Part 17 ( Uni )

2.2K 79 2
                                    

သွားမယ်ပြောပေမယ့် အာ့လောက်ထိ ပြင်ဆင်လိမ့်မယ် မထင်လို့ပင် အခုတော့ လေဆိပ်ရောက်တော့ ကိုယ်ပိုင် ဂျက်လေယာဉ်နှင့်ပင် ပြောထားသည့် အချိန်ထပ်လဲစောနေသေး၏ အခုမှ ည ( ၉ ) နာရီ ဝန်းကျင် ပင်ရှိသေး၏ ။

" မဆိုသလောက် ပြဿနာလေး ဖြစ်သွားလို့ စောလိုက်တာ အစ်ကိုပြေလား "

" ပြေပါတယ် စောလေ ကောင်းလေ ပဲကို "

အပေါ်ရောက်ဖို့ နားကြပ်တပ် ခါးပတ်တပ်ကို သေချာလုပ်ပေးနေသည့် ခွန်လေး ရဲ့ လက်ကို ကိုင်လိုက်ခါအကြည့်ချင်းဆုံ မိနေတဲ့ ( ၃ ) မိနစ်တာ လွန်တော့

" အစ်ကို မင်းကို အကောင်းဆုံးကာကွယ်ပေးမှာမို့ မင်းလည်း အတတ်နိုင်ဆုံး အန္တရာယ်ကင်းအောင်နေ "

ဟ ဟ

ဒီလောက်စကားကောင်းပြောနေတာ ကို ထရယ်တဲ့ ခွန်လေးကို မျက်မှောင်ကြုတ်ကြည့်လာတဲ့ မင်းသူရိန်ရဲ့ ပါးလေးကို ဆွဲညစ်လိုက်ပြီး

" ကာကွယ်ပေးတာပဲ ကျွန်တော်က ဆင်ခြင်ရအုံးမလား အစ်ကိုက ပြောလဲ ပြောတတ်ပါ့ "

သူပြောတော့လဲ စဉ်းစားမိသား

" ဘာဖြစ်ဖြစ်လေ မင်းကလဲ အားနေ ငါက လိုက်မှ ကြည့်မနေနိုင်တာကို မင်းကလဲ ဆင်ခြင်ပေါ့ မဟုတ်ဘူးလား "

" ဟုတ်ပါပြီ ဗျာ ကျွန်တော်မျိုး မှားတာပါ ပုံမှန်ထပ် ဆူညံသံ ပြင်းလို့ နားကြပ်ကို‌ သေချာတပ် တစ်ခုခု အန်ချင်တာ မူးတာဆို ပြောနော် "

" အေးပါ "

အချိန်အားဖြင့် တစ်နာရီလောက် အကြာ လေဆိပ်ကိုရောက်ပြီဖြစ်သည် ။ အံ့ဩတာက ပုံသေဆို လာကြို လာပို့ ကြုံလေ့ သိပ်မရှိပေ အခုတော့ လေဆိပ်မှာ လာကြိုတဲ့ သူအတော်များနေသည် မို့ အနည်းငယ်ထပ် ပိုကာ ပူပန်လာတော့သည် ၊ ဘေးမှာ ပါတဲ့ သားထူးကြောင့်တော့ အနည်းငယ် စိတ်အေးရသလိုတော့ ရှိသည်။

" အစ်ကိုလာ ခဏလေး မှိန်းနားလိုက် ခဏပဲ ကြာမယ် အားရှိအောင်လို့ "

ပြောပြီး ခွန်လေး အိတ်ထဲက ဖုန်းရှာနေတုန်း ပခုံးပေါ် ခေါင်းလုံးလုံးလေး ရောက်လာတာ ဖြစ်သည် ။

" ရောက်ရင် နိူးနော် "

