Part 33 ( Uni )

1.6K 54 1
                                    

ခုတလော အပျင်းတစ်ရတာ ကြိုက်နေတာ ဝန်ခံချင်ပါတယ် ၊ ပျင်းရတာ ကောင်းတာကို ဟု အိပ်နေရင်း တွေးနေသူ တစ်ယောက် ဘေးဘက်ကို လက်ဖြင့် စမ်းလိုက်တော့ အိပ်ရာခင်းက လွဲကျန်တာ မခံစားမိ
ထပ်တိုးပြီးရှာတာ ထူးခြားတာမတွေ့တော့ မျက်လုံးအိမ်များ ပြူးကျယ်လာရပါပြီ ဝဲယာကို တစ်ပတ်ပြည့်မှ Tent အပြင်ဘက်လေးမှာ ထိုင်ငေးနေသူကြောင့် ရင်ထဲ အေးသွားရသည် ။

အနားကိုကပ်ဖို့ ဇစ်ဖွင့်ကာ ကျောဘက်နားကနေ

" ခြေထောက်သာမကောင်းတာ လှစ်ခနဲ နေတာပဲနော် "

" ........ "

" ပြန်တောင်မဖြေတာ ဘာကို ကောက်နေတာလဲဗျ "

လှည့်ကြည့်မလာတဲ့ လူရဲ့ ခေါင်းလေးကို လှည့်လိုက်တော့

ဟင် !

မျက်ဝန်းများက မျက်ရည်တွေကြောင့် သားထူး အတော်လန့်သွားသည် ။ ဘာကိုမှ မမေးမြန်းတော့ဘဲ ပတ်ပတ်လည်ကို အရင်ရှာဖွေနေသည်။

" ဘယ်သူ ဘာလုပ်သွားတာလဲ အစ်ကို ဘာလို့ ငိုနေတာလဲ မငိုပါနဲ့ ကျွန်တော်ရင်နာရတယ် တိတ်ပါ "

မျက်ရည်များကို သုတ်ပေးနေပြီး ဆက်တိုက်ပြောနေသည့် သားထူး အား ကြည့်နေလိုက်ပြီး

" ဝမ်းနည်းလို့ မဟုတ်ဘူး ..... ဝမ်းသာနေလို့ "

" မငိုနဲ့လေ ဝမ်းသာရင် ပြုံးရမှာပေါ့ အစ်ကို ငိုနေရင် ကျွန်တော်က ဘယ်နှယ့်ပြေမလဲ "

ပြောကာမှ ပိုတိုးပြီး ငိုသူကြောင့် စိတ်ညစ်ရပါသည် ။

" တော်ပါတော့ ခေါင်းကိုက်မယ် မငိုပါနဲ့ တစ်ခါ ရှိုက်လိုက်တိုင်း ရင်ညွှန့်ကခွဲရာကြီးက နာလာလိမ့်မယ် အရမ်းမလုပ်ပါနဲ့ "

မော်ကြည့်လာသည့် သူရိန်က အငိုတို့ရပ်ကာ ထူးဆန်းသလို ကြည့်ပြီး

" ရင်ညွှန့်မှာ ခွဲရာရှိတာ ဘယ်လိုသိတာလဲ စောနက အိမ်မက်ထဲက .. လူ.. မဟုတ်ဘူး "

ခေါင်းနှစ်ခုကိုကိုင်ကာ ပြာယာခတ်နေပြီး ရုန်းကန်နေသည့် ခြေထောက်များကြောင့် သားထူး ပါ လန့်သွားကာ ခေါင်းကို တစ်တွင်တွင် ရိုက်နေသူပြီး အင့် ခနဲ့ အသံတွေ ငိုသံတွေကြား မရတော့ပြီဟု တွေးကာ ပခုံးနှစ်ဘက်ကို တင်းကြပ်စွာ ကိုင်လိုက်ပြီးနောက်

" စိတ်ကို ငြိမ်ငြိမ်ထား ဒီကိုကြည့် "

အော်သံစွတ်နေသည့် အသံနောက်မှာ ကြောက်ရွံ့နေသည့် အနေအထားဖြစ်သူကြောင့် တော်လိုက်ဖို့ ပြောဖို့တောင် တွန့်သွားသော်လည်း မဖြစ်ပါ ။

" ခြေထောက်တွေက ဘယ်လိုဖြစ်တာလဲ "

" မသိဘူး .. စောနက အိမ်မက်ထဲက မီးတွေ တောက်လောင်နေတဲ့ အခန်းထဲမှာ အသံကြီးတစ်ခု ကြားလိုက်တယ် ပြေး မြန်မြန်ထွက်ကြမယ် တဲ့ အာ့အချိန် .... အာ့အချိန်မှာ... "

ခုချိန်ထိ အိမ်မက်တွေ မက်နေတာလား ? သူနဲ့တွေ့ခါမှ ပိုဆိုးလာတာလား ? ဘယ်အရာကြောင့်လဲ ?

