~သံယောဇဉ် ~
အပိုင်း(၂၂)
သတိမေ့နေသည့်ကိုကိုကြောင့် ထိုနေရာ၌ဘဲ ငုဝါ
ကျောက်ရုပ်တစ်ရုပ်လို ရပ်နေမိသည်။ ဘေးနားကနေ
နပ်စ်တစ်ယောက် လာပုတ်မှဘဲ အသိစိတ်ဝင်လာခဲ့သည်။ဘယ်လောက်ဘဲမေ့နိုင်ခဲ့တယ်ပြောပြော...ကိုကို့မျက်နှာကို
ပြန်တွေ့ရသည့်အချိန်မှာ.....ရိုးရိုးတွေ့ဆုံခြင်းမျိုးမဟုတ်ဘဲ
အခုလိုအခြေအနေမျိုးကြီးနှင့်မို့ ရင်ထဲနင့်နေသလို အနေရခက်ပြီး သူ့အပေါ်လည်း ခဏတာသနားစိတ်ဝင်သွားမိသည်။operationအခန်းသို့ အမြန်ပို့ပေးလိုက်ပြီး ခွဲစိတ်ခန်းဝင်ဖို့
ပိုးသတ်ထားသော ဝတ်စုံဝတ်ကာ ခွဲစိတ်ဆရာဝန်၏အကူအဖြစ်ဝင်ရောက်ခဲ့သည်။ခေါင်းမှာ ကားမှန်စနည်းနည်းစိုက်သွားပေမယ့် အတွင်းပိုင်းထိ
မရောက်တာကြောင့် ငုဝါမှာဘေးကနေ သက်ပြင်းချနေရသည်။မှန်စတွေကို ဆွဲထုတ်ပြီးနောက် ဒဏ်ရာကိုချုပ်လိုက်ရတာ
ခုနစ်ချက်ခန့်ချုပ်ရသည်။သတိလစ်နေပေမယ့် ထုံဆေးထိုးထားပေမယ့် သူ့ကိုကြည့်ပြီး နာကျင်နေမှာကို ငုဝါကိုပိုပြီးစိုးရိမ်နေမိသည်။လူနာများစွာ
အနာချုပ်သည့်အလုပ်ကို ကိုယ်တိုင်လုပ်ပေးခဲ့ဖူးပေမယ့်
သူ့ကိုကျမှ လက်တုန်နေရသည်။"ငုဝါ....နေမကောင်းလို့လား..."
"ရှင်...ဟို.....မဟုတ်ပါဘူး ဒေါက်တာ..."
"အင်း....အဲဒါ့ဆိုလည်း သေချာဂရုစိုက်လုပ်ပြီး
လတ်စသတ်လိုက်တော့...
ကျွန်တော်အပြင်ထွက်တော့မယ်...ခြေထောက်ကိုတော့
ဦးမြတ်ကို လာလုပ်ပေးပါလိမ့်မယ်... ""ဟုတ်ကဲ့ ဒေါက်တာ....."
ဆရာသမာဓိ ထွက်သွားမှ ငုဝါသက်ပြင်းရှည်တစ်ချက်
ဆွဲချလိုက်ရင်း ငုဝါ၏ဘေးက နပ်စ်အသစ်လေးထံမှ
ကတ်ကြေးကိုယူပြီး အပ်ချည်ကိုဖြတ်လိုက်သည်။
သူ့ခေါင်းကဒဏ်ရာကို သေချာချုပ်ပေးပြီးနောက်
ပတ်တီးပတ်ပေး၍ လတ်စသတ်လိုက်သည်။သူ့မျက်နှာချောချောနှင့်မလိုက်အောင် ပတ်တီးကနေရာယူထားလေသည်။ ခွဲခန်းထဲမှ တခြားသူတွေထွက်သွားတော့
သတိမေ့နေသည့် သူ့ပါးပြင်ကို ငုဝါလက်ဖဝါးနှင့်
ခဏတာထိတွေ့လိုက်သည်။
YOU ARE READING
~သံယောဇဉ်~
Romance. ကိုကို.......ငုငယ်ကို မချစ်ဘူး..... ကိုကိုချစ်တာ ရနံ့မွှေးတဲ့ပန်းတစ်ပွင့်ကိုဘဲ..... ငုဝါလို့ ပန်သူမဲ့တဲ့ပန်းကို ကိုကိုချစ်ဖို့ ကြိုးစားမလာဘူး.... သံယောဇဉ်ဆိုတာ မထားသင့်တဲ့အရာတစ်ခုဘဲ.....သံယောဇဉ်တွယ်မိသွားရင် အရာရာဟာ အရှုံးပေးဖို့ဖြစ်တည်လာတာ...