~သံယောဇဉ် ~
အပိုင်း(၃၅)
ရုတ်တရက်မို့ လန့်သွားပေမယ့် ကိုကို့အနမ်းတွေကို
ငုဝါလည်းပြန်ပြီး တုံ့ပြန်နေမိတာပါဘဲ....တည်တံ့ ရေစိုပြီးအေးနေသည့် နူတ်ခမ်းလေးအား
ငုံထွေးနမ်းရှိုက်နေရင်းမှ လစ်ဟာနေသည့်
လက်မောင်းသားဖွေးဖွေးလေးတွေအား ဖွဖွလေးကိုင်နေမိသည်။အရင်ရည်းစားတွေ၏ အနမ်းခံရတုန်းက ငုဝါဟာ
အရုပ်တစ်ရုပ်လို အသက်မပါခဲ့ပေမယ့် အခုကိုကို့အနမ်းတွေအောက်မှာ ရင်ခုန်ရလွန်းလို့ လူက မေ့မြောချင်လာသည်။ကိုကိုက ရည်းစားတွေအများကြီးထားဖူးသူပီပီ....ငုဝါကို
နမ်းရှိုက်နေပုံက အသည်းယားစရာကောင်းလှသည်။နူတ်ခမ်းလွှာတစ်ခုချင်းဆီကို ကိုကိုအပိုင်သိမ်းပြီးနောက်မှ
ကိုကိုက ဖျက်ခနဲလွှတ်ပေးလေ၏။"ဟင်..."
မောဟိုက်နေသည့်မျက်နှာလေးနှင့် သူမမော့ကြည့်လာတော့
တည်တံ့ ပွေ့ဖက်ထားသည့်ကိုယ်လုံးလေးအား လွှတ်လိုက်သည်။မီးလာသည်နှင့် သူမမျက်နှာလှလှလေးကို
တပြိုင်နက်တွေ့လိုက်ရသည်မို့ စိတ်မထိန်းနိုင်ပဲ နမ်းလိုက်ခဲ့မိ၏။ သို့ပေမယ့် တဖြည်းဖြည်းရှေ့ဆက်ချင်သည့်စိတ်တွေအား နောက်ဆုတ်ရင်း သူ့ကိုယ်သူသာထိန်းလိုက်သည်။"ဆောရီး ကိုကို ကိုကိုသတိလက်လွတ်ဖြစ်သွားတယ်..."
ကိုကိုက ထိုသို့ပြောပြီး ငုဝါကို ကျောပေးလေ၏။
ရေချိုးတပတ်လေးသာရှိသော ခန္ဓာကိုယ်လေးအား ကြည့်မိလျှင် သူမရှက်သွားမှာကို စိုးရသည်။"ရပါတယ် ကိုကိုရဲ့..."
"အဝတ်အစားလဲတော့လေ... ငယ်....
ကိုကိုအပြင်ထွက်ပေးမယ်နော်""ဟို...ကိုကိုက ဘာယူမလို့လည်း..."
"ရတယ် ပြီးမှဘဲယူတော့မယ်....အအေးမိဦးမယ်...ကိုကိုအပြင်မှာဘဲစောင့်နေမယ်..."
"ဟုတ်...."
ငုဝါ ပြန်ဖြေလိုက်သည့်အခါ ကိုကိုအခန်းထဲမှ ခပ်သုတ်သုတ်ထွက်သွားလေ၏။ ကိုကို့၏စိတ်နှင့်အကျင့်ကို တကယ်လေးစားမိပါသည်။
YOU ARE READING
~သံယောဇဉ်~
Romance. ကိုကို.......ငုငယ်ကို မချစ်ဘူး..... ကိုကိုချစ်တာ ရနံ့မွှေးတဲ့ပန်းတစ်ပွင့်ကိုဘဲ..... ငုဝါလို့ ပန်သူမဲ့တဲ့ပန်းကို ကိုကိုချစ်ဖို့ ကြိုးစားမလာဘူး.... သံယောဇဉ်ဆိုတာ မထားသင့်တဲ့အရာတစ်ခုဘဲ.....သံယောဇဉ်တွယ်မိသွားရင် အရာရာဟာ အရှုံးပေးဖို့ဖြစ်တည်လာတာ...