~သံယောဇဉ် ~
အပိုင်း(၄၂)
ကိုကိုနှင့်ငုဝါ၏ မင်္ဂလာပွဲဟာ ဘာမျှကန့်ကွက်မှုမရှိပါဘဲ
ပြီးဆုံးလို့သွားခဲ့သည်။လက်မထပ်ခင်က ဇွတ်ကန့်ကွက်နေခဲ့သည့် မလတ်မှာ မင်္ဂလာပွဲနားနီးတွင် နိုင်ငံခြားသို့ ပြန်ထွက်သွားခဲ့သည်။ကိုကိုဟာ သူ့အနုပညာအလုပ်တွေကို တစ်လတိတိရပ်နားထားပြီး ငုဝါအနားမှာ ကြောင်ပေါက်လေးလို အမြဲတမ်း ကပ်တွယ်နေ၍ ဟန်းနီးမွန်းခရီးစဥ်ကို ကိုကို့အစ်မအကြီးဆုံးနေထိုင်သည့်
ဒူဘိုင်းသို့ ထွက်လာခဲ့ကြ၏။မင်္ဂလာဆောင်ပြီးပြီးချင်း မကြီးက နှစ်ယောက်လုံးအား ဒူဘိုင်းကို ဇွတ်ခေါ်သွားတာကြောင့် ဟန်းနီးမွန်းကာလကို ဒူဘိုင်းမှာသာ ကုန်ဆုံးတော့မည်ဟု ဆုံးဖြတ်ခဲ့ကြသည်။
အထင်ကရနေရာတွေ .....သဲကန္တာရနှင့်
နေရာတော်တော်များများကို ခဏတစ်ဖြုတ်သာလည်ပတ်ပြီး သူများတွေ စနောက်ချင်စရာကောင်းလောက်အောင် ကိုကိုက
ငုဝါကိုပါအပြင်အထွက်မခံဘဲ အခန်းအောင်းခဲ့ကြသည်။တစ်ချိန်လုံး လူကို ခွာမရအောင်ကပ်နေတော့ ကိုကို့ကိုယ်သင်းနံ့မွှေးမွှေးတွေဟာ ငုဝါဆီ၌ပါ ကိန်းအောင်းကုန်သည်။ ကိုကိုဟာ သိပ်ဆိုးတာပါဘဲဟု.........ပြောလိုက်လျှင်လည်း...
ကိုကို့အသည်းငယ်လေးကို သိပ်ချစ်လို့ပေါ့ဆိုသည့်
အကြောင်းပြချက်နှင့် အနားမှမခွာတော့ပေ။ကံကောင်းထောက်မစွာနှင့် ငုဝါနောက်ကျောကအမာရွတ်တွေကို အရှင်းမပျောက်တောင် ကြည့်လို့ကောင်းအောင် လုပ်ပေးနိုင်သည့်အရေပြားဆရာဝန်တစ်ဦးနှင့် ဒူဘိုင်းမှာတွေ့ဆုံခဲ့ရပြီး
အမာရွတ်တွေအား လေဆာဖြင့် သေချာကုသခဲ့သည်။ထိုအမာရွတ်တွေနှင့်လည်းဘဲ...... ညတိုင်းကိုကိုဟာ
ငုဝါနောက်ကျောကို အားပါးတရ နမ်းရှိုက်ပြီးမှအိပ်တတ်သည်။.
ငုဝါ့၏ အပြစ်အနာအဆာတွေကို သူတန်ဖိုးထားပြီး
ချစ်ပေးသည်။...
အသန့်အပြန့်အလွန်ကြိုက်သည့်ကိုကိုက အခုဆို
ငုဝါအမာရွတ်တွေကို မနမ်းရလျှင် အိပ်မပျော်တော့သည်အထိတောင် ကဲသဲလို့လာ၏။
YOU ARE READING
~သံယောဇဉ်~
Romance. ကိုကို.......ငုငယ်ကို မချစ်ဘူး..... ကိုကိုချစ်တာ ရနံ့မွှေးတဲ့ပန်းတစ်ပွင့်ကိုဘဲ..... ငုဝါလို့ ပန်သူမဲ့တဲ့ပန်းကို ကိုကိုချစ်ဖို့ ကြိုးစားမလာဘူး.... သံယောဇဉ်ဆိုတာ မထားသင့်တဲ့အရာတစ်ခုဘဲ.....သံယောဇဉ်တွယ်မိသွားရင် အရာရာဟာ အရှုံးပေးဖို့ဖြစ်တည်လာတာ...