~သံယောဇဉ် ~
အပိုင်း(၁၃)
"ငုငယ်.....နေဦး..... "
ကျောင်းဆင်းတော့ အရင်နေ့တွေကလို အေးအေးဆေးဆေးမှ
ပြန်တာမဟုတ်ဘဲ......အရင်ဆုံး စာသင်ခန်းဆီကနေ ပြေးထွက်လာခဲ့မိသည်။မမြင်ချင်သော မြင်ကွင်းများကို ဆက်၍ ကြည့်နေဖို့ အားမရှိတော့ပါ။ဒါ့ကြောင့် သူငယ်ချင်းတွေကိုတောင်နူတ်မဆက်ဘဲ....လွယ်အိတ်ကောက်လွယ်ပြီး စာသင်ခန်းအပြင်ဘက်သို့ ထွက်လာခဲ့လိုက်၏။
အကြောင်းအရင်းကတော့ သူနဲ့အတူတူမပြန်ချင်၍ ထွက်လာခြင်းဖြစ်သည်။ မပြန်ချင်ပါဘူးဆို နောက်ကအမှီပြေးလိုက်လာသည့်ခြေသံတွေနှင့် ခေါ်သံကြောင့် ငုဝါခြေလှမ်းတွေ
မြန်မြန်လှမ်းလိုက်သည်။"ငုငယ်........နေဦးလို့...."
သူက လက်ကို လာဆွဲတော့ ငုဝါဖယ်ချပစ်လိုက်သည်။ သူက ခေါင်းကို လာပုတ်ပြီး...
"စိတ်ဆိုးသွားတာလား .. "
"ဘာကိုစိတ်ဆိုးရမှာလည်း......
ဘာစိတ်ဆိုးစရာလုပ်ထားတာမို့လို့လည်း...""ကိုကို့ကို အဲ့ဒီ့လေသံမျိုးနဲ့ လာမပြောနဲ့.... "
ငုဝါလေသံမာတော့ သူစိတ်ဆိုးသည်။ တကယ်ဆို ဘယ်သူက စိတ်ဆိုးသင့်တာလည်း ငုဝါဘဲမလား.......
"လူကြားထဲမှာ ကိုကိုလို့ လာမသုံးနဲ့....ငုငယ်လို့လည်း မခေါ်နဲ့ "
"ဘာလဲ..... ငါနဲ့ပတ်သတ်တာကို လူသိမှာ အဲ့လောက်တောင် ကြောက်တာလား...."
.
"............."
ငုဝါ ဘာမှပြန်မပြောဘဲ... နူတ်ဆိတ်၍သာ သူ့ကို စေ့စေ့ကြည့်နေလိုက်သည်။
"ကောင်းပြီလေ....မင်းက အာ့လောက်တောင် မပတ်သတ်ချင်ရင် ငါမပတ်သတ်ဘူး...."
သူက ဒေါသများဖြင့်ပြောရင်း....ငုဝါရှေ့ကထွက်သွားလေသည်။ ငုဝါသူ့ကို ဘယ်လိုမှနားမလည်နိုင်ပါ။........ veveကိစ္စနဲ့ပတ်သတ်ပြီးလည်း တစ်ခုမှ ဖြေရှင်းချက်မပေးသလို
တောင်းပန်သည့်စကားများလည်း ထွက်မလာဘဲ......သူကအရင်ဦးအောင် စိတ်တိုသွားသည်။
YOU ARE READING
~သံယောဇဉ်~
Romance. ကိုကို.......ငုငယ်ကို မချစ်ဘူး..... ကိုကိုချစ်တာ ရနံ့မွှေးတဲ့ပန်းတစ်ပွင့်ကိုဘဲ..... ငုဝါလို့ ပန်သူမဲ့တဲ့ပန်းကို ကိုကိုချစ်ဖို့ ကြိုးစားမလာဘူး.... သံယောဇဉ်ဆိုတာ မထားသင့်တဲ့အရာတစ်ခုဘဲ.....သံယောဇဉ်တွယ်မိသွားရင် အရာရာဟာ အရှုံးပေးဖို့ဖြစ်တည်လာတာ...