~သံယောဇဉ် ~
အပိုင်း(၂)
ငုဝါအနောက်ဘက်တည့်တည့်နေရာတွင် သူဝင်ထိုင်လိုက်တော့
လူမှာ လှပ်ခနဲဖြင့်ကြက်သီးတောင်ထသွားရသည်။ သူ့ဆီမှ စွယ်တော်ပွင့်အနံ့လို အနံ့မွှေးမွှေးလေးရနေသည်။
ယောကျာ်းလေးအများစုဆီမှ ပုံမှန်အားဖြင့် ချွေးနံ့ ဒါမှမဟုတ် ခပ်ပြင်းပြင်း ရေမွှေးအနံ့မျိုးသာ ရတတ်ပေမယ့် သူ့ဆီကနေ စွယ်တော်ပန်းအနံ့လို ခပ်သင်းသင်းအနံ့လေး....ငုဝါပြန်သည့်လမ်းမှာ စွယ်တော်ပင်တွေ တန်းစီပြီး ပေါက်နေတာကြောင့်
ခရမ်းနုနုစွယ်တော်ပွင့်များ၏အနံ့ကို အလွတ်ရနေပြီဖြစ်သည်။လက်ညိုးဖြင့် ကျောကို အတို့ခံလိုက်ရ၍ လူက ဆတ်ခနဲတုန်သွားသည်။ နောက်လှည့်ကြည့်လိုက်တော့ ရင်ခုန်မိသော
မျက်ဝန်းတစ်စုံ.......အခုမှသေချာကြည့်မိတာ
သူ့မျက်ဝန်းတွေက ရေပြာအိုင်လေးလို မြန်မာပြည်မှာ
မျက်လုံးအပြာဆိုတာရှိသေးတာလား....ဒါမှမဟုတ်..
မျက်ကပ်မှန်တပ်ထားတာများလား......ရေပြာအိုင်လေးလို မျက်လုံးမျိုးနှင့်က သူ့ကို အရင်ဆုံးတွေ့ဖူးတာဖြစ်သည်။
"ငါ့ကို စာအုပ်ငှား..."
"ဟမ်....စာအုပ်... ဘာစာအုပ်လဲ "
"အကုန်လုံး..... "
သူ့ဘေးမှာ အခုလောလောလတ်လတ်ရထားသည့်
သူငယ်ချင်းတွေဆီမှ မငှားဘဲ ငုဝါဆီလာငှားလေသည်။ စကားပြောကလည်း ခပ်ပြတ်ပြတ်နှင့် သူ့မျက်နှာအတိုင်းခက်ထန်လေသည်။"ဟေး...စာအုပ်ငှားလို့...."
"အွန်းအွန်း.... ကျောင်း...ကျောင်းဆင်းမှယူလေ..."
ငုဝါထိုသို့ပြောပြီး ကျောက်သင်ပုန်းဘက်ပြန်လှည့်လိုက်ပေမယ့် စိတ်တွေကတော့ တစ်စုံတစ်ဦးဆီ၌သာ....ဟူး.....ရင်ခုန်လိုက်တာလေ.....ရှေ့ကဆရာမ စာသင်နေတာကိုဘဲ ဟန်ဆောင်ပြီး စိတ်နှစ်ပစ်လိုက်သည်။
မုန့်စားကျောင်းဆင်းသောအခါ.....
တချို့သော ကျောင်းသားများက မုန့်စျေးတန်းသို့အလျှိုလျှိုထွက်သွားကြသည်။ အတန်းထဲမှာ မသွားသည့်ကျောင်းသားတစ်ယောက် နှစ်ယောက်သာကျန်တော့သည်။ ငုဝါလည်း
မေသူနှင့်အတူ မုန့်ဝယ်သွားရန်ပြင်လိုက်စဥ်
![](https://img.wattpad.com/cover/365286521-288-k825371.jpg)
YOU ARE READING
~သံယောဇဉ်~
Romance. ကိုကို.......ငုငယ်ကို မချစ်ဘူး..... ကိုကိုချစ်တာ ရနံ့မွှေးတဲ့ပန်းတစ်ပွင့်ကိုဘဲ..... ငုဝါလို့ ပန်သူမဲ့တဲ့ပန်းကို ကိုကိုချစ်ဖို့ ကြိုးစားမလာဘူး.... သံယောဇဉ်ဆိုတာ မထားသင့်တဲ့အရာတစ်ခုဘဲ.....သံယောဇဉ်တွယ်မိသွားရင် အရာရာဟာ အရှုံးပေးဖို့ဖြစ်တည်လာတာ...