မိမိကိုယ် မှတ်မိကြောင်းတွေရော အစ်ကို့ရဲ့ အမှတ်တရ တစ်ချို့ရဲ့ စကားဝိုင်းကြားမှာ ခွန်လေး နှစ်မြှုပ်နေမိ ။ အစ်ကို ဆေးရုံရောက်ခါစက လူနာဖိုင်မှားကြည့်တာက စလို့ ခွဲခန်းတွေ ဆက်တိုက်ဝင်မိလို့ လူနာကုတင်ပေါ်ပြန်ရောက်ရသည်တွေ နားထောင်ရတာ ငြီးငွေ့ဖွယ် အတိကင်းမဲ့
" ခွန်လေး "
ကျောဘက် နားက အိုက်ထွန်းကိုပြောဟု ခေါင်းလေး ယဲ့ပြီး နားထောင်မှုပြုနေစဉ် ။
" ဒီကကောင်လေး ကိုထိုက်ကိုဘယ်နားမှာတွေ့မိသေးလဲ "
အိုက်ထွန်း၏ မင်္သကာခြင်းစကားများနှင့် မျက်စိရှေ့ ပိုင်စေရာယိမ်း ပေါ်လာပြီးတဲ့နောက် ပွဲတစ်ဝိုက်ကို ခေါင်းတစ်ခုလုံးချာလည်နေအောင် ကြည့်လိုက်တာတောင် အစ်ကို့ကို မတွေ့တော့ချေ ၊ သွားပြီး သူခဏလေး သတိလက်လွှတ်ဖြစ်သွားတာ လက်အစုံက ရုတ်ချည်း ဆိုသလို ပိုင်စေရာယိမ်း အင်္ကျီစကို ဆုပ်ကိုင်လိုက်ပြီး
" အစ်ကို ဘယ်မှာလဲ ခင်ဗျားတစ်မျိုးလုံးပြာမဖြစ်ချင် အခုပြောလိုက် "
တစ်တည်းတည်း တင်းကြပ်လာသည့် လက်အစုံကြောင့် ပြန်ဖြေဖို့တောင် အသက်ရှုမရဖြစ်နေသူကြောင့် ဘေးတစ်ဝိုက်ကလူတွေလဲ လန့်ဖြန်နေကြပြီ ၊ အိုက်ထွန်းမှ ခွန်လေးရဲ့ လက်ဖဝါးကြား တိုးဝင်လိုက်ပြီး ခွန်လေးရဲ့ ဝေ့ဝဲဝဲ မျက်ရည်များကြားက မျက်လုံးအစုံကို စူးကြည့်ကာ
" ခွန်လေး လွှတ်လိုက်ပါ အခြေအနေတွေမဆိုးခင် ဆင်ခြင်ပါ "
အိုက်ထွန်းစကားဆုံးပြီး ၇ စက္ကန့်လောက် အကြာလက်ထဲက နေ ဆောင့်တွန်းလိုက်ပြီး ပစ်လဲသွားသူကို ဂရုမထား ဘေးကလူတွေကိုလဲ နှုတ်မဆက်နိုင်တော့ပဲ လည်ပင်းထပ်က
Prada Black Saffiano Leather Bolo Tie အား လှုပ်ရမ်းနေလိုက်ပြီး စောနကထိ လူငယ်တစ်ယောက်က အခုတော့ လူကြမ်းကြီးပမာ ချက်ချင်းပြောင်းလဲသွားသည်ကြောင့် အနီးတစ်ဝိုက် တစ်ခွင် ကျောချမ်းဖွယ် အတိ
ပိုင်စေရာယိမ်းတစ်ယောက် လဲကျရာက အသည်းသန်ထကာ ခွန်လေးရဲ့ လက်ကို ပြေးဖမ်းလိုက်တော့ မာတင်းနေသည့် လက်မောင်းသားကြောင့် လက်သီးကျစ်ကျစ်ဆုပ်ထားသည်မှန်း သိသာစွာ
" ငါနေရာသိတယ် ငါ့ကိုခေါ်သွား "
အိုက်ထွန်းမှ ခွန်လေးကို ဆွဲနေသည့်လက်အား လှမ်းဖမ်းယူလိုက်ပြီး သူ့နားဆွဲခေါ်ထားလိုက်သည် ။
အပြင်ဘက်ကို ဦးတည်သွားနေသည် အထင်နှင့် လွှဲမှားစွာ ပွဲတင်ဆက်သူဆီက မိုက်ဖြင့်
" ဒီနားကနေ လုံးဝ မရွေ့ကြဖို့နဲ့ စိတ်ငြိမ်ငြိမ်ထားပါ ၊ ပထမဆုံးလုပ်ရမှာက ပတ်ပတ်လည် မှာရှိတဲ့ အစောင့်များရဲ့ စစ်ဆေးခြင်းကို အသာတကြည် ပူးပေါင်းပေးပြီးတော့ ကူညီပေးဖို့ မျှော်လင့်ပါတယ် "
