~သံယောဇဉ် ~
အပိုင်း(၁၆)
"ကိုကိုဟာ ကြင်နာတာတွေ တကယ်ကိုစွမ်း...... ရင်ခွင်မှာ ကြိုဆိုပါတယ် ဒီလိုအနမ်း....ကိုကိုရေ ရူးပြီ........."
ကျူရှင်သို့သွားသည့်လမ်းမှာ မေသူက ထိုသီချင်းဆိုပြီးစနေ၍
ငုဝါမှာ တခစ်ခစ်ရယ်နေရသည်။ကိုကို နှင်းဆီမကို ငြင်းသည်ဆိုသည့်သတင်းကို
တခြားသူတွေမသိကြသော်လည်း
ငုဝါသူငယ်ချင်းအရင်းကြီးတွေဖြစ်ကြသည့်
မေသူနှင့် ဆုလဲ့တို့ အမွှာညီအစ်မနှစ်ယောက်ကိုတော့
ပြောပြထားသည်။ကိုကိုနှင့်ကျူရှင်မတူသော်လည်း သူတို့နှင့်တော့ကျူရှင်တူသည်။
ဒါ့ကြောင့် အရင်လိုကျူရှင်ကို တစ်ယောက်ထဲ သွားစရာမလိုဘဲ အဖွဲ့လိုက်စက်ဘီးဖြင့်သွားကြသည်။ အိမ်နှင့်ကျူရှင်ကလည်းအနည်းငယ်လှမ်းသောကြောင့် အသွားအပြန်ဆို၄၅မိနစ်လောက်ကြာသည်။တီပိုးက မေသူနှင့်တော့ ငုဝါကို စိတ်ချသည်။ သို့ပေမယ့်
တီပိုးမသိတာက ကိုကို့ကိုဖွင့်ပြောဖို့အရေး
မြှောက်ပေးသည့်အဖွဲ့ထဲမှာ မေသူကထိပ်ဆုံးဆိုတာကိုပင်။"မေသူနော်...ငါအူတက်နေပြီ....မစနဲ့...."
"စတာမှမဟုတ်တာ... ငါ့ဘာသာငါ သီချင်းဆိုနေတာဘဲကို
...
ကိုကိုဟာ ကြင်နာတာတွေတကယ်ကိုစွမ်း.... ""နင့်မေ...."
"ငါ့မေက အိမ်မှာ.... "
"မေသူနဲ့တော့တကယ်ဘဲ...."
"ငါတို့ကတော့ ဟိုရုံးပတီသီးမကို သူရတည်တံ့ ငြင်းလိုက်တာ အားရလိိုက်တာဟယ်..... အဲ့ကောင်မက သူ့ကို တလောကလုံးက ဝိုင်းကြိုက်နေတဲ့ပုံစံနဲ့ ..."
"အေးဟယ်... ငုဝါ ဒီတစ်ခါ နင့်ကိုကိုမှန်သွားပြီ...."
"နင့်ကိုကို နင့်ကိုကိုနဲ့မပြောကြစမ်းပါနဲ့ဟာ....ဟိုက ကိုကိုရူး
ရူးနေလို့ ငါတောင် သီချင်းရွဲ့ဆိုပေးနေတာ နင်တို့မကြားဖူးလား"မေသူက အရွှန်းဖောက်လိုက်သည်။ ငုဝါ စက်ဘီးစီးရင်း မေသူကို လှမ်းပြီးမျက်စောင်းထိုးဖြစ်အောင် ထိုးလိုက်သေးသည်။သို့သော်လည်းဒီသူငယ်ချင်းမကို ငုဝါချစ်ပါသည်။
YOU ARE READING
~သံယောဇဉ်~
عاطفية. ကိုကို.......ငုငယ်ကို မချစ်ဘူး..... ကိုကိုချစ်တာ ရနံ့မွှေးတဲ့ပန်းတစ်ပွင့်ကိုဘဲ..... ငုဝါလို့ ပန်သူမဲ့တဲ့ပန်းကို ကိုကိုချစ်ဖို့ ကြိုးစားမလာဘူး.... သံယောဇဉ်ဆိုတာ မထားသင့်တဲ့အရာတစ်ခုဘဲ.....သံယောဇဉ်တွယ်မိသွားရင် အရာရာဟာ အရှုံးပေးဖို့ဖြစ်တည်လာတာ...