Part 2 ( Uni )

4.8K 156 1
                                    


ကားပြတင်းပေါက်ကနေ ငေးနေတဲ့ သူရိန် ကို ကားမောင်းလိုက် လှည့်ကြည့်လိုက် လုပ်နေရင်း အာကာက

" သူရိန် အခြေအနေမကောင်းဘူး ထင်တယ်နော် မင်း ဘကြီး ကိုယ်တိုင်က မသွားဖို့ ပြောနေရင်က မင်းလဲ မသွားပဲ နေလို့မရဘူးလားကွာ အခုက သွားဖို့လဲ ကောင်းတဲ့ နေရာ ငါတို့အဖို့ မဟုတ်ဘူးလေကွာ "

" ငါသွားမှရမယ် အာကာ ငါ့နားနဲ့ ကတိသစ္စာ တရားဆိုတာ ကို ကြားရမှ ဖြစ်မယ် "

မျက်နှာတည်တည်‌အေးအေး လေး ကဘယ်သောအခါမှ အမူအယာ မဖမ်းနိုင်ခဲ့ပေမယ့် အခုတော့ ပူဆွေးသောက ‌နှင့်အတူ ဒေါသ တောက်လောင်နေဟန် ကို အာကာ မြင်တွေ့ခံစားလို့ရနေသည် ။

" Car Parking ကနေပဲ တက်မယ် အရှေ့ကဆို တစ်မျိုးပဲ ဟ "

" ငါ့ကို ဝင်ပေါက်မှာပဲ ရပ်ပေး ငါအရှေ့ကနေပဲ ဝင်မယ် "

" အေးကွာ အာ့ဆို ငါပါလိုက်မယ် "

ဟိုတယ် ဝင်ပေါက်မှာပဲ ရပ်လိုက်ပြီး အာကာက ကားကို‌ သေချာရပ်ပေးဖို့နဲ့ Reception ကိုအပ်ပေးဖို့ သေချာမှာနေသည် ၊ သူရိန်ကတော့ ကားပေါ်ကနေ ဆင်းပြီး မော်မော်ကြွားကြွား တည်တည်တင်းတင်း မျက်နှာထားနဲ့ ပဲ ဖြစ်သည် ။

( ဟိုတယ်မှ နှုတ်ဆက် စကားသံများကို ကျော်ဖြတ်လာပြီး ခန်းမ ရှိရာ ကို လျှောက်လာလိုက်တော့သည် ။ )

ခန်းမ တံခါးအဝင်နားမှာ သတို့သား သတို့သမီး မိဘတွေက လာရောက်တဲ့ ဧည့်သည်အပေါင်းကို ပြုံးပန်းဆင်ပြီး နှုတ်ဆက်နေပေမယ့် အဖြူရောင် Suite နဲ့ လိုက်ဖက်ညီနေလို့ သတို့သားလို့ မှတ်သားလောက်အောင် လျှောက်လာတဲ့ သူရိန် ကို တွေ့လိုက်ရတော့
ဦးယိမ်းမင်း တစ်ယောက် မျက်နှာပျက်နေသည်မှာ သိသာလွန်းနေတော့ပေသည် ။

သတို့သမီး မိသားစုဘက်ကတော့ အခြေအနေ ဆိုတာ ဘာလဲ မသိလောက်အောင် ပြုံးရယ်နေတာ နဲ့ပဲ တွေ့ရတော့လဲ စိတ်ကူးထဲ ပွဲဖျက် ချင်တာတောင် အားနာသယောင်ပါလား လို့ တွေးနေတုန်း လက်ဆွဲနှုတ်ဆက် ရင်း ဦးယိမ်းမင်း တစ်ယောက်က လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လာပြီး " အရှက်တွေ ကွဲနေတာတောင် ပွဲ ထွက်လာရဲတယ်နော် မောင်သူရိန်"

တစ်ဖန် သူရိန်မှ လက်ကို ပြန်ဖမ်းဆွဲလိုက်ပြီး မဲ့ပြုံးတစ်ခုက ချောမောနေတဲ့ မျက်နှာနဲ့ ကြည့်မကောင်းလောက်အောင် လှလှ ပပ ပြုံးပြလိုက်ပြီး