ထို့နောက် ၆ ပေနီးပါး အရပ်နှင့် ကိုက်ညီသည့် ခြေလှမ်းကြဲကြီးများဖြင့် ပွဲကနေ ထွက်ခွာလာလိုက်ပြီး
" Amber ကို "
စိတ်ကို တည်ငြိမ်ဖို့ ကြိုးစားနေသည်မှာ အလွန်ပင်သိသာသည် ၊ ကားအတွင်းတစ်ခုလုံး အဲယားကွန်းအရှိန်ကြောင့်များလား အေးစက်စက် အငွေ့အသက်များ အပြည့်ဖြစ်နေကာ မည်သူတစ်ဦးတစ်ယောက်ကမှ စကားအပိုမဆိုရဲ့ ခွန်လေးပိုင်ဆိုင်သည့် အဆောက်အဦးများစွာမှ Amber ဆီသို့
သတ်မှတ်နေရာကို ရောက်သည်နှင့် ကားပေါ်မှဆင်းကာ နောက်ကားတွင်ပါလာသူ တို့လဲ ကားပေါ်ကအဆင်း
ဖောင်း !
ချာလည်သွားသည့် ရိုက်ချက်ကြောင့် ပစ်လဲချင်ပေမယ့် အိုက်ထွန်းမှာ ထိုသတ္တိမရှိပါ ။
" ကျွန်တော်မှားပါတယ် "
ဒေါသအရှိန်၏ ဝင်သက်ထွက်သက် က ပိုပြင်းထန်နေသလား ? ပတ်ဝန်းကျင်က တိတ်ဆိတ်နေသလား ? ဝန်းတစ်ခုလုံးတွင် ခွန်လေး ၏ အသက်ရှုသံ တစ်ခုထဲက ကြီးစိုးနေသည် ပါလာသည့် ပိုင်စေရာယိမ်းလည်း ကြောက်ရွံစွာ ဘာကိုမှ မလုပ်နိုင်
" အသုံးမဝင်တာတွေ သောင်တင်နေတာပဲ "
ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်သံတွေ အပြင် မကျေနပ်ချက်အား ထွက်ဆိုချက် တစ်ချို့နှင့် ခွန်လေး၏ လှုပ်ရှားမှုကလွဲ ကျန်တာ အားလုံးအသက်မဲ့နေကာ ဖုန်းသံတစ်ခုက လက်ရှိ အခြေအနေကနေ ခွဲထွက်သွားပြီးနောက် လာနေသည့် ပိုင်စေရာယိမ်း ဖုန်းအား ခွန်လေးကမှ ကိုင်ကာ ပြန်ဖြေဖို့တော့ ပိုင်စေရာယိမ်းကို သားရဲအကြည့်ဖြင့် စေခိုင်းနေမှန်းသိသာစွာ
" ဟယ်..လို "
" နားထောင်နေတယ်မို့လား ကောင်လေး ဒါဆိုလဲသေချာအားစိုက်ပြီး နားထောင်နော် "
ပြန်ဖြေသူ ပိုင်စေရာယိမ်းကို ကျော်လွန်ပြီး ဤနေရာတွင် သူရှိသလို အပြုအမူမျိုးလုပ်ကာ ပြောလာသူအား
" အစကတော့ ဧက လေး အနည်းငယ်နဲ့ ပြန်လဲမလို့ဘဲ တမ်းတမ်းတတ တွေဖြစ်နေတဲ့ အသားက ချိုသလား စိမ့်လား စမ်းချင်စိတ်တွေ တဖွားဖွား ... ငှဲ ပေါ်လာလို့ ... "
" ဦးယိမ်းမင်း ခေါင်းနဲ့ခန္ဓာ အိုးစားမကွဲချင်ရင် ဆင်ခြင်သုံးသပ်လိုက်ပါ "
" ငှဲ .. ဟဲ အစကတော့ ကြောက်တာပေါ့ လို့ အခုတော့ အချစ်ရဲ့ စွမ်းအားတွေပြည့်နှက်နေတဲ့ လူတွေကြားက အချစ်ပြယုဂ်လေး တစ်ခုကို ချစ်ကြည့်မို့ .. "
အချစ်ဆိုတာတွေ ထပ်ကာ သရော်နေသည့် ဦးယိမ်းမင်း ဖုန်းဆက်လိုက်တာ အမှားတစ်ခုဆိုတာ သတိမထားမိစွာ
" ခင်ဗျား ဘာလိုချင်တာလဲ "
အံကြိတ်ပြီး တင်းစေ့စေ့ အသံလှိုင်းကြီးကို ဖောက်ထွက်လာတာက
" ဟင်း ဟင်း ပြောပြီးပြီလေ ထပ်မလိုချင်တော့တာ အားနာစွာနဲ့ လက်ခံရရင်တော့ အခင်းတစ်ချို့ဆိုလဲ ဖြစ်ပါတယ် "
တီ.
