Part 6 ( Uni )

3.3K 125 0
                                    

ညစာ စားပွဲပြီးတော့ ကိုယ့်အခန်းတွေဆီ သာ ပြန်လာလိုက်တော့သည်
အာကာ ကတော့ သူရိန်နောက်လိုက်လာ ခဲ့လေသည်။ အကြောင်းပြချက်က ဆန်းသည်။

" မင်းကြောက်နေမှာဆိုးလို့တဲ့လေ "

သူရိန်ကတော့ ညအိပ်ဖို့ အဝတ်အစားလဲ ကာ အခန်းရဲ့ ရှေ့ မျက်နှာစာ ဝရံတာ ဘေး ထောင့်က အပင်များ စီတန်းထားသည့်ဘေးမှာ ရှိတဲ့ ခုံရှည်လေးပေါ် ခေါင်းအုံးလေး ယူလာပြီး လှဲနေလိုက်သည်။
အာကာကတော့ သူများအိပ်ရာပေါ် ဆော်နဲ့လား အူကဲလေးလားမသိ အီနေတော့သည်။
ဘာရယ် အထွေအထူး တွေးစရာမရှိနေတော့ ဟိုရောက်ဒီရောက်ကနေ အကြည့်များလဲ ဆော့ကစားရင်းက

" ဟျောင့် အာကာ "

လှမ်းခေါ်လိုက်သော်လည်းပြန်ထူးသံမကြား ကုတင်ပေါ် လူးလိမ့်နေတာသာတွေ့လိုက်ရသည်။

" အာကာ မင်းရဲ့ ဂျာကင် ငါလေယာဉ်ပေါ်က အိမ်သာထဲကျန်ခဲ့တယ် "

" ဘာ.... "

အခုမှသာ အသံထွက်လာတော့သည်။

" အေး ဟုတ်တယ် ငါ အခုမှ သတိရတာ ငါကျန်ခဲ့တယ် ဆောရီးကွာ "

" -ီး ဆောရီး မရဘူးကွာ အာ့ဒါ Supreme က Limited ကွမရဘူး မရဘူး ပြန်လျော် "

" မင်းဟာမင်း ငါ့ကို ဝတ်ပေးတာလေ ငါက အတင်းဝတ်တာမှ မဟုတ်တာ ပြီးတော့ ဒီကနေ လေဆိပ်ကလဲ အဝေးကြီး ငါမေးပေးပါ့မယ် "

" မရဘူး ဟျောင့် ငါ အာ့ဒါကြောင့် အိပ်ရမှာ မဟုတ်ဘူး ငါအဆင်မပြေဘူး "

" ငါလုပ်ပေးပါ့မယ်ဆိုနေ သတိပေးလို့လဲ သိတာကိုများကွာ "

" မင်းသတိမပေးလဲ ငါဆိုင်ကယ် စီးဖို့လုပ်ရင် သိမှာပဲ "

" ဘယ်ဆိုင်ကယ် မင်းက စီးမို့ပြောနေတာလဲ "

" မင်းက စောက်ပိန်း ခဏလေး "

" ပူကြူးလေး ပြီးမှ ဆက်ပြီး ချစ်ကြမယ်နော် အခု ခဏလောက် စကားပြောဖို့ ရှိနေလို့ မွကွာ ချစ်တယ်"

" ရွံ့ တာကွာ "

" ဒီနေ့ ဒီအိမ်ရောက်‌တော့ မင်း သတိမထားမိဘူးလား ငါတို့နောက်ကကားပေါ်ကနေ ဆိုင်ကယ် ကြီးသယ်လာတာ "

" သတိမထားမိပါဘူး"

" အေး မင်းက ငပိန်းကို ငါက ဆိုင်ကယ်အကြောင်းသိပ်မသိပေမယ့် နဲနဲတော့ ကွာ အကောင်းစားလား ဘာလေးလဲ တော့ သိတယ်ကွာ အာ့ဒါ ကြီးက ကွာ အမိုက်စားကြီးကွ ငါလဲ မနေနိုင်လို့ မေးမြန်းကြည့်တာပေါ့ "

