~သံယောဇဉ် ~
အပိုင်း(၃၄)
ကားထဲရောက်တော့ ငုဝါစိတ်ဆိုးဆိုးဖြင့် ကိုကို့အား
ထုနှက်ရိုက်ပစ်လိုက်သည်။"ကိုကို သိပ်ဆိုးတာဘဲ.....လူတွေကြားမှာ.... ကိုယ်က maskတပ်ထားတာလည်းမဟုတ်ဘဲနဲ့"
"သိသွားတော့လည်း ဒါကျွန်တော့်girlfriendပါဆိုပြီး
ပရိတ်သတ်တွေကို မိတ်ဆက်ပေးလိုက်ရုံပေါ့...နေပါဦး...
ကိုကို့ကို ဘာစိတ်ဆိုးနေတာလည်း.....ဟင်""ဘာစိတ်ဆိုးရမှာလည်း...ဟို ဆေးရုံကလူကြီးနဲ့ ချစ်ကြည်နူးတစ်တီတူးနေတာကိုပေါ့"
"ဟာ.....ငယ်ရာ....ကိုကိုတို့က မိတ်ဆွေတွေပါကွာ..."
ကိုကိုကပြောလည်းပြော ရယ်လည်းရယ်နေလေသည်။.
ငုဝါပြောသည့်စကားထဲ ရယ်စရာများပါသွားသလို....."ဘာရယ်စရာပါလို့လည်း.. "
"မဟုတ်ပါဘူး.... အဟွန်း....ငယ်ရာ....ကိုကို့ကို
သဝန်တိုစရာမရှိ ယောကျာ်းချင်းတောင်သဝန်တိုနေရသလား..""အခုခေတ်က ယောကျာ်းလေးချင်းတွေဘဲ
ကြိုက်နေကြတာလေ....ကိုကိုလည်း
ဘက်ပြောင်းသွားသလားလို့....""အဲ့ဒါတော့မပြောတတ်ဘူးလေ"
"ကိုကိုနော်.... "
"ဟွန်းဟွန်း... ကိုကိုပြောတာက ငုငယ်က ယောကျ်ားလေးဖြစ်နေရင်တော့ ကိုကိုလည်းဘက်ပြောင်းရမှာဘဲလေ.....
ကိုကိုချစ်တာငုငယ်ဆိုတော့ ယောကျ်ားလေးဖြစ်သွားလည်း
ချစ်ရမှာဘဲ....""ဟွန့်....ပြောတတ်တာတအား......"
"ချစ်လည်းချစ်တတ်ပါတယ်ဗျာ......မယုံရင် ချစ်ကြည့်ပါ့လား.."
"သွားပါ....ကိုကို့အရင်ရည်းစားတွေကိုလည်း ဒီလိုမျိုး
အီစီကလီလေးတွေပြောခဲ့တာမို့လားဟင်.....""အရင်ရည်းစားတွေနဲ့တုန်းက အီစီကလီလေ...ငုငယ်နဲ့ကျ
ရင်ထဲက နှစ်နှစ်ကာကာပြောတာလေ.... ""ကိုကိုက ရုပ်ရှင်မင်းသားဖြစ်လာပြီးမှ စကားတွေတော်တော်တတ်နေတာ...."
YOU ARE READING
~သံယောဇဉ်~
Romance. ကိုကို.......ငုငယ်ကို မချစ်ဘူး..... ကိုကိုချစ်တာ ရနံ့မွှေးတဲ့ပန်းတစ်ပွင့်ကိုဘဲ..... ငုဝါလို့ ပန်သူမဲ့တဲ့ပန်းကို ကိုကိုချစ်ဖို့ ကြိုးစားမလာဘူး.... သံယောဇဉ်ဆိုတာ မထားသင့်တဲ့အရာတစ်ခုဘဲ.....သံယောဇဉ်တွယ်မိသွားရင် အရာရာဟာ အရှုံးပေးဖို့ဖြစ်တည်လာတာ...