မနက်ခင်း အိပ်ရာထထဲက ဒီဝရန်တာက နေ မြင်ရတဲ့ မြင်ကွင်းက အတော်လှသည်မို့ ကြည့်နေမိတာ ရောင်ခြည် နုနုလေးမှသည် အရောင်တစ်ချို့ရင့်သန်လာသည်ထိ ထိုင်ကြည့်မိနေဆဲပင် ။
" အစ်ကို ... "
" နိုးပြီလား အစ်ကိုက နိုးတာကြာနေပြီ "
လက်ထဲမှာဘာတွေလဲ မသိ ကုတင်ပေါ် ထင်လားလိုက်ပြီး မင်းသူရိန် နားကိုချဉ်းကပ်လာသည့် သားထူး ၏ လှုပ်ရှားမှုတွေကို မသိနိုင်လောက်အောင် ငေးကြည့်နေသူရဲ့ ဝှီးချဲ လက်ကိုင် ကနေ အနားတိုးကပ်လိုက်ပြီး
" ဘာတွေ အာ့လောက် စူးစမ်းနေတာတုန်း အစ်ကို "
ဟင်
မျက်နှာ နားကိုဘေးကနေ ကပ်နေရင်း အသံလာရာကိုကြည့်လိုက်တော့ ရုတ်တရက်လန့်သွားသည့်ပုံကို
ဟ ဟ
" အစ်ကိုကတော့ အနားရောက်နေတာတောင် မသိဘူးလား "
လှောင်ရယ်နေရင်း ဝရန်တာက ခုံလေးကို ကူးသွားသူကို မျက်စောင်းများဖြင့် ကြည့်ရင်းသတိထားမိလိုက်သေးသည် သွားတက်လေးတွေက ချစ်ဖို့ တကယ်ကောင်းသည်ပင် ပုံမှန်ဆို မျက်နှာတည်ကိုမှ မျက်လုံးများသာ လှုပ်ရှားတတ်သူက နှုတ်ခမ်းပါး နှစ်ခု မြှင့်တက်သည်အထိ ရယ်နေပုံများက သွားတက်တွေက ဝံ့ကြွားစွာ ဖြစ်နေသည်။
" ငေးလှချည်လား ကျွန်တော်နေရတောင်ခက်လာပြီ "
လက်လေးနှစ်ဖက်ကို ကျုံ့လိုက်ပြီး တစ်ဖက်တစ်ချက်ဆီက လက်မောင်းသားတွေကို ပွတ်နေပုံက
သူကြက်သီးတောင် ထရပါသည်ပေါ့လေ
" မင်းကပဲ လန့်ရသေး အနားရောက်လာတာ ငါလန့်ဖို့ ထားပါအုံးလား "
ပြောပြီး သူပါလိုက်ရယ်နေသူ မင်းသူရိန် အား ရှေ့က ကော်ဖီရောင် မျက်ဆံများကြားက အကြည့်တို့ကိုတော့ သတိမထားမိသည်နှယ်
" ကျွန်တော်ကို သေချာ ခြေလက်သန့်စင်ပေးဖို့ မှာခဲ့တယ် ခဏနေ အပြင်သွားဖို့ရှိတာမို့ ကျွန်တော်က စောပြီးလာလိုက်တာ ပါ "
" အင်း အလုပ်ပေးမိပြီ ထင်ပါရဲ့ "
" ရပါတယ်ဗျာ လုပ်ပေးချင်ပါတယ် ကျွန်တော်က "
သူ့ကိုယ်သူ ပုတ်ပြရင်း ပြောနေသူကြောင့် ပင် ပိုလို့ပင် သဘောကျနေမိရာ ကနေ ရေပတ်တိုက် သန့်ရှင်းရေးလုပ်ဖို့ ဖြစ်လာတော့သည်။
" မင်းအသက်ဘယ်လောက်လဲ ချာတိတ် အစ်ကို့ထပ်တော့ ငယ်မယ်ထင်တယ် "
" အစ်ကို့အသက်ကဘယ်လောက်မို့လဲ "
" ၃၀ ကျော်ပြီ "
" သိပ်မကွာပါဘူး "
" ဟုတ်လို့လား မင်းကြည့်ရတာငယ်သေးတဲ့ပုံ ငါ့အသိ ချာတိတ်အရွယ်တွေလောက်ပါ "
" အစ်ကို့မှာ ချာတိတ်အသိတွေ ပေါတယ်ပေါ့ "
" အင်းးး ရှိတယ် သိပ်တော့မမှတ်မိဘူး "