ပြောနေရင်း ဖုန်းကိုချသွားသူကြောင့် ဦးယိမ်းမင်း အရှေ့ကသူ့အားနားမလည်စွာ ကြည့်နေသည့် မျက်ဝန်းတစ်စုံအား
" အေးလေနော် အရသာရှိတာလေး အရှေ့မှာရှိနေတာကို တခြားဟာ စားစရာလား "
အွင်း...ဟွင်း
ရုန်းကန်အော်ဟစ်နေပေမယ့် တစိုးတစိ အသံသာထွက်နိုင်သူနားအား ကပ်သွားလိုက်ပြီး ပါးစပ်က အဝတ်ဆို့အား ဖယ်လိုက်တော့
" ခင်ဗျား ဘာဖြစ်ချင်တာလဲ "
" ဟ တစ်လေသံတည်း ပါ့လား "
" ဖြစ်ချင်တာကို ပြောလိုက်စမ်းပါ အောက်တန်းစားရဲ့ "
အ!
ရင်ဝကို ဆောင့်ကန်ခံလိုက်ရတာကြောင့် ပြန်ဆဲဖို့ပင် အတော်အင့်နေသူကိုကြည့်ပြီး
" ငါ့ဘဝမှာ အာဏာပဲ ကျန်တာ ရခဲနီးဆဲဆဲ မင်းရဲ့ အဘိုးကြောင့် တစ်မျိုး မင်းကြောင့်တစ်မျိုး တစ်မျိုးလုံးက ငါငယ်ငယ်ထဲက အကျိုးမပေးတာ မင်းအမေကစလို့ တစ်မျိုးလုံးက သေသင့်တဲ့ သူတွေ "
အမေ့ကြောင်း အသံကြားသည်နှင့် မင်းသူရိန် ခေါင်းကိုထောင်ကာ မေးခွန်းတွေ အပြည့်နှင့် ဖြစ်နေသူအား
" ဟုတ်သား မင်းက အမေဆိုတာ ဖြူသလား မဲသလား မသိတဲ့သူကို သိချင်ရှာမှာပဲနော် မင်းအမေ ဘာလို့သေသွားတာလဲကို "
.............
"Eric Min ဟင်းး မင်းအဖေ အချစ်ခိုးသမားကြီး မင်းအမေနဲ့ အဖေက ချစ်လို့ကြိုက်လို့ယူခဲ့တာ မဟုတ်ဘူး မင်းဆိုတာကလဲ မုဒိမ်းမှုတစ်ခုက ဖြစ်လာတဲ့ ေ-ာက်ကလေး "
အဖြေရှာဖို့ဆိုတာကလဲ အမေးဟာလဲ နတ္ထိဖြစ်ခဲ့တာကြောင့် တစ်ကြိမ်တစ်ခါမှ မကြိုးစားဖူးသည့် မိသားစု ရေးရာ အဘိုးကြောင့် အိမ်ထောင်ရေးကွဲပြားခဲ့သည်လို့ သိခဲ့ရပြီး အမေမရှိတော့ကြောင်း အဖေကလည်း အဆက်အသွယ်မရှိကြောင်းနှင့် လောကကြီးမှာ ပိုင်ဆိုင်မှုတွေနှင့် အခွံကြီး ဖြစ်ခဲ့သည့် ဘဝမှာ တစ်ဦးတည်းသောက တီလေး တစ်ယောက်ထဲပါ ။
" အဓိပ္ပာယ်မရှိတာတွေ မပြောရင်ကောင်းမယ် "
ဒုတ်!