ပြောတာက လဲ အားပါလာသလို သူရိန်လဲ စိတ်ဝင်စားသဖွယ် လှဲနေရာက ထ လာပြီး နားထောင်လိုက်မိသည်။

" မင်းတပည့်မလေးရဲ့ မောင် ပိုင်တာတဲ့လေ တစ်စီး နှစ်စီးမဟုတ်ဘူးတဲ့ ဒါက ဒီနေ့မှ ရောက်တာတဲ့ ကွာ အာ့တော့ ငါက လဲ မပိုင်ရရင်တောင် ခင်အောင်ပေါင်းပြီး ဆိုင်ကယ်ကပ်စီးမို့ကွ ဒါနဲ့ ငါသိချင်တာ "

မေးလေ လို့ မေးဆတ် ပြလိုက်တော့

" ငါ အာ့ဒီကောင်လေးကို မြင်ဖူးတယ်ကွ သိလား မင်းကော သိလား "

" ငါလဲ အာ့ဒါပဲ စဉ်းစားနေတာ ငါက ရင်းနှီးသလိုပါ ခံစားရတာ ကွ "

" မင်းဖူးစာဖက်များလား "

' ဘုန်း '

ခေါင်းအုံးကြီးလွင့်လာတာတော့ မဟုတ်ဘူး ပစ်လိုက်တာပါ ။

" ငါ့ထက် အများကြီး ငယ်တယ် ကွ မင်းကျောင်းတက်တေ့ာ မှမွေးခါစ ကလေးကို မင်း မတော်မတရားပြောစရာလား "

" ငါတို့ချင်းပြောတာ အာ့လောက် စိတ်တိုစရာလား ကွ "

ပြောလဲပြော လက်ကနေ ခေါင်းအုံးနဲ့ ဆက်တိုက် ရိုက်တာ ခံနေရတော့သည်။ ရုတ်တရက် အာကာ မှ အလန့်တကြား

" ဟျောင့် မင်းမေကြီးတော် ထဲမှ "

" ဘာလဲ ဘာဖြစ်ပြန်တာလဲ မင်းဟာ ကင်းကိုက်လို့လား"

" ရှမ်းစော်ဘွား ခွန်စဝ်ငွေအိမ်ထူးလေ ကွ မင်းမသိဘူးလား နာမည်ကြီးတယ်လေ ကြော်ငြာတွေမှာ ခဏခဏ တွေ့ရတာ အာ့ဒါကြောင့် မြင်ဖူးတယ် ထင်နေတာ "

အာကာ ပြောတာကို မျက်ခုံးနှစ်ခု ထိလုနီးနီး ထိကပ်လိုက်ပြီး စူးစိုက် နားထောင်လိုက်ပြီး

" ငါ သူ့ကို လွန်တဲ့ တဲ့ တစ်နှစ်က ဆေးရုံမှာ တွေ့ဖူးတယ် "

ပြောလိုက်ပြီး လုံးဝ ကို သေချာလေးစဉ်းစားလိုက်ပြီး

" အာကာ မင်းမှတ်မိလား ယိမ်းတို့ မင်္ဂလာဆောင်တဲ့နေ့ ကို "

အာကာ က အထူးတလည် စဉ်းစားမနေတော့ဘဲ

" သိတယ်လေ ငါမှတ်မိတယ် "

" နောက်နေ့မနက် ငါအရေးပေါ်ခွဲစိတ်ခန်းဝင်ရတယ် ငါပြောဖူးတယ်လေ ငါ့ကို ရဲမှုးကတောင် လာတွေ့တယ်ဆိုတာ အေးအာ့ဒါ အာ့ချာတိတ်ပဲ နောက်ရက် ငါ သတင်းစာဖတ်ရင်း သိရတာ လွှတ်တော် နားမှာ လုပ်ကြံခံလိုက်ရတဲ့ ခေတ်သစ်စော်ဘွား ဆိုတာ .... သူပဲ ဟျောင့် "