" အစ်ကိုကတော့ စားပြီ သိတယ်ဆို မမှတ်မိဘူးတဲ့လား "
မင်းသူရိန် သူ့စကားနှင့်သူ အကြိတ်အနယ်ကို စဉ်းစားနေသည်ကို ဘေးကကြည့်ရင်း
" တော်ပါတော့ ခေါင်းကိုက်မယ် မစဉ်းစားနေနဲ့ "
" ချာတိတ် မင်းနဲ့ ငါအရင်ကရောသိသလား "
ခြေဖျားလေးတွေကို ရေပတ်သေချာတိုက်ပေးနေသည့် သားထူး၏ လက်များ ရပ်တန့်သွားပြီးတဲ့နောက် မေးနေသည့် မင်းသူရိန်အား မော်ကြည့်လာသည် ။
" ဟင် မေးတာဖြေလေ "
" အစ်ကိုက ဘယ်လိုထင်လဲ သိတာလား မသိတာလား "
" ............ "
"............ "
" ဟိတ် မစဉ်းစားနဲ့တော့ ခေါင်းကိုက်မယ် သိသိ မသိသိ အခုသိနေပြီပဲ ဘာတွေလိုက်တွေးနေတာလဲ "
မျက်နှာလေးက အတွေးထူ နေပြီးမကျေချမ်းသလို ဖြစ်နေတာကြောင့်
" တော်ပါတော့ အပြင်ကသွားရအုံးမှာ မကောက်နဲ့တော့ "
___ ------ ________ --------- __________
တီ တီ တီ
" ဟယ်လို "
" မင်္ဂလာပါ အန်ကယ် ကျွန်တော် ဒီနေ့ မနက်ပဲ ကိုထိုက်ဆီ လိုက်သွားမှာ ကို လှမ်းပြောပြတာပါ "
" ..................... "
တီ ..
ဖုန်းကျသွားပြီးတဲ့နောက် ဦးမင်းအောင်တစ်ယောက် စုတ်သတ်နေလိုက်ပြီး ဖုန်းနံပါတ်တစ်ခုကို ခေါ်လိုက်သည် ။
" ဟယ်လို သားငယ်လား "
" ဟုတ်ကဲ့ အစ်ကိုဆီ ဖုန်းခေါ်မရလို့လား ဗျ ကျွန်တော်ခေါ်ပေး "
" သားငယ် ဟိုကလေးက ဒီနေ့ လိုက်လာမယ်လို့ ကြားတယ် ဘယ်လိုလိုက်လာမလဲ မေးချိန်မရလိုက်ဘူး သားငယ်တို့ လိပ်စာကတော့ သူ့ဆီမှာ ရှိတယ် သေချာတော့မပြောတတ်ဘူး ဘယ်ချိန်ရောက်မလဲကို လေ "
" ဟုတ်ကဲ့ စိတ်မပူပါနဲ့ ကျွန်တော်နယ်မြေထဲမှာ အစ်ကို့ကို ဘာမှလုပ်လို့မရပါဘူး "
" အေး မြေးက သူ့တခွန်းပဲမို့ ဂရုစိုက်ပေးပါကွာ "
" စိတ်ချပါ အစ်ကို ဘာမှမဖြစ်စေရဘူး "
စိတ်ထဲတော့ လေးလံနေသည် မြေးကိုက ဟိုကလေးက ပိုင်သည် ၊သားငယ်ကလဲ မြေးမျက်နှာ အညှိုးမခံပုံနဲ့ကတော့ လေပူတွေ မှုတ်ထုတ်လိုက်ပြီး ဒီနေ့တော့ မိုးလင်းထဲက ခေါင်းကိုက်ပြီ ဖြစ်သည်။
" အစ်ကို အဝတ်အစားလဲပြီးပြီလား ဝင်ခဲ့လို့ရပြီလား "
" နေအုံး "
ရေပတ်တိုက်ခြင်းရဲ့ အဓိကနေရာရောက်တော့ မျက်နှာနှင့် နားရွက်များရဲတက်လာပြီး ရပ်ဖို့ပြောလာသူကြောင့် အခုတော့ ရေချိုးခန်းပြင်ပကနေ စောင့်နေရသူ သားထူးပင်ဖြစ်ကာ
" အစ်ကို ကြာနေပြီ "
" ခဏလေးလို့ "
"......"
