~သံယောဇဉ် ~
အပိုင်း(၄၁)
တိုက်တိုက်ဆိုင်ဆိုင် ငုဝါတို့မြင်းခြံသို့ရောက်နေစဥ်မှာပင်
ငုဝါတို့တက်ခဲ့သည့် ကျောင်းမှာ ကျောင်းစုံညီပွဲတော်
ကျင်းပနေလေသည်။ ကိုကိုကလည်း သွားကြည့်ချင်သည်ဟုပြော၍ ကျောင်းသို့ စက်ဘီးကလေးတစ်စီးဖြင့်
ထွက်လာခဲ့လိုက်ကြ၏။ငုဝါအရင်က စီးခဲ့တဲ့စက်ဘီးလေးက အခုထက်ထိတောင် သံချေးတက်ရုံမှလွဲ၍ ပျက်စီးချို့ယွင်းမသွားပါ......
ကိုကိုကရှေ့ကနင်း ငုဝါကနောက်ကထိုင်လိုက်ပြီး
အတူတူတက်ခဲ့ကြသည့် အ.ထ.က ကျောင်းတော်ကြီးသို့ ......နှစ်ယောက်တစ်စီးဖြင့် ငုဝါတို့ကို ဆိုင်ကယ်ဖြင့်လူတွေက
ကြည့်ကြည့်သွားကြသည်။ ကိုကိုကတော့
ဦးထုပ်ဆောင်းထားပြီး နှာခေါင်းစည်းတပ်ထားတာကြောင့်
လူတွေက သတိမထားမိကြပါ.....သူတို့သတိထားကြတာက ဆိုင်ကယ်တွေ ကားတွေ
ပေါသောနေခတ်မှာ စက်ဘီးအဟောင်းလေးဖြင့်
နှစ်ယောက်တစ်အိမ်မက် လုပ်နေကြသည့် ငုဝါတို့အတွဲက
သူတို့အတွက် ထူးဆန်းချင်ထူးဆန်းနေကြပေလိမ့်မည်။သို့သော်လည်း ဒီလိုပုံစံလေးဖြင့် အတူတူသွားရတာက
ဟိုးအတိတ်က ကြည်နူးစရာကောင်းသည့် မြင်ကွင်းလေးကို
နှစ်ယောက်စလုံး ပြန်မြင်လာခဲ့ကြသလို........အဲ့ဒီအချိန်တုန်းက
ခံစားချက်ရနံ့သင်းသင်းလေးတွေကလည်း အခုအချိန်မှာ
ကိုကိုနှင့်ငုဝါရင်ထဲ၌ ပြန်လည်အသက်ဝင်လာလို့နေသည်။ပထမဆုံး ငုဝါအရွယ်ရောက်လာပြီဟု စသိခဲ့သည့်အချိန်.....ရိုးရိုးဗိုက်အောင့်သည်ထင်၍ နှစ်ယောက်သား ဆေးရုံသို့အပြေးအလွှားသွားခဲ့ကြသည်။ ပြီးတော့မှ တကယ့်အဖြစ်အပျက်ကိုသိပြီး
ငုဝါမှာရှက်ခဲ့ရတာများပြောမနေပါနဲ့တော့........သွားတုန်းက ဗိုက်အောင့်ဘို့ပူထူနေတဲ့စိတ်နဲ့ ကိုကိုနင်းနေသည့်စက်ဘီးနောက်ကနေထိုင်လိုက်ခဲ့ရတာကို သတိမထားမိပေမယ့် အပြန်လမ်းမှာ ကိုကို့ကိုယ်သင်းနံ့ကို သူခိုးလုပ်ပြီး
ရှူရှိုက်ခဲ့တာတွေ......ကိုကို့အင်္ကျီစဖြူဖြူလေးကို ဆွဲကိုင်ပြီး စကားတွေအများကြီးပြောကာ အိမ်ပြန်ခဲ့ကြတာတွေ......

YOU ARE READING
~သံယောဇဉ်~
Romance. ကိုကို.......ငုငယ်ကို မချစ်ဘူး..... ကိုကိုချစ်တာ ရနံ့မွှေးတဲ့ပန်းတစ်ပွင့်ကိုဘဲ..... ငုဝါလို့ ပန်သူမဲ့တဲ့ပန်းကို ကိုကိုချစ်ဖို့ ကြိုးစားမလာဘူး.... သံယောဇဉ်ဆိုတာ မထားသင့်တဲ့အရာတစ်ခုဘဲ.....သံယောဇဉ်တွယ်မိသွားရင် အရာရာဟာ အရှုံးပေးဖို့ဖြစ်တည်လာတာ...