" ဟ လောက ကြီးက ဆန်းကျယ်လှချည်လား "

" အေး အာ့ဒါပြီးတော့ ငါလဲ မင်းသိတဲ့ အတိုင်းပဲလေ "

" အေးပါ သူရိန်က ကောင်းပါတယ် ဘာဖြစ်ဖြစ် စိတ်ချရတဲ့ နေရာ မှာနေရ တာပေါ့ကွာ မင်းလဲ လွတ်လွတ်လပ်လပ်ကြီး နေလို့မရတဲ့ ဝန်ကြီ မြေးမို့လား အဆင်ပြေမှာပါ ။
သူများတွေများ အသက်လေးငယ်ငယ်နဲ့ ကိုနော် ငါတို့များ "

" မင်းပဲ ငါတော့ မပါဘူး အာကာ "

" ပြောရင်လဲ အနာပေါ် ယာဉ်နားတယ် ဖြစ်အုံးမယ် မင်းတောင် အခု အဖြစ်ရှိနေလို့လား "

ပြောလဲပြော နှစ်ယောက်သား အတွေးကိုယ်စီ နဲ့ အခန်းငယ်ထဲ တိတ်ဆိတ်သွားရပြန်တော့ပေသည်။

.................................
ဒေါက် ဒေါက်

" ဝင်ခဲ့ပါ ခင်ဗျ "

တံခါးလေးဖွင့်ပြီး ဝင်လာတဲ့ မိန်းမငယ်လေးတွေက အားနာသလို အကြည့်လေးနဲ့

" အားနာပါတယ် အစ်ကိုလေး မနက်ခင်း မလွှဲခင် တော့ မနက်စာလေး စားဖို့ ကြီးဘွားက နိူးခိုင်းလိုက်လို့ပါ "

" ရပါတယ် ခဏနေ လာခဲ့လိုက်ပါမယ် "

ခရီးပန်းလာလို့ကော ညက အာကာ နဲ့ စကားလဲ ကောင်း သက်ရှည်ဆေးလေး မှီဝဲရင်း
အအိပ်လွန်တာ ဖြစ်လိမ့်မည် ။ ဘယ်အချိန်ကအိပ်လို့ ဘယ်ချိန်ရောက်နေမှန်းတောင် မသိတော့ပါ ။ မျက်နှာသစ် သန့်စင်ရေးရာ အမှုကိုပြုပြီး အောက်ကို ဆင်းလာခဲ့လိုက်တော့သည် ။ လှေကားပေါ်က ဆင်းလာပြီး ဧည့်ခန်း နားကို ငေးလိုက်တော့ ကိုယ်မသိတဲ့ ရိုးရာဝတ်စုံများနဲ့ လူတစ်ချို့ကိုတော့ တွေ့လိုက်သည်။

" ဆရာ "

" မခေါ်ပါနဲ့ ဗျာ အသက်လေး နှစ်နှစ်လောက်ကွာရုံလေးပါ "

" မနက်စာ စားဖို့ နေ့လည်တောင်ဖြစ်နေလို့လေ အာ့ဒါ မနက်စာ မစားဘဲ ခဏစောင့်လိုက်ပါလား နေ့လည်စား တစ်ပါတည်း စားရအောင်လို့ "

" ရတယ်လေ ထွေထူး လုပ်ပြီး ဧည့်သည်ကြီးလို့ မဆက်ဆံပါနဲ့ ကျွန်တော် သိပ်မနေတတ်ဘူး "

ပြောလဲပြော အိမ်ရှေ့ ပေါက်ဝကို လမ်းလျှောက်ပြီး ထွက်လာလိုက်သည်။

" ဒါဆို ကူညီရမဲ့ ကိစ္စလေးလဲ ပြောပါအုံး "