" ရပြီ "
ဂျောက်
သူ့ဘာသာလဲတော့ လွယ်ကူလွန်းသည့် ပုဆိုးကိုသာ ရွေးချယ်ထားပုံပင် အဆင်သင့်ဖြစ်နေသူက မျက်နှာချင်းဆိုင်တော့ လုံးဝမကြည့်လာသည်မို့ သားထူးကပဲ အပြင်ကို ခေါ်ထုတ်ပြီးနောက် မနက်စာ စားရင်း စောင့်နေဖို့မှာထားကာ အဝတ်အစားလဲဖို့ လုပ်ရတော့သည်။
မိနစ် များ ( ၂၀ ) လောက်အကြာ သားထူးလည်း ပုဆိုးပင်လဲကာ အောက်ထပ်သို့ဆင်းလာပြီး မနက်စာစားဖို့ ဝင်ထိုင်တော့ ထုံးစံမပျက်သည့် အစ်ကိုတို့က မနက်စာကို လက်နဲ့မထိ ကော်ဖီကိုသာ သောက်နေသည် ။
" မနက်စာ စားလေ "
" အင်း လက်တွေ ညစ်ပတ်နေရင် မနေတတ်ဘူးပြီးတော့ မစားတတ်လို့ "
ဒီ ကောက်ညှင်းနှင့် ဝက်ဂုတ်သားကို ကြိုက်သလောက် ဘယ်သောအခါမှ သူ့လက်နှင့် ကိုယ်တိုင် မစားတတ်သည့် အစ်ကို့ကို ကြိတ်ပြီးသာရယ်လိုက်မိပြီးနောက်
" ဟ "
စားတာပဲပင် .. ။ လူကသာ မမှတ်မိတာ ခိုင်းဖို့တွေ တစ်ခုမှတော့ မမေ့ပင် သိလားဆိုလဲမသိ သူကတော့ လာနေကြတုန်းက အတိုင်းအပြုမူများပင်ဖြစ်ကာ မလုပ်တော့သည့် တစ်ခုက အရက်သောက်ခြင်းပင်
" ဟင် အထုပ်တွေနဲ့ပါလား ပြောတော့ လေဆိပ်ဆို "
" ဟုတ်တယ် လေဆိပ်က လာပို့ပေးသွားတယ်တဲ့ အာ့ဒါနဲ့ ခေတ်တို့ဆီပဲ လိုက်သွားလိုက်မလားလို့ အစ်ကိုလဲ ရောက်သွားအောင်လို့လေ "
ခေါင်းတငြိမ်ငြိမ့်ပင် မင်းသူရိန် နားထောင်ကာ ခွံကျွေးသမျှ ကိုတော့ ဒိုင်ခံစားနေကာ မျက်နှာက ခပ်ပြုံးပြုံးပင် ။
" အစ်ကို ကားအဆင်သင့်ဖြစ်ပြီ သွားကြမလား "
" အင်းသွားတာပေါ့ "
သည်လိုနှင့် နာရီ အတော်ကြာ ကားစီးပြီးတဲ့နောက် နယ်စပ်ကူးဂိတ်တွင်ဖြစ်ကာ သားထူးကတော့ သူ့မှတ်ပုံတင်ဖြင့်လိုအပ်သည်များကို ဆင်းလုပ်နေချိန် ဖြစ်သည်။ ဘေးပတ်ဝန်းကျင် တစ်လျှောက် နယ်စပ်ကူးဖို့ လူအတော်များကို မင်းသူရိန် တစ်ယောက် စိတ်ဝင်တစား လိုက်ကြည့်နေမိသည်။ လူကြီး လူငယ် ကလေးတွေ အသက်ကြီးသူ အတော်များလည်း ပါဝင်နေသည်မို့ ထူးဆန်းသလို ကြည့်နေခြင်းဖြစ်သည်။
( တစ်ကယ်ကူးတာကတော့ လူကိုယ်တိုင် ယာယီနေထိုင်ကဒ်လိုက်လုပ်ရပါတယ်အခုက အခွင့်ထူးခံလိုရေးထားတာကြောင့် ပါ ပြီးတော့ ကားဆိုင်ကယ် ဆိုတာ တစ်ဖက်နဲ့တစ်ဖက် အခွန်ပါမှ ဖြတ်ခွင့်ပေးတာပါ ဒီမှာတော့ ကားပါ ဖြတ်မှာပါ စိတ်ကူးယဉ်မို့ အပြည့်အဝ မိုက်နေချင်တာပါ ။ )
ကားတံခါးဖွင့်ပြီး ဝင်ထိုင်လာခါမှ သတိတို့ပြန်ကပ်လာသလို ဖြစ်ကာ