" ဘာဖြစ်လဲ အစ်ကို "

ရင်ဘတ်လေးကို ပွတ်ပြပြီး

" စူးပြီးအောင့်လာတယ် လန့်နိုးလာပြီး ... ရေဆာတာနဲ့  ရုတ်တရက် ထရပ်လိုက်ပြီး ရေတွေဘာတွေ သောက်လိုက်သေးတယ် ပြီးတော့ ခွေကျသွားတယ် .. "

ပြောနေရင်းက ပျော်သွားသလို ဝမ်းလဲနည်းနေသူ အား

" စောနက ‌တောင် ရုန်းနိုင်နေတယ် ပြန်ထကြည့်ပါလား "

" ကြိုးစားပြီးပြီ မရဘူး "

" လာပါ "

သားထူး ဒူးထောက် တစ်ဝက် မတ်တပ် တစ်ဝက်နဲ့ လက်ကမ်းပေးတော့

" လာ .. "

လက်တို့ကို ကမ်းပေးလိုက်ကာ ခါးကို ကြိုးစားပြီး ရွေ့ကြည့်သည် ၊ မရပါ ။

" ဒီလိုလုပ်မလား ခုက အောက်ကြီးမှာ ခုံပေါ်ကနေ ဆိုရင်ကော "

အမှန်တော့ ကြိုးစားဖို့ အင်အား မရှိပါ အတင်းတိုက်တွန်းနေတာကော အားတက်သရော ဖြစ်နေသည်ကြောင့် ခေါင်းညိတ်ပြလိုက်သည် နှင့် ပွေ့ချီလိုက်ပြီး ခုံပေါ် ထိုင်စေသည် ။

" ပြုတ်ကျမလို ဖြစ်တာဆို ခါးကိုဖက်လိုက် ထကြည့် အကို "

တင်ပါးတို့က ရွေ့လာသလို မခံစားရသည်မို့ မျက်ရည်များပင် ပြန်ဝဲလာသူကို သားထူး လှစ်ခနဲ ပါးတစ်ဖက်အား နမ်းလိုက်တော့ လက်တို့က ရိုက်ဖို့ ရွယ်ကာ ခါးပါ ဆက်ခနဲ ဖြစ်သွားတော့

" လက်ပေး ထကြည့် "

....

.....

နောက်ဆုံးတော့ မတ်တပ်ရပ်နိုင်လိုက်ပြီဖြစ်ကာ ခြေထောက်ဖျားတွေ‌ ပေါင်ဖျားတွေ ဆတ်ဆတ် တုန်နေသည်ကို

' ဘာမှ မဖြစ်ဘူး ခြေလှမ်းကြည့် "

မျက်ရည်များ ပါးပြင်ထပ် ပေါက်ခနဲနဲ့ အတူ တုန်လှုပ်နေသည့် ပေါင်ဖျားကနေ ခြေလှမ်းယိုင်ယိုင်လေး လှုပ်လာသည် ၊ ဒီလိုနှင့် တစ်လှမ်း နှစ်လှမ်း လေးလှမ်းမြောက်တွင် ပြိုလဲလာသူအား ခါးက ထိန်းကိုင်ကာ မင်းသူရိန် လက်များကလည်း သားထူး လက်မောင်းတို့အား မှီခိုထားသည် ။

" ပြန်ထိုင်ရအောင် "

အသာလေး တစ်လှမ်းဆီကနေ ထိုင်ခုံရောက်သွားသည်နှင့်

" ညနေ ဆရာပြန်ရောက်ရင် ခေါ်လိုက်မယ် အစ်ကို အခုစိတ်အေးအေးထားနော် စားဖို့ လုပ်လိုက်အုံးမယ် "

လှစ်ခနဲ လှည့်ထွက်ခါနီး သားထူး လက်အား ဖမ်းဆုပ်လိုက်ပြီးနောက်

" စောနက တွေ့တဲ့လူနဲ့ အစ်ကိုနဲ့ ရင်းနှီးလား "

သားထူး စောနက ဆိုသည်ကို စဉ်းစားကာ

" ကိုဟိန်းလား "

" အင်း ဟုတ်တယ် သိဖူးလား ငါနဲ့ "

" သိတယ်ပြောရမလား အစ်ကို့အသက်တောင်ကယ်ဖူးတယ် "

နှာခေါင်းဖျားလေးကို တွန်းပြီးပြောသူကြောင့်

" ငါမမှတ်မိတဲ့ မတော်တဆ မှုမှာလား အာ့ဒါဆို ငါတွေ့ကြည့်ချင်တယ် "

" မကောင်းတဲ့ ကိစ္စကြီးကို ဘာလို့တွေးနေသေးတာလဲ အစ်ကို မလုပ်ပါနဲ့ မေ့သင့်တာတွေကို မေ့လိုက်ပါ "

စောနက တက်ကြွသလို အသံတွေကနေ စိတ်ရှုပ်ထွေးသလို အသံတွေကြားမှာ အတင်းတောင်းဆိုသလို ဖြစ်သွားသည်မို့ အားနာရသည်။

" ငါတွေ့ချင်တဲ့ သူရှိတယ် ဒါပေမယ့် ငါမေ့နေတယ် မေ့နေတဲ့ အချိန်တွေကိုသာ သတိရရင် သူ့ကိုလဲ တွေ့ရမှာ ဒါကြောင့် ငါအတင်းပြောမိတာပါ "

