part-7

2.4K 67 0
                                    

~သံယောဇဉ် ~

အပိုင်း(၇)


"ကဲ......တို့သမီးလေး စာမေးပွဲဖြေနိုင်တဲ့အတွက်
ဒီမှာလက်ဆောင်"





"ဟာ.......mp4လေး......"




တီပိုးနှင့်ဦးငယ်က ငုဝါကာတွန်းဖတ်နေသည့်အနားရောက်လာပြီး အခုမှအသစ်ဝယ်လာသည်ထင်ရသည့် အဝါရင့်ရောင်mp4ဘူးလေး....



ကိုကို ကိုင်တာမြင်ဖူးပေမယ့် တစ်ခါမှမကိုင်ဖူးပေ။ အခုတော့ mp4က ကိုယ့်ဆီလက်တွေ့ရောက်လာလေပြီ......





"သမီးဖို့ပေါ့  ..."





"ဟုတ်တာပေါ့..... သမီးရဲ့
ဦးငယ်နဲ့ တီပိုးက ဆုချတာပါရှင့်......နွေရာသီအားလပ်ရက် အပျင်းပြေ ဂိမ်းလည်းဆော့လို့ရတယ်....သီချင်းလည်းနားထောင်လို့ရတယ်....ဒါပေမယ့် ကျောင်းတက်ပြီဆိုရင်တော့
မသုံးရတော့ဘူးနော်...."





"ဟီးဟီး ဟုတ် တီပိုး....."





"ကာတွန်းစာအုပ်ကလည်း ပုံမှန်ဖတ်....အလိမ္မာစာမှာရှိတဲ့....
စာဖတ်လည်းမပျင်းရဘူးနော်...."




"ဟုတ် တီပိုး......"



ဦးငယ်နှင့်တီးပိုးက အပြင်ထွက်သွားကြပြီးနောက်
မကိုင်တတ်ကိုင်တတ်နှင့် mp4ထဲက
သီချင်းတစ်ပုဒ်ကိုဖွင့်လိုက်သည်။





~~ရေပြင်ကျယ်လို....မင်းရဲ့အသည်းအပေါ်
ကိုယ်အရုပ်ဆွဲခဲ့တာ.........တိမ်လိုလေလို မင်းစိတ်များကို
ဖမ်းဆုပ်မိတဲ့ကိုယ်ဟာ.....ကိုယ်ချစ်တဲ့သူကို ငေးကြည့်ရုံသာ
နှစ်သိမ့်ရမလားကွာ.......အိမ်မက်တွေချည်း
မက်မနေချင်ဘူး.... လက်တွေ့ဘဝထဲမှာ...........

မင်းအတွက် ထာဝရကိုယ်ပါ..... ကိုယ့်အတွက်သာ
မင်းဖြစ်မလား......အကြင်နာတကယ်စစ်ရင်
အသွားနဲ့အပြန်ရှိမှာ......

လာ....လာ.....လာ.......~~~~




ထိုသီချင်းလေးကို နားထောင်မိပြီး စိတ်ထဲကနေ တစ်စုံတစ်ယောက်ကို တမ်းတမိနေသည်။ လွန်ခဲ့သည့်တစ်ရက်က ရန်ကုန်ပြန်သွားသည့် သူကြီးကိုပေါ့.........

သီချင်းနာမည်က ဆုန်သင်းပါရ်ရဲ့ အကြင်နာစစ်ရင်တဲ့.......


~သံယောဇဉ်~Where stories live. Discover now