" ဟိုးနားကလေ "
လက်ညှိုးလေးထိုး ပြီး ပြရာကို သားထူးပါ လိုက်ကြည့်လိုက်တော့ အချဉ်ပေါင်းသည်ပင် ဖြစ်ကာ
" စားချင်တာလား "
" အင်း "
" ခဏစောင့်နော် "
" ခွန်လေးကျွန်တော် ... "
" ရတယ် "
ဝင်ပြောလေသူ အိုက်ထွန်းကိုပင် လက်ကာပြလိုက်ပြီး ခပ်မြန်မြန်ဆင်းကာ မမြန်လွန်း မနှေးလွန်းခြေလှမ်းကြီးများဖြင့် ထိုအသည်ဆီ သွားနေသည့် ခွန်လေးအား လမ်းတစ်လျှောက် ပျိုမေများက ငေးနေခြင်းကို မင်းသူရိန် သေချာတွေ့လိုက်သည်။
အနီးတစ်ဝိုက်က နယ်ခြားစခန်းမှ လူများကလည်း လာနှုတ်ဆက်နေသည်ဖြစ်ကာ စကားပြန်ပြောနေသည့် သားထူးကို သေချာလေးကိုယ်ကပါ ငေးနေလိုက်မိသည်။
" ဟင် "
" ဘာဖြစ်လို့လဲ အစ်ကိုလေး "
အသံထွက်လာရာကို ကြည့်လိုက်တော့ ငေးနေသည့်ဆီက ခွန်လေးဆီကိုဖြစ်ကာ ကြည့်လိုက်တော့ ခွန်လေးက ကောင်မလေး တစ်ယောက်နှင့် စကားပြောနေသည် ဖြစ်ကာ
" ဘာမှမဖြစ်ပါဘူး အစ်ကိုလေး ခွန်လေးက လူရှုပ်မဟုတ်ပါဘူး "
ခေါင်းကိုရှေ့တိုးပြီး စူးစမ်းနေသည့် အစ်ကိုလေး တစ်ယောက် အိုက်ထွန်းအပြောမှာ ခန္ဓာကိုယ်တို့ ပြန်ရုတ်လိုက်ပြီး ငြိမ်ကျသွားတော့သည်။ ခဏကြာ ကားပေါ် ပြန်ရောက်လာသူ က ဘေးတွင်စောနက ကောင်မလေးပါ ပါလာသည်ကို သတိထားမိရုံမက ကားခေါင်းခန်းက မောင်းသူဘေးတွင်ပါ ဝင်ထိုင်သွားသည်ကြောင့် မင်းသူရိန် မျက်ခုံးနှစ်ခု ထိကပ်သွားရပြီ ။
" ဆာဝါဒီ အိုက်ထွန်း "
" ဆာဝါဒီ ခွန်ချယ်ရီ "
အချင်းချင်းလက်အုပ်ချီ နှုတ်ဆက်နေသည်ဖြစ်ပြီး နောက်ခန်းက သူ့ကိုတော့ လှည့်ကြည့်ရုံထပ်မပိုသည့် သူအား မင်းသူရိန် သဘောမကျပါ လက်ထဲရောက်လာသည့် အချဉ်ပေါင်းကိုသာ တဇွက်ဇွက် ထိုးရင်း စားနေလိုက်သည်။
" အိုက်ထွန်း တန်းမသွားနဲ့ ဘုရင်မပန်းခြံဘက် လှည့်ဝင် ခေတ်မှာလိုက်တဲ့ နေ့လည်စာ ဝင်ဝယ်ရမှာ "
" ဟုတ်ကဲ့ ခွန်လေး "
" အစ်ကို နေ့လည်စာ ဘာစားချင်လဲ ဒီဘက်မှာတော့ ကွေ့တီယိုတို့ ဖက်ကဖောင်းတို့ နာနတ်သီးထမင်းကြော်တို့ဆို အစ်ကို့အကြိုက်ဖြစ်လောက်တယ် "
ပြောလာသူကြောင့် စဉ်းစားဖို့ လုပ်နေတုန်းအရှေ့ခန်းမှ
" ချယ်ရီကတော့ ပုဇွန်အုန်းနို့ စားမလို့ "
" ချယ်ရီ က အကြိုက်မပြောင်းဘူးပဲ ခုထိ ပုဇွန်ကြိုက်တုန်းလား "
" အင်း ထူးလဲ ကြိုက်တာမို့လေ "
ဘယ်လိုတောင် ကြာနေသည့် အပြောတွေပါလိမ့်လို့တွေးကာ ကားပြတင်းဘေးဘက်ကိုသာကြည့်နေလိုက်သည် ။