မင်းသူရိန် နားထင်ကို သေနတ်နဲ့ ရိုက်ရင်း ရယ်သံတွေကြားကနေ
" မင်းအာ့လိုပိန်းလို့ လှည့်သမျှခံလိုက်ရပြီး ငါ့သားနဲ့ဝေးတာ ဟာ့ ဟာ့ "
မျက်ဆံတွေ စုန်ချည် ဆန်ချည်နှင့် အမေးများနေပြီ ဖြစ်သည့် မင်းသူရိန် ၏ လှုပ်ခတ်မှုတွေကိုကြည့်ပြီး ဦးယိမ်းမင်းကတော့ ရယ်သံတွေ ထပ်နေလျက် ။
" မစဉ်းစားနဲ့ ပြောပြမယ် သေချာနားထောင်သွား ဟုတ်ပြီလား "
အ!
ကန်ကျောက်နေရင်း တတိတိ တိုက်စားနေသည့် စကားလုံးများကြားမှာ မင်းသူရိန် ဆောက်တည်ရာ မရတော့ပါ
" ငါ့သားက မင်းကိုကြိုက်ပါတယ် အင်းချစ်မှာပါ မင်းကတော့ ကြားကနေ စကားလေး အနည်းငယ်နဲ့တင် သူ့ကို လက်လွှတ်ခဲ့တာမလား "
......' ငါ့ဘက်က လက်လွှတ်ခဲ့လိုက်မိတာလား '........
" ငါက သိပ်ချစ်တဲ့သူတွေ ခွဲဖို့ ခက်မယ်ထင်တာ စကားလေး နှစ်ခွန်း ကနေ သုံးခွန်းလေးမှာတင် မင်းတို့ရဲ့ မေတ္တာတွေဆိုတာ ရှာမရ ဖွေမရနဲ့ ဝေဝါးလာတယ်မလား မင်းတို့ရဲ့ ကြီးမြတ်လှတဲ့ အချစ်တွေ မိုလား ဟား ဟား "
ဟားတိုက်ရယ်သံတွေကြားမှာ မျက်လုံးထဲ လွန်ခဲ့တဲ့ တစ်နှစ်လောက် အချိန်တွေဆီ အတွေးတွေရောက်ခဲ့ပြီး ထိုနေ့က ပိုင်ဆီ မိုးမလင်းခင်ထဲက ဖုန်းတွေခေါ်နေခဲ့တယ် မေးစရာရှိနေခဲ့လို့ဖြစ်ပြီး ခုချိန်ထိမမေးခဲ့ဘူးတဲ့ မေးခွန်းတို့ ခေါင်းထဲစီတန်းလာသည်။
အဖြစ်အပျက်တစ်ချို့က မနေ့တစ်နေ့ကလို ပုံရိပ်တွေ အဖြစ်ပေါ်လာပြီး နောက် မင်္ဂလာပွဲတုန်းက ပိုင့် မျက်နှာမကောင်းနေတာတွေ ၊ နောက်တစ်နေ့မနက် လာတွေ့တုန်း နှင်ထုတ်ခဲ့မိတာတွေက ဦးယိမ်းမင်းရဲ့ စကားကိုသာ နားထောင်ခဲ့မိပြီး အတူအမြဲရှိခဲ့တဲ့ ပိုင့် စကားကိုတော့ နားထောင်မပေးမိခဲ့ပါ ။ ငါဘယ်မှာလွဲခဲ့တာလဲ ? ငါရှောင်ပြေးနေခဲ့တာလား ?
ကားသံ တစ်လဟော ဝင်လာသံတွေကြောင့်
" ဟင့် ဧည့်သည်တွေလာနေပြီ တိတ်တိတ်လေးနေမယ်နော် "
လက်ညှိုးကို နှုတ်ခမ်းနား ကပ်ပြီး ပြောနေသည့် ဦးယိမ်းမင်း ကို မျက်ထောင့်နီများ စူးရဲကြည့်နေသူအား
ဖြောင်း!
မင်းသူရိန် ပါးစပ်တွင်း ငံကျိကျိ ခံစားလိုက်ရပြီး နောက် စောနကထပ် ပိုဆိုးသည့် မကောင်းဆိုးဝါးအား ကြည့်နေသူတစ်ယောက်ကဲ့သို့ ထပ်လှည့်ကြည့်လိုက်တော့
ဖြောင်း !
