~သံယောဇဉ် ~
အပိုင်း(၂၈)
"ဒါ.....ဒါကို ဘယ်လိုလုပ်တတ်တာလည်း.. "
"ဒီလိုပါပဲ...... လာ...ကိုကို အများကြီးလုပ်ပေးထားတယ်
များများစားရမယ်နော်."ကြာဆံသုပ်၏ အနံ့မွှေးမွှေးကြောင့် ငုဝါ မစားဘဲမနေနိုင်တော့ပါ။ စတီးဇွန်းအရှည်ကို ယူပြီး ပန်းကန်ထဲမှကြာဆံသုပ်ကို အနည်းငယ် ခပ်၍ ယူစားလိုက်သည်။
တကယ်ကျောင်းတုန်းက စားရတဲ့အရသာပါလား...
သူအရမ်းတော်တာဘဲ.....နေပါဦး.... ဘယ်လိုကနေဘယ်လို
ဒီကြာဆံသုပ်ကို သူလုပ်တတ်နေရတာပါလိမ့်.......
အရသာကလည်း လုံးဝကို တစ်ထပ်တည်းဖြစ်လို့နေသေးသည်။ငုဝါလည်း ကြိုက်သည့်အစားအစာမို့ အကုန်လုံးကုန်အောင်
စားလိုက်မိသည်။ သူက အိုးခွက်ပန်းကန်တွေကို
ဆေးကြောနေရင်းမှ ငုဝါစားနေတာကို လှမ်းလှမ်းကြည့်ရင်း
ပြုံးနေလေသည်။သူလည်း ပန်းကန်တွေဆေးအပြီး ငုဝါလည်းစားအပြီးနှင့် ကွက်တိဖြစ်လို့သွားလေသည်။ ငုဝါစားပြီးသွားသည့်
ပန်းကန်ကိုပါယူပြီး ဆေးလေသည်။အလုပ်ကိုတစ်လက်စတည်း ပြီးပြတ်အောင်လုပ်တတ်တာကလည်း သူ့အကျင့်ဖြစ်လို့နေလေသည်။ သန့်ရှင်းသပ်ရပ်မှုကို အလွန်နှစ်ခြိုက်သည့် ယောကျ်ားတစ်ဦးပင်။
ယောကျ်ားလေးတစ်ယောက်တည်း နေသည့်တိုက်ခန်းသာ
ဖြစ်သော်ငြားလည်း အမှိုက်တစ်ခုမှမရှိ....
ဖုန်တစ်စက်မျှလည်းမမြင်ရပေ။ရေခဲသေတ္တာထဲကနေ သူဖျော်ရည်ဖန်ခွက်တစ်ခုကို
ထုတ်လာခဲ့လေသည်။"အစာအိမ်နဲ့ဆိုတော့ သံပုရာရည်က တည့်မှာမဟုတ်ဘူးလေ.
.အဲ့ဒါ့ကြောင့် မနက်က ဒီနားမှာရှိတဲ့စျေးကိုစောစောသွားပြီး
ပြင်ဦးလွင်က ချက်ချင်းရောက်လာတဲ့ကဗ္ဗလာသီးကို
ရှာဝယ်လာတာ....""ကဗ္ဗလာသီးကို ကိုယ်တိုင်ဖျော်ထားတာလား..."
"ဟုတ်တယ်....လတ်လတ်ဆတ်ဆတ်လည်း ဖြစ်အောင်လို့ သကြားနည်းနည်းရယ် ဆားရယ် ကဗ္ဗလာအနှစ်ရယ်
ဖျော်ပေးထားတာ..."
YOU ARE READING
~သံယောဇဉ်~
Romance. ကိုကို.......ငုငယ်ကို မချစ်ဘူး..... ကိုကိုချစ်တာ ရနံ့မွှေးတဲ့ပန်းတစ်ပွင့်ကိုဘဲ..... ငုဝါလို့ ပန်သူမဲ့တဲ့ပန်းကို ကိုကိုချစ်ဖို့ ကြိုးစားမလာဘူး.... သံယောဇဉ်ဆိုတာ မထားသင့်တဲ့အရာတစ်ခုဘဲ.....သံယောဇဉ်တွယ်မိသွားရင် အရာရာဟာ အရှုံးပေးဖို့ဖြစ်တည်လာတာ...