" အစ်ကို ဘာစားမှာလဲလို့ "
" ခေတ်တို့ စားတာသာထည့်ဝယ်လိုက်ချေ "
မာသလိုလိုအသံကြောင့် သားထူး ထပ်မမေးဖြစ် ချယ်ရီဆိုသူနှင့်ရှေးဟောင်းနှောင်းဖြစ် ပြောနေကြသည်။
' ငါဘာလို့ စိတ်တိုနေရတာလဲ သူတို့စကားပြောတာ ငါနဲ့ ဘယ်ကြားကဆိုင်နေလို့တုန်း အီကြာကြာ အသံကြောင့် ခေါင်းကိုက်ပါသည်ဆိုကာမှစကားဆက်တိုက်ပြောနေတာ အာရုံပိုနောက်ရသည်'
ဟင်းးးးးး
စိတ်ထဲက အတွေးတွေ တစ်တန်းကြီးပြီးတဲ့နောက် မမျှော်လင့်ထားသည့် သက်ပြင်းရှည်ကြီးတို့ ထွက်ကျသွားသည်။
" အစ်ကိုလေး ဘာများမပြေလို့လဲ "
အိုက်ထွန်း၏အလိုက်သိသည့် အသံကြောင့် မင်းသူရိန် ဘေးကထိုင်နေသူ ကိုကြည့်ကာ
" ခေါင်းကိုက်လို့ မြှောင်စုတ်ထိုးသလို အသံကြီးတစ်ခု ခေါင်းထဲရောက်နေတာ မနက်ကစောစော ထလာရလို့ထင်တယ် "
"ပြန်မှိန်းနေလိုက်ပါလား အစ်ကို "
" ရပါတယ် ရောက်ခါနီးပြီပဲ မဟုတ်လား "
အရှေ့ဘက်ကို ကြည့်လိုက်ပြီး သားထူးဆီမှ
" သိပ်မလိုတော့ဘူး အစ်ကို ရှေ့ဘက်ကနေ တောလမ်းလေးဆီ ဝင်လိုက်ရင်ရပြီ "
" အခုသွားတဲ့နေရာက အရမ်းလှလား "
" အင်း လှတယ် တောင်တန်းလဲရှိပြီး လက်ဖက်စိမ်းခင်းကြီးလဲရှိတယ် သူ့ဆီကလေကိုရှုလိုက်ရတာ အရမ်းကို လန်းဆန်းသွားမှာ "
" ဟုတ်လား မြန်မြန်လန်းဆန်းချင်နေပြီ ခေါင်းကိုက်လို့ "
" အိုက်ထွန်း "
" ဟုတ် ဟုတ် ခွန်လေး "
မြန်ဖို့ အချက်ပေးလိုက်သလို ဖြစ်ကာ သားထူးက အခု သူနှင့် ရောက်ရင်စားကြည့်ဖို့ပြောသည့် ကိတ် တွေ အအေးတွေ နဲ့ တောင်နားကို သွားမည့်အကြောင်းပြောနေသည်ကို မင်းသူရိန် အမှန်တော့ သိပ်စိတ်ဝင်စားခြင်း မရှိသော်ငြား စိတ်ဝင်စားပုံဖမ်းကာ နားထောင်နေလိုက်သည်. အဓိက အရှေ့ခန်းက ကလေးမ ငြိမ်နေဖို့ မဟုတ်လား ။
" ဘယ်သူ့ဆီလာတာလဲ ရှင် "
" ခွန်စဝ်ခေတ်ထူးမေတို့ မင်္ဂလာဆောင် ဖိတ်ထားလို့ ရန်ကုန်ကလာတာပါ "
" ဝင်ပါရှင် "
အထဲသို့လိုက်ဝင်လိုက်ပြီး မြင်ရသည့် ကြီးမားကျက်သရေ ရှိသည့် အိမ်ခန်းတွင်းပြင်ဆင်မှုတွေကို ကြည့်နေသူအား
"သားက ဘယ်သူလဲကွယ် "
" ကျွန်တော် ပိုင်စေရာယိမ်းပါ အစ်မခေတ် က လာဖို့ဖိတ်ထားတာရန်ကုန်က အလုပ်နဲ့လာရင်းကနေ လေယာဉ်ချိန်နောက်ကျပြီး ကျန်ခဲ့တာမို့ အခုမှ လိုက်လာဖြစ်တာပါ "
