~သံယောဇဉ် ~
အပိုင်း(၄၀)
"ဟယ်....တကယ်ပြောတာလား... မေမေဖြင့် ဝမ်းသာလိုက်တာ သားရယ်......မြန်မြန်လက်ထပ်ကြ မြန်မြန်ကလေးမွေးကြ"
ကိုကိုက မပြောပါသေးနဲ့ဦးဆိုတာကို မိဘတွေရှေ့အား
ငုဝါလက်ကို ဆွဲခေါ်၍ ဇွတ်ပြောလေ၏။အန်တီ့စကားကြောင့် ငုဝါမှာ မျက်နှာလေးရဲခနဲ
ဖြစ်သွားရသေးသည်။"အငယ်ကောင်....နင်စိတ်ရောမှန်သေးရဲ့လားဟင်...အခုအချိန်မှာ နင်ကတရှိန်ထိုး အောင်မြင်နေတာလေ....
ဘာလို့လက်ထပ်မှာလည်း......"ငုဝါတို့ကို သဘောမတူသည့်သူတစ်ဦးကတော့ အပီအပြင်ကို
ကန့်ကွက်လို့နေလေ၏။ သူ့မျက်နှာကလည်း ကိုကို့ပြောတဲ့စကားကို ကြားပြီး ချက်ချင်းမီးတောက်နေသလိုပင်။ကိုကိုက တစ်အိမ်သားလုံးရှေ့မှာ ငုဝါလက်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားလေ၏။
"အဲ့အောင်မြင်မှုက ဘာလုပ်ရမှာလဲ မလတ်.....
ကျွန်တော့်အတွက် ငယ်ကအရေးကြီးဆုံးဘဲ......""နင်တော့...နင်တော့ဟာ...."
မလတ်မှာ စားပွဲကိုဝုန်းခနဲလုပ်ပြီး စကားဝိုင်းမှထသွားလေသည်။ ငုဝါကို မုန်းတီးသည့်မျက်လုံးတွေနှင့်လည်း ကြည့်သွားသေး၏။
သူကတကယ်ကို တစ်အိမ်လုံးမှာ အဆိုးဆုံးပါဘဲ.....အစ်မအကြီးဆုံးဖြစ်သည့် မနွယ်လေးမှီအား ယောက္ခမဖြစ်သူမှ
ဖုန်းဆက်ပြီးချက်ချင်းပြောတော့ ဒူဘိုင်းကနေ အမြန်ဆုံး
ပြန်လာမည်ဟု ဝမ်းပန်းတသာပြန်ပြောလေသည်။အကုန်လုံးက ငုဝါကို လက်ခံသော်လည်း လက်မခံသူကတော့ တစ်ယောက်ထဲသာ.....သူလည်းတစ်ချိန်ချိန်ကျရင်တော့ လက်ခံလောက်မှာပါ....ကြည့်ရတာ သူ့မောင်ဖြစ်သူနှင့် ငုဝါကို
မတန်ဘူးဟုထင်နေတာဖြစ်လောက်၏။ပညာရေး ရုပ်ရည် မိသားစု အစစအရာရာကစ၍ ငုဝါက
ကိုကို့ထက် နိမ့်ကျတာဘဲမို့လား....ကိုယ့်ကိုကိုယ် အရာရာသိမ်ငယ်နေပေမယ့် ကိုကို့အချစ်ကြောင့်တော့ ပျော်ရွင်ရပါသည်။ဒါ့ကြောင့်လည်း ကိုကို့ဆန္ဒအား လက်ခံခဲ့ခြင်းလည်းဖြစ်၏။
YOU ARE READING
~သံယောဇဉ်~
Romance. ကိုကို.......ငုငယ်ကို မချစ်ဘူး..... ကိုကိုချစ်တာ ရနံ့မွှေးတဲ့ပန်းတစ်ပွင့်ကိုဘဲ..... ငုဝါလို့ ပန်သူမဲ့တဲ့ပန်းကို ကိုကိုချစ်ဖို့ ကြိုးစားမလာဘူး.... သံယောဇဉ်ဆိုတာ မထားသင့်တဲ့အရာတစ်ခုဘဲ.....သံယောဇဉ်တွယ်မိသွားရင် အရာရာဟာ အရှုံးပေးဖို့ဖြစ်တည်လာတာ...