မျက်နှာငယ်ဖြစ်သွားသူအား မိမိကြောင့်များဆိုသည့်အတွေးဖြင့် သားထူးကလဲ အားနာသွားကာ

" အတင်းမကြိုးစားပါနဲ့ အစ်ကို တကယ်မှတ်မိချင်ရင် နည်းလမ်းတွေရှိတယ် ကိုဟိန်းနဲ့လဲ ပေးတွေ့မယ် ဟုတ်ပြီလား အခုတော့ စိတ်လျော့ တစ်ခုခုစားမယ်ပြီးရင် ဆရာပြန်လာတာ‌ စောင့်ကြတာပေါ့ အောက်ခဏဆင်းအုံးမယ်နော် "

" အင်း "

ကပြာကယာ ဆင်းသွားသူကို နောက်မှ ကြည့်ရင်း ခေါင်းတို့ခါရမ်းလိုက်မိသည်။ ချာတိတ်မှ တကယ့်ကို ချာတိတ်ပင် အပြင်ဘက်က ကြည့်လိုက်တိုင်းမြင်ရသည့် တောင်တန်းကြီးက အကွေးအညွှတ်များပြားပြီးတော့ ကြည့်ရတာ စိတ်နွမ်းလျမှုတွေ ပြေပျောက်ရသည် ။

" ဪ မယ်ဆိုင် ငါရောက်ဖူးတာကို မေ့တတ်လိုက်တာ "

မိမိဘာသာရေရွတ်နေပြီး ခေါင်းလေးကို ထုလိုက်သေး၏ ။ အပြင်ကို ကြည့်နေရင်းက အရှေ့ဘက် ခုံတန်းများတွင် ထိုင်နေသူ အမျိုးသား အမျိုးသမီး များကိုကြည့်ကာ အချစ်ငှက်ကတော့ နေရာတိုင်းပင်ပါလား ... ကြိတ်ရယ်နေသူက နောက်ကအသံကြောင့် လန့်သွားရသည် ။

" အစ်ကို ထမင်းစားမယ်လေ ဘာတွေအာ့လောက်သဘောကျနေတာလဲ မှန်း "

ငေးနေသည့် နေရာကို လာစူးစမ်းပြီး

" အတွဲချောင်းနေတာပဲ စားမယ် "

ထိုင်နေသူနား စားပွဲဝိုင်းမလာလိုက်ပြီး ပြင်ထားသည်များက စားချင်စဖွယ်ပင် နာနတ်သီးသေးသေးလေးများဖြင့် ထမင်းကြော် ၊ ဖက်ကဖောင်အရွက်များ ငရုတ်သီးစိမ်း ပဲသီး ဝက်သားကြော် ၊ ပုဇွန်အုန်းနို့ချက် နဲ့ ထမင်းဖြူ သူအဖို့ဖြစ်ကာ သားထူးက ရှမ်းဆန်နှင့်ပင်

" ရှမ်းဆန်က ကောင်းလား "

" မနက်ကစားတဲ့ ကောက်ညှင်းထပ် နည်းနည်းပျော့တယ် စားကြည့်ချင်လို့လား "

ခေါင်းညိတ်နေသူကြောင့် ခွာနေသည့် ပုဇွန်ကို ရပ်ကာ အစ်ကိုကြိုက်သည့် ဝက်ဖက်ကဖောင်းကြော်ကို ခပ် ဇွန်းဖြင့် မဟုတ် ပေနေသည့် လက်ဖြင့်သာ ခွံကျွေးလိုက်တော့သည်။ ဒီကလေးကြီးက သူခွံကျွေးတာ သဘောတွေ့ပုံပင် ။

" အင်းးးးး ပိုအရသာရှိသလိုပဲ ငါလဲ ရှမ်းဆန်စားချင်တယ် "

" သေချာဝါးနော် စားနေကြ မဟုတ်ရင် အဆာမကြေဖြစ်တတ်တယ် "

ပြောလည်းပြော အုန်းနို့ချက်ကအရည်လေး ထမင်းပေါ် ဆမ်းလိုက်ပြီး တစ်လုပ်ပြီး တစ်လုပ် ခွံကျွေးရင်း စားဖို့ပင် မေ့နေသူကိုတော့ သူရိန်က ပုဇွန် များခွာပေးကာ ပန်းကန်ထဲ ထည့်ပေးရင်း‌ ပြောသေးသည် ' ဖားတာ ' တဲ့လေ ။ ခွံကျွေးသည်များကို တစ်ခုမှ ခေါင်းမခါ တမ်းစားသူကြောင့် သားထူးကတော့ ထမင်းဖြူစားလိုက်ရသည်။

" ခွန်လေး ရေ "

အစ်မဖြစ်သူ အသံကြောင့် ခေါင်းမော့ကာ

" ရှိတယ် ဖီ့ "

ဆရာနှင့်မောင် UNO ဆော့နေတာဖြစ်ပြီးဆရာ့လက်ထဲတွင်တော့ ကဒ်များနေသည်မို့ဆူပုတ်နေသည်ကို သတိထားမိသည်။