" အေးကွယ် နားနားနေနေ နေကြပေါ့ ကလေးတွေကတော့ မယ်ဆိုင်ဘက် အလည်ထွက်ကြတယ် သဘက်ခါဆိုပြန်ရောက်မှာပါ သားက အေးဆေးနားလိုက်ပေါ့ "
" မယ်ဆိုင် ဝေးလား အန်တီ ကျွန်တော်လိုက်သွား "
" နယ်စပ်ကူးရမှာ မလိုက်ပါနဲ့ ဒီချိန်ဆို ဂိတ်လဲ ပိတ်လောက်ပြီပေါ့ "
" မိဒမ်း အခန်းသေချာပြင်ပေးထားနော် "
" ခရီးကပင်ပန်းလာရောပေါ့ အခန်းမှာ အေးဆေးနားနော်"
" ဟုတ်ကဲ့ပါ ဗျ "
မတတ်သာသည့်အဆုံး နားဖို့ကိုသာ လုပ်လိုက်ရတော့သည် လုပ်တာတွေက အကွက်စိနေကြသူတွေ ကိုထိုက်ကို မြန်မြန်ပြန်ခေါ်မှ ဖြစ်မယ်လို့တွေးရင်း အပေါ်ထပ် သို့ တက်လာလိုက်တော့ ၏ ။
" ဆရာ လိုက်လာမယ်ဆိုလို့ ခေတ်တို့က ပျော်နေတာ "
" ရုတ်တရက် ဖြစ်သွားတာ သားထူးခေါ်လာလို့ "
" အေး သူရိန် ဒီမှာ လေကောင်းလေသန့်ရပြီး နေလို့တကယ်ကောင်းတာ အနားယူလိုက် အားရပါးရ ကို "
" ကလေးတွေကော "
" ဪ ဟိုနှစ်ကောင် တောင်ခြေဘက်က ရွာဘက်ကို Trecking ထွက်သွားတယ် တည့်သာမတည့်သာ မျက်စိအောက်ကလဲ အပျောက်မခံပါဘူးကွာ "
အာကာ့ အပြောကို သဘောကျသလို ပြုံးလိုက်ပြီး
" အာကာ ကြီးကိုရွေးတဲ့ ခေတ်ကပျော်ရပါ့မလား မသိ ဒီကောင်က ငဒူ "
" အမလေးဆရာရယ် နှစ်ပတ်လည် ပွဲမှာ ခေတ်ကို ကိတ်ယူပြီးလာခိုင်းတယ်တဲ့လေ "
" ဟော "
ရယ်သံတွေ ပျံ့လွှင့်နေသည် မှာ ထိုသုံးယောက် စကားဝိုင်းအတော်ကျနေတာဖြစ်သည်။
" သားထူး တို့ ကားပါကင် အပ်ပြီး လိုက်လာမယ်ထင်တယ် ခေတ်တို့သွားနှင့်မလား "
" ခေတ် စောင့်လိုက်ရအောင် ကောင်မလေး တစ်ယောက်ပါသေးတယ် ယောကျ်ားလေးနှစ်ယောက်ထဲနဲ့ မကောင်းဘူးလေ "
" ဘယ်သူလဲ မိဒမ်းလား "
" ချယ်ရီ ဆိုလားပဲ ဂိတ်မှာတွေ့ပြီး သားထူးခေါ်လာတာ "
" ဟင် ချယ်ရီလား စိတ်ညစ်ပါ့ ဒီညတော့ ညှောင်နာနာ အသံတွေကြားရတော့မယ် "
စိတ်ညစ်စွာပြောနေသည့် မိန်းမလောင်းလေးကို ဖက်ပြီး အာကာ ကနှစ်သိမ့်နေသည်။
" ဒီည စောစော အိပ်ရာဝင်ကြမည်တဲ့လေ "
နှစ်ယောက်သား ထုနှက်ပြီး မင်းသူရိန်ကိုပတ်ပြေးနေသည့် အာကာကို ခေတ်တစ်ယောက် ဒေါသပုန်ထနေခြင်းဖြစ်၏ ။ အလယ်ကနေ ရယ်မောနေလိုက်ပြီး တော်လိုက်ဖို့ကို တားဆီးနေမိသည်က ငယ်စဉ်က ဆော့ကစားနေရသလိုပင် ။
" ခေတ်တော်တော့လေ အစ်ကိုခေါင်းမူးနေမယ် "
ဘယ်ချိန်ရောက်လာမှန်းမသိသည့် သူ၏ အသံကြောင့် အနောက်ကိုလှည့်ကြည့်လိုက်ပြီး
"ရပါတယ် ခေတ်တို့ အစ်ကို မမူးပါဘူး မင်းပေါ်က အစ်ကို့အထုတ်ပေး "