မလှုပ်မယှက်လေး ငြိမ်နေလိုက်မိသည်။ ကိုယ့်ပေါ် မှာ အိပ်စက်စေချင်သည် ။
ကားဘီးလေး စလှိမ့်တာနဲ့ သိမ့်ခနဲ ဖြစ်လာတဲ့ ခန္ဓာကိုယ်လေးကို သိုင်းထိန်းလိုက်တော့
ပုခုံးကနေ ရင်ခွင်ထဲရောက်လာသည် ။ ဒီလို ဒီပုံ မထိတထိ လုပ်နေရင်ကတော့ မလွယ်ဘူး လို့သာ တွေးမိနေတော့သည်။

တီ .. တီ .. တီ

" ဟယ်လို "

" ဖုန်းဆက်မယ်ဆိုပြီး "

" အင်း ဟုတ်တယ် သေချာလေး စီစစ်ထားပေးနော် မကြာခင် အာ့ဒီကိုရောက်တော့မှာ "

" စိတ်ချပါ ခွန်လေး နေဖို့ကိုလဲ ပြောထားသလို စီစဉ်ထားပါတယ် "

" ဟုတ်ပြီ "

" ဘာတွေ စီစဉ်နေတာလဲ "

ရင်ခွင်ထဲကနေ မော်ကြည့်ပြီး မေးနေတာ ချစ်လိုက်တာ ဗျာ ..

" အာ ယား အိပ်လိုက်ပါဆိုနေ လာနားထောင်နေတယ် နေဖို့ စားဖို့ပေါ့ "

" နေဖို့က အစ်ကို့အိမ်ရှိတယ်လေ စားဖို့ကတော့ အိမ်မှာ မေဇင် ရှိတယ် ဘာတွေ ထပ်စီစဉ်နေတာလဲ ဘာလဲ မနေနိုင်တာလား "

" ဟ ပြောချင်တာပြောပြီး ကောက်ပြန်ပြီလား မဟုတ်ရပါဘူး အခုက လုံခြုံတဲ့ နေရာမှာ နေဖို့ လိုအပ်တယ်လေ စားဖို့ကတော့ တစ်ခုခုပေါ့ အစ်ကိုက ဘာတွေ ထင်နေလို့တုန်း "

ပေကလယ် ပေကလယ် နဲ့ ပင် တွေးနေသည့်ပုံ

" မရဘူး အိမ်မှာပဲ နေ တခြားနေရာ မှာ မနေပါနဲ့ "

" အစ်ကို့အိမ်က မလုံခြုံဘူး အခုနေ အစ်ကို့ ရဲ့ လုံခြုံရေးက အရမ်းအရေးကြီးနေတယ် "

" ဘာလို့ အရမ်းတွေ အကြီးကြီးတွေးနေရတာလဲ အခုနေ အတူရှိနေတဲ့ အချိန်လေး အကောင်းဆုံး တွေးပြီး နေလို့မရဘူးလား "

" ရေရှည်လေ တွေးရတယ် "

" မတွေးချင်ပါဘူး ခုလက်ရှိ ကိုပဲ အကောင်းဆုံးနေချင်တယ် "

ကလေးဆိုးတာ ချော့ရလွယ်သည် ၊ ဒီလူကြီးဆိုးကတော့ အတော်ဆိုး၏ ချော့ပြောရင်လည်း ခံပြောတာလဲ နဲ့ညားအုံးပေမည်။ အခက်တော့ တွေ့ချေပြီ။

" ဒီတစ်ညတော့ သွားရမဲ့ နေရာ ကို အရင်သွားပြီးတော့ ခဏလောက် အပြင်ထွက်အိပ်ရအောင်ပါ လက်ရှိ အကောင်းဆုံးအချိန်မှာ အစ်ကိုနဲ့ ရှိချင်လို့ နောက်ရက် အစ်ကို့ အိမ်မှာနေမယ်လေ သဘောကျလား "

သူ့စကားနှင့် သူ လည်နေတော့သည် ။

" အာ့ဒါလဲ ရတယ် ငါ့အိမ်လဲ ကောင်းပါတယ် နော် "

