~သံယောဇဉ် ~
အပိုင်း(၂၇)
သူ့အကြည့်တွေကို ငုဝါရိပ်မိ၍ ဓနိကို သူ့အကြည့်မှလွတ်စေရန်
ငုဝါ ကာလိုက်သည်။ ထိုသို့ကာလိုက်သောကြောင့်
ဓနိဆီရောက်နေသည့် သူ့မျက်ဝန်းတွေက ငုဝါဆီသို့တစ်ဖန်...ထပ်မံကျရောက်လာသည့် မျက်ဝန်းပြာပြာတွေကနေ ရှောင်ဖယ်ပစ်လိုက်သည်။ ငုဝါ သူ့ကိုနူတ်လည်းမဆက်ချင်သလို ပြုံး၍လည်းမပြချင်ပေ။
မျက်နှာကို ဘေးတစ်ဖက်သို့အတင်းစောင်းပြီး
ဘာမှမသိသည့်ဓနိတစ်ယောက်ကတော့ ငုဝါကို စကားတွေဖောင်ဖွဲ့ကာပြောရင်း ခွက်ထဲသို့ထပ်မံငှဲ့ပေးနေလေသည်။သူ့ကိုလှမ်းကြည့်လိုက်တော့ ဘေးနားက
မိန်းကလေးတွေငှဲ့ပေးနေသည့်အရက်ကို သောက်နေပြီး မချောကကိုးယောက် ကိုယ်တစ်ယောက်လုပ်နေလေသည်။ဖြူဖွေးနေသည့်ပေါင်တံတွေကို မြင်နိုင်စေရေးအတွက်
တိုသထက်တိုအောင် ဝတ်ထားသည့်မိန်းကလေးတွေ....
သူ့အနားမှာ ကြောင်တွေလို အတင်းပွတ်သပ်ပြီးနေနေသည့်
ထိုမိန်းကလေးတွေဖြင့် တော်တော်သာယာနေပုံရသည်။ပျော်မြူးနေလိုက်တာ အမြင်ကတ်စရာသိပ်ကောင်းသည်။
အပြုံးချိုချိုတွေ...မျက်ဝန်းပြာပြာတွေနှင့် တခြားသူတွေကို သူကြည့်နေပြီး ငုဝါကိုတော့တစ်ချက်မှလှည့်ကြည့်မလာပါ...သူ့လှည့်မကြည့်တော့လည်း ဘာအရေးလဲ ငုဝါနွယ်ရယ်....
နင့်ဘေးမှာ သူ့ထက်ငယ်ရွယ်ပြီး ကြင်နာမှုပေးတဲ့ကောင်လေးတစ်ယောက်လုံးရှိနေတာဘဲဟာကို.....သူတစ်ယောက်ထဲ ပျော်မြူးတတ်တယ်များ ထင်နေသလား......ဓနိ၏ စားပွဲပေါ်တင်ထားသည့်လက်ခုံလေးကို ငုဝါသွားကိုင်လိုက်သည်။
"မ...မူးနေပြီလား "
ဓနိက သူ့လက်အား ငုဝါမှစကိုင်တာကြောင့် အံ့သြသွားပြီး
ငုဝါမူးနေသည်ဟုပင် ထင်နေပုံရလေသည်။ငုဝါ ဓနိအား သဘောကျစွာပြုံးကြည့်ရင်း....
"အင်း....နည်းနည်း မူးတယ်...ဓနိ တို့ကို
ဖက်ထားပေးနိုင်မလား...."
YOU ARE READING
~သံယောဇဉ်~
Romance. ကိုကို.......ငုငယ်ကို မချစ်ဘူး..... ကိုကိုချစ်တာ ရနံ့မွှေးတဲ့ပန်းတစ်ပွင့်ကိုဘဲ..... ငုဝါလို့ ပန်သူမဲ့တဲ့ပန်းကို ကိုကိုချစ်ဖို့ ကြိုးစားမလာဘူး.... သံယောဇဉ်ဆိုတာ မထားသင့်တဲ့အရာတစ်ခုဘဲ.....သံယောဇဉ်တွယ်မိသွားရင် အရာရာဟာ အရှုံးပေးဖို့ဖြစ်တည်လာတာ...