"ရတယ်ကျွန်တော် လွယ်လာလိုက်မယ် "
" မဟုတ်တာ "
လှမ်းဖမ်းနေသည့် လက်လေးကို ဆုပ်ကိုင်လိုက်ပြီး
" မောင်သယ်ခဲ့မှာမို့ အားထပ်မသုံးနဲ့ "
လက်ဖျားမှာအေးစက်ပြီး မျက်လုံးစိုက်ကြည့်နေသူဆီက အကြည့်တို့လွှဲကာ လက်တို့ကိုရုန်းလာတော့သည်။ မလှုပ်တာကြာသည့် ခြေထောက်များကပင် လှုပ်ရှားချင်လာသလို ဖြစ်ကာ လက်တို့ကို ရုန်းတော့ လွှတ်ချပေးလာသည်။
လမ်းသေးသေးလေးကနေ ကျော်လာပြီး မြက်ခင်းပြင် လမ်းပေါ်ကိုရောက်ကာ ဘေးပတ်ပတ်လည်တွင် အစိမ်းရောင် တောအုပ်များကလွဲ ဘာကိုမှ မတွေ့ရတာ မနီးမဝေးက တောင်တန်းကြီးတွင်တော့ မီးခိုးငွေ့တို့မြင်နေပြီး စိတ်ထဲတော့ တကယ်လှသည်ဟု မှတ်ချက်ပေးဖြစ်သည် ။
အရှေ့မှာ ဘန်ဂလို အသေးစားလေးတွေ တန်းနေပြီး ဘန်ဂလို အပေါ်ဘက် ဝရန်တာ မဟုတ် အမိုးဖွင့်လိုနေရာတွင် Tent လေးများတင်ထားသည် ချစ်စရာ နေချင်စဖွယ်လေးဖြစ်သည် မို့ ပိုလို့သဘောတကျဖြစ်နေသည်။
" ထူး "
ကြည်နူးနေသည့် စိတ်ကူးများက ဖက်ခနဲ ရိုက်ချခံလိုက်ရသလိုဖြစ်ကာ
" ဟုတ် ချယ်ရီ "
" ချယ်ရီ က ညကြ အစ်မခေတ်နဲ့ အိပ်လိုက်ရမလား "
ခေတ်ကိုလှည့်ကြည့်လာသည့် မောင်ဖြစ်သူကို အူလည်စွာဖြင့် ပြန်ကြည့်နေတုန်းအာကာက ခေတ်အား ဖက်လိုက်ပြီး
" ငါတို့က အတူနေမှာကွ "
" ထူးကရော "
ဒီမိန်းမ ဘယ်လိုလဲ ဟုပင် ကြည့်နေသည့် မင်းသူရိန် အကြည့်ကို ပြန်ကြည့်လာသူအား ပိုလိုပင် အသည်းယားမိသည်။ တစ်လုံးမှ မဟ လာသည့် သားထူးကိုလဲ ရိုက်လိုက်ရရင်ကောင်းမည် ။
" ဝေ့ ခွန်လေး "
မလှမ်းမကမ်းက အသံလာရာကို အကြည့်များက လွန့်လူးသွားကာ လက်ပြနေသည့် ကိုဟိန်းပြည့်ကိုပင် ခွန်လေး လက်ပြန်ပြလိုက်သည်။
" မတွေ့တာကြာပြီ ကိုဟိန်း "
" အေးကွ မတွေ့တာကြာပြီ ဒေါက်တာ "
လက်ကမ်းနေသူက သူ့ကိုအတော်သိသလို နှုတ်ဆက်နေသော်လည်း သူမသိတာအမှန်ပင် ရင်းနှီးသလို ရှိပေမယ့် သူမသိပါ ။ ကမ်းလာသည့် လက်ကိုတော့ ပြန်ဆွဲနှုတ်ဆက်လိုက်ပြီး
" တွေ့ရတာ ဝမ်းသာပါတယ်"
" ဟုတ်ကဲ့ "
ကျန်သည့်လူများနှင့် နှုတ်ဆက်နေသည့်တိုင် မင်းသူရိန် သူဘယ်သူလဲ စဉ်းစားရင်းခေါင်းများကိုက်ချင်သလို ဖြစ်တာကြောင့်
" နားချင်ပြီ ခေါင်းကိုက်လို့ "
တိုးညှင်းသည့် အသံလေးကိုတော့ သားထူးက ကြားလေပြီးနောက်
" ကျွန်တော်တို့အခန်းသွားတော့မယ် ကားအကြာကြီးစီးလာရတော့ အစ်ကိုက ပင်ပန်းနေပြီမို့ "
