အကြောင်းမို့ကွယ်ဝှက်ထားဖို့ အမျိုးသားက ဆန္ဒရှိတယ်ဆို ရပါတယ် "

ပိုင်စေရာယိမ်း အခန်းထဲက လေးလံတဲ့ ခြေထောက်များ လျှောက်လှမ်း လာလိုက်ပြီး အပြင်ဘက်ရှိ ခုံတန်းတွေပေါ်တွင် လက်ထဲက Ultrasound လေးအား ဆုပ်ကိုင်ရင်း ရှိုက်ကြီး တငင်ငိုနေမိသည်။ ဘာကြောင့်လဲ မေရယ် ဘာကြောင့် လောကကြီးက အာ့လောက်ရက်စက်ရတာလဲ ? အခန်းအပြင်ကစောင့်နေသည့် မေ့ဆွေမျိုးတွေကိုတော့ မေ့ကိုသာ လက်ရှိအားပေးဖို့ သေချာမှာခဲ့ပြီး ကိုယ်တိုင်တော့ ဝင်မကြည့်ခဲ့လိုက်ပါ ။

" ဟင် ပုဆိုးမဝတ်ဘူးလား "

" အင်း ပေါ့ပေါ့ပါးပါးလေး ဝတ်ချင်လို့လေ ကြည့်မကောင်းနေလို့လား "

" ပိုကြည့်ကောင်းနေလို့ပေါ့ "

သားထူးကတော့ ကြက်သွေးရောင် Suit ကို ကျကျနန ဝတ်ထားပြီး နက်ကတိုင် နေရာမှာ Prada Black Saffiano Leather Bolo Tie ဖြင့် လူငယ်လည်းဆန် အထာလဲကျနေသည်။ ကိုယ်တိုင်ကတော့ ပေါ့ပေါ့ပါးပါး Style Pant လေးထဲကို Ralph Lauren Shirt လေးဝတ်ထားလိုက်တာကြောင့်

" ကျွန်တော်က များနေတာလား "

" မများပါဘူး ချာတိတ်နဲ့လိုက်တယ် အနေတော်ပဲ "

" လူကြားထဲ အာ့ချာတိတ်လို့မခေါ်နဲ့နော် "

" အင်းပါ "

မိတ်ဆက်ပေးမည့် အကြောင်းပြောလိုက်ထဲက ရွိင်းနေတာ ခုထိမပြီးသေးသည့် သားထူးအား ကုတင်ပေါ်ကနေ ကြည့်ရင်းသဘောကျနေပြီ ရယ်နေလိုက်မိတော့သည်၊
ဒီလိုနဲ့ ပွဲက ညနေခင်းလဲ ဖြစ် ဆေးဝါးဆိုင်ရာ လူများနှင့်ပရဟိတ အသိုင်းဝိုင်းက လူများစွာလာကြသည် ။ တစ်ချို့သော လုပ်ငန်းရှင်များလည်းပါဝင်ပြီး ပျော်စရာညနေခင်း‌လေး ဖြစ်နေသည်။

" ဆရာ "

" ဟာ Nicholas မတွေ့တာကြာပြီကွာ "

" ဆရာကဘယ်တွေပျောက်နေတာတုန်းမှတ်တယ် ဆေးလောကကို ပစ်ခဲ့ပြီပေါ့လေ ခုတော့ "

" မဟုတ်ရပါဘူးကွာ အဆင်ပြေရဲ့လား "

" ဆေးရုံက လူတွေဟိုဘက်ဝိုင်းမှာရှိတယ်ဆရာ ခဏလိုက်ခဲ့ပါလား "

" လိုက်ရမှာပေါ့ "

ပြောပြီး ထထွက်ခါနီး ဘေးက သားထူး လက်ကိုကိုင်လိုက်ပြီး

" လိုက်ခဲ့ပါလား "

အနားသို့ဆွဲခေါ်ထားပြီး ဘေးနားကနေ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်များအကြောင်းနှင့်ရာထူး အကြောင်းတွေသာ ကြားနေရသည်မို့ ပျင်းတော့လာသည် ကိုယ်ဝင်ရောလို့လဲ သိပ်ပြီး မအပ်စပ်သည်မို့ လက်ထဲက Champagne ကိုသာ သောက်နေလိုက်တာ အကောင်းဆုံးပင်

" ဆရာ ဒီဘက်က ရှမ်းစော်ဘွားလေးခွန်စဝ်ငွေအိမ်ထူး မို့လား "

" ဟုတ် ကျွန်တော်နာမည် ခွန်စဝ်ငွေအိမ်ထူးပါ သိတာလားခင်‌ဗျ "