ခေတ်ထူးကို လှည့်မေးလိုက်တော့ ခေတ်ထူးက ပြုံးလိုက်ပြီး အရှေ့တည့်တည့်ကိုကြည့်ပြီး

" ဆရာ အဓိက က အလုပ်မဟုတ်ပါဘူး နော် ဆရာ အဆင်ပြေဖို့ ပြီးတော့ ... "

စကားတို့ကို ရပ်တန့်လိုက်ပြီး သူရိန်ကို လှမ်းကြည့်ကာ

" လက်မလွှတ်လိုက်ပါနဲ့ ဆရာ လက်ရှိမှာ ဘယ်သူမှ မရောက်နိုင်တဲ့ နေရာ ကို ရောက်နေပြီလေ အတော်ဆုံးဆိုတဲ့ ဂုဏ်ပုဒ်ဆိုတာတွေ ထိန်းသိမ်းဖို့ ထပ် ဆရာ့ရဲ့ ရပ်တည်မှုတွေ မပျောက်ဆုံးဖို့ က အဓိက မဟုတ်ဘူးလား "

" အကယ်လို့ ဆရာ ရဲ့ ရွေးချယ်မှု က ပျော်ရွှင်ရမယ်ဆိုလဲ တစ်ချို့သော ဆုံးရှုံးခြင်းတွေက အဖိုးတန်ပါတယ် ဆရာ "

သူရိန် ခေတ်ပြောတာကိုနားထောင်နေသလို တွေဝေနေသလား တွေးမိနေတာလား ခေါင်းထဲမှာ ဘာမှ မရှိဘူး ဆိုတာကိုခံစားလိုက်မိတယ် ။ ထိုစဉ်

" ဖီး ခ " ( အစ်မ ရေ )

" ကင်ခေါက် မိုင့် မာ့ နီး လေ " ( ထမင်းစားမယ် လာခဲ့တော့ )

" ဆရာ ထမင်းစားဖို့ အဆင်သင့်ဖြစ်ပြီ "

ထမင်းစားဝိုင်းက အရမ်းကြီး တိတ်ဆိတ်နေတာလဲ မဟုတ် ကြီးမေအဘွားက တစ်ယုတစ်ယနဲ့ အယောက်စီ တိုင်းကို ကြိုက်လားမေးမြန်းလိုက် ဟင်းတွေထည့်ပေးလိုက်နဲ့ ပျော်စရာကောင်းတဲ့ ထမင်းဝိုင်းလေးလို့ ခံစားမိတယ်။

" အစ်မ မနက်ဖြန်လောက် မြို့ထဲ အိမ် ပြန်ပြောင်းပေးနော် ကျွန်တော်မှာ ကိစ္စလေးတွေ ရှိသေးတယ် ယိုင်ကောပဲ ( အဘွား ) "

" ဟင် ပြောတော့ တစ်လ လောက် ရတယ်ဆို "

" ရတယ်လေ ဒီအိမ်တော့ မရဘူးလေ ဒါ ကျွန်တော် အလုပ်နေရာလေ "

" ဒါပေမယ့်လဲ ဒီက ပိုနေလို့ကောင်းတာကို "

" ကျိုင်းတုံ ဘက်သွားမလား ကျွန်တော် ပို့ပေးမယ်လေ ဒီမှာက အလုပ်နေရာ ဆိုတော့ လူဝင် လူထွက်များတယ် အစ်မတို့လဲ ကောင်းကောင်း မနားရပဲ နေလိမ့်မယ် ဟုတ်တယ်မို့လား ဒေါက်တာ "

မောင်နှမ ချင်းပြောနေရင်းကနေ ရုတ်တရက် မဆီမဆိုင် ကိုယ့်ဆီ ရောက်လာတော့ ဘာပြောရမှန်းမသိ ကြောင်နေမိတော့လဲ ထပ်ပြီး

" ဟုတ်တယ်မို့လား ဒေါက်တာ အလုပ်နေရာ ကို တော့ သီးသန့်လေးကြိုက်တယ်မို့လား "