ခေါင်းငိုက်စိုက်ကျသွားသည့် မင်းသူရိန် အောက်ကို ကြည့်ပြီး နာကျင်စွာ တသိမ့်သိမ့် ငိုရှိုက်နေလေသည်။
" ဒီကောင့်ကို အခန်းထဲထည့်လိုက် လုပ်စရာရှိတာဆက်လုပ်ထား "
ဘေးနားက ရူးကြောင်ကြောင် ပုံတွေထဲက နှစ်ကောင်မှ ထလာပြီး မင်းသူရိန် ပါးစပ်ဆီအဝတ်စ ထည့် ၊ ခေါင်းစွပ် စွပ်ချလိုက်ပြီး ဆွဲခေါ်ခြင်းတွေ စတင်လိုက်ပြီး
" ဟေ့ကောင် ကောင်းကောင်းကြိုခဲ့ မှာထားတဲ့တိုင်းနော် "
ဘေးနားက ခုံကို သေချာလေး ဆွဲထိုင်ပြီး စောင့်ဆိုင်းနေဟန် အသက်အားဖြင့် ၅၀ နားကပ်နေသော်လည်း လူက ဟိတ်ဟန်ပြည့်နေသယောင် သို့သော် အာဏာရူး ဘီလူးသွင် ဖြစ်နေတာကို မိမိကိုယ်ကို မေ့ပျောက်နေသလိုပင်
ဂိုဒေါင်လို အဆောက်ဦး တစ်ခုလုံးကိုအပေါ်စီးကနေ ဝင်လာမည့် ခွန်လေးတို့အား ခြေလှမ်းတို့အား စတင်ထဲက Pointer များ ခန္ဓာကိုယ်အနှံ့ပြည့်နှက်နေပြီး အစက်ရေတောင် ရေတွက်ဖို့ ခဲယဉ်းလောက်သည်။
ထီမထင်သည့် မျက်နှာဘေးက အံကိုခဲထားပြီး အနီစက်တွေကို မမှုသလို ရှေ့ကိုသာ ဆက်လျှောက်လှမ်းနေပြီး လက်နှစ်ဖက်လုံးကို Jean Coat ထဲ ထည့်ထားသေးသည်။ ဘေးမှာတော့ အမြဲတစေ တိုင်းရင်းသား မျက်နှာပေါက်ကိုမှ တည်တံ့နေပြီး ကြမ်းတမ်းသလို စူးရှသည့် မျက်ဝန်းများနှင့် အိုက်ထွန်းဆိုသူနှင့် အတူ ကြွကြွရွရွ ခြေလှမ်းလေးကို ဆင်လာပြီး အချိုးဆစ်ကျနေသည့် ယောကျ်ားတစ်ယောက်ကပါ ပခုံးတစ်ခုမခြား ပါလာပြီး နောက် မလှမ်းမကမ်းတွင်တော့ ပိုင်စေရာယိမ်းဆိုသူပါလာတာကို မြင်လိုက်ရသည်။
ခြေလှမ်း တစ်လှမ်းဆီတိုင်းမှာ ထပ်ကြပ်မခွာပါလာသည့် အနီစက်တွေပြည့်နေသည်က ချိန်ရွယ်ထားတယ်ဆိုတာ လုံးဝကို မမှုသလိုမျိုးပင် ...... ။
ရှေ့တည့်တည့်ကို ရောက်တော့ ထိုင်နေသူ ဦးယိမ်းမင်းက မော့ကြည့်နေသည်ကို အေးစက်စက် အကြည့်တစ်ခုကြောင့်
" အချစ်တွေက အာ့လောက်တောင် အလုပ်ဖြစ်တာပဲ "
စကားတစ်ခွန်း ပြန်မလာသူက တော့ မျက်စိတစ်ဆုံးဝေ့ဝဲပြီး ရှာနေခြင်းဖြစ်တာကို သတိထားမိရှိသည့် ဦးယိမ်းမင်းက
" ရှာမနေနဲ့ ခဏနေလာလိမ့်မယ် အဝတ်အစားလေး လဲနေသေးလို့ "
အသံတစ်ချို့ ဖိပြောလိုက်ပြီးနောက် ဖြစ်ပျက်သွားသည့် လက်သီးဆုပ်တို့ဖြင့် တစ်ဆတ်တုန်ယင်နေသူကို ကြည့်ပြီးသဘောကျနေသူဆီ
" ဖြစ်ချင်တာကိုပြောကြည့်လိုက် "
" ဖြစ်ချင်တာလောက်နဲ့ရတော့မလား ငါ့ရုံးခန်းလာတုန်းကတော့ ဒီလိုပုံမျိုးမို့လား "
ဟင့် ! နှုတ်ခမ်းတစ်ဖက်ကို မတင်ပြီး ပြုံးလိုက်သည့် ခွန်လေးက မျက်လွှာကို အောက်ချခေါင်းလေးစောင်း ဘေးဘက်က အိုက်ထွန်းဆီ အကြည့်လိုက်ပြီး နှုတ်ခမ်း နှစ်ဖက်လုံးပြုံးနေသည် ၊ ဘယ်လို အပြုံးကြီးလဲ ? ဘာကိုပြုံးနေတာလဲ ?