" သိတာပေါ့ ဒေါက်တာရဲ့ ဂန္တဝင်လက်ရာပိုင်ရှင်လေးမလား "

ဘာကိုရည်ညွှန်းမှန်းမသိတာမို့ ဘေးက အစ်ကို့ကိုသာ ကြည့်လိုက်တော့ ရယ်မောသဘောကျနေသည့်ပုံကြောင့် ဘဝ တစ်လျှောက် လူကြားထဲပထမဆုံးအနေကြပ်ခြင်းပင်

" အခုတော့ အစ်ကို့အသည်းနှလုံးလေး ဖြစ်နေပြီ ဆရာမရဲ့ "

" ဟယ် "

အရှေ့က ဆရာမတွေကော ဆရာဝန် အချို့ကပါ အံဩမင်သက်ကြောင်း လုပ်ပြနေတာ အနေကြပ်လိုက်လေခြင်း ။

" သောက်စရာကုန်ပြီပဲ ပေး အစ်ကိုသွားယူပေးမယ် စောနကအတိုင်းပဲမို့လား "

" ဟုတ် ရတယ် "

လက်ထဲကနေ ခွက်ကို ဆွဲယူသွားလိုက်ပြီး ထွက်သွားသည့်ကျောပြင်ကို ငေးနေတုန်း

" ဆရာ့ရဲ့ အသည်းနှလုံးလေးက အာ့လောက်ထိ ကြီးကျယ်နေမယ်မှန်း မသိခဲ့ဘူးရှင့် "

" ဟဲ အာ့လိုလဲ မဟုတ်ပါဘူး"

" မရှက်ပါနဲ့နော် ဆရာနဲ့သိလာတဲ့ တောက်လျှောက် မိတ်ဆတ်ပေးတာ ဒါပထမဆုံးကြုံရတာ တို့က ဆရာကို လူပျိုကြီး ဖြစ်မယ်တောင် ထင်ထားတာ "

" အစ်ကိုက တကယ် လူပျိုကြီးလဲ လုပ်မယ့်ပုံပါ "

ရယ်ရယ်မောမော နဲ့ ပြောနေသူ‌ သားထူး ကိုအဝေးကကြည့်ပြီး နှုတ်ခမ်းတွေလှုပ်ခတ်ရုံကိုယ်ကပါ ပြုံးလိုက်မိသည်ထိ ဤလူသားအား ရင်ထဲကြည်နူးရအောင် ချစ်သည်။

" အစ်ကိုလေး အစ်ကိုလေး ဆရာဝန်မို့လား"

ပြာပြာသလဲ အနေထားနှင့် မေးနေသူက စောနကထိ ဒီမှာတွေ့ဖူးသူမဟုတ်တာကြောင့်ပင်

" ဒီမှာဆရာဝန်တွေ ရှိတယ်ဆိုလို့ ကျွန်တော့် အမျိုးသမီး မူးလဲသွားလို့ ခဏလောက်လေး ကြည့်ပေးလို့ရမလား လို့ပါ "

" ဘယ်နားမှာလဲ ခေါ်လာလို့ဖြစ်မလား "

Hotel ဝန်းထဲက Outside ပွဲဖြစ်နေသည်မို့ နေရာကိုမေးလိုက်တော့ ပါကင်ဘေးတင် ဆိုတာနဲ့ လက်ထဲကခွက်ကိုချလိုက်ပြီး လိုက်ခဲ့လိုက်သည်။
ဆမ လတ်မှတ်ရဖို့ ကျမ်းကျိန်ခြင်းတွင် အသက်တစ်ချောင်းအား လျစ်လျူမရှုဖို့ ရွတ်ဆိုခဲ့သည်မဟုတ်ပါလား ။

" အစ်ကိုလေး ဟိုအရှေ့က ALAPHARD လေးတင်ပါ ဖြစ်ရဲ့လားဗျ "

အတော်လှမ်းတွင်ရပ်ထားတာ ပွဲတက်လို့ထင်သည် အိမ်စီးကားထပ် လူဆန့်သည့်ကားနှင့်ပင်

" ရပါတယ် မြန်မြန်သွားတာပေါ့ "

အနားရောက်လို့ ကားတံခါးဖွင့်လိုက်ပြီးတဲ့နောက် မြင်ကွင်းတစ်ခု မရှင်းလင်းခင်မှာတင် အဝတ်စ တစ်ခု၏ မူးနောက်စရာ အနံ့ကြားတွင် မင်းသူရိန် မှောင်မိုက်သွားပြီ ဖြစ်သည်။



If you like this story please vote & comment for me .


Dec.6.2023 

Lost & Found (Complete)Where stories live. Discover now