" ရုတ်တရက် ပြန်လာတာဆိုတော့ ရှင်းရလင်းရ နဲ့ မို့ပါ လုပ်ပါ ကျွန်တော်နဲ့ မအိပ်ချင်ဘူးလား "

လာပြီ အဲ့ဒီညူတူတူချွဲသလို အပြောတွေ

" ရတယ် ရတယ် သွားမယ် "

" ဘယ်ကိုသွားမှာလဲ "

" မင်းစီစဉ်ထားတဲ့နေရာလေ "

" ဘာသွားလုပ်ဖို့လဲ "

" မရစ်နဲ့ အာ့လိုကြီး မကြိုက်ဘူး "

" အကြိုက်လိုက်နေပေးရမယ်ပေါ့ "

" ဒါပေ့ါ လိမ်လိမ်မာမာ နေ "

ရယ်ရယ်မောမော နဲ့ ဒီလို အချိန်တွေသာ ရှေ့လျှောက်ပိုင်ဆိုင်အမြဲတစေ ပိုင်ဆိုင်ရဖို့ မျှော်လင့်မိပါတယ် ။

" အစ်ကိုလေး တို့ရောက်ပါပြီ "

ကားပေါ်ဆင်းသည်နှင့် တီလေးက စောင့်နှင့်နေသည် ၊ ပူပန်သောက များနေမှန်းသိသာစွာကို အရင်နဲ့ မတူ နွမ်းလျနေကာ မျက်နှာလေး ညှိုးနေသည်ကို မြင်ရတာ စိတ်ထဲ မကောင်းပေ။

" တီလေး ကော ကျန်းမာရဲ့လား မြင်ရတာ လွန်ခဲ့တဲ့ တစ်လကျော်က မဟုတ်တော့သလိုပဲ "

" သားဘိုး ကိုသာကြည့်လိုက်ပါအုံး တီလေး ဖြင့် အကိုကြီး အာ့လို ဖြစ်နေတာ မမြင်ရက်ဘူး ဟင့် "

ပြောရင်း မျက်ရည်ကျလာကာ စိတ်ထဲတကယ်မကောင်းတော့ပေ တီလေးက ခုထိ အဘိုးဖြစ်သူ အကို ကိုသာ အားကိုးတကြီးနှင့်‌ နေသူဖြစ်ကာ အခုလို ဖြစ်လာတော့ အတော်ခံစားနေရမှာ အမှန်ပင်။ မင်းသူရိန် ရင်ခွင်ထဲ ပွေ့ဖက်ထားလိုက်တော့ တီလေး ခင်ဗျာ အတော်ကို ငိုနေတော့သည် ။ ဘေးတွင် ရက်နေသော ခွန်လေးသည် လည်း မင်းသူရိန် ပုခုံးပေါ်လက်ကလေး တင်ကာ နှစ်သိမ့်ပေးနေတော့ သည် ။

" တီလေး အဘိုးဆီ သွားရအောင် "

အဘိုး ဝန်ကြီး ဖြစ်ထဲက ဒီအိမ်ကြီးကို ပြောင်းလာတာ ဖြစ်သည်၊ ဖြစ်သည့်ချိန်ကစလို့ အဖေနှင့် ပြောင်းနေလိုက်ရသဖြင့် ဒီအိမ်ကို သိပ်အကျွမ်းမဝင်နေ ။