" ဟုတ်ပါ့ဗျ လူတွေက နှစ်ယောက်ထဲက ကျွန်တော့်ပဲ မြင်လိုက်တာကို နောက်တစ်ယောက်က ဘယ်သူလဲ ကော အန်ကယ် စိတ်မဝင်စားဘူးလား "

Congratulations နော် ဆိုတာတွေ ပြည့်နှက်နေတဲ့ ခန်းမ အဝ နားမှာလက်ဆွဲနှုတ်ဆက်နေပေမယ့် ပျံ့ နှံ့နေတဲ့ ပန်းနံ့တွေကြားက ဒေါသရိပ်တွေ ကို ဘယ်သူမှ သတိမထားမိပါ
တစ်ဖန် အန်တီ ဆီ လက်ရောက်လာတော့

" ဟယ် သားသူရိန် အန်တီကွယ် မျှော်နေတာ သားငယ်က အပေါ်ထပ်က Make-Up Room မှာ သားသွားတွေ့လိုက်ပါအုံးလား သားကိုလဲ မျှော်နေလောက်မှာ "

" ဘာလုပ်ဖို့လဲ မလိုအပ်ပါဘူး သားက အပေါ်မှာ အလုပ်ရှုပ်နေမှာ မောင်သူရိန် အထဲ ကပဲ စောင့်နေလိုက်ပါ "

လက်ကိုလဲ ခန်းမထဲပဲ ညွှန်ပြနေတော့ ဘေးကနေ အာကာ က

" အန်ကယ် သတို့သားက ခုနေ ဘယ်အလုပ်ရှုပ်မလဲ ညကြမှ အလုပ်ရှုပ်နေမှာ မလုပ်တတ် မကိုင်တတ်လေးလေ သေချာလေး သင်ပေးနော် တော်ကြာ ..."

" တော်တော့ အာကာ "

တားစီး ပိတ်ပင်လိုက်တဲ့ သူရိန် ဆီကနေ အသံကြားပြီးနောက် လှောင်ပြုံးနဲ့ ရယ်ကျဲကျဲ ရုပ်နဲ့ အာကာ ကို ဦးယိမ်းမင်း ဒေါသတွေ ထွက်နေပေမယ့် ဘာမှ မလုပ်ရဲပေ။

" တော်ပြီး အန်တီလေး သားပွဲ ကျမှ အပေါ်တက်လာဖို့ ပိုင့် ကို မှာပေးနော် သားတော့ တက်မသွားတော့ပါဘူး "

လက်လေး ကို သေချာဆုပ်ကိုင်ပြီး ပြုံးရယ်ပြီး အထဲ ကို ဝင်သွားပြီး သေချာ မြင်လောက်တဲ့ ဝိုင်းကို ရွေးပြီး ထိုင်နေလိုက်တော့တယ် ။

" ဟျောင့် သူရိန် ငါမေးစရာ .."

" မမေးနဲ့ " တစ်ခါထဲ ပိတ်ပင်သံက မေးခွန်းတောင် မဆုံးလိုက်ပါ ။ သူငယ်ချင်းဖြစ်သူ က
ဥစ္စပေါ ရုပ်ချော ဆရာဝန် တောင်မှ ခွဲစိတ် မျိုးရိုးကလဲ သန့်တာမှ လွင်လို့ ဒီလိုကောင်က Gay လိမ့်မယ် လို့ဘယ်သူက ထင်မလဲ ကွာ အာ့ထပ်ဆိုးတာ ဒီလို လူကို တောင် ရတာ ကျေးဇူးမတင်ပဲ ကျေးဇူးကန်းတဲ့ ပိုင်စေရာယိမ်းလိုကောင် ကြောင့် သာ မဟုတ်ရင် အခုဆို
ဝန်ကြီးသား အခြောက် လေ ၊ ဆရာဝန်လုပ်ပြီး ခြောက်နေတာ ဆိုတဲ့ ခေါင်းစဉ်တွေအောက်မှာ ရှင်သန်နေရမှာ မဟုတ်ဘူးလို့ တစ်ယောက်ထဲ တွေးနေမိတာ ပျော်နေရာကနေ မှိုင်းထိုင်းလာတဲ့ ကိုယ်က သူ့လောက်တော့ အနာဂတ်မှာ ဆုံးရှုံးစရာတွေ များနေပါလိုက်မလဲ ?

