Part-44

3.4K 85 2
                                    

~သံယောဇဉ် ~

အပိုင်း(၄၄)

ကံကောင်းထောက်မစွာဖြင့် ငုဝါကိုယ်ဝန်ဟာ ပျက်ကျမသွားခဲ့ပါ..
ခုနှစ်လကျော်သာ ရှိသေးပေမယ့် လွယ်ထားဖို့
ဆက်မဖြစ်နိုင်တော့သည့်အခါ သားသားလေးကို
ခွဲစိတ်ထုတ်ယူပြီး ဖန်ပေါင်းချောင်ထဲ၌ ထည့်ထားရလေသည်။

မိခင်ဖြစ်သူမှာတော့ အသက်အန္တရာယ်မစိုးရိမ်ရသော်လည်း
ယခုအချိန်အထိ သတိမေ့နေဆဲဖြစ်သည်။ လဲကျသည့်အရှိန်က ပြင်းတာကြောင့် ဦးခေါင်းခွံကိုလည်း အနည်းငယ်ထိသွားလေ၏။

တည်တံ့လည်း ညောင်ဦးလေဆိပ်မှ ရန်ကုန်သို့ flightဖြင့် ပြန်လာခဲ့သည်။ ကိုယ်ပိုင်ကားပါပေမယ့် ကားနှင့်ဆို သူရန်ကုန်ကို အမြန်မရောက်နိုင်ပါ။ ထို့ကြောင့် လေယာဥ်လက်မှတ် ရုတ်ချည်းဖြတ်ပြီးနောက် လူချည်းသက်သက်သာ ပြန်ခဲ့ရ၏။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ
လေဆိပ်မှဆေးရုံသို့ ချက်ချင်း တန်းပြေးသွားပြီး
သတိမေ့နေသည့် မိန်းမဖြစ်သူအား ခေါင်းပတ်တီးဖြင့် ဆေးရုံခုတင်ပေါ်၌ တွေ့လိုက်ရလေသည်။


"ငယ်....ငယ်ရာ.....ဘယ်လိုများဖြစ်ရတာလည်းကွာ....."



ယောကျာ်းတန်မဲ့ သူ့မှာ မိန်းမဖြစ်သူကို သနားလွန်း၍
အရူးတစ်ယောက်လို ငိုနေမိတော့၏။ မလတ်နှင့်မြတ်နိုးနှင်းဆီတို့ မတတ်သာ၍သာ ဆေးရုံကို လိုက်လာခဲ့ကြရပြီး
အခုတော့နှစ်ယောက်သား လိပ်ပြာမလုံစွာ ဆေးရုံထောင့်မှာ
ကပ်နေကြလေသည်။


"သား.....စိတ်လျှော့ပါ....ဒီလောက်ဖြစ်သွားတာ
တော်သေးတယ်ဆိုရမယ်... "


"မေမေတို့ကဗျာ.....ငယ်တစ်ယောက်တည်းကိုတောင်
ဂရုမစိုက်နိုင်ဘူးလား......အိမ်မှာ လူတွေအများကြီးရှိနေတာတောင်မှ ဘာလို့ ဒီလိုဖြစ်ရတာလည်း........."



"သားရယ်......အခန့်မသင့်လို့ ဖြစ်သွားတာတွေပါ......
မေမေတို့လည်း ဂရုစိုက်ပါတယ်....."



"ဒီခရီးကို ကျွန်တော်သွားကို မသွားသင့်ပါဘူးဗျာ....ကြည့်ပါဦး ကျွန်တော့်ငယ်လေး...ဘယ်လောက်တောင်
သနားစရာကောင်းလည်း....ကျွန်တော်မကောင်းလို့...
အကုန်ကျွန်တော့်အပြစ်တွေချည်းဘဲ......."


~သံယောဇဉ်~Where stories live. Discover now