~သံယောဇဉ် ~
အပိုင်း(၃)
ကျောင်းပိတ်ရက်စနေနေ့မို့ မနက်ကို alarmမပေးဘဲ အိပ်နေလိုက်သည်။ အိမ်ရှေ့က စကားပြောသံတွေကြားမှ မဖွင့်ချင်သောမျက်လုံးတွေကို အားယူဖွင့်ပြီး လက်နှစ်ဖက်ဖြင့်ပွတ်ကာ ခြင်ထောင်ထဲမှထွက်လာလိုက်သည်။
ပျဥ်ထောင်အိမ်အခန်းတံခါးကို ဖွင့်ပြီး အောက်ကသံမံတလင်းပေါ်ကို ခြေဗလာဖြင့်ထွက်လာခဲ့လိုက်သည်။ ဧည့်ခန်းထဲမှ
တီပိုးနှင့် စကားပြောနေကြသံကြားရ၏။ဘုရားရေ......အိပ်မှုန်စုန်မွှားဖြစ်နေသည့်မျက်လုံးတွေ ပြူးကျယ်သွားရသည်။ ဟို....ဟို...ရေပြာအိုင်က ဘယ်လိုလုပ်ပြီး အိမ်ထဲရောက်နေတာလဲ.....
တီပိုးနှင့်အတူ ကျောပေးထားသည့်လူနှစ်ယောက်က
စကားပြောနေကြပေမယ့် သူရတည်တံ့ကတော့
သူမနှင့်မျက်နှာချင်းဆိုင်တွင် ရှိနေပြီး လူကို စူးစိုက်ကြည့်နေသည်။သူ့ကိုတွေ့လို့လန့်ရတာထက်....ငုဝါပုံစံက အိပ်ရာထကာစ ဖရိုဖရဲနှင့် ဖြစ်နေပေလိမ့်မည်။ မသစ်ရသေးသောမျက်နှာ ၊
ပွယောင်းနေသည့်ဆံပင်တွေ၊ ပြီးတော့ တွန့်ကြေနေသည့်
ညအိပ်ဝတ်စုံ.......နောက်ဆုံး ဖိနပ်မပါဘဲ ခြေဗလာနှင့်ပင်။ဒီလိုပုံစံနှင့်သူ့ကို တီပိုးလှမ်းမခေါ်ခင်..... သူမအိပ်ခန်းဆီသို့ ခြေသံမထွက်ဘဲ အမြန်ဆုံးနည်းဖြင့် ပြေးမိလေတော့သည်။ သူမကိုမြင်သည့်သူကလည်း သူရတည်တံ့တစ်ယောက်သာဖြစ်ပြီး
ပြေးတာကို ရယ်ချင်နေသည့်သူကလည်း သူရတည်တံ့ဘဲဖြစ်နေလေ၏။အခန်းထဲရောက်တော့ မှန်ရှေ့မှာရပ်မိပြီး ကိုယ့်ကိုကိုယ်ကြည့်မိတော့ သူတောင်းစားလေးသာသာပင်။ ဆံကုတ်နှင့်ဆံပင်တွေကိုသပ်တင်ပြီး နောက်ဖေးပေါက်ကနေ ရေကန်ဆီသို့သွားကာ မျက်နှာသစ်လိုက်တော့သည်။
သနပ်ခါးအရည်ကျဲကို သွက်သွက်လေးသွေးပြီး လူးပြီးတော့မှ အင်္ကျီနှင့်စကပ်ကိုလဲကာ အိမ်ရှေ့သို့ထွက်လာခဲ့လိုက်သည်။
ဒီတစ်ခါတော့ တီပိုးက စမြင်လေသည်။
YOU ARE READING
~သံယောဇဉ်~
Romance. ကိုကို.......ငုငယ်ကို မချစ်ဘူး..... ကိုကိုချစ်တာ ရနံ့မွှေးတဲ့ပန်းတစ်ပွင့်ကိုဘဲ..... ငုဝါလို့ ပန်သူမဲ့တဲ့ပန်းကို ကိုကိုချစ်ဖို့ ကြိုးစားမလာဘူး.... သံယောဇဉ်ဆိုတာ မထားသင့်တဲ့အရာတစ်ခုဘဲ.....သံယောဇဉ်တွယ်မိသွားရင် အရာရာဟာ အရှုံးပေးဖို့ဖြစ်တည်လာတာ...