" မင်းတို့ မဟုတ်တာလုပ်လာရင် တစ်ဖက်ကအသေပဲနော် "
" လိုချင်တာကိုပြောလိုက် "
အသံအနေအထားက အရင်ကနဲ့ မတူပိုလို့ပင် ဩရှရှ ဖြစ်နေကာ ဟောက်ငမ်းသလိုပါ ထင်ရသည်။
" နယ်စပ်နားက လမ်းကြော ၊ ဧက တစ်ရာ ၊ မင်းရဲ့ ကျောထောက်နောက်ခံ "
တောင်းလိုက်တာတွေများ ခွန်စဝ်ငွေအိမ်ထူး ကိုလိုချင်သည်လို့ ပြောလိုက်ရင်ပင် တစ်ခွန်းနှင့်ပြီးနိုင်သည် ။
" ကျွန်တော်ဘာပြန်ရမလဲ "
" ကျိန်းသေပေါက် မင်းသူရိန် ပေါ့ "
" အစ်ကိုဘယ်မှာလဲ "
" ဟေ့ကောင်တွေ "
ထို့နောက် အမှောင်ရိပ်ကြားကနေ ကြားက လူတစ်ယောက်ကို ဘေးကလူနှစ်ယောက်တွဲလာပြီး မြင်ရရုံနားရောက်တော့ အလယ်ကလူအား ခေါင်းစွပ်လည်း စွပ်ထားပြီး ခါးတွင်းလဲ လက်လုပ်ဗုံးတစ်လုံးကို တပ်ဆင်ထားသေး၏ ။
" ဦးယိမ်းမင်း ခင်ဗျား ဘာလုပ်တာလဲ "
" လွတ်လမ်းလေ မင်းမသိလို့လား "
အပေးအယူပြီးရင် သတ်ပစ်လောက်သည်ဆိုသည့် အချက်ကိုသဘောပေါက်သလို ပြင်ဆင်ထားသည့် Control တစ်ခုကို လက်ကကိုင်မြှောက်ထားပြီး ပြောနေသည့် ဦးယိမ်းမင်းကို အံတင်းအောင်ကြိတ်လိုက်ပြီး
တောက်!
ခေါင်းစွပ်ဖြုတ်လိုက်ချိန်နဲ့ တစ်ပြိုင်ထဲ ပေါ်ထွက်လာသည့် အသံက အဆောက်အုံတစ်ခုလုံး ဟိန်းသွားကာ အကြည့်တစ်ချို့က ဦးယိမ်းမင်းဆီ ဦးတည်လိုက်ပြီး
" ရိုက်ထားသေးတယ်ပေါ့ ဟုတ်လား ... "
ရှေ့ကိုခြေလှမ်းလာသည့် ခွန်လေး နှင့် တစ်ပြိုင်နက်ထဲ ဦးယိမ်းမင်း လက်က Remote တစ်ခုကို ကိုင်မြှောက်လိုက်သည်နှင့် ခြေလှမ်းတို့ရပ်တန့်သွားသည်ကို သဘောတကျ ရယ်မောနေသူကို ဝါးစားမတတ်ကြည့်နေသူကို ကြည့်ရင်း ပိုတိုးလို့ပင်ရယ်ပြနေသည်။
" ဦးယိမ်းမင်း "
" အော ဟော သားပါတာမေ့နေတာ "
" ကျွန်တော့်ကို သားလို့ခေါ်ရဲတယ်ပေါ့ ဟုတ်လား "
" မင်းက ငါ့ပထွေးလား ငါ့အဖေလား ဘာဇယားက ကပ်လာတာလဲ မင်းသူရိန်ကိုမြင်လိုက်လို့လား ဟမ် လာခဲ့လိုက်စမ်းပါ ငါ့ဆီ "
ပိုင်စေရာယိမ်းက ရှေ့တည့်တည့်ကလူဆီ လျှောက်လိုက်ပြီး မျက်နှာချင်းဆိုင်ရပ်လိုက်ပြီးနောက်
ခွပ် ! ခွပ် !ခွပ် !