" ဟို ထူး.. "
" အေးမောင်လေး သွားနားချည်သွား ချယ်ရီကို အစ်မတို့လက်ထဲ ထားခဲ့ နော် "
စကားပြန်ပင် မလုပ်တော့ပဲ ပြာယာနေသည့် သားထူး၏ နောက်ကျော ပျင်ကျယ်ကြီးနှင့် ခြေလှမ်းကျယ်ကြီးများသာ မြင်လိုက်ရခြင်းပင် ။
" အစ်ကိုဟိန်းတစ်ယောက်ထဲလား "
"သုံးယောက် ကိုသစ်ရယ် အိမ်ကတူမရယ် "
" ဪ ကလေးမလေးက တစ်ယောက်ထဲလား "
" အင်း အကုန် တစ်ခန်းဆီ "
" အားနာလိုက်တာ ဒီကချယ်ရီက အတူနေဖို့ မိန်းကလေးဖော်လိုနေတာ ကိုဟိန်း "
" ရတယ်လေ ချယ်ရီ မို့လား လာကျွန်တော် လိုက်ပို့ပေးမယ် "
" ရတယ် ချယ်ရီ ထူးဘေးခန်း .. "
" လိုက်သွားလိုက်ပါ ကိုဟိန်းလိုလူက ခေါ်နေတာ အားနာဖို့ကောင်းနေပြီကို "
ကြားကနေ လှော်ပေးလိုက်ရတာ ကျေနပ်နေသည့် ခေတ်ဖြစ်သူအား ကြည့်ပြီး အာကာက ကျေနပ်ပြုံး ကြီးနှင့်ဖြစ်ကာ
" အိုက်ထွန်း စားကြမယ်ကွာ "
" ပြောမလို့ပဲ မမလေးတို့ကို "
နေ့လည်စာကို မောင် ပြင်ဆင်လာသည့်ဟာများ ပြင်ဆင်စားသောက်လိုက်ပြီး မောင်ဖြစ်သူတို့ဆီတော့ ပို့ထားလိုက်သည်။ သွားကြည့်တော့ အိပ်နေကြသည်မို့ မနိုးပဲ ထွက်လာခဲ့လိုက်သည်။
" သက်သာတယ်တဲ့လား ခေတ် "
" အိပ်နေကြတယ် "
" အင်း သူရိန်က သတိကောင်းတယ် မကြာခင် အဆင်ပြေသွားမှာ "
" မင်္ဂလာဆောင်မတိုင်ခင်ပြောထားသလို စိတ်ကုထုံးလုပ်ဖို့ မောင်လေးပြောနိုင်ရင်ကောင်းမယ် "
" ရမှာပါ သူရိန်က သားထူး တစ်ခွန်းပဲ သားထူးကလဲ သူရိန် တစ်ခွန်း "
" အင်း "
ခေတ်တို့ ဆရာ့ ဆေးမှတ်တမ်းကို လန်ဒန်က ရသည်နှင့် လေ့လာထားလိုက်ပြီး ခုချိန်ထိ မေ့ပျောက်ကာလကို တူးဖော်ဖို့ မလုပ်ထားကြောင့် သိလိုက်ပြီးနောက် ခေတ်တစ်ယောက် အိမ်ငွေ့ချခြင်းကို လုပ်ချင်နေခဲ့သည်ဖြစ်ကာ ထိုကာလကိုသာ မှတ်မိနေသည်ဆို နိူးပေးဖို့ စီစဉ်ထားသည် ။ ဆိုးကျိုးကလည်း များသလို ကံကောင်းရင်လည်း တစ်ခါထဲ ကောင်းသွားနိုင်သည်မို့ မောင်ဖြစ်သူကိုတိုက်တွန်းထားသည်။
မကြာခင်တော့ မောင်ဖြစ်သူ ကော ဆရာပါ အကောင်းဆုံး ဆုံးဖြတ်နိုင်ပြီး အဆင်ပြေသွားဖို့မျှော်လင့်သည်။
" ခေတ်စား အတွေးလျော့ ဆရာမလေး "
သတိပေးစကားကို ဟင်းထည့်ပေးရင်းပြောနေသည့် အာကာကိုကြည့်ပြီး ခေတ် ထမင်းဆက်စားနေလိုက်တော့သည်။
If you like this story please vote & comment for me .
Dec.13,2023