ချပ်

တီလေးက လက်ဗွေဖြင့် ဖွင့်ပေးလိုက်သည့် တံခါးအပွင့် ‌ကုတင်‌ဘေး စက်ကိရိယာ ပတ်လည်ကြားမှာ လဲလျောင်းနေသည့် အဘိုးဖြစ်သူကို တွေ့လိုက်ရသည်။ အနီးကို လျှောက်ကြည့်ဖို့ အင်အား သိပ်မရှိချင် တီလေးလက်ကို ကိုင်ထားသည့်အလျောက် ရွေ့ခါမှ ကိုယ်ပါ လိုက်လာမိ‌သည်။
အရှိန်ဝါဝါ ကြီးတဲ့ မျက်နှာက ကုတင်ပေါ် လှဲလျောင်းနေတာတောင် မျက်မှောင်ကြုတ်နေသယောင်ပင် တစ်ကြိမ်တစ်ခါမှ ဒီလို ပြိုလှဲနေသူမဟုတ်လို့ မြင်တွေ့ရတာတော့ စိတ်မကောင်းပေ ဘယ်လိုပင် ဆူနေဆဲနေ ပေ အရိပ်အာဝါဿ ကောင်းတစ်ခုတော့ ပေးဆပ်ခဲ့သူမဟုတ်ပါရောလား။
မိနစ်ပိုင်း ရပ်ကြည့်ရင်းက မသိစိတ်က စကားလုံးတွေကြား မျက်ရည်စတို့ ထိုးထွက်လာသည် မငိုချင်ပါ ငိုဖို့လဲမလိုအပ်ပါ အဘိုးကပြန်ထလာမည့်သူဆိုတာ ကျိန်းသေပါသည်။

" သားငယ် အစ်ကိုကြီး အခုလိုဖြစ်တာသွေးရိုးသားရိုးမဟုတ်ဘူးလို့ ရှေ့နေက ပြောတယ် ပုံမှန်ဆို အစ်ကိုကြီး က နို့ နဲ့ မတည့်လို့ စားဖိုဆောင်က သေချာဂရုစိုက်တယ်တဲ့ အာ့နေ့က စားတဲ့ ဟင်းပေါ်မှာ နို့မှုန်လေး နည်းနည်းက ဖြစ်တယ်လို့ပြောတယ် သားငယ် ပြီးတော့ မကြာခင်က ဝတ်လုံရ ရှေ့နေလဲ လာသွားတယ် သားနဲ့ စကားပြောဖို့ လိုတယ်လို့ တီလေးကို ပြောတယ် "

အဘိုးက နို့ နဲ့ မတည့်သူမို့ အထူး ဂရုစိုက်တာကိုအိမ်တွင်းလူကလွဲ မသိနိုင်တဲ့ ကိစ္စနဲ့လုပ်ကြံခံရတာ ဖြစ်နိုင်ချေပိုများလာပြီ ပိုထူးဆန်းတာက နောက် သုံးလလောက်ဆို ဝန်ကြီးအဖြစ်က ရပ်နားမည့်သူ့ကို ဘယ်သူကများ အထွေထူး လုပ်ကြံတာပါလိမ့်လို့တာ စဉ်းစားမိ၏ ။ သိပ်ကို ရှုပ်ထွေးသည့်လောက မို့ သူစိတ်မဝင်စားခဲ့သလို အရေးလဲမမှုခဲ့ ခုတော့ အလိုလိုနေရင်းက ငယ်ထိပ်ရောက်လာပါရောလား ။

" တီလေးကို အဘိုးကတစ်ခုခုပြောသေးလား ? အဆင်မပြေတာ ? မင်္သကာတာမျိုး ? "

" မရှိဘူး သား အာ့လို ပြောဖြစ်တာကတော့ တစ်ခုတော့ရှိတယ် "

မင်းသူရိန် စိတ်ဝင်တစားနဲ့ နားထောင်သည့်အမှုကိုပြတော့ တီလေးက အိမ်ရောက်ထဲက ဘေးကအမြဲတစေ ပါနေသည့် ခွန်လေးဆီ မျက်စိရောက်သွားတော့ အလိုက်သိစွာ ထွက်သွားပေးတော့မည့် သူအား လက်ကနေ အမိအရ ကို လှမ်းဆွဲလိုက်ကာ