" ခေတ်တို့လာပြီ ဆိုတော့ တော်ပြီ "

" ဟာ ညစ်ပြီး ရှုံးရင်ရှုံးတယ်ပေါ့ "

လက်ထဲက ကဒ်တွေ ချလိုက်ပြီး ရောချလိုက်သူကြောင့် လာသည့် သူ အားလုံးကြိတ်ပြီးသာ ရယ်နေလိုက်သည် ၊ ဆရာ ညစ်နေတာကိုပင် ။

" Nicholas တို့ပြန်ရောက်လို့ တစ်ခါတည်းခေါ်ခဲ့လိုက်တာ "

အနောက်ဘက်က Edward မျက်နှာက ရှင်းရှင်းကြည်ကြည်လေး ဖြစ်ကာ Nicholas နှုတ်ခမ်းပေါက်နေသည်ကိုတွေ့တော့

" ဘယ်လိုဖြစ်တာလဲ Niccholas နှုတ်ခမ်းမှာသွေးစို့နေတယ် "

" အထိုးခံလိုက်ရတာ ဆရာ အရေးမကြီးပါဘူး ဘယ်နားနေမကောင်းလို့လဲ "

" သားထူး "

ခေါ်လိုက်သည်နှင့် မင်းသူရိန်ကိုပွေ့ကာ ခုံပေါ်တင်ပေးလိုက်ပြီး နောက် မင်းသူရိန်က ခုံစောင်းလက်ရန်းကို အားပြုလိုက်ပြီး မတ်တပ်တို့ကြိုးစားရပ်ကာ ပိုပြီးတည်ငြိမ်စွာ ခြေလှမ်းလှမ်းပြလိုက်တော့

အာကာဖြင့် မျက်ရည်များပင်ဝဲကာ ခေတ်ဖြစ်သူက အာကာရင်ခွင်ထဲတိုးဝင်သွားတော့သည် ။ Nicholas တစ်ယောက် မျက်လုံးများလက်ထ နေပြီး

" ဆရာ ဆရာလုပ်နိင်ပြီ လုပ်နိုင်သွားပြီ "

လက်သီးလက်မောင်းထ တီးကာ ခုန်နေသူ Nicholas က Edward ကိုပြေးဖက်လိုတော့ အကုန်လုံး မျက်လုံးပြူးရသည်။ စကားသံတစ်ခုက အံ့ဩ သည်များပျောက်ရသည်။

" ထပ်အထိုးခံချင်ပြီလား "

မင်းသူရိန် အပါ ကျန်တဲ့ သူတွေအကုန် ရယ်သံများပြည့်နှက်နေသည့် အခန်းငယ်ထဲတွင် ဖြစ်ကာ အကုန်လုံး မျက်နှာထပ် အပြုံးများကြားက သားထူးကတော့ မျက်ရည်စတို့ ခိုးသုတ်နေလေသည် ။

" ဆရာ ရဲ့ သွေးလည်ပတ်နှုန်းကတော့ ပုံမှန်ပါပဲ ရုတ်တရက် ဦးခေါင်းကနေ တုံ့ပြန်မှု တစ်ခု ရှိသေးလား ကိုက်တာ ခဲတာ စူးအောင့်လာတာ "

" ဒီရက်ပိုင်း လူစိမ်းတွေ နဲ့ တွေ့ရပေမယ့် စိမ်းကားမနေဘူး ပြီးရင်တော့ ခေါင်းတွေ ကိုက်လာတယ် နေ့လည်က အိပ်နေရင်း အိမ်မက်ကနေ လန့်နိုးလာပြီးနောက် လမ်းလျှောက်လို့ရသွားတယ် "

" အိမ်မက်က.. "

သားထူးက Nicholas ပခုံးကို လှမ်းပုတ်လိုက်ပြီးနောက်

" အရမ်းကြီး မလှုပ်ရှားသေးဘဲ တစ်နေ့ နည်းနည်းဆီ ပဲ လုပ်ပါ ပြီးတော့ လတ်တလော Emotional ပြင်းထန်လာတာ ဆိုးဝါးတာမျိုးရှိရင် ချက်ချင်းပြောပေးဖို့လိုတယ် ညဘက်အိမ်မက်တွေက ဖြစ်စေ ပြယုဒ်မျိုးတွေ မြင်လာရရင် ချက်ချင်းပြောပေးပါအုံး ကျန်တာတော့ ပြေပါတယ် ပိုတောင်နေမလား ကျန်းမာရေးက ခုတလော ဒေသစာနဲ့ ဓာတ်တည့်ပုံပဲ ပြည့်တောင်လာတယ် ဆရာ့ မျက်နှာက‌ "

" အင်း "

" ကျွန်တော်တို့ Tent ကိုဘေးဘက်ရွေ့လာမှာမို့ ဒီကခွန်လေးက လိုတာနဲ့ ခေါ်လိုက်ပါ "

" ဟုတ်ကဲ့ ဆရာ "

" မနက်ဖြန် မိုးလင်းရင် ဟိုးဘက် အခင်းကြားက Matcha Heaven သွားကြမယ် အာ့က ကိတ်ကမိုက်တယ် "