တည်တည်ငြိမ်ငြိမ်လေး လျှောက်လာပြီး သူ့လူလို့ ထင်လိုက်သည်ကို အကွက်ကောင်းယူကာ ထိုးလိုက်သည့် အချက်ကို အခွင့်ကောင်းယူကာ ခွန်လေးက မင်းသူရိန်ကို ပြေးဖက်ထားချိန် ဘေးက အိုက်ထွန်းရဲ့ ရှေ့ဆင့်နောက်ဆင့် ပစ်ချက်ကမလွဲပါ ၊ ချိန်ထားသည်ထဲက ပေါင်ရင်းနားကို တစ်ချက်ထိထားပြီး ကျန်သည့် ချိန်ရွယ်သူတွေခေါင်း ကိုလည်း ချိန်ရွယ်သူများ ထပ်မံစီးမိုးပြီးသားဖြစ်နေပြီးနောက်
လက်ထဲကခလုတ် လွှတ်ကျသွားပြီး ဆက်တိုက်အထိုးခံနေရသည့် ကြားက ညာဘက်လက်က စမ်းတဝါးဝါး ရှာဖွေနေသည်ကို အသည်းယားစွာ ခွန်လေးရဲ့ ခြေထောက်တစ်ဖက်ဖြင့် နင်းပြီး ဖနောင့်ကိုလှည့်ချေလိုက်တော့
အားးးးးးးးးးးးးးး
အော်သံနက်ကြီးက ထိုးနေသည့် လက်တွေပါ ရပ်တန့်သွားကာ ရှိုက်သံနက်ကြီးဖြင့်
" အာ့ဒါ.. အဖေ့ ချွေးမဆိုတဲ့ အသိပျောက်နေလို့ ... လုပ်ခဲ့ ရတာလား ဗျာ... "
လက်တို့ကရပ်တန့်သွားပြီးနောက် မျက်လုံးတစ်ဝိုက် မွတ်သိပ်ပြည့်လျှံနေရင်း
" လူသတ်ဖို့ထိ လိုနေရင် ကျွန်တော် သတ်ပေးမယ် "
သွေးရှုးသလို လုပ်ရက်ကို ဘေးဘီဝဲယာက အုတ်ခဲ ကောက်ကိုင်လိုက်သည့် လက်တို့ကြောင့် သွေးအလိမ်းလိမ်းကြားက ဦးယိမ်းမင်း ကြောက်အားလန့်အားဖြင့် ရုန်းကန်မှုပြုလာသည်ကို ရင်ဝကနေ ကန်ဖိလိုက်ပြီးနောက် ပိုင်စေရာယိမ်း ကိုလည်း ကန်ထုတ်လိုက်သည့် ခွန်လေးကြောင့် နှစ်ဦးလုံး နာကျင်မှုကို ခံစားနေချိန် အပိုမပေးနိုင်ပါ ။
ဘုန်း!
အ !
ရင်ဘတ်ကို နောက်တစ်ချက် ! ဘေးနားသို့ ထိုင်ချလိုက်ကာ ခေါင်းမှ ဆံပင်စ တို့ ဆုပ်ကိုင်လိုက်ပြီး နောက်
" အိုက်ထွန်း "
" ဗျာ ခွန်လေး "
ဦးဆောင်သူ ရဲ့ အခြေအနေရော အင်အား ဆုတ်လျော့နေသူတွေကို လက်နက်များဖြင့် ချိန်ရွယ်နေသူက ခွန်လေး ခေါ်သံကို နားစွင့်ကာရှိနေဆဲပင်။
" အစ်ကို ပါးပေါ်က ဒဏ်ရာပေးတဲ့ လက်ဖျားလေးတွေ ဒီမှာ ရှိတယ် "
သဘောပေါက်သည့် အိုက်ထွန်းက ခွန်လေးနား အလျင်အမြန်ဖြင့်သာ ပြေးနေတုန်း
ဒိုင်း !
