~သံယောဇဉ် ~
အပိုင်း(၃၀)
"တီပိုးက တကယ်ဘဲ အဲ့လိုမျိူးတွေလုပ်ခဲ့တာလား....ငုဝါတကယ်နားမလည်နိုင်ဘူးသိလား.......ငုဝါကို တီပိုးချစ်တာ ဘယ်လိုမျိုးလဲ ဆိုတာကို......"
"ကိုကို ဒါတွေက အကုန်ပြောပြဖို့ မရည်ရွယ်ပါဘူးကွာ...
ကိုကို့ငုငယ်လေးက ငိုတော့ ဘယ်လိုမှဆက်ပြီး
မြိုသိပ်မထားနိုင်တော့ဘူး....ကိုကိုတို့ကြားမှာ နားလည်မှုလွဲနေတာတွေကို ဒီတိုင်းထားလို့အဆင်မပြေတော့ဘူး.....ဒဏ်ရာတွေကိုမကုသဘဲနဲ့ထားရင် ပိုပြီးနစ်ဝင်မှာစိုးတယ်....""ကိုကိုက ဘာလို့ကျောင်းပြောင်းသွားခဲ့တာလည်း...မဟုတ်မှလွဲရော ငုဝါရိုက်လိုက်မိတာကြောင့် စိတ်တိုသွားတာမို့လား.."
"မဟုတ်ပါဘူး.... ကိုကို့ကို မြင်ရင် စိတ်ဆင်းရဲမှာစိုးလို့ အဝေးကိုထွက်သွားပေးတာပါ.......ကိုကိုလည်း ဂရုမစိုက်ဘဲနေခဲ့ပေမယ့် ထက်ပညာကို အလေးထားနေတာတွေမြင်တော့ စိတ်တိုပြီး ဒေါသတွေအကုန်လုံးသူ့ကိုပုံချလိုက်တယ်.... "
"ဒါဆို....မြတ်နိုးနှင်းဆီနဲ့ကရော..."
"သူနဲ့က ကျောင်းပြောင်းပြီး ရန်ကုန်မှာဆက်တက်ပြီးကတည်းက ဖြတ်လိုက်တာ...သူလည်း ဆယ်တန်းအောင်တော့ အမေရိကမှာ ကျောင်းပြန်ဆက်တတ်တယ်လို့ကြားတယ်"
"အော်....."
ငုဝါ အငိုတိတ်ပြီး မေးစရာစကားမရှိတော့မှ သူ့ရင်ခွင်ထဲသို့ တိုးဝင်နေမိတာကိုသတိထားလိုက်မိပြီး ချက်ချင်း ရုန်းထွက်မိသည်။ အခုအချိန်မှာ ငုဝါတို့က ဘာမှမဟုတ်ဘူးလေ....
ပြီးတော့ ဓနိက ငုဝါရည်းစား....သူ့အပေါ်မှာ
ငုဝါသစ္စာဖောက်သလို မဖြစ်ချင်ဘူးသူ့ရင်ခွင်ဆီမှ ဇွတ်တိုးထွက်သွားလေသည့်ကောင်မလေးကို ဆွဲထားချင်သော်လည်း ဆွဲမထားရဲခဲ့ပါ......စိတ်ဆိုးသွားမှာလည်း ကြောက်ပါသည်။
အောက်ကျသွားတဲ့ထမင်းချိုင့်တွေကို ပြန်ကောက်ပြီး ပေါင်ပေါ်ပြန်တင်ကာ ကိုယ့်နေရာ၌ကိုယ် ငြိမ်ငြိမ်လေးထိုင်နေလိုက်မိသည်။
အခုထိ လမ်းဘေးရပ်ထားသည့်ကားလေးက မရွှေ့လျားနိုင်သေးပါ...
YOU ARE READING
~သံယောဇဉ်~
Romance. ကိုကို.......ငုငယ်ကို မချစ်ဘူး..... ကိုကိုချစ်တာ ရနံ့မွှေးတဲ့ပန်းတစ်ပွင့်ကိုဘဲ..... ငုဝါလို့ ပန်သူမဲ့တဲ့ပန်းကို ကိုကိုချစ်ဖို့ ကြိုးစားမလာဘူး.... သံယောဇဉ်ဆိုတာ မထားသင့်တဲ့အရာတစ်ခုဘဲ.....သံယောဇဉ်တွယ်မိသွားရင် အရာရာဟာ အရှုံးပေးဖို့ဖြစ်တည်လာတာ...