part-48

3.7K 112 10
                                    

~သံယောဇဉ် ~

အပိုင်း(၄၈)

မြင်းခြံက တီပိုးဆီမှ ဖုန်းနှင့်ဆက်သွယ်ပြောကြားခြင်းကြောင့်
ငုဝါတို့မိသားစု ညတွင်းချင်း ရန်ကုန်မှမြင်းခြံသို့ သွားကြရသည်။
အကြောင်းကား ဦးငယ်ဆုံးပါးသွားတာကြောင့်ဖြစ်၏။

မူဆယ်ကိုသွားတဲ့ အမြန်လမ်းမှာ ကားမှောက်ပြီး
အဲ့ဒီနေရာမှာတင် ပွဲချင်းပြီးဆုံးတာတဲ့.......

ဖုန်းထဲမှီပိုး၏ ငိုသံများရောယှက်နေသော စကားကြောင့်
နာရေးအတွက် ပြန်လာခဲ့ကြသည်။ တစ်ယောက်ထဲ
ကျန်ခဲ့တဲ့တီပိုးမှာ သွေးသားဆိုလို့လည်း ငုဝါတစ်ယောက်ထဲ
ရှိတာမို့လား........

လင်ယောကျ်ားဖြစ်သူက ငယ်ငယ်ရွယ်ရွယ်နှင့် ရုတ်တရက် ဆုံးပါးသွားရတော့ အရူးမီးဝိုင်းဖြစ်နေမှာ အသေအချာပင်။နောက်ပြီး တီပိုးက ဦးငယ်ကို သိပ်ချစ်တာသိသည်။

အပူအပင်မရှိ တစ်ကိုယ်တည်းနေရတာသဘောကျသည့်
တီပိုးက ဦးငယ်ကို ချစ်တဲ့စိတ်တစ်ခုတည်းဖြင့် အိမ်ထောင်ပြုပေါင်းသင်းခဲ့တာဖြစ်၏။

ရပ်ဆွေရပ်မျိုးများက သိုင်းကြဝိုင်းကြရအောင်ကလည်း တီပိုးကတစ်ရွာနဲ့တစ်ယောက်.......သို့ပေမယ့်
သဘောထားကြီးစိတ်ရှိသည့် လူတချို့ကတော့
လာချင်လာပေလိမ့်မည်။


ကိုကိုက အမှန်တကယ်ဆို တီပိုးကိုစိတ်နာသင့်ပေမယ့်
အခုကျငုဝါထက်တောင် ပိုပြီးမြင်းခြံကို ပြန်ချင်နေသေးသည်။ အဒေါ်ကအဒေါ်ဘဲတဲ့......မှန်ပါတယ် .....
တီပိုးလုပ်ခဲ့တာတွေကလည်း ငုဝါကောင်းဖို့ချည်းပါဘဲ.....


သူထားပေးတဲ့ ပညာရေးကြောင့် ငုဝါလူတန်းစေ့ခဲ့တယ်..
သူကျွေးမွေးတဲ့အစားအသောက်ကြောင့် အခုလိုကျန်းကျန်းမာမာ
ရှိနေခဲ့ရတယ်.....သူသာ ဆိုးတဲ့အဒေါ်ဆိုရင်
အခုအချိန် ဘယ်လိုဘဝ....ဘယ်လိုအခြေအနေမျိုး
ရောက်ရှိနေမလည်း မသိနိုင်ပေ။

အရင်က မသိနားမလည်တဲ့စိတ်နဲ့ ရင့်သီးခဲ့သမျှ အခုတဖြည်းဖြည်းနားလည်တတ်လာပါပြီ။ ကိုကိုပြောသလို
အဒေါ်ဟာ အဒေါ်ပါဘဲလေ........။

~သံယောဇဉ်~Where stories live. Discover now