" အင်းသွားမယ် "

မနက်ဖြန်ဖို့ ပလန်ကို အတည်ပြုပြီးနောက်

" ဒီညသောက်ကြမလား "

" အစ်ကိုက မသောက်တာကြာပြီ "

သားထူးရယ်ချင်သလိုတောင်ဖြစ်ရသည်။ ကျန်တာတွေ သတိရစေချင်ပေမယ့် အရက်တော့ ပြန်မသောက်စေချင်ပါ ဒါပေမယ့် ဒီည တိုက်မှရမယ် ဆရာ Nicholas ပြောခဲ့တာကို စမ်းသပ်ဖို့လိုသည် တွေ့ဆုံတဲ့ကာလ ထဲက အမှတ်ရဆုံးတွေ ထုတ်ပြပါဆို ဒါကလည်း ဖယ်ထားလို့မှ မရဘဲ ။

" သောက်မှာလား "

" အင်း သောက်မယ် "

ပုံသေဆို ကိုယ်ကြိုက်ကိုယ်သောက်ပေမယ့် ဒီညတော့ အစ်ကို့အကြိုက် အတူသောက်ဖို့ ပြင်လိုက်မိသည် ၊ ဒါကိုရဖို့ အိုက်ထွန်းကို မရမက ခိုင်းထားတာပင် မယ်ဆိုင်ဘက်က ပညာရေးနယ်ပယ် ယဉ်ကျေးမှု များစွာ ကြားကလဲဖြစ် လာသည့်နေရာကအနည်းငယ် လှမ်းတာကြောင့် အိုက်ထွန်းကို ဂိတ်ထိပြန်ကာ တစ်ဖက်ကနေ လာပေးဖို့ကို ညွှန်ကြားလိုက်ရသည် ။ အစ်ကို့အကြိုက် COURVOISER X.O Royal Cognac ....

" မင်းကြိုပြင်ထားတာမလား "

" မဟုတ်ပါဘူး "

" တခြားကို ညာ ဒီပုလင်းကတော့ ငါ့အကြိုက်မို့ ရှာရမလွယ်တာ ငါသိတာပေါ့ မင်းတောင်သောက်ထားသေးတယ် ပုလင်းက လက်တစ်ဝက်လောက် ဟနေတာကြီး "

ပုလင်းကို ကိုင်ကာ တိုင်းတာနေသူကြောင့်  အရက်သမား သူ့ပုလင်းသူ မမှတ်မိဘူးပဲ ။

" အင်း ဦးလေး တစ်ယောက်သောက်သွားတာ သေချာသိမ်းထားတာကို "

" ဪ "

ဪ တဲ့လား အစ်ကိုကတော့ အသည်းယားဖို့ တကယ်ကောင်းတာပင် ဖြစ်သည်။

" အမြည်းတွေ ဘာတွေ နဲ့ ပြင်ထားတယ်ပေါ့ "

" သောက်ဖို့ စိတ်ကူးရှိတာမို့လို့ပါ "

ခွက်ထဲ ဖြည့်ကာ တစ်ချိန်က သောက်နေကြအတိုင်း အစ်ကို့ခွက်အားဖြည့်ပေးလိုက်ပြီးပေးလိုက်တော့ မသောက်တာကြာပြီသူက သေချာကို Shake နေပြီး အနံ့လေးခံကာ နှုတ်ခမ်း ပါးတို့က ပြုံးနေသေးသည် ။

" Cheer "

ထုံးစံမပျက် တည့်မတိုက်ပဲ သူ့ခွက် ဖင်လေးကို ကိုယ်က တိုက်ပေးလိုက်ရသည်။ သူက အသက်ကြီးသည်မို့လေ။

" အင်း အရသာ က ရည်းစားကိုလွမ်းဖို့အကောင်းဆုံးပဲ "

ပြောပြီး လက်ထဲက ခွက်ကိုချကာ သားထူးကိုကြည့်နေသူကို သတိထားမိသည်နှင့်

" နေ့လည်က ကောင်မလေးက ရည်းစားလား "

" အစ်ကိုက နောက်ပြီ ကျွန်တော်မှာ ရည်ရွယ်ထားတဲ့ သူရှိပြီးသား "

စိတ်ထဲတော့ ဝမ်းနည်းသွားရသလို မကောင်းတော့သလို ခံစားမိသည်မှာ အမှန်ပင် ၊ အင်း ဖြစ်နိုင်ပါတယ် ဒီအရွယ် မရှိဘူး ငြင်းခါမှ ညာရာ ကျနိုင်သေးသည် ။ ငါ့မှာလည်း ရှိတာပဲ မဟုတ်လား

" ဟယ် "

" ဘာဖြစ်လို့လဲ အစ်ကို "

" ငါခုထိ အိမ်ကို ဖုန်းမဆက်ရသေးဘူး ပြီးတော့ နောက်တစ်ယောက်လိုက်လာဖို့ ရှိသေးတယ် မေ့နေတာပဲ တကယ် ဒုက္ခပါပဲ အိမ်ကတော့ စိတ်ပူနေမှာ "