" ချစ်တတ်လိုက်တဲ့ သူငယ်ချင်းတွေကွာ လူကိုမဟုတ်ဘူး နာမည်လေး တစ်လုံးကို‌ ငေးနေလိုက်တာ မြင်မကောင်းဘူး ကြားလား ဟျောင့် သူရိန် "

ပြောလဲပြော ပခုံးလေးပုတ်လိုက်တော့မှ သတိဝင်လာသလို သူရိန်က သေချာကြည့်လိုက်တော့ မျက်ဝန်းမှာ ရေကြည်တွေ တွဲခိုနေတော့သည် ။

" သူရိန် မင်းမေ့မနေနဲ့ အုံး မင်း အခုလို ဖြစ်နေတာ တရားခံက အာ့ကောင် မင်းမို့လို့ ဒီလောက်တားတဲ့ ကြားက လာပြီး ပွဲမှာ လာငိုမို့တဲ့လား "

အာကာက စိတ်မရှည်သလို ပြောဆိုနေလိုက်ပြီး မကြာဘူး ဘိတ်သိတ်ဆရာ ရဲ့ မင်္ဂလာဆော်ဩ သံတွေ ကြားကနေ လျှောက်လှမ်းလာတဲ့ သတို့သားကို ကြည့်နေတဲ့ သူငယ်ချင်း ဖြစ်သူ ကို အာကာ တစ်ယောက် ကြည့်နေရင်း စိတ်မကောင်းဖြစ်မိသည် ။

ပွဲတောက်လျှောက် ပြုံးပျော်နေတဲ့ သူတွေ ဂုဏ်ပြုသံ ကြားထဲကနေ နောက်ဆုံး သတို့သားနဲ့ သတို့သမီးက သူရိန်တို့ ဝိုင်းဆီ ရောက်လာတော့တာပဲ ဖြစ်သည် ။

.......................................................................................................

" အာကာ ငါတို့ သောက်ရအောင် "

" ဘုရား တရား မောင်မင်းကြီးသား မင်းကသောက်ရအောင်လို့များ ပြောလိုက်သလား "

" ငါသောက်ပါတယ်ကွ မင်းမေကြီးတော် လာထူးဆန်းနေတယ် "

" မင်းက ပိုင်.."

" အင်း အခု ငါဘယ်သူနဲ့ မဆို သောက်မယ် "

" အိုကေ လေ အာ့ဆို မင်းကို ကောင်းကောင်း ဧည့်ခံဖို့ ဆိုင်ကို အကြောင်းကြားထားလိုက်မယ် "

" မဟုတ်ဘူး အာကာ ငါမင်းနဲ့ နှစ်ယောက်ထဲ အေးဆေးလေး သောက်ချင်တာ Resort တစ်ခုခု မောင်းပါလား "

အနီးဆုံးနားက Emerald Resort ကို ပဲမောင်းလိုက်ပြီး

" ဘီယာပဲလား "

" မဟုတ်ဘူး ငါ Cognac လောက် "

" အိုကေ ဗျာ "

တီ ....တီ .....တီ

" မေဇင်ပြော "

" အစ်ကိုလေး ပြန်မလာသေးလို့လေ ဘယ်တော့လောက် "

" ဒီည အစ်ကိုလေး ပြန်မလာ ဖြစ်လောက်ဘူး အာ့ဒါ အိပ်နှင့်ကြချည်ကွာ "

ပြောပြီး ဖုန်းပါ တစ်ခါ ထဲ ချလိုက်ပြီး။

" သားကြီး ရေ ခင်မင်မှု ( ၂၅ ) နှစ်တာမှာ "

" ဖင်မယား နဲ့ မင်းနဲ့ ၅ နှစ်လောက်မှ သိတာ ( ၂၀ ) လောက်တော့လုပ် "

