Part-46

6.9K 133 5
                                    

~သံယောဇဉ် ~

အပိုင်း(၄၆)


"ဘယ်လို ခင်ထား...ညည်းဘာပြောလိုက်တယ်. "


"ဟုတ်တယ် သမီးအစက မမလတ်ခြိမ်းခြောက်ထားလို့ အလုပ်ပြုတ်မှာလည်းစိုးရိမ်လို့ မပြောခဲ့တာ.....အကိုလေး
ပြောသမျှက အမှန်တွေချည်းပါဘဲ.....အဲ့ဒီနေ့ မမလေးငုဝါ ချော်လဲခဲ့တာ တံခါးအဝက ခြေသုတ်ခုံအောက်မှာ မမလတ်က
ဆီတွေသုတ်ထားခဲ့လို့.... "


"ဘာ....အမလေးလေး...."


သားသမီးယုံ စုံလုံးကန်းတဲ့......ဒေါ်မှီနှိုင်းယှဥ်တစ်ယောက်
သွေးတောင်တိုးသွားရသလို ခေါင်းတွေ မူးခနဲမိုက်ခနဲတောင်
ဖြစ်သွားရသည်။ ချွေးမဖြစ်သူက သားကို သွေးထိုး....သားဖြစ်သူက မိန်းမစကားကို နားယောင်ပြီး ရိုင်းစိုင်းခဲ့တယ်လို့ ထင်ခဲ့မိတာ....

အမှားကအမှန်ဖြစ်ပြီး အမှန်ကအမှားဖြစ်ပါပေါ့လား.....
သိပ်မှားသွားပြီ.....သူသိပ်ကို မှားသွားခဲ့ပြီ.....

"ဘုရား....ဘုရား......အစောကြီးကတည်းက ပြောပါတော့လား မိခင်ထားရယ်...အခုတော့ငါ့သားလေးက ငါ့ကိုစိတ်နာသွားပြီဟဲ့..
ငါတို့အပေါ် မိဘလိုသဘောထားပြီး ရိုသေကျိုးနွံတဲ့
ငုဝါလေးလည်း ငါ့ကို အတော်မုန်းနေလောက်ရောပေါ့....."


"သမီးလည်း...မမလတ်ကို​​ကြောက်လို့ မပြောရဲခဲ့တာပါ.
..အမေမှီ ....မမလတ်က သမီးဆီကနေ ဆီဗူးတောင်းသွားကတည်းက သိပ်မသင်္ကာဖြစ်နေခဲ့တာ... မမငုဝါချော်လဲမှ
မမလတ်တမင်လုပ်တာကို သေချာသိလိုက်တာပါ.."



"မိလတ်...
မိလတ်.....ငါမွေးထားတဲ့ သားသမီးက အဲ့လောက်ယုတ်မာမှန်း
မသိခဲ့ဘူး.....ငါကိုယ်တိုင်တောင် မှားတဲ့ဘက်မှာနေပြီး
ယုတ်မာသလိုဖြစ်ခဲ့ပါပြီ....အကို....ဘယ်လိုလုပ်ကြမလည်းဟင်"



"မင်း သားတို့ကို သွားတောင်းပန်ရမှာပေါ့ကွ....
ငါအစကတည်းက မင်းသမီး ရနံမှီ ဟိုကလေးမကို
အိမ်ခေါ်လာကတည်းက သိပ်ဘဝင်မကျနေတာ....အခုတော့ မှန်းချက်နဲ့နှမ်းထွက် ကွက်တိဘဲပေါ့ကွာ.....ယုံချင်ဦး
ဒေါ်မှီနှိုင်းယှဥ် ....ဟမ်....သမီးဖြစ်သူကို ယုံရတာ
ကောင်းရဲ့လား"



~သံယောဇဉ်~Where stories live. Discover now