သားထူးက နောက်တစ်ငုံ ငုံလိုက်ပြီး ရယ်ရင်းပြာယာခတ်နေသူအားကြည့်ကာ

" အိမ်ကိုမလား ကျွန်တော်ဆက်ထားပေးမယ် ဝန်ကြီးဟောင်းနဲ့က ရင်းနှီးတယ်လေ အသိဖြစ်သူက အိမ်ရောက်နေပါပြီ မှာထားတယ် အိမ်ကလူတွေကို ပူမနေနဲ့ "

အကွက်စေ့လွန်းသူကြောင့် ခေါင်းတငြိမ့်ငြိမ့်ဖြင့် လက်ထဲက ခွက်တို့ကို မော့သောက်လိုက်ကာ အရသာကို အပြည့်အဝ ခံလိုက်ပြီးနောက်

"ဟားးး "

" အာ့လောက်ကြိုက်တာလား"

" မသောက်တာကြာတော့ ပေါ့သွားသလိုပဲ "

" အခုလာတဲ့ သူနဲ့တွဲနေတယ်ကြားတယ် အစ်ကိုက ယောကျ်ားလေးကြိုက်တာလား "

အဟွတ်

သည်လောက် တည့်တိုးဆန်သည့် မေးခွန်းကို မေးလာသည်က ပြန်ဖြေဖို့ချက်ချင်းမဖြေနိုင် လူပါ လန့်ဖြန့်သွားသည်။ ဒီလောက်လန့်နေသည့် သူအား ဒီတစ်ကြိမ်တော့ သည်းသည်းလှုပ်မနေဘဲ ပုံမှန် ဆက်သောက်နေရင်းဖြေပါလို့ပြောနေသလိုမို့ အဖြေမဖြေခင် ကိုယ်တိုင်လည်း စဉ်စားနေသည်။

ပိုင့်ကို ချစ်သလို ပိုင်ကလည်းချစ်ကြသူတွေပါ နိုးလာထဲက ဘေးမှာ တောက်လျှောက်ရှိလာပေမယ့် အရင်လို မဟုတ်တော့သည့် ပိုရင့်ကျက်လာသည့် ပိုင်ပုံကြောင့် လှဲနေမိတာ ကြာခဲ့ပြီဆိုတာ လက်ခံမိသည် ၊ ပိုင့်ကို ချစ်ပါသေးသည်သို့သော် မလတ်ဆတ်တော့သလို ဖြစ်နေသည့် သူတို့နှစ်ဦး လက်ထပ်ဖို့ ပြောဖြစ်ပေမယ့် ဆက်တိုက်ငြင်းလာသည့် သူကိုယ်တိုင် မဟုတ်ပါလား ။

" မေးတာဖြေအုံးလေ "

" အင်းတွဲနေကြတယ်ပြောရမလားပဲ "

" ဪ အင်းပါ ကောင်းကောင်ဧည့်ခံပေးမှာမို့ စိတ်မပူနဲ့ "

" အင်း "

ဒီညတော့ အလုပ်ဖြစ်မည် မထင်ပေ ။ အစ်ကိုဖြေတာက တည့်တိုးဆန်သလား မေးလိုက်မိတာ ဘာကိုမျှော်လင့်လိုက်မိပါလိမ့်လို့တွေးကာ စိတ်ပေါက်ပေါက်နှင့်သာ သောက်နေလိုက်သည် ။

ပုံမှန်ဆို စကားတွေ‌ပြောရင်‌ပြော မေးရင်မေး လုပ်နေသူက အခုလို သောက်နေပြီးငြိမ်နေတာကိုလည်း မင်းသူရိန် အသားမကျသလို ဖြစ်ကာ ကိုယ်ကပဲ ဦးဆောင်မေးဖို့ လုပ်လိုက်တော့သည်။

" မင်းကရော အခုတွဲနေတာ ကောင်မလေးလား ကောင်လေးလား "

" .. "

" မဖြေချင်လဲ ရပါတယ် "

" ကျွန်တော်က ရည်ရွယ်ထားတာပါ တွဲနေတာ မဟုတ်ပါဘူး "

" ဪ "

ဘယ်လိုကြောင်လိုက်တဲ့ ချာတိတ်ပါလိမ့် တွဲပြီးမှ ရည်ရွယ်လို့ရမှာပေါ့ ခေတ်ဆန် လိုက်ကြတာများ ...