ချောင်းဟန့်သလို လုပ်လိုက်ပြီး

" ဟုတ်ပါတယ် ခေတ်ရဲ့ အကို တို့ကလဲ ဘယ်နားနေနေ ပြေတာပဲ ကို "

" အာ့လိုတော့ မထားပါဘူးဗျာ တာချီလိတ် မြို့လယ်ခေါင်က နေရာကောင်းလေးကိုပါ ဘယ်နားလည်လည် လည်လို့ကောင်းတဲ့ နေရာလေးပါ ဒေါက်တာရဲ့ "

" အကို့ကို ဒေါက်တာ လို့မခေါ်လဲ ရပါတယ် မနေ့ကလို အစ်ကို ပဲ ခေါ်လို့ရပါတယ် "

" မဟုတ်တာ ခေါ်သင့်ပါတယ် ဒေါက်တာမို့ အခေါ်ခံရတာ ပဲ နော် .. မဟုတ်ဘူးလား ကြီးမေ "

" အင်း.. ကြီးမေတော့ လန့်နေပြီ သားထူး ရဲ့ အလ္လာပသလ္လာပ ပြောသံ ကို ၅ မိနစ်ထပ် ပိုကြားနေရလို့ လေ "

ကြားထဲက အာကာကတော့ ဟိုကြည့်ဒီကြည့်ကနေ စိတ်မရှည်သလို မျက်ခုံးတွန့်ပြီး

" ဟျောင့် သူရိန် ငါ့ဂျာကင် "

" နောက်ရက် မြို့ထဲရောက်မှာပဲလေ အာ့ကြ ယူပေးမယ်လေ "

" မရဘူးဟျောင့် ပျောက်ရင် ဘယ်နဲ့ လုပ်မလဲ ဒီနေ့ ယူပေး ယူပေး "

ဂျစ်ကန်ကန် ပုံနဲ့ သူ့ပုံမှ မလိုက်ပြောနေတဲ့ အာကာကို စိတ်ရှုပ်စရာလို ကြည့်ပြီး တစ်ဖက်ကိုလှည့်ပြီး

" ဟိုလေ လေဆိပ်ကို ဒီနေ့ လိုက်ပို့ပေးဖို့ စီစဉ်ပေးလို့ရမလား ကျွန်တော် လေယာဉ်ပေါ် ဂျာကင် ကျန်ခဲ့တာ ပြန်ယူဖို့ ရှိလို့ပါ "

" ဆရာ အာ့ဆို ခေတ် ခဏနေ လိုက်ပို့ပေးမယ်လေ ဆိုင်ကယ်စီးတတ်လား ဆရာ "

" နောက်ကနေပဲ စီးတတ်တယ် ဗျ "

ခွီး .. အာကာဆီကနေ ရယ်သံ ထွက်လာတော့ မျက်စောင်းနဲ့ ကြည့်တာ ခံလိုက်ရတော့သည်။

" သားထူး များအားလား အစ်ကို့ ကိုလိုက်ပို့ပေးမလား မိန်းကလေးနောက်ကကျ လိုက်ဖို့လဲမသင့်တော်တော့ လေ "

" ရပါတယ် ဒေါက်တာ နောက် နာရီဝက်လောက်နေရင် သွားတာပေါ့ အစ်မ က လိုက်အုံးမလား "

" တော်ပြီလေ မောင်လေးပို့မယ်ဆို ဒေါက်တာ စိတ်ချနော် သားထူးက ဆိုင်ကယ် ကား အကုန်ကျွမ်းတယ် "

" ကျေးဇူးပါ "

ဘေးက အာကာ့ကိုတော့ မျက်စောင်းနဲ့ ကြည့်လိုက်ပြီး မင်းတော့ သေပြီဆိုတာမျိုးကို မျက်လုံးလေးနဲ့ စကားပြောသွားပြီး သူရိန် ထသွားတော့သည် ။

Nov 2 ,2023 

Lost & Found (Complete)Where stories live. Discover now