Part-43

3.3K 79 1
                                    

~သံယောဇဉ် ~

အပိုင်း(၄၃)

"အန်ကယ်......အန်တီ နေကောင်းတယ်နော် "

မြတ်နိုးနှင်းဆီက စပြီးနူတ်ဆက်သည့်အခါ
ဖေဖေနှင့်မေမေကတော့  မကောင်းတတ်သည့်ပုံစံဖြင့်
ပြန်လည်နူတ်ဆက်ကြတာ ငုဝါသတိထားမိသည်။

သူ့ရဲ့လုပ်ပြုံးကြီးက သိသာနေလွန်းတယ်မဟုတ်လား..
မသိတဲ့သူက တော်တော့်ကိုအလွန်း၍သာ ဖြစ်ပေလိမ့်မည်။
သို့ပေမယ့် နဂိုကတည်းက လှသည့်မြတ်နိုးနှင်းဆီက အခုကျော်ကြားနေသည့် အဝတ်အစားဒီဇိုင်းများနှင့် နာမည်ကြီးမိတ်ကပ်တွေနှင့် ပေါင်းစပ်လိုက်သည့်အခါ ကြွေရုပ်တစ်ရုပ်လို
လှလာသည်။


"သမီးက အလည်ပြန်လာတာလား...အိမ်ထဲဝင်ထိုင်လေ..."


"ဟုတ်.... အန်တီ....မလတ်နဲ့လိုက်လာတာလေ....ဟိုမှာ ကျောင်းကလည်း ပိတ်တာဆိုတော့..."

"အော်......ဒါနဲ့ ဘယ်မှာ တည်းမှာလည်း...."


"အဖေကလဲ ဘာကို ဘယ်မှာတည်းမှာလည်းလဲ.... ယောင်းမက သမီးနဲ့လိုက်လာတာလေ.....ဒီမှာဘဲ တည်းမှာပေါ့..."


သမီးဖြစ်သူက ချွေးမရှေ့တင်ဘဲ တခြားမိန်းကလေးကို
ယောင်းမဟု ခေါ်လိုက်သောကြောင့် ဖေဖေနှင့်မေမေ
မျက်နှာပျက်သွားတာကို ငုဝါသတိထားမိသည်။ မလတ်က သက်သက်ငုဝါ့ကို မုန်းနေတာနဲ့ဘဲ မြတ်နိုးနှင်းဆီကို
အိမ်ပေါ်ခေါ်လာတာလည်း ဖြစ်လောက်သည်။

မင်္ဂလာဆောင်တုန်းက ဘာလို့ပျောက်သွားတာလည်း
စဥ်းစားနေခဲ့တာ...ကိုယ့်ယောကျ်ားအစ်မမို့ ကိုယ့်အစ်မအတိုင်း သဘောထားခဲ့တာ......လတ်စသတ်တော့ သူက
သူ့မောင်နှင့်ငုဝါကို မတန်မရာဟုတွေးထင်ပြီး မြတ်နိုးနှင်းဆီလိုလူမျိုးကိုသာ ယောင်းမအဖြစ်သတ်မှတ်ချင်တာ ဖြစ်လိမ့်မည်။


အိမ်ထောင်ရေးတစ်ခုမှာ ယောကျာ်းကကောင်း
ယောက္ခမတွေနှင့်လည်းအဆင်ပြေပြီဆိုပြီး ကံကောင်းတယ်ဟု ထင်ခဲ့မိတာ....ကိုယ့်ကိုသဘောမကျတဲ့ယောင်းမကလည်း ရှိသေးတာဘဲကို......

သူတို့သမီးက ခေါ်လာခဲ့တာဆိုတော့ ဖေဖေနှင့်မေမေလည်း
ဘာမျှဆက်မပြောနိုင်ဘဲ...... ထပ်ပြီးငြင်းရမှာလည်း
အားနာတာကြောင့်ထင်သည်။ မြတ်နိုးနှင်းဆီကို အပေါ်ထပ်ကအခန်းလွတ်တစ်ခု၌ နေရာပေးလိုက်လေသည်။


~သံယောဇဉ်~Where stories live. Discover now