" အစ်ကို ကျွန်တော် သန့်စင်ခန်းသွားလိုက်အုံးမယ် "

" အင်း အစ်ကိုလဲ လိုက်မယ် မင်းက "

" မျက်နှာသစ်မို့ "

လိုက်မည်ဟုဆိုသူအား လက်မောင်းကြီး ထိုးပေးတော့ လက်မောင်းကြား လက်တို့ထည့်ကာ မင်းသူရိန် ထလိုက်လာပြီး

" အစ်ကိုကရော ဘာလိုက်လုပ်တာလဲ "

" အင်း .. ဟို အပေါ့သွားချင်တယ် ခံစားရလို့ "

ရှက်သလို ပြောနေသူကြောင့် အခုလို မခံစားရတာကြာနေပြီဖြစ်သူက အပေါ့သွားချင်သလို ဖြစ်တာကို ရှက်နေတာထပ် ကျေနပ်သလို ဖြစ်တာနေမည် ။

" ကျွန်တော် မျက်နှာနောက်မှသစ်လိုက်မယ် "

" ရတယ် အတူသွားမယ် လိုက်ကာ ရှိတာပဲ မရွံဘူးမို့လား "

" အာ့လို မရှိပါဘူး အစ်ကိုမပြေမှာဆိုးလို့လေ"

" ပြေပါတယ် "

Bathroom တွင်းမှာတော့ အစ်ကိုက ဘေစင်လေးက လိုက်ကာလေးကိုဆွဲသွားကာ ဝင်သွားသည်မို့ သားထူးလဲ မျက်နှာသစ်ဖို့ လုပ်လိုက်မိသည်။ ရေအေးကိုဖွင့်လိုက်ပြီး အာရုံကြောတို့ ကို နိုးထဖို့ လုပ်လိုက်ပြီးနောက် ကန်ဘောင်ကို လက်ထောက်လိုက်ကာ မှန်ထဲကနေ ရီဝေဝေ ဖြစ်နေသည့် မိမိမျက်နှာတို့ကို ကြည့်ကာ ဆံပင်များကို ထိုးသတ်လိုက်ပြီး လေပူများကို မှုတ်ထုတ်နေလိုက်မိသည်။

" သားထူး "

အနောက်ကို ဘယ်ချိန်ကရောက်နေလဲ မသိသည့် အစ်ကိုဖြစ်သူကို မြင်လိုက်သည်နှင့် တည်တန်းနေသည့် မျက်ခုံးများကိုပြင်ကာ လှည့်ကြည့်လိုက်တော့

" မင်း ဘာဖြစ်နေတာလဲ "

ရေများ မျက်နှာပြင်ထပ် တိုးတီးတွဲနေပြီး နီရဲနေသည့် နားရွက်ဖျားတွေ အပြင် စောနထဲက ကြားရသည့် သက်ပြင်းသံကြီးကြောင့် မင်းသူရိန် စိတ်ပူရသည် ဘာကို အလိုမကျ ဖြစ်နေသည်ပါလိမ့်

" ဟင် "

" အနားလာခဲ့မလား "

မင်းသူရိန် အနားတို့ကို တိုးသွားတော့ ထပ်ပြီး ကပ်လာဖို့လက်ယပ်ပြနေသူကြောင့် ထပ်ပြီးတိုးကပ်လိုက်တာ့ နှုတ်ခမ်းပါးက မိမိနဖူးပေါ် ရောက်လာတော့ မျက်ဆံများပင် ပြူးကာ နေ့လည်ကလည်း လာနမ်းသေးသည် ၊ တစ်ခါခါ မောင်လို့လဲ ပြောတတ်သည့် သူ့ကြောင့် ရင်များပင် တိုးလှုပ်လာကာ ရင်ခုန်သံ မငြိမ်မသက်ဖြစ်ရတော့သည်။

" ဒီည အတူနေကြမလား "

ဟင် !

လန့်သွားတာ အမှန်ပင် သူကောကိုယ်ကော ယောကျ်ားလေး ကိုယ်က ဒါကို ချစ်ရတဲ့ ပိုင်ဖြင့်သာ ဖြတ်သန်းဖူးတာပင်ဖြစ်ကာ အခုအနေအထားအရဆိုလည်းကိုယ်က အောက်နေရမည့်ပုံ အရပ်အမောင်းအရကော လူကောင်အရ သူက ကိုယ့်ထပ် အင်အားကြီးသေးသည်။ မဖြစ်နိုင်ပါ ဘယ်လိုမှ မဖြစ်နိုင် ၊ ပြောရင်းကနေ ဝတ်ထားသည့် သူ့အပေါ်အင်္ကျီအား ချွတ်လိုက်တော့ မြင်လိုက်ရသည့် ပြေပြစ်လှသော ဝမ်းဗိုက်သားများ ဖုဖောင်းနေခြင်း မရှိ ခပ်ရေးရေးကြွက်သားများ အပြင် ခါးဆစ်နားက တက်တူးကို ကြည့်ရင်း အပေါ်ဘက်ကို တက်လာတော့ ဘယ်ဘက် ရင်အုံပေါ်က ချုပ်ရိုးတို့ဆီ မျက်စိများက ရောက်ရုံတင်မက လက်များနှင့်ပါ ကိုင်လိုက်မိသည်။

" ဒါက "

အသာအယာပွတ်သပ်နေသည့် လက်များဖြင့်တော့ ခက်ချေပြီဖြစ်ကာ ဖြေဖို့ကို အားစိုက်လိုက်ပြီးနောက်

" အင်းးးး ဒဏ်ရာ ရထားတာ "

" ငါ့မှာလည်းရှိတယ် "

ပြောပြီး ရှပ်လက်တို ကို ကြယ်သီးများအမြန်ဖြုတ်ရင်း စိတ်မရှည်စွာ ဆွဲချွတ်လိုက်သူ၏ ညိုဝါဝါ အသားအရည်ထပ်က ချပ်ကပ်နေသည့် ဝမ်းဗိုက် ပြည့်တင်းသလို ရင်ဘတ်ကြီးကြောင့် သားထူး အကြည့်လဲ မလွှဲနိုင် စုတ်သတ်လိုက်ပြီးနောက်

ကျစ် !