" တီလေး သူက ခွန်စဝ်ငွေအိမ်ထူး ရှမ်းပြည်က စော်ဘွားလို့ပြောမလား "

" ဪ တွေ့ရတာ ဝမ်းသာပါတယ် သားငယ်ထပ် ငယ်တယ့်ပုံနော် အေးကွယ် "

" ဟုတ်ကဲ့ ကျွန်တော်ကလဲ ဝမ်းသာပါတယ် ဒီအချိန်မှ ဆုံဖူးပေမယ့်လဲ "

" ပြောဖို့ ဖြစ်တယ် တီလေ သူကသားအဖို့ စိတ်အချရဆုံးသူပဲ မို့လို့ "

မျက်နှာမှာဖုံးဖိထားလို့မရတဲ့ ကျေနပ်မှုပေါ်ပေါက်နေသည့် ခွန်လေး မျက်နှာကို သတိထားမိပေမယ့် တီလေးဆီ အာရုံလွင့်ထားလိုက်ခါ

" အစ်ကိုကြီးက ဘာပဲကြုံလာလာ အကောင်းဆုံးနေပါ မတုန့်မလှုပ်ပဲနေပြီး တောင့်ခံဖို့ လိုအပ်တယ်တဲ့ သားမွေးနေ့ ဆိုတာ သူ့ဖို့ အရေးပါတဲ့ နေ့တစ်နေ့ပဲလို့ ခုလိုမဖြစ်ခင် ရက်ပိုင်းက မကြာခဏ ဆိုသလို ပြောတယ် ဘာကိုဆိုလိုမှန်းတော့ တီလေး သေချာမသိပေမယ့် အစ်ကိုကြီးက အာ့လို့ပြောခဲတယ်လေ အာ့ကြောင့်မှတ်မိနေတာ "

ဒေါက် ဒေါက်

" ဝင်ခဲ့ ဟေ့ "

အဘိုးဆီ လာတာတွေ့ရခဲသည့် ဝတ်လုံတော်ရ ရှေ့နေ ဖြစ်သည်၊ မှတ်မှတ်ရရ ပိုင်စေရာယိမ်း မင်္ဂလာဆောင်တုန်းက နောက်ဆုံးတွေ့ခဲ့ရတာများလား

" မင်္ဂလာပါ ကျွန်တော့် ကို Edward လို့ခေါ်လို့ရပါတယ် လက်ရှိ ဖြစ်ပေါ်နေတဲ့ အနေအထားကို ဝန်ကြီး ဦးမင်းအောင် ကိုယ်စား ခေတ္တ ကိုင်တွယ်ပေးနေသူပါ အခုလို အမြန်ဆန်ရောက်လာပေးလို့ ဒေါက်တာ မင်းသူရိန်ထိုက်အောင်ကို ကျေးဇူးတင်ပါတယ် ဘေးက ခွန်စဝ်ငွေအိမ်ထူး ကိုပါ ကျေးဇူးတင်ပါတယ် "

" ဟုတ်ကဲ့ "

" လိုအပ်နေတာပဲ ကူညီရမှာပေါ့ "

" အချိန်ရမယ်ဆို မနက်ဖြန် လောက် တွေ့လို့ရနိုင်မလား အရေးကြီးတဲ့ လုပ်ဆောင်စရာတစ်ချို့က ရှိနေလို့ပါ "

မင်းသူရိန် နည်းနည်းတော့ ကြောင်အနေပြီ သူဒီကို လာတာ အဘိုးကျန်းမာရေးကို ကြည့်ဖို့တင် ကျန်သည့် လုပ်ဆောင်ချက်များ ဆိုသည်ကို နားမလည်ပေ ၊ သူ့ကိုရည်ညွှန်းသလား သူ့ဘေးက စော်ဘွားကို ရည်ညွှန်သလား ကိုတောင် မသဲကွဲချင် ထိုစဉ်

