~သံယောဇဉ် ~
အပိုင်း(၁၅)
ငုဝါ ကျောင်းသွားဖို့ရေးအတွက် တက်ကြွလို့နေလေသည်။
မနက်အစောကြီးထ ဖြီးလိမ်းပြင်ဆင်၍ အချိန်ဇယားကို
ကြည့်ကာ စာအုပ်များကိုထည့်ပြီး ဆိုင်ရှေ့သို့ထွက်လာခဲ့လိုက်တော့သည်။"တီပိုး သမီးကျောင်းသွားတော့မယ်..."
"ဟော....၈နာရီရှိသေးတာ စောလှချည်လား ..."
"ဒီနေ့ အသင်းတာဝန်ရှိတယ် တီပိုးရဲ့.....စောစောသွားမှရမှာ.."
"အေးအေး.... အဲ့ဒါဆိုလည်း မနက်စာစားပြီးမှသွား ကြက်ဥဟက်ဖရိုက် ကြော်ပေးမယ်"
"ဟင့်အင်း....ကျောင်းက ကြာဆံသုပ်ဘဲဝယ်စားတော့မယ်....
မုန့်ဖိုးပေး တီပိုး....""ရော့...ငါးရာ...."
ငါးရာတန်တစ်ရွက် လက်ထဲလှမ်းထည့်ပေးတော့ မမချောလေးက နူတ်ခမ်းဆူလေသည်။
"ပုံမှန် ငါးရာဘဲပေးနေကျကို.....
ဘာတွေနူတ်ခမ်းဆူနေတာလည်း.. ညည်းအဒေါ်က
ဟိုတယ်ဖွင့်ထားတာများမှတ်နေလား...""ဟင့်... တီပိုးကလည်း.... ကျောင်းမှာ
အသင်းတာဝန်ရှိတယ်လေ...ဘုရားပန်းဝယ်ရမှာ...ငုဝါ
သုံးဖို့သိပ်မကျန်ဘူးလေ...""ဟယ်.....အိမ်မှာလည်း သူစားဖို့ စနွင်းမကင်း(ရွှေကျီ)တွေရော... ကျောက်ကျောတွေရော လုပ်ပေးထားတဲ့ဟာကို
ဒီကျောင်းက မုန့်တွေကို မက်နေတာကြည့်စမ်း....""တီပိုးကလည်း...နှစ်ရာလောက်လေး ပိုပေးရမှာကို...ကပ်နေတာလေ"
"တယ်....ဒီကောင်မလေး...တနေ့တခြား ပိုပိုပြီးဆိုးလာတယ် ကြည့်စမ်း..."
တူဝရီးနှစ်ယောက် တစ်ယောက်တစ်ခွန်းပြောနေကြတာ....
ဘေးကလူက အနေရခက်လာသည်။ ထို့ကြောင့်
မနေသာတော့ဘဲ.."ကဲ....ကလေးရေ....လာလာ...ဦးငယ်ပေးမယ်...
ပြန်ပြောမနေနဲ့တော့......"ဦးငယ်ဆီသွားတော့....ဦးငယ်က တစ်ထောင်တန်တစ်ရွက်ထုတ်ပေးလေသည်။
YOU ARE READING
~သံယောဇဉ်~
Romance. ကိုကို.......ငုငယ်ကို မချစ်ဘူး..... ကိုကိုချစ်တာ ရနံ့မွှေးတဲ့ပန်းတစ်ပွင့်ကိုဘဲ..... ငုဝါလို့ ပန်သူမဲ့တဲ့ပန်းကို ကိုကိုချစ်ဖို့ ကြိုးစားမလာဘူး.... သံယောဇဉ်ဆိုတာ မထားသင့်တဲ့အရာတစ်ခုဘဲ.....သံယောဇဉ်တွယ်မိသွားရင် အရာရာဟာ အရှုံးပေးဖို့ဖြစ်တည်လာတာ...