" အစ်ကို ကျွန်တော် မရတော့ပဲ နေလိမ့်မယ်နော် ပြန်ဝတ်လိုက်ပါ "

မျက်လုံးတို့ကို လက်ဖြင့် အုပ်ကာ ပြောနေသူကြောင့် မင်းသူရိန် စိတ်မရှည်စွာ လက်တို့ကို ဆွဲဖယ်လိုက်ပြီး သူ့ရင်ဘတ်ကို လက်ညှိုးထိုးကာ

" ဒီမှာ ငါ့မှာလဲ ချုပ်ရိုး တွေ့တယ်မလား နေအုံး "

ပြောပြီး ကျောဘက်ကိုလှည့်ပြကာ မမှီမကမ်းနေရာလေးကို လက်ဖြင့်ထိုးပြကာ

" ထုပ်ချင်းဖောက်ထားတား ဓားရာကြီးလိုပဲ မင်းမှာလဲတွေ့တယ် ကျောဘက်က ငါ့ထပ် ကြီးတယ် ဘာဖြစ်တာလဲ "

အဖြေစကားများမကြားလိုက်ရချိန် ကြက်သီးများဖြန်းခနဲဖြစ်ကာ ကျောဘက် ချုပ်ရာ ထပ်သို့ လေငွေ့နွေးနွေးတို့ရောက်လာကာ အနမ်းခံလိုက်ရသည်ကို သိလိုက်တော့သည်။ နူးညံ့လွန်းသည့် နှုတ်ခမ်းလေးကြောင့် မင်းသူရိန် လန့်သွားသော်ငြား ငြိမ်နေလိုက်မိသည် ။

" အစ်ကို သိလား ကျွန်တော် တားတယ် အစ်ကိုကမြူဆွယ်တာ ရှေ့ဆက်တာကျွန်တော့်အမှားဆို စတာ အစ်ကိုမို့ အပြစ်လုံးဝ မကင်းဘူးနော် "

စကားသံ အဆုံး ကျောပင်ဘက် ကနေ ဆန်တက်လာသည့် နှုတ်ခမ်းဖျားများက ပခုံးထပ်ကနေ ကပ်လာပြီး လည်ပင်းညှပ်ရိုးလေးကို စုပ်နမ်းလာသည်က မရှုသာသည့် ခံစားချက်များဖြစ်လာပြီးနောက် အသံတစ်ချိုု့ပါထွက်လာရသည်မို့ ပါးစပ်လေးကို လက်ဖြင့် ပိတ်ကာ
တိုးလာသည့် အနမ်းများကြားက နားရွက်ပါ ပါသွားသည်မို့ ခန္ဓာကိုယ်က ခွေကျသွားတော့မည့် အလား ဖြစ်ကာ

" သား..ထူး "

" ဟင် အင်း "

" ခြေထောက်က ခွေကျတော့မယ် "

" အင်း "

အင့် !

အနမ်းများမဟုတ်သည့် လျှာဖျားလေးက နားရွက်တွင်းတိုးလာသည့်မို့မထိန်းလိုက်နိုင်ပါ ၊ လူကလဲ လဲတော့မလို သူ့လက်ကြီးဖြင့် ခါးတို့ကို သိုင်းဖက်ထားပြီး မင်းသူရိန်ကတော့ ကျောပေးကာ ခေါင်းများပင် စောင်းမိသည်အထိ နောက်ဘက် ရင်ခွင်ထဲ ဆီပြိုလဲ နေပြီဖြစ်၏ ။ ခါးကနေ တင်းနေရာက ရပ်လိုက်ပြီး တကောက်ကွေးကနေ ဆွဲပွေ့သူ၏ဘယ်ဘက် ရင်ခွင် ရောက်ကာ ရေချိူးခန်းကနေ ထွက်လာလိုက်သည် ရှက်လွန်းသဖြင့် ရင်ဘတ်ကိုသာ မျက်နှာ အပ်ထားလိုက်ပြီးနောက် ဘယ်လိုပင် ကုတင်ပေါ်ရောက်လာလည်းကို မသိလိုက်ပါ ။



Note/- Next part ကတော့ Warning Part ပါ အစောထဲက ခြည် Warning On ထားပါတယ် အများကြီးပါတာမပါတာပဲကွာသွားတာမို့ နားလည်ပေးဖို့မျှော်လင့်ပါတယ် ။ မဖတ်ချင်သူတွေ ကျော်သွားလို့ရသော်လည်း Reader တို့ရေ Warning ပေမယ့် ဇာတ်အိမ်ထဲက မို့ ဖြစ်နိုင်ရင်‌တော့ ဖတ်သွားစေချင်ပါတယ် ။ 


If you like this story please vote & Comment for me .

Dec.14,2023 

Lost & Found (Complete)Where stories live. Discover now