" လက်ရှိ ဒေါက်တာ က ခရီးပန်းနေတယ် မနက်ဖြန်တော့ နေ့လည်ခင်းဆို အဆင်ပြေလောက်လား အရင်ဆုံးလုပ်ငန်းဆောင်တာ တစ်ချို့ကို လုပ်နှင့်ပါ အတွင်းရေးမှုးနဲ့ လက်ထောက်ကို ဝန်ကြီးဦးမင်းအောင်ရဲ့ ထမ်းဆောင်ဆဲ ဝန်ထမ်းကိုသာ လွှတ်ပေးလိုက်ပါ ၊ ဒီမှာတော့ နေဖြစ်မှာ မဟုတ်ပဲ တခြားလုံခြုံတဲ့နေရာမှာ ရှိနေမှာမို့ ဆက်သွယ်တာကို ကျွန်တော့် လက်ထောက် ထွန်းနဲ့သာ လုပ်ပေးပါ "

" ဟုတ်ကဲ့ပါ ဒါဆို ဆက်သွယ်လာတာကို စောင့်နေလိုက်ပါမယ် ခွင့်ပြုပါအုံး "

ဒါဘာအခြေအနေကြီးလဲ ? မင်းသူရိန် ခေါင်းခဲကာ ဘေးက လူနာကိုတောင် သတိမထားနိုင် တီလေး ကြည့်လိုက် ခွန်လေး ကြည့်လိုက်နှင့်ကို အဖြေရှာမရပင် ။

" ဒီက .. "

" တီလေးပဲ ခေါ်ပါ ကလေးငယ် ရယ် ရာထူး ဘာညာကြည့်ရင် တီလေးကတောင် ဆရာခေါ်ဖို့လိုမလား "

" မဟုတ်တာ သားငယ်လဲ ရပါတယ် လက်ရှိ အစ်ကို့ကတော့ ကျွန်တော်ရဲ့ Safe House မှာအတူနေမှာပါ အကယ်လို့ ဒီမှာတစ်ယောက်ထဲဆိုတော့ ကျွန်တော်တို့နဲ့လိုက်နေမလား ခင်ဗျာ "

" မလိုက်တော့ပါဘူး သားငယ် အစ်ကိုကြီး နားပဲ နေလိုက်ပါမယ် ပြီးတော့ တီလေးက ဒီအိမ်မှာ နေသားကျနေပါပြီ ကျေးဇူးပါကွယ် "

" အစ်ကိုကလဲ ပင်ပန်းပြီဆိုတော့ နားဖို့ကျွန်တော်ခေါ်သွားလိုက်ပါတော့မယ် "

" ငါလား ရပါတယ် ဒီည အဘိုးကိုစောင့်မလားလို့ ရတယ် မင်းပြန်နားနှင့်လေ "

" အစ်ကို နားဖို့လိုတယ် ပြီးတော့ ဒီမှာ စိတ်ချရတဲ့ သူတွေလဲရှိတယ် နောက်ရက်တွေမှာ အရေးကြီးလုပ်စရာတွေ အစ်ကို့ဖို့ တန်းဆီနေတယ် ကျွန်တော်ကလဲ လေးရက်ပဲ နေမှာဆိုတော့ အချိန်သိပ်မရဘူး နည်းနည်း စကားနားထောင်နော် "

" သားငယ် သွားနားလိုက် အစ်ကိုကြီးက သားငယ်ရောက်တာကိုသိပြီး မြန်မြန်သက်သာလာမှာသားငယ်ကလဲ ကြိုဖို့ နေကောင်းကျန်းမာအောင်နေရမယ် "

တီလေးက အတော်တိုက်တွန်းနေတာက တစ်ကြောင်း ၊ ခွန်လေး၏ နော် နော် နဲ့ ပြောနေသည်ကလည်းပါနေသည့်အပြင် မနက်ထဲက ခဏပင် မနားရသေးတာကြောင့် နားဖို့ကိုသာ ဆုံးဖြတ်လိုက်တော့သည်။

