~သံယောဇဉ်~
အပိုင်း(၆)
သိင်္ဂီပြန်ပေးလိုက်သည့်စာကိုဖတ်ပြီး သူ့ဘောင်းဘီအိတ်ကပ်ထဲ ထည့်သိမ်းလိုက်သည်။
"ခက်မယ်ထင်နေတာ လွယ်သားဘဲ....."
"ဟမ်....ဘာကိုလဲ.... "
"မင်းနဲ့မဆိုင်ဘူး..သွား စာသွားကျက်"
ငုဝါ သူ့ကိုမျက်စောင်းထိုးပစ်လိုက်သည်။ ပြီးတော့ အရှေ့သို့
လှည့်ပြီး ပထဝီစာကိုထိုင်ကျက်နေရင်း........ဘေးက မေသူ့ပေါ်မှီထားလိုက်သည်။မေသူက ငုဝါ့ပခုံးကို ပြန်ဖက်လိုက်တော့
နောက်ကတစ်ယောက်က မေသူ့လက်ကို ဘောပင်နဲ့
ခေါက်လေသည်။"ဟ.....ဘာလုပ်တာလဲ... ........."
သူက မျက်ခုံးတွန့်ပြီး ပခုံးပေါ်က လက်ကိုဖယ်ခိုင်းလေသည်။
"စာကျက်တာ........ပခုံးကို ဘာကိစ္စဖက်စရာလိုလည်း.....ဖယ်"
"အဲ့ဒါ မင်းနဲ့ ဘာဆိုင်လဲ..... ငါတို့မိန်းကလေးအချင်းချင်းဖက်တာကို...."
"မဖက်နဲ့.........မကြိုက်ဘူး "
ရုပ်တည်ကြီးနဲ့ ပြောနေတဲ့သူ့ကြောင့် မေသူကြောင်သွားရသည်။ မေသူက မျက်မှောင်ကြုတ်ပြီး ငုဝါဘက်သို့လှည့်ကာ....
"ငုဝါ.....ဒီကောင် ဘာအထာလဲ....."
ငုဝါ သူ့ကို ကြည့်လိုက်တော့ သူက မျက်ခုံးပင့်ပြလေသည်။ မျက်ခုံးပင့်တာ ပခုံးတွန့်တာတို့က တကယ့်ကိုသူ့စတိုင်ပင်။
"စာဆက်ကျက်ရအောင်.....လာလာ...."
မေသူ့ကို အရှေ့ဘက် ပြန်ဆွဲလှည့်ပြီး ပထဝီစာကို
ဆက်ကျက်နေလိုက်ကြ၏။ စာမေးပွဲဖြေဖို့က
ရက်ပိုင်းလောက်သာ လိုတော့သည်။ ထို့ကြောင့် ဆရာ၊ဆရာမများက စာကျက်ချိန်ပေးပြီး.....တချို့က အိမ်မှာဘဲ
ကျက်ကြသည်။ တချို့ကကျ ဘော်ဒါဆောင်တွေမှာ ကျက်ကြ၏။ငုဝါတို့က သူငယ်ချင်းတွေ စာစုပြီး ကျက်ချင်ကြတာဖြစ်၍ ကျောင်းကိုဘဲ လာလိုက်ကြသည်။
YOU ARE READING
~သံယောဇဉ်~
Romance. ကိုကို.......ငုငယ်ကို မချစ်ဘူး..... ကိုကိုချစ်တာ ရနံ့မွှေးတဲ့ပန်းတစ်ပွင့်ကိုဘဲ..... ငုဝါလို့ ပန်သူမဲ့တဲ့ပန်းကို ကိုကိုချစ်ဖို့ ကြိုးစားမလာဘူး.... သံယောဇဉ်ဆိုတာ မထားသင့်တဲ့အရာတစ်ခုဘဲ.....သံယောဇဉ်တွယ်မိသွားရင် အရာရာဟာ အရှုံးပေးဖို့ဖြစ်တည်လာတာ...