~သံယောဇဉ် ~
အပိုင်း(၂၁)
၇နှစ်ခန့်ကြာပြီးနောက်တွင်.......
ငုဝါ သူနာပြုတက္ကသိုလ်မှ ဘွဲ့ရပြီးနောက်
အစိုးရဆေးရုံကြီးမှာ၂နှစ်နီးပါး
တာဝန်ထမ်းဆောင်ပြီးနောက်...ရန်ကုန်မှ ရွှေကံ့ကော်ဆေးရုံသို့ ပြောင်းလာခဲ့သည်။သူနာပြုအလုပ်ကို ဝါသနာအရမ်းပါတာမျိုးမဟုတ်ပေမယ့်
မကျန်းမာသည့်လူနာများကို ပြုစုပေးရတာကို
စိတ်ပျော်လာသည်။ ငုဝါ့အတွက် သိပ်မခက်ခဲသည့်အလုပ်လည်းဖြစ်ပြီး သာမန်အလုပ်တွေထက် ဒီသူနာပြုအလုပ်ကို လုပ်ရတာ ကိုယ့်ကိုကိုယ်ဂုဏ်ယူမိသည်။ငယ်ငယ်က နိုဘယ်လ်ဆုရှင် နိုက်တင်ဂေးကို အားကျခဲ့မိသလို
ငုဝါကိုယ်တိုင်လည်း သူနာပြုအလုပ်ကို လုပ်ကိုင်ရင်းနှင့် အခုဆို ငုဝါအသက်က ၂၃နှစ်ထဲတွင်ရောက်လို့နေလေပြီ။မြင်းခြံပြည်သူ့ဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေပေမယ့်
မြင်းခြံမှာ လုံးဝမနေချင်တာကြောင့် ရန်ကုန်သို့ပြောင်းလာတာလည်းဖြစ်သည်။ ငုဝါတို့ ရွှေကံ့ကော်ဆေးရုံမှ
သူနာပြုတွေအကုန်လုံး အဆောင်သဘောမျိုးဖြင့်
မြေညီထပ်တိုက်ခန်းတစ်လုံးကို စုပြီးငှား၍ နေကြသည်။မြင်းခြံကိုမရောက်ဖြစ်တာလည်း ကြာလှပြီဖြစ်သည်။ငုဝါ၏
လခတွေထဲမှ တစ်ဝက်ကို လစဥ်တိုင်း kpayဖြင့်သာ တီပိုးကို
လွှဲပေးနေပြီး...မွေးရပ်မြေကို ခြေမချချင်တော့ပါ...တီပိုး၏ယောကျ်ားဖြစ်သူကိုမမြင်ချင်၊
မတွေ့ချင်တာကြောင့်လည်းပါသည်။ငုဝါ သူနာပြုတက္ကသိုလ်အပြီး...ဆေးရုံမှာ အလုပ်သင်ဘဝဖြင့်စနေချိန်မှာ တီပိုးက ရင်သားကင်ဆာဖြစ်လို့လာ၏။
အဆင့်၃ဆိုတော့ ကုသလို့ရနိုင်သေးသည့်အတွက်
ငုဝါလည်းတီပိုးကို အားပေးရင်း ကုသမှုခံယူခိုင်းခဲ့သည်။တီပိုး ကင်ဆာဖြစ်သည်ဆိုမှ ဦးငယ်၏သရုပ်အမှန်က
ပေါ်လို့လာလေသည်။အသက်ကွာသည့် တီပိုးနှင့်ဦးငယ်ကို
ဦးငယ်ဘက်မှအမျိုးတွေက
သဘောမတူကြတာမှန်ပေမယ့်...မိုက်ရိုင်းပြီး
အောက်တန်းကျသည့်အတွေးမျိုးကိုတော့ ထည့်မပေးသင့်ပေ။
YOU ARE READING
~သံယောဇဉ်~
Romance. ကိုကို.......ငုငယ်ကို မချစ်ဘူး..... ကိုကိုချစ်တာ ရနံ့မွှေးတဲ့ပန်းတစ်ပွင့်ကိုဘဲ..... ငုဝါလို့ ပန်သူမဲ့တဲ့ပန်းကို ကိုကိုချစ်ဖို့ ကြိုးစားမလာဘူး.... သံယောဇဉ်ဆိုတာ မထားသင့်တဲ့အရာတစ်ခုဘဲ.....သံယောဇဉ်တွယ်မိသွားရင် အရာရာဟာ အရှုံးပေးဖို့ဖြစ်တည်လာတာ...