~သံယောဇဉ် ~
အပိုင်း(၅၀) ဇာတ်သိမ်းပိုင်း
တတိယမြောက်ကလေးဟာလည်း သမီးလေးပါဘဲ...သူကတော့ တနင်္ဂနွေသမီးလေးဖြစ်၏။ ဒီတစ်ခါတော့ သမီးလတ်လေးကို
တီပိုးကိုယ်တိုင်အမည်ပေးလေသည်။ သူ့အဖေနာမည်ပါအောင် အေးတည်တံ့မေဆိုပြီး....ကိုကို့မှာ သူ့နာမည်ပါတော့
သဘောတွေကျနေလိုက်တာ....တီပိုးက
နာမည်မှည့်တတ်လိုက်တာဆိုပြီး.....သားသားကတော့ သူ့ညီမတွေသုံးယောက်စလုံးကိုချစ်သည်။
ညီလေးလည်း လိုချင်သည်ဟုပြော၏။ ငုဝါတို့မှာ
သားအလိုကိုမလိုက်ရဲပါ။ မိဘဆွေမျိုးတွေက အလိုလိုမှ
သားဆက်မခြား၍ ပြောဆိုနေကြတာ....နောက်ထပ်ကလေးသာ တန်းပြီး ထပ်ရလျှင်
အပေါင်းအသင်းတွေကလည်း စလို့နောက်လို့ပြီးမှာမဟုတ်ပေ။တီပိုးမှာ ငုဝါကို အားတိုင်းမွေးဟု အမြဲနောက်ပြောင်နေတာ လူကမျက်နှာပူရသည်။
ထို့ကြောင့် ငုဝါတို့ နောက်ကလေးကို တော်တော်နှင့်မရအောင် တားခဲ့ကြသည်။ ကိုကိုကလည်း sexualပိုင်းနှင့်ပတ်* သတ်ပြီး
ကိုယ်ဝန်မရအောင် နေသလို....ငုဝါလည်း လက်မောင်းကို
ဆေးသွင်းထားရ၏။သားသားက အကြီးဆုံးလည်းဖြစ်သလို လူကြီးလည်းဆန်သည်။ ပုံစံတွေက သူ့အဖေနှင့်တူသလို....
သူ့ကိုယ်ပိုင်ဟန်ပန်လေးကလည်း ရှိသေးသည်။ သားသားက ကျောင်းမှာဆိုလည်း စာတော်သည်၊ ထူးချွန်သည်ဆိုပြီး ခဏခဏချီးကျူးပြောဆိုသံများလည်း ကြားရ၏။အမြွှာမလေးနှစ်ယောက်ကတော့ ရုပ်ချင်းအလွန်တူပြီး နှာတံပေါ်မှဲ့ပါတာနှင့်မပါတာသာ ခွဲလို့ရတာဖြစ်ပြီး အငယ်မက မှဲ့မပါပေ။ နှစ်ယောက်စလုံးကို ဆံပင်ပုံစံတူ...အဝတ်အစားပုံစံတူတွေ
ဆင်ပေးထားတာကြောင့် လူတွေ၏ချစ်ခြင်းကိုလည်း ခံရ၏။အေးတည်တံ့မေလေးကတော့ နာမည်နှင့်လိုက်အောင်ကို
အေးသည်။မွေးကတည်းက ကလေးငိုသံမကြားရပေ။
ချော့သိပ်စရာတောင်မလိုဘဲ တီပိုးလက်ထဲရောက်သည်နှင့် အလိုလိုအိပ်ပျော်သွားတာဖြစ်၏။မြင်းခြံကို ဝါဆိုလ နှစ်ကျိပ်ရှစ်ဆူပွဲမှသာ တီပိုးကပြန်ဖြစ်သည်။ ငုဝါလည်း သုံးနှစ်တစ်ခါလောက်တော့ တီပိုးနှင့်လိုက်သွားဖြစ်၏။ကိုကို့အလုပ်ကလည်း နားမရတော့ ကလေးတွေကို
အဘိုးအဘွားအိမ်မှာထားခဲ့ရသည်။ သားသားနှင့်အမြွှာတွေက ထားလို့ရပေမယ့် တီပိုးကို တအားချစ်သည့်
ခရမ်းချဥ်သီးလေးကတော့ တီပိုးသွားသည့်နောက်
တကောက်ကောက်ပင်...မအေတောင်ထိန်းစရာမလိုပါ....
![](https://img.wattpad.com/cover/365286521-288-k825371.jpg)
YOU ARE READING
~သံယောဇဉ်~
Romance. ကိုကို.......ငုငယ်ကို မချစ်ဘူး..... ကိုကိုချစ်တာ ရနံ့မွှေးတဲ့ပန်းတစ်ပွင့်ကိုဘဲ..... ငုဝါလို့ ပန်သူမဲ့တဲ့ပန်းကို ကိုကိုချစ်ဖို့ ကြိုးစားမလာဘူး.... သံယောဇဉ်ဆိုတာ မထားသင့်တဲ့အရာတစ်ခုဘဲ.....သံယောဇဉ်တွယ်မိသွားရင် အရာရာဟာ အရှုံးပေးဖို့ဖြစ်တည်လာတာ...