" တီလေး အာ့ဆို မနက် သားလာခဲ့မယ် "

" အေးကွယ် အေး ကောင်းကောင်းအနားယူကြ "

နှူတ်ဆက်ပြောပြီး အခန်းထဲက ထွက်လာခဲ့ပြီ တီလေးကတော့ ကျန်နေခဲ့ပြီ ဖြစ်ကာ မင်းသူရိန် ခြေလှမ်းတို့က လှေကားဘက်ကို မဟုတ်ဘဲ ဆန့်ကျင်ဘက်ကို ဦးတည်နေတာကို ခွန်လေး သတိထားမိကာ လက်ကဖမ်းဆွဲလိုက်သည်။

" ဒါဘယ်လဲ "

" အနားယူမယ်လေ မင်းပဲ ပြန်မှာဆို "

" အစ်ကိုနော် ဂလည်အူကြောင် မလုပ်နဲ့ မလာခင်က ကျွန်တော်နဲ့ အတူနေမယ်ဆို "

ငါလေး တကယ်စိတ်ညစ်သည် ကလေးလိုလုပ်နေသည်ကို သိပေမယ့် အေးလေ တကယ်လည်းကလေးပဲ ဟာ သူ့ထပ်ပင် အသက်အများကြီးငယ်သေးသည် ၊

" ဒီမှာ နေမယ်လေ သားထူးက ဘယ်သွားမလို့လဲ "

" မနေပါဘူးကျွန်တော်နေမယ့်နေရာ ရှိတယ် အာ့မှာပဲ နေမယ် "

" ဒီမှာ ဘာဖြစ်လို့လဲ "

" လူကြီးတွေရှိတယ်လေ "

ဖြေပုံက ရိုက်ပေါက်ပင်

" အာ့ဒါဘာဖြစ်လဲ "

" မရဘူးဗျာ လိုက်ခဲ့ မဟုတ်ရင် အစ်ကို နားရမယ် မထင်လိုက်နဲ့နော် "

" မင်းထပ် အကြီးကို ခြိမ်းခြောက်နေတာလား သားထူး "

အသံခပ်မာမာလေး ကြားလိုက်ရရင် မျက်နှာက ပုံတစ်မျိုးပြောင်းပြီ ။

" ကျွန်တော်က အစ်ကိုနဲ့ အတူနားဖို့ သေချာလေး ပြင်ထားပြီးတော့ ညစာတောင် လုပ်ခိုင်းပြီးနေပြီ ကို "

ဘေးနားမှာ တစ်ချိန်လုံးရှိနေရာကနေ ဘယ်အချိန်စီစဉ်လိုက်မှန်း မင်းသူရိန်ပဲ ဒူနေလို့ မသိသလား ?

" ကဲ ပြန်မယ်ဆိုလဲ မြန်မြန် အိပ်ရာနဲ့‌ ကျောကပ်ချင်နေပြီ "

မင်းသူရိန် ပြောလဲပြော လှေကားဘက်ကို ဦးတည်ကာ နောက်ကနေလဲ ခွန်လေး လိုက်သွားတော့သည် ။

ခုတလောကံဇာတာ တက်နေပြီ နေမှာ အရာရာက မျက်စိရှေ့ကို အဆင်သင့်ရောက်ရှိလို့နေပေတော့သည်။ သွားစရာရှိလျှင် ကား ဆို ကား ၊ နေစရာဆိုလဲ များလာသလို ၊ စားဖို့ကိုလည်း လုပ်ပေးသည့်လူ ရှိနေပြီ ဖြစ်၏ ။

" အစ်ကို ကျွန်တော်က ရေချိုးနှင့်မယ်နော် ဗိုက်ဆာနေရင် စားနှင့်မလား "

" စောင့်လဲ မစောင့်ချင်ဘူး ပြီးတော့ တစ်ယောက်ထဲလဲ မစားချင်ဘူး ရေလဲချိုးချင်တယ် "