ထောင့်တစ်နေရာကနေ ဦးတည်လာသည့် ကျည်ဆံက ခွန်လေးနှင့် ကပ်သီးလေးသာ ရှောင်ချိန်ရလိုက် တဲ့ ခဏမှာ ဦးယိမ်းမင်းက Remote ကို ကောက်ကိုင်နိုင်ပြီဖြစ်၏ ။
" နှိပ်လိုက်အာ့ခလုပ်ကို သတ္တိရှိတယ်မလား နှိပ်လိုက်စမ်းပါ "
အမိန့်သံလိုလို ကြောင့် တစ်ချက်တွန့်သွားပြီး လက်ထဲက ခလုတ်ကို ရဲတင်းစွာဖိချလိုက်ပြီး မျက်စိကို စုံမှတ်လိုက်သူက ခွန်လေး ၏ မဲ့ပြုံးတွေက
ဒိုင်း!
ပေါက်ကွဲသံ ကြီးစိုးခြင်းကို မပြုံးရယ်နိုင် နှလုံးတည့်တည့်သို့ ဆူးဝင့်လာသည့် ကျည်ဆံတို့ ပစ်ဝင်ရာကို ဖိကိုင်နေသည့် ဦးယိမ်းမင်း ရဲ့ အံဩ တကြီး မျက်နှာကို စေ့စေ့ကြည့်ပြီး လက်နှစ်ဖက်ကို လေပေါ် မြှောက်လိုက်ပြီး
" Boom ! "
အသံနှင့်အတူ အဆောက်အုံ နောက်ဘက်ခြမ်းမှ အုန်း! ခနဲ အသံကြီး ကြောင့် ပါးစပ်ထဲက ထွက်လာသည့် သွေးများကို လက်ဖြင့်ခံယူရင်း ကြောက်လန့်နေသူအား ကျောခိုင်းလိုက်ပြီး
ပေါက်ကွဲသံကြားလိုက်ရတာက ကြောက်လန့် တုန်လှုပ်စွာ သူ့ကြောင့်ဟုထင်နေသူကို ပွေ့ချီလိုက်ပြီး ဘယ်ဘက်ရင်အုံနား နဖူးထပ်သို့ အနမ်းနွေးနွေးလေး ပေးလိုက်သူကြောင့် ရင်ခွင်ထဲမှ မှိတ်ထားသည့်မျက်ဝန်းတို့ပြန့်ကျယ်ခြင်းနှင့် မြင်ကွင်းထဲက ခွန်လေး လည်ပင်းတို့အား သိုင်းဖက်ထားလေတော့သည်။
" အချိန်မရှိဘူး မြန်မြန်ပါ ခွန်လေး "
လက်မောင်းတွင်းက သူကိုကျစ်ကျစ်ပါအောင် ပွေ့ချီထားကာ ခြေလှမ်းကျဲကြီးဖြင့် ထွက်ခွာနေပြီဖြစ်ကာ အစ်ကို့ကို သေချာလေး ထွေးပွေ့ထားလိုက်သည်။
ဇွက်!
ဝေါ့ !
ဒိုင်း! ဒိုင်း! ဒိုင်း! ဒိုင်း!
ခြေတစ်ဖက်တို့ ယိုင်ကျလုမတတ်ရင်း ထိန်းထားသည့် လက်တို့ တုန်ခါရင်း ရင်ခွင်ထဲကိုကြည့်လိုက်တော့ မိမိ ဘယ်ဘက်ရင်အုံက ထိုးဖောက်လာသည့် ဓားရှည်ဟာ အစ်ကို့ညာဘက် ခြမ်းထိ ထိုးဖောက်ထားသည့် မြင်ကွင်း သွေးများ အန်ချရင်း အသက်ရှုသံမျှင်းမျှင်းသာ ရတော့သူကြောင့် လက်က အားကိုတင်း ခြေကိုလှမ်းကြည့်လိုက်တိုင်း ဆူးနင့်နေသည့် အတွင်းတစ်နေရာ ပြာဝေလာသည့် မျက်လုံးများဖြင့် ကြားရတညဝေးလာသည့် အသံများကြား.......
" ခွန်....လေး.... "
If you like this story please vote & comment for me .
Dec.7,2023
Note/- ဒီအပိုင်းလေးကတော့ ခြည်လည်း နှလုံးအောင့်ရပါတယ် ။