" အေးအေး နစ် ( ၂၀ ) မှာကွာ မင်းနဲ့ ပထမဆုံး အရက်ခွက်တိုက်ခွင့်ရတာပဲ ဟေ့ "

" အာကာ ငါ မင်းကို မေးစရာ ရှိတယ် မင်းငါလိုလူနဲ့ ခင်ရတာ မရွံဘူးလား "

" ဟျောင့် သူရိန် ငါပြောပြမယ် မင်းလဲ ပခုံးနှစ်ခု ကြားမှာ ခေါင်းပေါက်တဲ့ လူသား၊ ငါနဲ့ တူတူပဲ ဒါပေမယ့်ကွာ လူလူ ချင်းတူပါတယ်ဆိုပြီး ကွဲပြားတာတွေ ကို ကြိုက်ခွင့်မရှိတာမှ မဟုတ်တာ မင်းက စာလုပ်နေပေမယ့် ငါက တခြား ဟာ လုပ်တာပဲ အေး မင်း ပန်းရောင် ကြိုက်ချင်ကြိုက်မယ် ငါမကြိုက်ဘူးလေကွာ သိလား မင်းက အခု ယောကျ်ားလေးကို ကြိုက်တယ် ငါမကြိုက်ဘူး ဒါပေမယ့် မင်းကြိုက်ချင်း မကြိုက်ချင်းကို ငါက လိုက်ဂရုစိုကနေဖို့မှ မလိုတာ မင်းဘာ့မင်း ဘာကြီး ကြိုက်ကြိုက် "

" ကျေးဇူးပဲ ဟျောင့် ဒါမဲ့ ငါ ပန်းရောင်တော့ မကြိုက်ဘူး "

" ငါ လုပ်ထည့်လိုက်ရ ပြောပြတာကွ "

ရယ်သံတွေ လွင့်ပြံ့နေပြီး သူငယ်ချင်းနှစ်ယောက် အနားယူလိုက်ကြတော့သည် ။

" ကိုထိုက် ကျွန်တော့ကို ချစ်တယ်မို့လား ကိုထိုက် ကိုလည်း ကျွန်တော် ချစ်တယ်
ဒါပေမယ့် ကျွန်တော် မိသားစု ကို ဘယ်လို မျက်နှာနဲ့ ကျေးဇူးဆပ်ရမလဲ ကိုထိုက် ကျွန်တော် ကို နားလည်ဖို့ မျှော်လင့်ပါတယ် "

မှောင်မဲနေတဲ့ ပတ်ဝန်းကျင် ထဲမှာ သူရိန်ရဲ့ လက်ကို ဆုပ်ကိုင် ထားပြီး ထပ်ခါတလဲလဲ တောင်းဆိုနေတဲ့ အသံတွေ ကြားကနေ ရုတ်တရက် ပျောက်ကွယ်သွားတဲ့ ပုံရိပ်တွေ ကြားက

" စေရာ စေရာ .. "

ချွေးသီး ချွေးပေါက်များနဲ့ လန့်နိုးလာတော့ မျက်စိတွေ ပြာဝေနေပြီး ဘေးဘီဝဲယာ ကို လှည့်ကြည့်လိုက်တော့ မှောက်နေတဲ့ အာကာ နဲ့ ပုလင်းခွံတွေ ပဲ တွေ့တော့တယ် ။

ဟူးးးး

လေပူတွေ မှုတ်ထုတ်လိုက်ပြီး အိပ်ရာ ပေါ်ကို ပက်လက်လှန် လှဲချလိုက်ပြီး မျက်လုံး အစုံက ဝေဝါးနေပြီ ဆိုတာ ခံစားမိတဲ့ အလျှောက် ဘေးဘက်ကို လှည့်လိုက်ပြီး ကျလာတဲ့ မျက်ရည်တွေ ကို သုတ်လိုက်မိတယ် ။

" ငါမင်းကို ချစ်တယ် စေရာ အခုတော့ အချစ်ဆိုတာ ကို ဘယ်လို ယုံကြည်ချက်နဲ့ ငါ လက်ကိုင် ရတော့မလဲ ကွာ "

Oct 18 , 2023

Lost & Found (Complete)Where stories live. Discover now