ပေကပ်ကပ်ပြောတတ်သည့်အကျင့် မင်းသူရိန် တွင်ပါသည် ။

" ရေ အတူချိုးမလား "

ကိုယ်ကတော့ ရင်ခုန်စွာကို အရဲတင်းပြီး‌ မေးလိုက်တာ သူကတော့ အေးဆေးကို ဖြေလိုက်ပုံက

" အေး ချိုးမယ်လေ " တဲ့ ငါဖြင့် ဘယ်လိုချိုးရပါ့မလဲ တွေးနေရပြီ ။

" ဘာလုပ်နေတာလဲ ချိုးမယ်ဆို ချွတ်လေ "

ကြောင်ပြီး တောင့်တင်းနေတာ ခွန်လေး ကိုကျော်ကာ ပြောပြောဆိုဆို နှင့် အပေါ်ထပ်ကို ချွတ်ပြီး အောက်က ဘောင်းဘီပါ ချွတ် Boxer သာ တစ်ကိုယ်လုံးတွင် ကျန်နေသည့် မင်းသူရိန် ကို ငေးကြည့်ရာက သတိတရ  တံတွေး မြိုချလိုက်မိပြီ ဖြစ်သည်။

" အစ်ကိုက ဗျာ "

မနေနိုင်တော့သည့်အဆုံး ကျောဘက်ကနေ ပြေးဖက်လိုက်တော့

" ဘာဖြစ်ရပြန်တာတုန်း ချိုးမယ်ဆို မြန်မြန်လုပ် ဗိုက်ဆာတယ် "

နောက်ကနေ သိုင်းဖက်ရင်းကနေ မင်းသူရိန်ပါ တစ်ကိုယ်လုံး ခဲသွားလောက်သည့် အရာက တင်ပါးပေါ် ထောက်တင်ထားသလို ဖြစ်လာသည်ကို ခံစားလိုက်ရတော့ တွန်းကန် ခွာလိုက်ပြီး

" ပေါက်ကရ အတွေးတွေ နဲ့ဆို ကိုယ့်ဘာသာ ချိုးတော့ "

ပြောပြီး တစ်ခါထဲ ရေချိုးခန်းထဲ ဝင်သွားနှင့်ပြီ ။

" ငါနှယ့်ကွာ "

ရယ်ကျဲကျဲ ရေရွတ်လိုက်ပြီး အခွင့်အရေးက ခဏခဏ မရနိုင် ကိုယ်မှာ ရှိတာအမြန်ချွတ်ပြီး ရေချိူးခန်းထဲ လိုက်ဝင်လိုက်တော့သည် ။

သိပ်လှသည်။ဒေါက်တာက ကြည့်လို့လည်းကောင်းသည်။ မြင်ရတာလည်း ဘဝင်ကျသည် ။
ရှည်ရှည်ဝေးဝေးတွေ တွေးမနေပါ ကျောနောက်ကနေ ပြေးဖက်လိုက်ကာ ရေပန်းအောက်ဝင်ရပ်လိုက်သည်။

" Bathtub ထဲ ဖြစ်ဖြစ် အညောင်းညာပြေ စိမ်ကြမလား မနက်ကလဲ ကားမောင်းရတာ တစ်နေကုန်ပြင်ဆင်နေပြီးတော့ မနားရသေးဘူး "

သူပြောတော့လည်း ဟုတ်သား ကိုယ့်ကြောင့်ကြီး သူပင်ပန်းနေသည်မို့ သူတောင်းဆိုတာလေးတော့ လုပ်ပေးသင့်၏ ။

" ရေဖြည့်လိုက်လေ ဇိမ်ယူကြတာပေါ့ " 



If you like this story please vote & comment for me . 💙



Nov 25 . 2023 

Lost & Found (Complete)Tahanan ng mga kuwento. Tumuklas ngayon